Lway Myat Thein
ခန္ဓာကိုယ်လှဖို့ လေ့ကျင်ခန်းတွေ လုပ်ရမယ်
စိတ်တွေလှဖို့ စာတွေများများဖတ်ကြမယ်
💓💓LwayMyatThein💓💓
21/12/2024
"ဝ"နဲ့ပတ်သက်တဲ့
ဗဟုသုတ (၅)လုံး
☺☺☺
(အရင်က မသိလို့
ဝင်ရူပ်မိ ဝင်ပြောမိတာတွေအတွက်
တောင်ပန်းပါတယ်)🙏🙏🙏
“တစ်ချိန်တုန်းက
ပြောမကုန်တဲ့ စကားတွေ ရှိခဲ့သူနှစ်ဦးဟာ
ရုတ်တရက် နှစ်ပေါင်းများစွာ
မဆက်သွယ်ကြတော့ဘူးတဲ့။
စကားက တစ်သက်လုံး ပြောလို့ မကုန်နိုင်ပေမယ့်
နားထောင်တဲ့လူက အချိန် အကန့်အသတ်ရှိခဲ့တာ...”
#နိုင်းနိုင်းစနေ
03/01/2024
"ကိုယ့်ဖြစ်တည်မှုကို လက်ခံလိုက်ဖို့ပါပဲ"
🍃••••••••••••••••••••••••••••••••••••••🍃
ကြယ်စင်တွေလောက် မတောက်ပနိုင်လို့ဆိုပြီး
ပိုးစုန်းငယ်လေးတွေဟာ ရှက်လို့ သေမသွားပါဘူး။
ကိုယ့် ဖြစ်တည်မှုကို လက်မခံနိုင်တဲ့သူဟာ
ကိုယ့် လက်လှမ်းမမှီတဲ့ အရာတွေနဲ့
စိတ်အားငယ်နေဖို့ မသင့်သလို
ကိုယ့်ထက် ရှေးရောက်နေတဲ့ သူတွေနဲ့လဲ
ဘ၀ကို ယှဉ်ထိုးနေဖို့ မသင့်ပါဘူး။
မြက်ပင်တစ်ပင်လို ရှင်သန်ရတဲ့အခါ
ထန်ပင်လေးတွေနဲ့ အမြင့်ချင်း ပြိုင်ချင်လို့
ဘယ်ဖြစ်ပါ့မလဲနော်.....
သူဟာလဲ သူ့ကောင်ကင်နဲ့သူ
ကိုယ့်ဟာလဲ ကိုယ့်ကွင်းပြင်ကြီးနဲ့ ကိုယ် ဆိုပြီး
ကျေနပ်အောင် နေထိုင်တတ်ရတယ်မဟုတ်လား။
ရေကြည် ရေအေး ဖြစ်ရတဲ့အခါ
ကော်ဖီခွက်ကလေးတွေနဲ့ အနံ့ အရသာ
ပြိုင်မနေစမ်းပါနဲ့ သူလဲ သူ့အရသာနဲ့ သူ
ကိုယ်လဲ ကိုယ့်အေးမြမှုနဲ့ ကိုယ်ပဲ ဆိုပြီး
ကိုယ့်တန်ဖိုးနဲ့ကို ဖြစ်တည်နေလိုက်စမ်းပါ။
ကိုယ်ဟာ နှင်းဆီတစ်ပွင့်ဖြစ်လို့
စံပယ်တွေက ရနံ့ချင်းပြိုင်လဲ မူ့နေစရာမလိုပါဘူး။
သူလဲ သူ့ရနံ့ သူ ကိုယ်လဲ ကိုယ်အလှနဲ့ကိုယ် ဆိုပြီး
ဘ၀ကို ရှင်သန်တတ်ဖို့ပဲ လိုတာမို့လား။
ဘ၀ဆိုတာမျိုးက
ဘယ်လောက်ပဲစားရ စားရ
၀မ်းဝ,ရုံပဲ မဟုတ်လား။
ဘယ်လိုပဲ အသက်ရှင်ရ ရှင်ရ
ကျန်းမာနေဖို့ အဓိကပဲ မဟုတ်လား။
ဘယ်လောက်ပဲ ဂုဏ်ဒြပ်တွေရှိရှိ
ကိုယ့်ကျင့်တရားမရှိရင်
အပေါ်ယံတွေပဲ မဟုတ်လား။
ဘယ်လောက်ပဲ ပိုင်ဆိုင်ရ ပိုင်ဆိုင်ရ
အချိန်တန်တော့လည်း
ထားခဲ့ရတာပဲ မဟုတ်လား။
ရုပ်ကို ကျန်းမာအောင်ထားပြီး
စိတ်ကိုချမ်းသာ အောင်ထားနိုင်မှ
အသက်ရှင်နေသမျှ ချမ်းသာနေရတာပါပဲ။
ရှင်ဘုရင်အဖြစ် ရွေးချယ်မခံရလည်း
ရွေးချယ်ခံရတဲ့ဘ၀မှာ ပျော်အောင်နေပေါ့။
