Ms. Mirror Korean Skincare & Cosmetics

Ms. Mirror Korean Skincare & Cosmetics

Share

Authentic & Fair Price
Kalaymyo

02/08/2026

Instock

Yoon Skin ကနေအသစ်ထွက်ချလာတဲ့ Damage Repair Protein Shampoo။ အရင်လက်ဟောင်းတွေကိုမသုံးဖူးပေမယ့်အခု Upgrade Versionနဲ့အသစ်ထွက်လာတာ ကတော့လျှော်ကြည့်ရသလောက် "ခေတ်" ရဲ့Hair Condition နဲ့တော်တော်အဆင်ပြေနေတယ်။

အရင်က ဆေးဆိုး/အပူပေး ပုံသွင်းတာမျိုးတွေ
တစ်ခါမှမလုပ်ဖူးဘူး ဝါသနာလည်းမပါဘူး။ ဒါပေမယ့် 2025 လောက်မှာဆံပင်တစ်ခါ ဆိုးလိုက်ပြီး after careမလုပ်နိုင်တော့ ဆံသားကအရင်လိုကြည့်မကောင်းတော့တာတော့အမှန်ဘဲ။ အရင်ကကိုင်လိုက်ရင်နူးညံ့ပြီးကြည့်ကောင်းတဲ့ ဆံသားက ကြမ်းပြီးခြောက်လာတယ်၊ဘီးဖြီးရင်ငြိလာတယ်။ပြီးတော့ဆံပင်တွေပါကျွတ်လာပြီး Shiny Hairကနေမွဲခြောက်ခြောက်ကြီးဖြစ်လာတော့တည်းက လူကပျော်မနေတော့တာ။

သက်သာမလားဆိုပြီး Shampoo တွေအမျိုးမျိုး ပြောင်းသုံးခဲ့ပေမယ့် အရင်လို Healthy Hair ကိုပြန်ရဖို့ကလုံးဝမလွယ်တော့ဘူးဆိုတာ သိလိုက်တည်းက ဆံပင်က Weak ဖြစ်နေပြီ။ဒီတိုင်းကြုံရာ Shampoo တွေနဲ့လျှော်နေလို့မရတော့ဘူး။ခန္ဓာကိုယ်လည်းprotein ဓာတ်လိုသလို ဆံပင်တွေလည်း Protein Care လုပ်ပေးဖို့လိုနေပြီဆိုတာသိလိုက်တယ်။အချိန်ကိုက်ဘဲ ကိုယ့်လိုအပ်ချက်ကို ကြိုသိနေလားမသိ Yoon Skin ရဲ့ Damage Repair Protein Shampoo က လက်ထဲရောက်ချလာတာ။

သူက Damage Repair Protein Shampooမျိုးမို့ပျက်စီးဆံသားတွေ၊ ခြောက်ပြီးဖွာနေတဲ့ဆံသားတွေနဲ့ Colorဆိုးထားတဲ့ဆံသားတွေအတွက်သုံးရပြေဖို့ရည်ရွယ်ပြီးထုတ်ထားတာ။ တစ်ကြိမ်လျှော်ကြည့်ရင်းသဘောကျသွားတာက ဦးရေပြားကိုပေါ့ပါးပြီးသန့်ရှင်းသွားစေတဲ့ခံစားချက်က အသက်ဘဲ။ပေါ့ပါးပြီးနေလို့ကောင်းနေရော။ Cleansing Power အားကောင်းတော့ အဆီနဲ့ Build-upတွေကိုသေချာcleanလုပ်ပေးသွားတာ။

ဒါ့အပြင် Polyquaternium-10 နဲ့ Protein တွေပါလို့ လျှော်ပြီးတာနဲ့ ဆံသားကပိုစည်းပြီးလက်နဲ့သပ်ချရင်တောင်ရင် မငြိတော့ဘူး။ Frizz ဖြစ်တာတွေလည်းသက်သာသလို ဆံသားလည်းအသက်ပိုဝင်လာသလိုပဲ။နောက်ထပ်လည်း Hydrolyzed Corn Protein, Hydrolyzed Wheat Protein နဲ့ Hydrolyzed Soy Protein ဆိုတဲ့ Protein ( ၃ )မျိုးပါသေးတယ်။ ဒီProtein တွေကပျက်စီးနေတဲ့ ဆံသားကိုအားဖြည့်ပေးပြီး ဆံလုံးကိုပိုပြီးသန်မာချောမွတ်စေတယ်။ Trehalose လည်းပါလို့ဆံသားရဲ့အစိုဓာတ်ကိုပါ ထိန်းပေးထားနိုင်တယ်။

