Yin Nyein Ei Life Queen Cosmetics

Yin Nyein Ei Life Queen Cosmetics

Share

cosmetics

16/01/2022

အကြည်ဓာတ် (Positive Energy) ရှိတဲ့သူတွေကလေ သူတို့ ဘာလုပ်လုပ် တင့်တယ်ပြီးကို ချစ်စရာကောင်းနေတော့တာပါ။ ရုပ်ချောတာ၊ မချောတာ၊
ငွေကြေး ချမ်းသာတာ၊ ဆင်းရဲတာနဲ့ မဆိုင်ဘူးနော်။ အကြည်ဓာတ်ဆိုတာလေ သူနဲ့ကိုယ်နဲ့ သိသိ မသိသိ မျက်နှာလေးမြင်လိုက်ရရင်ကို အေးချမ်းပြီး စိတ်ချမ်းသာနေရတာမျိုး၊ သူ့ရဲ့ စကားပြောပုံ၊ အပြုအမူတွေအကုန်လုံးက အပြစ်မြင်စရာမရှိဘဲ ကြည့်ကောင်းနေတာ။ သူဘာပဲပြောပြော နှစ်သက်စရာကောင်းတယ်၊ သူဘာပဲလုပ်လုပ် ချစ်စရာကောင်းနေတယ်ဆိုတာမျိုးပေါ့။ ဒါဟာ အကြည်ဓာတ်ရှိတဲ့ လူတစ်ယောက်ဆီက ကိုယ့်ကို ကူးစက်စေလာတဲ့ Positive energy တွေပါပဲ။

✨ အကြည်ဓာတ်ရှိတဲ့သူနဲ့ မရှိတဲ့လူဟာ ကျွန်​တော်တို့ပတ်ဝန်းကျင်မှာ သိပ်ကိုသိသာပါတယ်။ လူတစ်ယောက်ကို ကျွန်တော်တို့ မြင်တောင်မမြင်ချင်ဘူးလို့ တွေးမိတဲ့အခိုက်အတန့်တွေပေါ့။ မျက်နှာကြီးက သုန်မှုန်ပြီး ဆူပုပ်လို့၊ ပြောသမျှစကားတိုင်းကလည်း သူများတကာကို အပြစ်တင်တဲ့စကားတွေ၊ ​ေ၀ဖန်ရံှု့ချတဲ့စကားတွေနဲ့ တစ်ချိန်လုံး သူတို့ပြဿာနာတွေကို ညည်းညူပြနေတ​ဲ့သူတွေကို မြင်ဖူးမှာပေါ့။ သူတို့နဲ့ တွေ့ဆုံစကားပြောရတဲ့အခါ ကိုယ်ပါသူတို့ရဲ့ ဘ၀ကိုပြစ်တင်ညည်းညူမှုတွေကြားမှာ စိတ်ပင်ပန်းလာရတယ်၊ စိတ်ကြည်လင်မှုမရှိတော့ဘူး။ ကိုယ့်ရဲ့ energyတွေဆုတ်ယုတ်လာသလိုခံစားလာရတယ်လေ။ ဒါဟာ negative energy တွေကူးစက်ခံလိုက်ရခြင်းဖြစ်ပါတယ်။

✨ အကြည်ဓာတ် (Positive energy) ဆိုတာ လူတိုင်းမှာမရှိဘူး။ လူတစ်ချို့မှာက နဂိုတည်းကကို အကြည်ဓာတ်ခံလေးနဲ့ ပါလာကြပြီးသားပေါ့။
ကိုယ့်မှာတော့အကြည်ဓာတ်မရှိလို့ဆိုပြီး စိတ်ပျက်နေစရာလည်းမလိုပါဘူး။ အကြည်ဓာတ်ရအောင် ကျွန်
တော်တို့လေ့ကျင့်ကြိုးစားကြည့်လို့ရနိုင်ပါတယ်။ ဒါဆို
ဒီနေ့ကစပြီး ကျွန်တော်တို့နှင့်အတူတူ လေ့ကျင့်ကြည့်ရအောင် 🙌

