Duu's Pets Care

Duu's Pets Care

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Duu's Pets Care, Health/Beauty, Hpa-an.

29/04/2023

🙏

25/04/2023

အခုလိုနွေရာသီမှာ အပူချိန်အရမ်းမြင့်မားနေသည့်အတွက်မိမိချစ်ရတဲ့ခွေးလေးများ ခန္ဓာကိုယ်တွင် အပူရှိန်အလွန်မြင့်မားသည့်လက္ခဏာ(heatstroke)ခံစားရတတ်ပါတယ်။၎င်းသည် အသက်အန္တရာယ် ထိခိုက်လာသည်အထိ ဖြစ်နိုင်သည့်အတွက် မိမိတို့ရဲ့ကလေးများကို မပေါ့ဆဘဲ သေချာဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်ရှင့်။ဒီအကြောင်းအရာနဲ့ပက်သက်ပြီး သိသော မေမေများရှိသလို မသိသေးသော မေမေများအတွက် admin က သိထားသလောက်လေး sharing လုပ်ပေးချင်လို့ပါရှင့် 🥰

ကဲ...`Caring for pets in hot weather´လို့ခေါင်းစဥ်လေးတပ်လိုက်ကြရအောင်🤗

Why?(ဘာကြောင့်ဂရုစိုက်ဖို့လိုအပ်သလဲ)
▪️Dogs and cats don't have sweat when they're hot.
ခွေးလေးတွေကြောင်လေးတွေက ပူလာတဲ့အခါမှာ ချွေးထွက်မတတ်ကြပါဘူး။
▪️Main method of ridding heat in dogs and cats is by panting.
သူတို့တွေက ဖောဟိုက်ခြင်းနည်းကိုအဓိကအသုံပြုပြီး အပူကင်းစင်အောင် ပြုလုပ်ကြပါတယ်။

🔺Overheating may happen in pets because of breed,illness,age and circumstance.
အိမ်မွေး တိရစ္ဆာန်လေးတွေက မျိုးရိုးလိုက်ခြင်း၊နာမကျန်းဖြစ်ခြင်း၊အသက်အရွယ်နဲ့အခြေအနေပေါ်မူတည်ပြီး အပူလွန်ကဲခြင်းဖြစ်တတ်ပါတယ်။

Who is most at risk?(ဘယ်သူတွေမှာအန္တရာယ်အရှိဆုံးလဲ)
▪️Elderly pets
အသက်ကြီးသောအိမ်မွေးတိရစ္ဆာန်လေးများ
▪️Pets confined to cars and carriers
အိမ်မွေးတိရစ္ဆာန်လေးများကိုကားဖြင့် သယ်ဆောင်သွားခြင်း
▪️Dogs and cats with short and wide faces.(eg.Brachycephalic dogs like Pugs,Bulldogs and Boxers)
တိုတိုနဲ့ကျယ်ပြန့်သောမျက်နှာရှိသည့် ခွေးလေးများနဲ့ကြောင်လေးများ
▪️Pets with heart or breathing conditions
နှလုံး(သို့)အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ခံစားဖူးသူများ
▪️Overweight Pets
အ၀လွန်သော အိမ်မွေးတိရစ္ဆာန်လေးများ

🔺Signs of Heatstroke
▪️Excessive panting(အလွန်အကျွံမောဟိုက်ခြင်း)
▪️Drooling(သွားရည်ယိုခြင်း)
▪️Vomiting(အော့အန်ခြင်း)
▪️Diarrhoea(၀မ်းလျောခြင်း)
▪️Weakness(အားနည်းလာခြင်း)
▪️Increased heart rate(နှလုံးခုန်မြန်လာခြင်း)
▪️Seizures(တက်ခြင်း)
▪️Difficulty breathing(အသက်ရှူရခက်ခဲခြင်း)
▪️glazed eyes(မျက်လုံးများနီရဲလာခြင်း)
▪️lethargy(ထုံထိုင်းနေခြင်း)

🔺Heatstroke leads to
▪️Brain damage(ဦးနှောက်ထိခိုက်ခြင်း)
▪️Kidney damage(ကျောက်ကပ်ပျက်စီးခြင်း)
▪️Muscle damage(ကြွက်သားများပျက်စီးခြင်း)
▪️Liver failure(အသည်းထိခိုက်ခြင်း)
▪️Bleeding/clotting(သွေးထွက်ခြင်း၊သွေးခဲခြင်း)
▪️lung damage(အဆုတ်ပျက်စီးခြင်း)
▪️Seizures(တက်ခြင်း)
▪️Death(အသက်သေဆုံးနိုင်ခြင်း)