ဘ၀ကို ဖိနပ်တစ်ရံလိုမျိုး လျှောက့်ရတဲ့အခါမှာ
ဆူးညှောင့် ခလုတ်တွေကို
ကြောက်နေလို့ မရဘူးလေ။
စမ်းချောင်းလေးတွေလို စီးဆင်းရတဲ့အခါမှာလဲ
အတားအစီးတွေနဲ့ အသံထွက်ခွင့် ရှိမနေပါဘူး။
လမင်းကြီးလို မလင်းလက်နိုင်လဲ ဘာဖြစ်လည်း
ကြယ်တာရာလို အစွမ်းရှိသလောက်
တောက်ပလိုက်ပေါ့။
ပိုပျော်ဖို့ဆိုတာက
ကိုယ့်ဘ၀ကို ကျေနပ်ဖို့လိုသလို
ကိုယ့်ဘ၀ရဲ့ အဆိုးအကောင်းကိုလဲ
လက်ခံတတ်ဖို့လည်း လိုတယ်။
တစ်ပါးသူ လုပ်ပေးတဲ့ ပျော်ရွှင်မှုထက်
ကိုယ် ရှာဖွေထားတဲ့ ပျော်ရွှင်မှုက
ပိုခိုင်မြဲစေတယ် မဟုတ်လား။
သူတစ်ပါးရဲ့လောင်းရိပ်က
ကိုယ်ဖန်တီးတဲ့ အရိပ်လောက် မအေးမြနိုင်ပါဘူး။
ကိုယ့်ဘ၀ကို လက်ခံနိုင်တယ်ဆိုရင်
သူများအပြောနဲ့ လမ်းဆုံးမနေသင့်ဘူး။
သူများ အောင်မြင်မှုနဲ့ ခြေထိုးမနေသင့်ဘူး။
သူများဘ၀နဲ့ နှိုင်းယှဉ်မနေသင့်ဘူး။
သူများရှူထုတ်တဲ့ အငွေ့တွေနဲ့
အသက်ရှူမနေ့သင့်ဘူး။
ကိုယ့်ဘ၀ကို ကျေနပ်လာတဲ့သူဟာ
ရတာလေးနဲ့ ဝအောင်စားပြီး
ရှိတာလေးနဲ့ လှအောင်၀တ်နိုင်လာတယ်
မလိုအပ်တာတွေကို အတင်းအဓမ္မ
မလိုချင်တော့ဘူး
ကိုယ်မဟုတ်တဲ့ ဘ၀မှာ
ဟန်ဆောင်နေရတာ မကြိုက်တော့ဘူး။
မေ့သင့်တဲ့အရာတွေ မေ့ပြီး
ရောင့်ရဲကျေနပ်မှုလေးတွေနဲ့
ဘ၀ကို ပျော်ရွှင်တတ်လာတယ်။
အဓိက,က ကိုယ့်ဘ၀ကို လက်ခံလိုက်ဖို့ပါပဲ။
{မောင်သု} မူရင်း Credit
#စာပေကြိုက်သူများ
04/10/2023
ညတစ်ညဟာ
သိပ်လှတယ်......☺☺☺
လူတစ်ယောက်ဟာ
လူတစ်ယောက်အပေါ်
မျှော်လင့်ချင်မရှိ
ကောင်းနေခြင်းကမေတ္တာ..။
လူတစ်ယောက်ဟာ
ဘယ်လိုအခြေစိတ်ခံစားမှုရလဒ်ကြောင့်ပဲ
ပြောင်းလဲပြစ်လိုက်ပါစေ..။
မပြောင်းလဲလိုက်တဲ့လူတစ်ယောက်ဟာ
အခြေနေတစ်ခုကိုမသိကျိုးကျွံပြုပြီး
ထိန်းသိမ်းထားသူပါ။
လူတစ်ယောက်ဟာ
လူတစ်ယောက်အပေါ်
စိတ်ခံစားမှုတွေနိုးကြားနေသမျှ
ကာလပတ်လုံး...အချစ်ဆုံးလို့လည်းပြောလိမ့်မယ်။
အမြတ်နိုးဆုံးလို့လည်းပြောလိမ့်မယ်။
လူတစ်ယောက်ဟာ
လူတစ်ယောက်ကို
မနာကျင်စေချင်တဲ့အခါ
သူတန်ဖိုးထားတဲ့အရာတွေကို
ဘယ်တော့မှထိခိုက်စွာမပြောမိဖို့သတိထားတယ်။
လူတစ်ယောက်က
လူတစ်ယောက်အပေါ်
သဝန်တိုခြင်းက..မယုံသင်္ကာမဟုတ်ဘူး။
သူမြတ်နိုးတဲ့အရာရာတိုင်းကို
ဘယ်သူနဲ့မှမငြိမတွယ်အောင်
သူရင်ထဲမှာအမြတ်တနိုးလေးထားချင်တာ။