သိထားသင့်တာတစ်ခုတော့ရှိတယ်။ ဒီ Shampoo မှာ SLES နဲ့ ALS လို Sulfate တွေပါတာကြောင့် Cleansing အားကောင်းတယ်။အဲ့တော့ Oily Scalp သမားတွေ၊ Medium Porosity နဲ့ High Porosity Hair သမားတွေ၊ Colorဆိုးထားတဲ့ဆံသားတွေ၊ Heat Damage ရှိတဲ့ဆံသားတွေသုံးလို့ Okတယ်။ Dry Scalp နဲ့ Sensitive Scalp သမားတွေကတော့ Moisturizing Shampooတွေနဲ့အလှည့်ကျသုံးဖို့ အကြံပြုချင်တယ်။

လိုရင်းကတော့ ခေတ်အတွက်တော့ဒီShampooက ဆေးဆိုးပြီးနောက်ပိုင်းအားနည်းလာတဲ့ဆံသားကို Protein Care လေးလုပ်ပေးချင်တဲ့အချိန်မှာသုံးလို့ကောင်းတာထက်ပိုခဲ့တဲ့ Shampoo လေးပါ။တစ်ခါလျှော်ရုံနဲ့ဆံသားပျက်စီးတာအားလုံးပြန်ကောင်းသွားမယ်လို့တော့အာမမခံပေမယ့် ဆံသားကိုပိုချောမွေ့ပြီး Healthy Shiny Look ရစေတဲ့ Protein Shampoo တစ်မျိုးအနေနဲ့ သုံးလို့ကောင်းတာကိုတော့ ရဲရဲကြီးပြောရဲတယ်ဆိုတာပါဘဲ။

Photos from Ms. Mirror Korean Skincare & Cosmetics's post 01/08/2026

New Arrivals!!
Post ကို Schedule နဲ့ လုပ်ခဲ့တာ ရတယ်ထင်ပြီး ဒီတိုင်းထားခဲ့တာ post ပျောက်နေလို့ ပြန်တင်လိုက်ပါတယ်
နှစ်ခါ post တင်မိရင်လည်း နားလည်ပေးကြပါရှင့်😍

18/07/2026

Instock

🫶🏻 ချိုင်းမဲတာကို သိသိသာသာ ပြန်ဖြူလာစေတာ TO glycolic toner ပါ။

တစ်ပတ် မှ ၂/၃ ကြိမ် ညဘက်ပဲ ဂွမ်းလေးနဲ့ သုတ်လိမ်းရုံပဲ။ ပြီးရင် cream တစ်ခုခု လိမ်းပေါ့။ မင်တေဇကတော့ Scrub House cream ပြန်လိမ်းတယ်။ ၂ခုတွဲသုံးတာချိုင်းဖြူဖို့ paring ကောင်းတယ်။ ချိုင်းသားလေးကို ချောကြည်လာတာ။ အနံ့ဆိုးလဲ ထွက်ပါဆိုတောင် မထွက်။

ချိုင်းတင်မက , Hyperpigmentation များပြီး
လိုတာထက် ပိုမဲတဲ့ ဒူးခေါင်း, တံတောင် , ဂုတ်မဲတာ , ကျောက်ပေါက်ရာ , နောက်ကျော/ ရင်ဘတ် ဝက်ခြံအမာရွတ်တွေမှာပါ သုံးလို့ရတယ်။

မျက်နှာမှာလဲ Exfoliating toner အနေနဲ့သုံးလို့ရတယ်။
မျက်နှာမှာ လိမ်းရင် စစချင်း 1 မိနစ်လောက် ပူ/စပ်/ရှိန်းတက်ပါတယ်။ ညဘက်ပဲ သုံးရန်။

တစ်ဗူးကို ကုန်အောင် မနည်းသုံးရတယ်။ မကြုံလို့ မသုံးဖြစ်တောင် တစ်နှစ်တွင်း မကုန်ဖူး။ တစ်ဗူးဝယ် တစ်ကိုယ်လုံးသုံး။ ဦးရေပြား အနံ့ထွက် /ဗောက်ရှင်း တောင် သုံးလို့ရတယ်။

သုံးမယ့်သုံးတော့ ကောင်းတာလေးတွေ , နာမည် ရှိတာလေးတွေ သုံးစေချင်ပါတယ်။

အသုံးပြုနည်း >>
▫️သုံးမယ့်နေရာကိုသန့်စင်ပါ
▫️ရေခြောက်သွားရင် cotton pad (or ) လက်လေးနဲ့ လိမ်း
▫️ပမာဏ ဂရုစိုက်
▫️5/10 မိနစ် ထားပြီး moisturizer တစ်ခုခု လိမ်းပါ။

‼️အတုတအားပေါလို့ ပစ္စည်းအစစ်သာ ရှာသုံးပါ။

သိချင်တာရှိ Cmt မှာ စာချန်ခဲ့နာ်။ ကောင်းသောညပါဗျာ။

>>> glad 2 glow ကြောင်း သိချင်တဲ့ သူအတွက် https://m.facebook.com/story.php?story_fbid=1353232930272938&id=100067587310514

