Timeless Fragrance
Discover your new signature scent.
15/06/2026
Xerjoff starlight ကိုတွေ့ရင် blind buy သာဆော်ပစ် မမှားဘူးရယ်
05/06/2026
YSL myslf edp လေးလည်း ပြန်ရောက်ထားပါတယ်နော်🫧✨
05/06/2026
“တစ်ယောက်ကောင်းက
တစ်သောင်းဗိုလ်ခြေ
ညက်ညက်ကြေ”
ဆိုသလိုပဲ စစ်ရေးနယ်ပယ်မှာဖြစ်ဖြစ်၊ စီးပွားရေးကဏ္ဍမှာဖြစ်ဖြစ် တစ်ဦးတစ်ယောက်ကောင်းရုံနဲ့ အရာရာကို ဖြေရှင်းအနိုင်ယူလို့ ရပါတယ်။
ကျွန်တော်တို့ ရေမွှေးလောကမှာလည်း တစ်ပုလင်းလောက်သာ ရှိထားရင် တခြားရနံ့တွေ မလိုတော့ဘူးလို့ ထင်ရလောက်အောင် ကောင်းတဲ့ ရနံ့လေးတွေ ရှိပါတယ်။ ကျွန်တော့်အတွက် ရေမွှေးတစ်လုံးကို One and Only အဖြစ် ရွေးရမယ်ဆိုရင် Gris Charnel Extrait ကိုပဲ ဆယ်ခါလောက် ရွေးမိမှာပါ။
သူ့ရဲ့ အဖွင့်နံ့ (First Notes) တွေမှာ ဖာလာစေ့အနံ့လေးတွေ၊ လက်ဖက်ခြောက်အနံ့လေးတွေနဲ့ စတင်ဖွင့်ပါတယ်။ အနံ့အမျိုးအစားကတော့ Warm, Creamy, Woody ဖြစ်ပြီး မြန်မာနိုင်ငံလို ရာသီဥတုမျိုးမှာ နေ့လယ် ၁၂ နာရီဝန်းကျင် သုံးမယ်ဆိုရင် နည်းနည်း Heavy ဖြစ်တာကလွဲလို့ ကျန်တာ အဆင်ပြေပါတယ်။
သူ့ရဲ့ Base Note ကတော့ ကျွန်တော်အကြိုက်ဆုံး အပိုင်းပါပဲ။ လုံးဝ ကျွန်တော့် Taste နဲ့ ကွက်တိဖြစ်တယ်။ Sandalwood ကိုမှ Smooth ဖြစ်တဲ့ ပုံစံမျိုးနဲ့ ထုတ်ထားပြီး သစ်သားနံ့၊ မြေကြီးနံ့လေးတွေလည်း ပါဝင်ပါတယ်။
ကျွန်တော့်အတွက် ဒီရေမွှေးကို Overall ခြုံပြောရမယ်ဆိုရင် Projection အရမ်းမပြင်းတာကြောင့် ဘေးလူတွေကို အာရုံမနှောင့်ယှက်ဘဲ Minimalist ဆန်တဲ့ ခံစားချက်မျိုး ပေးတယ်လို့ ထင်ပါတယ်။ အနံ့ကလည်း အေးဆေးတည်ငြိမ်တဲ့ ပုံစံမျိုးဖြစ်လို့ Classic နဲ့ Luxury Vibe ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။
ဒီရေမွှေးကို မသုံးသင့်တဲ့သူတွေကတော့ ရေမွှေးတစ်လုံးအတွက် မြန်မာငွေ ဆယ်သိန်းနီးပါး မသုံးချင်တဲ့သူတွေ၊ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး နေတတ်တဲ့သူတွေ၊ Fresh အနံ့မျိုးကို ပိုကြိုက်တဲ့သူတွေ၊ Beast Mode မဟုတ်လို့ Compliment အများကြီး ရချင်တဲ့သူတွေအတွက်တော့ သိပ်မသင့်တော်ပါဘူး။
ကိုယ့်လူတွေအားလုံးလည်း ကိုယ်ကြိုက်တဲ့ ရနံ့လေးတွေကို ရှာဖွေစုဆောင်းနိုင်ကြပါစေ ✨
02/06/2026
Bleu De Chanel edp လေးပြန်ရောက်ထားပါတယ် ကျောင်းသုံး၊ ရုံးသုံး အဆင်ပြေတာမို့ ဆောင်ထားသင့်တဲ့ ရေမွှေးလေးပါ🫧
30/05/2026