ချစ်ရတာပင်ပန်းလိမ့်မယ်ဆိုရင်
လူတစ်ယောက်နားကိုနီးစပ်စွာ
ရောက်ခဲ့ရင်တောင်မှ
နှလုံးသားကိုဦးနှောက်နဲ့
ကြိုးကိုင်ချယ်လှယ်ထားလိုက်ပါ။
တွေ့ဆုံခြင်းနဲ့အစပြုခဲ့ရင်
ခွဲခွာခြင်းနဲ့ပဲဇာတ်သိမ်းတတ်ရတာမို့
နှလုံးသားကိုကျောခိုင်းနိုင်ဖို့
အကောင်းဆုံးကြိုးကိုင်တတ်ပါစေ ...။
သံသာရှင်းထက်
မူရင်းအမည်အားမဖျက်စီးပဲcopyယူနိုင်ပါသည်။
🪻ဗေဒါလမ်း (၁၉)🪻
*** ချောင်းတစ်ခွင် ***
* ပွင့်ဖူးတံ ချီ၊ ဗေဒါရီ တစ်မိ။
ချောင်းတစ်ခွင် သူဆန်သွား၊ ချောင်းဖျားအထိ။
* တစ်ရွာကိုကျော်၊ တစ်ခေါ်လောက် စခန်း။
မဗေဒါ ဆန်တဲ့ချောင်း၊ ကျောင်းနဲ့ နတ်လမ်း။
* နတ်လမ်းကို ကျော်၊ တစ်ခေါ်လောက် စခန်း။
မဗေဒါ ယာဘက်ဘေး၊ တဲလေး အိမ်တန်း။
* လေးအိမ်ကို ကျော်၊ တစ်ခေါ်လောက် စခန်း။
မဗေဒါ မယ့်လက်ဝဲ၊ ကျွဲစားကျက်တန်း။
* စားကျက်ကို ကျော်၊ တစ်ခေါ်လောက် စခန်း။
မဗေဒါ ဝဲယာလိုက်၊ တော ဗျိုက်ဖြူတန်း။
* ဗျိုက်တောကို ကျော်၊ တစ်ခေါ်လောက် စခန်း။
မဗေဒါ ပတ်ချာဝိုင်း၊ ကိုင်းမြက်ရှည်တန်း။
* ရောက်ပြန်လျှင် ပျော်၊ ကျော်ပြန်တော့ သူလွမ်း။
ရောက်တိုင်း တပျော်ပျော်နဲ့
ကျော်တိုင်းသာ သူ့မှာလွမ်း၊ ချောင်း ဗေဒါလမ်း။ ။
ဇော်ဂျီ
ဗေဒါလမ်းကဗျာများစာအုပ်မှ
ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း (၁၉၅၉-၁၉၆ဝ)
ဖြတ်သင့်တဲ့အရာကိုဖြတ်နိုင်ရမယ်
တခါတလေ ဖြတ်သင့်တဲ့ထဲမှာ
သံယောဇဉ်လဲပါတယ်
လူတစ်ယောက်ကို
အရမ်းချစ်တယ်ဆိုပြီး
ဖက်သွယ်နေလို့မရဘူးခ
ကိုယ့်ရဲ့ အနာဂတ်မှာပိုင်ဆိုင်ရမယ့် အရာတွေ
အောင်မြင်မှုတွေကို အတူတူခံစားရဖို့
ကံမပါလာတာတို့ မထိုက်တန်တာတို့လဲ
ဖြစ်နိုင်လို့ သူတို့ဘဝကိုသူတို့ရွေးချယ်ပါစေ
ကိုယ်ကလဲကိုယ့်ဘဝအတွက်
အကောင်းဆုံးတွေကိုရွေးချယ်ရမယ်ခ ✍️
ဖြတ်သင့်တဲ့ မကောင်းတဲ့အကျင့်
တွေကိုလဲဖြတ်ရမယ်ခ
ကိုယ်ဘယ်လိုလူဖြစ်ချင်လဲ
ကိုယ်ဘယ်လိုရလဒ်မျိုးရချင်လဲ
ခုလုပ်နေတဲ့လုပ်ရပ်ကလဲ
အဲ့ ရလဒ်နဲ့ ထိုက်တန်ရမယ်ခ ✍️
ားပြောသောပုံများ
♦" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"♦
---------------------
🔶"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း...
ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ''