✨🌼 မိမိကိုယ်မိမိ Postive Self-Talk တွေများများပြောပါ။

ပထမဦးဆုံး Affirmationလို့ခေါ်တဲ့ အခိုင်အမာပြောဆိုချက်တွေနဲ့စတင်ပါ။ မိမိကိုယ်မိမိ မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်တဲ့စကားတွေ၊ ဂုဏ်ပြုချီးကျူးတဲ့စကားတွေ ပြောပါ။ ဒီလိုပြောခြင်းက မိမိကိုယ်မိမိ အကောင်းမြင်စိတ်ဖြစ်စေသလို ယုံကြည်မှုကိုလည်းရှိစေပါတယ်။

✨🌼 အတွေးတွေကို သတိထားပါ။

ပါးစပ်ကတော့ ကောင်းတဲ့စကားတွေကိုပြောနေပြီး
အတွေးတွေကတော့ မကောင်းတာတွေ တွေးနေမယ်ဆိုရင် အလုပ်မဖြစ်ပါဘူး။ မကောင်းတဲ့အတွေးတွေကို သတိပြုပါ။ မကောင်းတာတွေတွေးမိတော့မယ်ကြံတိုင်း ကောင်းတဲ့အရာလေးတွေကို ပြန်ပြောင်းတွေးပါ။ မကောင်းတာ တစ်ခုတွေးမိတိုင်း ကောင်းတဲ့အတွေး ၂ခုပိုတွေးပေးလိုက်ပါ။

✨🌼 အတင်းပြောခြင်းကိုရှောင်ပါ။

သူများအကြောင်းကို အမြဲပြောနေတဲ့သူတွေဟာ သူတို့ကိုယ်တိုင်က မပြည့်၀တဲ့ သူတွေပါ။ သူများအကြောင်း၊ သူများအတင်းကိုအမြဲပြောနေရင် ကိုယ့်ရဲ့စိတ်စွမ်းအင်ဟာ ယုတ်လျော့လာမယ်၊ ခံတွင်းအနံ့နံမယ်၊ မျက်နှာမှာလည်း အပူသည်တစ်ယောက်လို ပူလောင်နေရပါလိမ့်မယ်။ ဒါကြောင့် သူများအတင်းပြောတတ်တဲ့အကျင့်လေးကို ပြင်ဆင်နိုင်အောင်ကြိုးစားပါ။

✨🌼မညည်းညူပါနဲ့။

အမြဲတစေ ဘ၀ကို ညည်းညူနေမယ်၊ ကိုယ့်ရဲ့ ပြဿနာတွေ၊ အဆင်မပြေမှုတွေကို ထိုင်ညည်းညူနေမယ်ဆိုရင် ဘယ်လိုမှ အကြည်ဓာတ်ကရှိလာမှာမဟုတ်ပါဘူး။ ပြဿနာတွေကို ညည်းညူပြနေမယ့်အစား ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ solutionကိုရှာပါ။

✨🌼 Toxic ဆန်တဲ့ဆက်ဆံရေးတွေနဲ့ အဆက်သွယ်ဖြတ်ပါ။

Jim Rohn​ ရဲ့ The Law of Average ဆိုတဲ့ သီအိုရီလေးတစ်ရှိပါတယ်။ "You are the average of the five people you spend the most time with" တဲ့။ ဆိုလိုတာက ကိုယ်နဲ့အနီးဆုံးပတ်၀န်းကျင်မှာရှိတဲ့ လူငါးယောက်ရဲ့ ပျမ်းမှျအရည်အချင်းဟာ ကိုယ့်ရဲ့ အရည်အချင်းပါပဲ။ ကိုယ်ပေါင်းသင်းဆက်ဆံနေရတဲ့ လူတွေဟာဘယ်လိုလူတွေလဲ။ အကောင်းမြင်စိတ်ရှိတဲ့သူလား၊ အဆိုးမြင်တတ်၊ မနာလိုတတ်၊ အပြစ်တင်​ေ၀ဖန်ပြောဆိုတတ်တဲ့ လူတွေလား။
အကောင်းမြင်စိတ်ရှိတဲ့လူတွေနဲ့ပေါင်းရင် ကိုယ်လည်း အကောင်းမြင်တတ်လာမှာပါ။ ဒီလိုပဲ အရာရာကို အဆိုးမြင်နေတဲ့သူတွေနဲ့ပေါင်းရင် ကိုယ့်ဆီကိုလည်း negative energy တွေကူးစက်လာစေမှာပါပဲ။