Photos from Pann Sabal-Reviewer's post 17/07/2026

Body lotion Instock ပါ

Photos from Ms. Mirror Korean Skincare & Cosmetics's post 16/07/2026

𝐒𝐨𝐚𝐩 𝐚𝐧𝐝 𝐆𝐥𝐨𝐫𝐲 𝐁𝐨𝐝𝐲 𝐋𝐨𝐭𝐢𝐨𝐧
🥥Instock

𝐒𝐜𝐫𝐮𝐛, 𝐄𝐱𝐟𝐨𝐥𝐢𝐚𝐭𝐞 သုံးပြီးတိုင်း 𝐦𝐨𝐢𝐬𝐭𝐮𝐫𝐞 အပြည့်အဝပါတဲ 𝐛𝐨𝐝𝐲 𝐥𝐨𝐭𝐢𝐨𝐧 ကို ရှာနေသူများအတွက် 🌟

ဒီ 𝐥𝐨𝐭𝐢𝐨𝐧ထဲမှာ အသားရေအတွက်ကောင်းတဲ့ A𝐥𝐦𝐨𝐧𝐝 oil, C𝐨𝐜𝐨𝐧𝐮𝐭 𝐨𝐢𝐥𝐬, S𝐡𝐞𝐚 𝐛𝐮𝐭𝐭𝐞𝐫, C𝐨𝐜𝐚 𝐛𝐮𝐭𝐭𝐞𝐫, H𝐨𝐧𝐞𝐲,O𝐚𝐭, Vitamin E တို့ပါဝင်တဲ့အတွက်

လိမ်းလိုက်တာနဲ့ အသားရေစိုပြေပြီး အသားလုံးဝမခြောက်ဘဲ အနံ့လေးက သင်းသင်းလေးနဲ့ မွှေးနေတယ်✨

သူ့ 𝐓𝐞𝐱𝐭𝐮𝐫𝐞 လေးကလဲ မပျစ်မကျဲနဲ့ အသားရေထဲစိမ့်ဝင်ပြီး လိမ်းလို့ကောင်းတယ် 📍

အသားရေကိုပိုးသားလေးလိုနူးညံ့ပြီး အစိုဓာတ်ကို အချိန်ကြာကြာထိန်းပေးထားနိုင်တယ်

ညလိမ်းထားရင်မနက်ထိစောင်တွေပါမွှေးကြိုင်နေအောင်မွှေးတာ🫠

&glorybodylotion

Photos from Ms. Mirror Korean Skincare & Cosmetics's post 16/07/2026

Garnier Micellar Cleansing Water 400ml
🏠Instock

ဈေးကြီးပေး လိမ်းသမျှ skincare လေးတွေ အကျိုးရလဒ် ထိရောက်စေဖို့အတွက်ဆို မဖြစ်မနေ double cleansing လုပ်မှရမှာနော် 🤩

Double cleansing ပုံမှန် လုပ်ပေးခြင်းအားဖြင့် ချွေးပေါက်ကျယ်လာမှာကိုလည်း အများကြီး control လုပ်ပေးပါတယ်
ချွေးပေါက်ထဲမှာ ကျန်တဲ့ အညစ်ကြေးတွေ သေချာသန့်စင်ခြင်းမရှိတဲ့ခါ တ‌ဖြေးဖြေးနဲ့ ချွေးပေါက်ကျယ်သွားတတ်ပါတယ်
မျက်နှာပေါ်ကပ်နေတဲ့ makeup, sunscreen, ဖုန်တွေ အညစ်ကြေးတွေ ကို deep cleansing လုပ်ပေးတဲ့အပြင် waterproof mascara , matte lipstick ကစ အကုန်လွယ်လွယ်ဖျက်လို့ရပြီး ပွတ်ဆွဲနေစရာမလိုတော့ အသားရေတွန့်မှာ ပူစရာမလိုတော့ဘူး 🤩

🩷 ပန်းရောင်ဘူးက Sensitive နဲ့ all skin types အတွက်ဖြစ်တယ်
Alcohol free ဖြစ်လို့ အသားရည် ခြောက်သွားစေတာမျိုး မရှိဘူး

💙 အပြာဘူးက Salicylic BHA ပါဝင်တာမို့ အဆီပြန် ဝက်ဆံသမားတွက်ဖြစ်ပါတယ်

instock_kalaymyo

Photos from Ms. Mirror Korean Skincare & Cosmetics's post 08/07/2026

New Arrivals

Want your business to be the top-listed Beauty Salon in Kalemyo?
Click here to claim your Sponsored Listing.

Website

Address


ပိတောက်မြိုင်လမ်း(နေကြာတိုက်လမ်းခွဲ)၊ တာဟန်းရပ်ကွက်၊ ကလေးမြို့။, Padaukmyaing Street, Tahan Ward, Kalaymyo
Kalemyo

Opening Hours

Monday 08:00 - 18:30
Tuesday 08:00 - 18:30
Wednesday 08:00 - 18:30
Thursday 08:00 - 18:30
Friday 08:00 - 18:30
Saturday 08:00 - 18:30