🔶"မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...
မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ''
🔶"ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ
ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း...
လူတကာကို လှပ်ပြပြီးပြောပြမနေတော့တာက
ပညာပဲ''✍
🔶"လူပဲ ခံစားချက်ကတော့
အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ
ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ
ကွာသွားကြတယ်''✍
🔶"ဖေါ်ပြလို့ မထူးဘူးဆိုရင်
ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ''
🔶"ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ
ဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ်
ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့...
သိကြမှာ မဟုတ်ဘူး''✍
🔶"ခံစားချက်တိုင်း ထုတ်ပြနေရင်
ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ်
ကိုယၡံစားရတာ သူတို့က
ပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ''✍
🔶"ဝမ်းနည်းတိုင်း ငိုပြနေရင်
ကိုယ်အားပျော့တာပဲ လူသိတယ်
ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ''
🔶"လူဖြစ်လာပေမယ့်လည်း
ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေး
အထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ်''
🔶"ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်း
တော်တော်လေးကို ခက်တာ''
🔶"တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ တကယ့်ပညာပါဘဲ
လောကအလယ်...
ရင့်ကျက်ဖို့ သင်ယူကြရပေဦးမည်
ဒီကြားထဲတော့...
အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ့မယ်''
🔶🔶🔶🔶🔶🔶🔶
Credit
#စာပေကြိုက်သူများ
LwayMyatThein
❤ စည်းထားပါ ❤
လူတိုင်း လူတိုင်းမှာ
သူ့ရဲ့ ကိုယ်ရေးကိုယ်တာ
စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာ
ရှိပါတယ်..
♦လူသိစေချင်တာ
ရှိသလို
လူမသိစေချင်တာလည်း
ရှိတတ်ကြပါတယ်..
♦အဲဒါကြောင့်…
ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ
♦သိပေမယ့်
မသိချင်ယောင် ဆောင်ရသလို
♦သိပေမယ့်
မပြောပဲ နေပေးရတာလည်း ရှိပါတယ်..