✨🌼 Gratitude နဲ့ နေထိုင်ပါ။

ကျေးဇူးတင်စိတ်ဆိုတဲ့အရာလေးဟာ သိပ်ကို သိမ်မွေ့ပြီး လေးနက်စေပါတယ်။ ကျွန်မတို့ရဲ့ဘ၀ကို ပိုပြီးကျေနပ်စေတယ်၊ ရောင့်ရဲတင်းတိမ်စေတယ်၊ အတွေးတွေအမြင်တွေကို ပြောင်းလဲစေပါတယ်။ နေ့တိုင်းနေ့တိုင်းကို ကျေးဇူးတင်စိတ်လေးနဲ့နေထိုင်သွားပါ။ ကိုယ်ဒီနေ့ ဘာအတွက်ကျေးဇူးတင်သလဲ။ တစ်နေ့တာရှင်သန်ခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်၊ မိုးမရွာလို့ ကျေးဇူးတင်တယ်၊ အဆင်မပြေတာလေး ပြေသွားလို့ ကျေးဇူးတင်တယ်၊ စားစရာလုံလောက်တဲ့အတွက် ကျေးဇူးတင်တယ် စသဖြင့်ပေါ့ ဘယ်လိုအနေအထားမှာမဆို ကောင်းတဲ့ဘက်ကိုမြင်အောင်တွေးပြီး ကျေးဇူးတင်ကြည့်ပါ။

✨🌼 နာကျင်စေခဲ့သမျှကို လွှတ်ချခဲ့ပါ။

လူတစ်ယောက်ဟာ Positive energy ရဖို့ လုပ်ကိုလုပ်ရမယ့်အရာတစ်ခုရှိပါတယ်။ ခွင့်လွှတ်တတ်ဖို့နဲ့ လွှတ်ချခဲ့ဖို့ပါ။ မုန်းတီးစိတ်နာနေတဲ့လူတွေ၊ နာကျင်ခဲ့ရတဲ့ အတိတ်က အဖြစ်အပျက်တွေကို အပြီးတိုင် ငြိမ်းအေးခွင့်လွှတ်လိုက်ပါ။ လွှတ်ချခဲ့ရမယ့်အရာတွေကို လွှတ်ချခဲ့လိုက်ပါတော့။ အမုန်းတွေ၊ အာဃာတတွေ၊ နာကျင်မှုတွေ၊ ဒေါသတွေဆိုတာ သိမ်းထားသ၍ ပူလောင်နေရမှာပါ။ ဒါကြောင့် ဒီနေ့ကစပြီး လွှတ်ချခဲ့လိုက်ပါတော့။

✨🌼 များများ ပြုံးရယ်ပါ။

ပြုံးရယ်တယ်ဆိုတာ အကောင်းဆုံးဆေးတစ်ခွက်ပါ။ ပြုံးရယ်ပြတာက ပိုက်ဆံလည်းမကုန်သလို၊ ပင်ပန်းတဲ့အရာတစ်ခုလည်းမဟုတ်ပါဘူး။ ပြုံးရယ်ပါ။ မှန်ထဲကြည့်ပြီး မိမိကိုယ်မိမိလည်း ပြုံးပြပါ။ တခြားသူတွေကိုလည်း ပြုံးပြပါ။ ပြုံးရယ်ပြခြင်းက
ပျော်ရွှငိမှုတွေ၊ နွေးထွေးမှုတွေကို အမြန်ဆုံးကူးစက်စေနိုင်တဲ့ အရာပါပဲ။