🔺Ways to keep your pets cool this summer
(နွေရာသီမှာ အိမ်မွေးတိရစ္ဆာန်လေးများကို အေးအောင်ထားနိုင်မည့် နည်းလမ်းများ)
▪️Stay Hydrated(ရေဓာတ်ပြည့်၀နေပါစေ)
သန့်ရှင်းသောရေများကို အမြဲဆောင်ထားပြီး တိုက်ပေးပါ
▪️Never leave pets alone in cars
မည်သည့်အခြေအနေမျိုးတွင်မဆို သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးများကို ရပ်ထားသည့်ကားထဲတွင် ဘယ်တော့မှမထားခဲ့ပါနဲ့
▪️Parasite control
နွေရာသီတွင်ခြင်များပေါက်ဖွားလွယ်သဖြင့် အိမ်မွေးတိရစ္ဆာန်လေးများကို ခြင်ကိုက်မခံရအောင်ပိုဂရုစိုက်ပေးပါ
▪️Watch the pavement
ခွေးလေး ကြောင်လေးများရဲ့ ခြေဖဝါး၊ခြေသည်းများသည် နူးညံ့သဖြင့် ပူသောနေရာ(လမ်း၊ပလပ်ဖောင်း)များသည် အပူလောင်ပြီးထိခိုက်စေနိုင်ပါတယ် အဲ့ဒါကြောင့် နံနက်စောစောနဲ့ညနေခင်းများကဲ့သို့ တစ်နေ့တာ၏အေးသောအချိန်များတွင် လမ်းလျှောက်ပေးပါ
▪️Use air conditioners to keep environment cool or fans to increase air circulation
လေအေးပေးစက်များ(သို့)ပန်ကာ များကို ထားရှိအသုံးပြုပေးပါ

ဒီနွေရာသီမှာ အိမ်မွေးတိရစ္ဆာန်လေးများလည်းကျန်းမာပျော်ရွှင်အပူကင်းသော မိသားစုလေးများပိုင်ဆိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင့်🥰

Being the original author, copying is not allowed.

's

20/04/2023

Hello pet moms,welcome to Duu's Pets Care.I want to share this question that the first piece of knowledge is ' How to take care of your pet? '

How to take care of pets?
အိမ်မွေးတိရစ္ဆာန်လေးတွေကို ဘယ်လိုဂရုစိုက်ရမလဲ။

Allow me to answer this question,moms🤗

▪️Feed your pet a good and high-qulaity foods.
သင့်ရဲ့ အိမ်မွေး တိရစ္ဆာန်လေးကို ကောင်းမွန်ပြီး အရည်အသွေးမြင့်တဲ့ အစားအစားများ ကျွေးပါ။

▪️Take them for a walk everyday for at least half an hour.
သူတို့ကို နေ့စဥ် အနည်းဆုံး နာရီ၀က် လမ်းလျှောက်ပေးပါ။

▪️Provide them with the needed vaccination on time.
သူတို့ကို လိုအပ်တဲ့ကာကွယ်ဆေးများ အချိန်မှီထိုးပေးပါ။

▪️Keep a clean and hygienic environment for them.
သူတို့အတွက် သန့်ရှင်းသော ပတ်၀န်းကျင် နှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု ထားပေးပါ။

▪️Visit Vet on a weekly/monthly basis.
တိရစ္ဆာန် ဆေးကု ဆရာ၀န် ထံသို့ အပတ်စဥ် သို့မဟုတ် လစဥ် သွားပေးပါ။

▪️Engage and do not leave them alone for a long time.
သူတို့ကို ထိတွေ့ဆက်ဆံပြီးမှ တစ်ယောက်တည်းအကြာကြီး မထားခဲ့ပါနဲ့။(သူတို့လေးတွေကခံစားလွယ်လို့ပါ)

▪️Provide them with a good and comfortable shelter.
သူတို့အတွက် ကောင်းမွန်ပြီး သက်တောင့်သက်သာရှိသော နေစရာအဆောက်အအုံလေးများ ပြုလုပ်ထားပေးပါ။

▪️Keep them away from dust and allergies.
သူတို့ကို ဖုန်မှုန့်နဲ့ ဓာတ်မတည့်မှုများဖြစ်စေနိုင်သော အရာများနဲ့ ဝေးဝေးထားပေးပါ။

▪️Love them unconditionally,treat them like your family and talk to them.
သူတို့ကို ချွင်းချက်မရှိချစ်ပေးပါ၊သင့်မိသားစုလိုဆက်ဆံပေးပါ၊သူတို့ကိုစကားပြောပေးပါ။

ကဲ Duu ရဲ့ အဖြေလေးတွေကရော မေမေတို့နဲ့ ထပ်တူကျရဲ့လားရှင့် ဒီ post လေးကိုတွေ့တဲ့အချိန်မှာ သင်ဟာ ခွေးလေးတွေကိုမွေးထားတဲ့သူဖြစ်ရင်ဖြစ်မယ် ဒါမှမဟုတ် ခွေးလေးတစ်ကောင် မွေးချင်တဲ့သူဖြစ်မယ်ဆိုရင် Duu discuss လုပ်ထားတဲ့အဖြေလေးတွေက Benefit ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်ရှင့် Page လေးရဲ့ ပထမဆုံး post လေးနဲ့အတူ သားသားမီးမီးလေးတို့ ဖေဖေမေမေတို့နဲ့ ကျန်းမာပျော်ရွှင်တဲ့မိသားစုလေးကို ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးရင်း နှုတ်ဆက်လိုက်ပါတယ်ရှင့် နောက်ရက်တွေမှာလဲ အခုလက်ရှိကြုံတွေ့နေရတဲ့ Hot season ကြိးမှာ ခွေးလေးတွေကို ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ ဆိုတဲ့ Question လေးနဲ့အတူ ပြန်လာခဲ့ပါဦးမယ်ရှင့် အဆုံးထိဖတ်ပေးကြတဲ့သူများကို ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင့်🥰

Being the original author, copying is not allowed.

's

19/04/2023

Hello everyone I'm Du Duu👻
I'm the admin of this Page.As you know,I'm a person who feels fondness for animals.
Let's talk about our pets care!🤗

Want your business to be the top-listed Beauty Salon in Hpa-an?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address


Hpa-an