♦ဒီနေရာမှာ "စာနာမှု"က
လူတစ်ယောက်ရဲ့
အဆင့်အတန်းကို ပြပါတယ်..
♦မိတ်ဆွေအစစ်လို့ ထင်ရတဲ့
ထင်ခဲ့တဲ့ လူတချို့က
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ
အကြောင်းအရာတွေကို
အတင်းတုပ်တဲ့ အခါ
ပုံကြီးချဲ့တဲ့အခါ
ကိုယ်က သိပေမဲ့…
မသိချင်ယောင် ဆောင်လိုက်ဝာလည်း
ရှိတယ်..
♦နောက်တစ်ခါ
သူတို့ ပုံကြီးချဲ့လို့
သိသွားတဲ့သူတွေက
မထိခလုတ် ထိခလုတ်
ခနဲ့ တဲ့တဲ့
ရိ သဲ့သဲ့ လာ လာ ပြောတဲ့အခါ
ဘာမှတော့ ပြန်မပြောဘူး
♦ဒါပေမယ့်
သီးမခံနိုင်တဲ့ တစ်နေ့
ပြန်ပြောရင်လည်း
တယောက် မျက်နှာ တစ်ယောက်
ကြည့်နိုင်တော့မှာ မဟုတ်ဘူး..
♦ပြောချင်တာက…
♦ဘာကြောင့် လူမှုရေး နယ်ပယ်မှာ
စည်း မထားတာလဲ-?
♦ဘာကြောင့်…
ကိုယ့်ရဲ့ ပါးစပ်ကို စည်းကမ်း ရှိအောင်
မထိန်းသိမ်းတာလဲ-?
♦ဘာကြောင့်…
သူများရဲ့ အကြောင်းအရာတွေကို
ပယ်ပယ်နယ်နယ် ပြောပြီး
အရသာ ခံချင်ရတာလဲ-?
♦ငါလည်း တစ်နေ့ သူ့လို ကြုံနိုင်တယ်
ဆိုတဲ့ အဲဒီလို အသိလေး ရှိဖို့ လိုပါတယ်..
♦လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ငွေကြေး ချမ်းသာမှု"မဟုတ်ဘူး..
♦လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ပါးစပ်စည်းကမ်း ရှိဖို့" နဲ့
"စာနာ"နားလည်" "ဖေးမတတ်မှု" ပါ...။
📖📖📖📖📖📖📖📖📖
crd.
#လူငယ်များအတွက်စာကြည့်တိုက့်
,,,,,,,,,,,,,
LwayMyatThein
♦တစ်ခါတုန်းက ကျောင်းဆရာမတစ်ယောက်ဟာ -သူ့အတန်းထဲက ခပ်ဆိုးဆိုးကျောင်းသားလေးတဦးကို "သားကြီးလာရင် ဘာလုပ်မှာလဲ"လို့မေးလိုက်တဲ့အခါ
♦ကျောင်းသားလေးက မဆိုင်းမတွဘဲ
"ရုပ်ရှင်မင်းသားလုပ်မယ်၊ ပြီးရင် ဗိုက်ဆာနေတဲ့သူတွေကို မုန့်လိုက်ကျွေးမယ်" လို့ဖြေလိုက်တယ်၊
♦အဲဒီလိုလည်း ဖြေရော အတန်းဖော်တွေက
"ဒီကောင်-သောက်ပေါ"ဆိုပြီး သူ့ကိုဝိုင်းဟားကြတယ်၊ ဆရာမကလည်း"မင်းလုပ်ချင်တာတွေက အရမ်းစိတ်ကူးယဉ်ဆန်လွန်းတယ်၊တစ်ခြားအရာတွေကို ပြောင်းစဉ်းစားတာကောင်းလိမ့်မယ်" လို့ပြောခဲ့တယ် ၊