✨🌼 ကြင်နာတတ်ပါစေ။

လူသိရှင်ကြား အလှူအတန်းတွေ ပရဟိတတွေလုပ်ပြနေမှ မဟုတ်ပါဘူး။ သနားကြင်နာတတ်မှုဟာ လူသိရှင်ကြားဖြစ်စရာမလိုပါဘူး။ ခွေးလေးတစ်ကောင် မြောင်းထဲပြုတ်ကျနေလို့ ကူထုတ်ပေးတာ၊ လမ်းသွားရင် အဘိုးတွေအဘွားတွေကို ကူညီတာ၊ စျေး၀ယ်ပြီးတိုင်း ကျေးဇူးတင်စကားပြောတာ၊ မိုးတွေသိပ်ရွာတဲ့နေ့မှာ စံပယ်ပန်းလေးမြန်မြန်ကုန်သွားအောင် အားပေးလိုက်တာ ဒီလိုဘာမဟုတ်တဲ့ အသေးအဖွဲ့ကိစ္စလေးတွေမှာကအစ မေတ္တာစိတ်၊ ကြင်နာစိတ်ထားရှိပါ။

✨🌼 မိမိကိုယ်ကိုယ် ဂရုစိုက်ပါ။

မိမိကိုယ်ကိုယ် ချစ်ခင်တတ်၊ လေးစားတတ်၊ ဂရုစိုက်တတ်တဲ့လူတစ်ယောက်ဟာ ဘယ်အချိန်ကြည့်ကြည့် လန်းဆန်းလှပနေတာပါပဲ။ အသားအရေနဲ့ကျန်းမာရေးကို ဂရုစိုက်တာ၊ စိတ်ခံစားချက်တွေကို အချိန်ပေးပြီး ဂရုစိုက်ခြင်းဟာ positive energy တွေရရှိစေတဲ့ ရင်းမြစ်တစ်ခုဆိုလည်းမမှားပါဘူး။ Skin care လုပ်တာ၊ self-care လုပ်တာ၊ mental break ယူတာ၊ ရေများများသောက်တာ၊ ကောင်းကောင်းမွန်မွန်စားပြီး ကောင်းကောင်းမွန်မွန်အိပ်တာမျိုးတွေကို အချိန်တစ်ခုသီးသန့်ပေးပြီး လုပ်ဖို့ အမြဲသတိရပါ။

✨🌼 လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပါ။

ချွေးထွက်အောင်လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကျွန်မတို့ကို ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာစေပါတယ်။ ပုံမှန်အားဖြင့် ချွေးထွက်အောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်လိုက်ရင် စိတ်ဖိစီးမှုတွေဟာ ပျောက်သွားတတ်ပါတယ်။ ချွေးထွက်တော့ အသားအရေလေးလည်းကြည်တယ်၊ စိတ်လေးလည်းကြည်လင်စေတာပေါ့။

✨✨ အခုပြောသွားတဲ့ နည်းလမ်းလေးတွေကို ကြိုးစားကြည့်ဖို့ ဒီနေ့ကစပြီး မိမိကိုယ်မိမိ challenge လုပ်ကြည့်ပါ။ ဒီနည်းလေးတွေအတိုင်း စိတ်ရှည်ရှည်နဲ့ ကြိုးစားကြည့်ရင် သင်လည်း အကြည်ဓာတ်ကလေးနဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

🌼 အကြည်ဓာတ်ရှိတယ်ဆိုတာ ရုပ်လှတာ၊ ရုပ်ဆိုးတာနဲ့မဆိုင်ဘူးနော်။ ရုပ်ဘယ်လောက်ချောချော အကြည်ဓာတ်ဆိုတာ ရှိချင်မှရှိတာ။ အဓိကက အကြည်ဓာတ်ဆိုတာ ကိုယ့်ရဲ့ အတွင်းစိတ်နှလုံးသားကနေ ရောင်ပြန်ဟပ်လာတဲ့ ဓာတ်တစ်မျိုးဆိုတာကို
ယုံကြည်ထားဖို့ပါပဲ…..🍀

++++++


စာသားလေးတွေ ကောင်းလို့ ပြန်လည်မျှဝေပါတယ်
#မြန်မာ့ရိုးရာဗေဒင်မိတ်ဆွေများလည်းအကြာ်ဓာတ်လေးများပိုင်ဆိုင်နိုင်ကြပါစေနော်

13/01/2022

👩‍🦱 ဆံကေသာ ကောင်းမွန်လှပဖို့ဆိုတာ ဆံပင်သားကြမ်းတမ်းတာ ချောမွေ့ တာတွေအပေါ်အများကြီးမှုတည်ပါတယ်‼️