အခုလိုမိုးအေးအေးလေးနဲ့ဆို ultra male က အလိုက်ဆုံးပဲ ချိုတဲ့ အနံ့လေးတွေ ကြိုက်တဲ့ ညီကိုတို့ဆို full bottle ချသင့်တဲ့ အနံ့မျိုးပါပဲ။ အနံ့စမ်းချင်တာဖြစ်ဖြစ်၊ ခွဲဝယ်ချင်တာဖြစ်ဖြစ် ကျွန်တော့်ဆီမှာ -
10 ml -60,000
5 ml -35,000
နဲ့ လာစမ်းလို့ရပါတယ်ခင်ဗျာ✨
29/05/2026
ဒီနေ့ အသစ်ရောက်တာလေးတွေပါ ထပ်ရောက်စရာရှိတဲ့ ပုလင်းလေးတွေရောက်ရင် Promotion တစ်ခုလုပ်ပေးပါ့မယ်✨
25/05/2026
အရင်ပစ္စည်းပြတ်သွားတဲ့ KILIAN ANGEL’S SHARE ပြန်ရပါပြီနော် မိုးရာသီနဲ့လိုက်ဖက်တဲ့ အနံ့လေးမို့ Try ကြည့်သင့်တဲ့ ရေမွှေးလေးပါပဲ။
15/05/2026
Xerjoff Nio က အရမ်းကြိုက်ပေမယ့် နောက်မဝယ်ဖြစ်တော့တဲ့ ရေမွှေးထဲမှာပါတယ် အကြောင်းပြချက်ကတော့ မဝယ်နိုင်တော့လို့ပါ။
20/12/2025
ကျွန်တော့်ရဲ့ မွေးနေ့အကြိုလေး Discount ချပေးပါ့မယ်။
YSL Y EDP 10ml
Original price - 75,000❌
Discount price - 55,000 ✅
လူငါးယောက်ကိုပဲ ဒီစျေးနှုန်းနဲ့ ရောင်းပေးပါ့မယ်။
24/11/2025
Diptyque L’EAU PAPIER (edt)
ကိုယ့်လူတို့က ရေမွှေးအနံ့ကို အရမ်း အနံ့ပြင်းတာမျိုးလည်းမလိုချင်ဘူး ၊ သစ်သီးနံ့တွေ ပန်းနံ့တွေလို ချိုအီအီအနံ့တွေလည်း မကြိုက်ဘူးဆိုရင် သိပ်ကို Minimalist ဆန်ပြီး elegant ဖြစ်တဲ့ ဒီရေမွှေးလေးကို စမ်းသုံးကြည့်ဖို့ အကြံပြုချင်တယ် ။
ရုံးပဲသုံးသုံး ကျောင်းပဲသုံးသုံး အဆင်ပြေပြီး နေ့တိုင်း သုံးရင်တောင် ရိုးမသွားမယ့် ရနံ့မျိုးလေးပါ။
သူ့အနံ့က စက္ကူနံ့လိုလို ခဲတံနံ့လိုလိုလေးနဲ့ clean ဖြစ်တဲ့ဘက်ကိုပိုသွားတယ်။
ကျွန်တော်က Not a perfume fan ဆိုတော့ vibe ချင်းဆင်တဲ့ L’Eau Papier ကို ငြင်းရက်စရာမရှိပါဘူး။ ကျွန်တော့်ရဲ့အမြင်အရဆိုရင်တော့ Not a perfume နဲ့ L’Eau Papier နှစ်ခုထဲက တစ်ခုပဲ ရှိထားရင်ကို လုံလောက်ပြီလို့ ထင်တယ် ။
Gender အနေနဲ့လည်း Unisex အသုံးပြုလို့အဆင်ပြေပါတယ်။
Longevity အနေနဲ့လည်း ကျွန်တော့် skin ပေါ်မှာ 6နာရီ အနည်းဆုံးခံပါတယ်။
ဘယ်လိုလူတွေအတွက် မသင့်တော်ဘူးလဲဆိုရင် ရေမွှေးဆို Beast mode ပဲကြိုက်တဲ့သူတွေ၊ အမြဲတမ်းကိုယ့်ရေမွှေးရနံ့ကို ကိုယ်ရော ကိုယ့်ဘေးကလူရော ရနေစေချင်တဲ့လူတွေနဲ့ လူကြားထဲ bright အရမ်းဖြစ်ချင်တဲ့ လူတွေအတွက် ရွေးချယ်ဖို့မသင့်တော်ပါဘူး။
ကျွန်တော့် page လေးကို followed လုပ်ထားတဲ့ မိတ်ဆွေအပေါင်း ကပ်ကြီးသုံးပါးကို အထိအခိုက်နည်းစွာ ကျော်ဖြတ်နိုင်ကြပါစေ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Ashaemyopat Street
Kyaukpadaung
05241