♦နောက် နှစ်ပေါင်း၂၀ ကျော်/၃၀ခန့် ကြာတဲ့အခါအဲဒီကျောင်းသားလေးဟာ သူပြောခဲ့တဲ့အတိုင်းကမ္ဘာ့ရုပ်ရှင်လောကရဲ့ ဝင်ငွေအမြင့်မားဆုံး အချမ်းသာဆုံးမင်းသား၊ ၂၁ရာစု ဥရောပနဲ့အမေရိကလူတွေအားလုံးထက်သြဇာရှိတဲ့ပုဂ္ဂိုလ် တစ်ယောက်ဖြစ်လာခဲ့တယ်၊
♦သူဟာ အိန္ဒိယနိုင်ငံရဲ့ အာဟာရချို့တဲ့သူ ၄သန်းကျော်နဲ့ကမ္ဘာ့အိမ်ခြေရာမဲ့တွေအတွက်
သူရရှိတဲ့အနုပညာကြေးငွေ ၇၅%ကိုလှူဒါန်းထားပါတယ်၊ဒါတွေကြောင့်လည်း အဂ်လန်ဘုရင်မကြီးElizabethကိုယ်တိုင်က သူ့ကို ဂုဏ်ထူးဆောင်ပရဟိတသမားဆုပေးအပ်ခဲ့ပါတယ်၊
♦ထိုသူကား အခြားမဟုတ်-အချစ်၊ အလွမ်း၊ အဆွေး၊ အကြမ်းအရမ်းအကုန်ရတဲ့
ကျနော်တို့ရဲ့ အသည်းကျော် Bollywood ဘုရင်ကြီးshah rukh khan
(ရှရွတ်ခမ်း)ပင် ဖြစ်ပါတယ်
♦တစ်ခြားလူတွေ မင်းအပေါ်မြင်တဲ့အမြင်ကအရေးမကြီးပါဘူး၊မင်းရည်မှန်းချက်အပေါ်ထားတဲ့ မင်းရဲ့အမြင်ကသာ အရေးအကြီးဆုံးပါ
♦သူတောင်းစားတွေမှာလည်း
ရှင်ဘုရင်ဖြစ်ခွင့်အိပ်မက်ရှိပါတယ်-
မဖြစ်နိုင်ဘူးဆိုတာ တကယ်သေချာပြီလား-?
Crd. Org. Uploader
မျှဝေသည်။
crd
24/08/2023
ဘဝမှာ
- ကိုယ်မမှားပေမယ့် ရှင်းပြခွင့်မရလို့
- ဖွင့်မပြောဖြစ်ခဲ့တဲ့
-အမှန်တရားတွေ ရှိဖူးခဲ့တယ်။
ဘဝမှာ
- တစ်ခါတစ်လေ ငေးကြည့်နေရုံကလွဲပြီး
- ဘာဆို ဘာမှမတတ်နိုင်ခဲ့တဲ့
- အရာတွေ ရှိခဲ့ဖူးတယ်။
ဘဝမှာ
- နှိမ်ချတတ်သူတွေရဲ့ စကားလုံးကြောင့်
- ဆွဲနှုတ်ရခက်တဲ့ မြှားတစ်စင်း စိုက်ဝင် သလိုမျိုး
- ဒဏ်ရာတွေရခဲ့ဖူးတယ်။
ဒါကြောင့်...
ကိုယ့်အနား မနေချင်လို့ ထွက်သွား သူတွေကို
- တစ်ချက်လောက်တော့ ငဲ့ကြည့် သင့်တယ်လို့
- ပြန်မတမ်းတတော့ဘူး။
အပြုံးနဲ့ ကြည့်နေသူတွေရဲ့
- လက်ထဲကဓါးနောက်ကျောကို ထိုးဖို့လား
- ရင်ဘက် ထဲထိုးဖို့လား
- ပြန်လှည့် မကြည့်တော့ဘူး။
လက်ကမ်းမလိုနဲ့ လက်ကာသွားသူတွေရဲ့
- အရောင်ပြောင်းတတ်တဲ့ စိတ်ထဲမှာ
- ကိုယ်ချင်းစာတရား အစအနလေးများ ရှိလေမလားလို့
- ဝင်ချောင်းမကြည့်တော့ဘူး။
တစ်ကယ်တော့...