💁‍♀️ဒီတော့ ဆံကေသာကြမ်းတမ်းရင် အကျိုးဆက်ကဘာတွေဖြစ်နိုင်မလဲ 🤷‍♀️
ဆံပင်သားကျိုးကြေလွယ်လာမယ်❗️
အဖျားနှစ်ခွတွေအဖြစ်များမယ်❗️
ဦးရေပြားတွေခြောက်သွေ့လာပြီးဆံပင်သားတွေ အမြစ်မခိုင်တော့ဘဲဆံပင်တွေအကျွတ်များလာမယ်‼️

🧚‍♀️ဒါတွေမဖြစ်တော့အောင်ဆိုရင်ဆံပင်သားက ကျန်းမာပြီးချောမွေ့နေမှ ဖြစ်မှာပေါ့ 😎

💁‍♀️ဒီတော့ အနာရှိရင်ဆေးရှိတယ်ဆိုတဲ့ စကားအတိုင်းဘဲ ဆေးရှိမှတော့ကုသလို့ရတာပေါ့ ✅

👂ဒါကြောင့် ခေါင်းလျှော်ခါးနီးတိုင်း ဆံပင်သားကိုနူးညံ့ချောမွတ်စေပြီး အစိုဓာတ်ကို ပြန်လည်ဖြည့်ဆည်းပေးတဲ့
Coconut Oil/Essential Oil/Flaxseed OIL/Almond Oil/Rosemary Extract oil တွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့
Nora Hair oil လေးကို မိနစ် 20 လောက် နှပ်ပြီး ခေါင်းလျှော်ပေးရုံပါဘဲ ခေါင်းလျှော်ပြီးတဲ့အခါတိုင်း hair oil အနည်းငယ်ကို ဆံသားနဲ့ အဖျားပိုင်းနေရာကို ညင်သာစွာလိမ်းပေး ခြင်းဖြင့် ဆံသားထိခိုက် ပျက်စီးမှုကို ကာကွယ်နိုင်ပါတယ်👏👏🥰

hair oil လေးကိုတော့ တစ်ပတ် နှစ်ကြိမ် ခေါင်းလျှော်တဲ့အခါ တိုင်း သုံးပေးပြီး တော့
ချောမွေ့ နူးညံ လှပတဲ့ ဆံကေသာလေးကို ပိုင်ဆိုင်နိုင်ပါပြီရှင့်😘😘

ဒါဆို တွေဝေမနေဘဲ Nora hair oil လေးကို ဆောင်ထားလိုက်ပါတော့နော်😉❤️

Price _9000ks

0️⃣9️⃣9️⃣5️⃣8️⃣8️⃣7️⃣3️⃣2️⃣7️⃣2️⃣

🏫​ကော့​သောင်းမြို့ 2မိုင်​ဆေးရုံ​ရှေ့ ဘိုဘို​ဆေးဆိုင်တွင်ဝယ်ယူအား​ပေးနိုင်ပါပြီရှင့်💁‍♀️

13/01/2022
Photos from Yin Nyein Ei Life Queen Cosmetics's post 17/12/2021

Alice လို လှချင်ရင်​တော့ LQ ​လေးရှိမှရမယ်​နော်....❣

Foundation No2 ရယ် Lipstick AK 7 ရယ် LipbalmကLychee​လေးလဲ လို​တာ​နော်.....🙈

အချိန်ကုန် ​ငွေသက်သာပြီး ပါးပါးကြည်ကြည်​လေးနဲ့ glowသွား​စေတာ​နော်.....💢


#‌ေကာ့‌ေသာင်းအိမ်​ရောက်​ငွေ​ချေ
#မြို့နယ်စုံကားဂိတ်တင်​ပေး
#ဆက်သွယ်ရန် 09958873272

Photos from Yin Nyein Ei Life Queen Cosmetics's post 07/11/2021

များဝယ်ယူချင်ပါက 🤗
#ကော့သောင်းကိုယ်စားလှယ်ကြီးပါရှင့် ☎️0️⃣9️⃣9️⃣5️⃣8️⃣8️⃣7️⃣3️⃣2️⃣7️⃣2️⃣သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်😍

#📌foundation =18800
#📌Sampleအထုပ် =6500
#📌LifeStick =8500
#📌Lipbalm =5000
#📌Bodyscrub =11000
=15000



Cosmetics

Photos from Yin Nyein Ei Life Queen Cosmetics's post 06/11/2021

📢သင့်အသားရေမွဲခြောက်ခြောက်ဖြစ်နေလို့စိတ်ညစ်နေပြီလား

📢ကမ်းခြေမှာအရမ်းကဲပြီးအသားရေနေရောင်လို့စိတ်ညစ်နေပြီလား

📢အသားရည်မညီညာလို့စိတ်အနှောင့်ယှက်ဖြစ်နေပြီလား

😲အဲ့ဒါတွေအားလုံးမဖြစ်အောင် Serumနဲ့Scrubကလုံးဝ တာဝန်ယူတယ်နော်

ပြည်တွင်း/ပြည်ပမှကိုယ်စားလှယ်များအားဖိတ်ခေါ်ပါတယ်ရှင့်

မြို့နယ်အလိုက်ပို့ဆောင်ပေးနေပါတယ်ရှင့်

#ကော့သောင်းကိုယ်စားလှယ်ကြီးပါရှင့်

#လက်လီလက်ကားဝယ်ယူအားပေးနိုင်ပါတယ်

☎️0️⃣9️⃣9️⃣5️⃣8️⃣8️⃣7️⃣3️⃣2️⃣7️⃣2️⃣ Or cbသို့ဆက်သွယ်မှာယူနိုင်ပါပြီရှင့်

Photos from Yin Nyein Ei Life Queen Cosmetics's post 02/11/2021

Alice k ရဲ့ 💕💕 Life queen 💕💕 နှုတ်ခမ်းနီလေး​တွေ ​နောက်တပတ်ဆို လိုသ​လောက်ရပါ​တော့မယ်​နော်

🧡 အပြင်ကာလာနဲ့ ပုံထဲက ကာလာနဲ့ တစ်ထပ်တည်းကျတဲ့ Life queen လေးပါ💋💋

💜 စပျစ်စေ့ or ပန်းမရမ်းရောင်လေးလို အရမ်းလှတဲ့ AK 1

💚 ပန်းမိတ်ကပ်ရောင်အမိုက်စားက AK 2

🤎 အရမ်းနုဖတ်နေတဲ့အညိုရောင်လေးကတော့ Ak 3

❤️ ရဲရင့်ဂုဏ်ဆာလို့ရတာက AK 4

🧡 လှပတည်ငြိမ်လွန်းတာလေးက AK 5

💙 ချယ်ရီရောင် or မက်မန်းသီးအရည်အရောင်လေးက AK6

💛 natural လေးလိုလှနေတာက AK 7

😍‍ ဈေးနှုန်းကလည်း တချောင်းမှ 8500 ks ပါ

🥰အရင်း 105000 ks ( 14 ) ​ချောင်း ယူလိုက်တာနဲ့ Life Queen ကိုယ်စားလှယ် ဖြစ်နိုင်ပါပြီရှင်

🥰 ကွာလတီက💯%လုံးဝအမိုက်စားနော်..

👄နှုတ်ခမ်းသားပေါ်ရောက်တာနဲ အေးမြတဲ့အထိတွေ့ကို
ခံစားရပြီး ကြာရှည်လဲခံတဲ့ Life Queen နှုတ်ခမ်းနီလေးပါ...

🟣 မှာယူလိုပါက cb or 0️⃣9️⃣9️⃣5️⃣8️⃣8️⃣7️⃣3️⃣2️⃣7️⃣2️⃣ ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင်...

🟢 ပြည်တွင်း ပြည်ပ ကိုယ်စားလှယ် ယူလိုသူများအားလုံးကို ဖိတ်ခေါ်ပါတယ်နော်



#ကော့သောင်းကိုယ်စားလှယ်ကြီးပါရှင့်

#ကျန်မြို့နယ်များကိုလဲပို့ဆောင်ပေးပါတယ်ရှင့်

Want your business to be the top-listed Beauty Salon in Kawthaung?
Click here to claim your Sponsored Listing.

Telephone

Website

Address


Kawthaung