- တစ်ချို့ မျက်လုံးနဲ့ ကြည့်လည်း
- မမြင်နိုင်တဲ့ အရာတွေကို
- ကိုယ့်နှလုံးသားနဲ့ မြင်ခဲ့ရပြီးပြီပဲ။
လေးစားစွာဖြင့်
#ဘဝစာပေ
LwayMyatThein
14/08/2023
ငိုနေတဲ့ မျက်လုံးတွေရှိရင် .... ခဏလောက် မျက်ရည်တွေသုတ်ပြီး ဒီစာလေး ဆုံးအောင် ဖတ်စေချင်တယ်
လူတိုင်း ခက်ခဲနေကြတာပါပဲ ....ပြီးတော့ နာကျင်နေရတာပါပဲ မတူတာက ဒဏ်ရာတွေမတူဘူး အတိမ်အနက်ချင်း မတူဘူး ။
တချို့က ငါ မရှိတော့ရင်ကောင်းမယ်လို့ တွေးလိမ့်မယ် ။ တချို့က ငါ့မှာ ငွေတွေ အများကြီးရှိရင်ကောင်းမယ်လို့ တွေးလိမ့်မယ် ။ သူပြန်ချစ်ရင် သူသာမဖောက်ပြန်ရင် သူသာ ဂရုစိုက်ရင် ဆိုပြီးတွေးနေတဲ့သူတွေလဲ ရှိနေမှာပါ ။တစ်ယောက်နဲ့ တစ်ယောက် ဒဏ်ရာတွေပဲ မတူကြတာ နာကျင်နေရတာချင်းတော့ တူတယ် ။
ဘာကြောင့် နာကျင်နေပါစေ ... ငါ မိန်းမသားပဲ ဆိုတဲ့အတွေးနဲ့ ပျော့ညံ့နေလို့မဖြစ်ဘူး ။ ငါ့ကို အားပေးနှစ်သိမ့်မယ်လူမရှိလို့ဆိုပြီး အားငယ်နေလို့မဖြစ်ဘူး ။ ခဏတာ အခက်အခဲကို တစ်ဘ၀စာကြီး နဲ့ လဲလိုက်လို့မဖြစ်ဘူး ။
နာကျင်တယ်မလား .... အားရအောင်ငို ။ အနားမှာရှိရင် ကိုယ်ပါ ကူပြီး ငိုပေးဦးမှာ ။ ဒါပေမယ့် မျက်ရည်တွေ ခမ်းတာနဲ့ ခံစားနေရတာတွေအားလုံးကို ခဏတာပဲ ဖြစ်ဖြစ် မေ့ပစ်လိုက်တော့ ။ ကိုယ့်အိပ်မက် ကိုယ့်ရည်မှန်းချက် လူတိုင်းမှာရှိပြီးသားပါ တစ်ခါတစ်ရံ လူတစ်ယောက်အတွက်နဲ့ ကျွန်မတို့ မေ့ထားတတ်ကြတဲ့ အိပ်မက်တွေပေါ့ ။ အဲ့ဒီအိပ်မက်တွေကို တစ်ယောက်တည်းဆိုလဲ ဆက်ပြီး အကောင်အထည်ဖော်ရဲတဲ့ အင်အားရှိဖို့လိုတယ် ။
ရဲရင့်တဲ့ မိန်းမဆိုတာ .... မနာကျင်တတ်တော့တဲ့ မိန်းကလေးတစ်ယောက်ကို ခေါ်တာ မဟုတ်ဘူး နာကျင်နေလျက်နဲ့တောင် အပြုံးမပျက်တဲ့ မိန်းမတစ်ယောက်ပါပဲ ။ ထက်မြက်တဲ့ မိန်းမဆိုတာ .... အနောက်က တွန်းတင်ပေးမှ အမြင့်ကို ရောက်တာမဟုတ်ဘူး ကိုယ်တစ်ယောက်တည်းဖြစ်နေလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်ရဲရတယ် ။
ငိုမယ်ဆိုရင် ငိုပါ .... ငိုပြီးသွားတဲ့အခါ တိတ်ဖို့လိုတယ် ။
#မိန်းမသားတို့အတွက်
#သျှင်ယွန်း
LwayMyatThein
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Ta'ang
Kyaukme
