Ladies' Comfort
Where Ladies enjoy
01/10/2026
🍷 Ladies' Cup 🍷
🍷 Menstrual cup တွေထဲမှာလေ ဒါလေးက အသားအိစက်နူးညံ့နေပြီးတော့ သုံးလို့အရမ်းကောင်းတာနော်
🩷Admin ကိုယ်တိုင်လည်း ဒါလေးသုံးနေတာ
#ရာသီခံခွက်
30/09/2026
🩷Kotex U Tampon🩷
🩷Applicator မပါတဲ့ နောက်ထပ် tampon အသစ်တစ်မျိုးရပါပြီရှင့် 🩷
🩷Australia made ကိုမှ Sg quality ဆိုတော့ မျက်စိမှိတ်ပြိီးကိုရွေးချယ်သင့်သောလေး
🩷သူ့ဂွမ်းသားလေးကလေ နူးညံ့အိစက်နေတာဘဲနော်
တော်ရုံ Tampon ကို သိပ်ဘဝင်မကျတဲ့ admin တောင် ကြိုက်တဲ့အထိဘဲ
🩷ပေးရတဲ့စျေးနဲ့ ရတဲ့ quality ဆိုတာ ဝယ်သူဖက်ကဆို တန်တာမှတစ်ဖက်ကမ်းလွန်နေရော
🩷မှာမယ်ဆို လက်သွက်မှနော် 🩷
29/09/2026
🩷Tampon တွေအကြောင်းပြောရင် Sofy ကတော့ မပါမဖြစ်ပါနော်
🩷Quality ကောင်းပြီး စျေးတန်တာကိုမှသုံးချင်တယ်ဆိုရင်တော့ Sofy ကတော့ best choice ပါဘဲရှင့်
Sofy blue - normal flow
Sofy green - heavy flow
25/09/2026
🌕🐇Happy Mid-Autumn Festival! 中秋节快乐!!🥮
လနတ်သမီးဆီမှာလည်း လိုချင်တာတွေဆုတောင်းလို့ရတယ်နော် 🫢😁
လပြည့်ညလေးမှာ ချစ်ရသူတွေနဲ့ လမုန့်လေးတွေစားရင်း ပျော်ရွှင်စရာအချိန်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင် 🩷
With love,
Ladies’ Comfort.
#လမုန့်စားပွဲ #中秋节
24/09/2026
ရာသီလာတဲ့ရက်တွေမှာ Pad လဲတာတစ်ခုတည်းနဲ့ လုံလောက်ပြီလို့ ထင်နေတုန်းပဲလား..? 🩷
တကယ်တော့ ရာသီလာချိန်မှာ ဘာသုံးလဲဆိုတာတင်မက၊ ဘယ်လိုအသုံးပြုလဲ၊ ဘယ်အချိန်လဲလဲ၊ ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်လဲ ဆိုတာတွေလည်း အရေးကြီးပါတယ်။
မသန့်ရှင်းတဲ့လက်နဲ့ ကိုင်တွယ်တာ၊ Pad ကို အချိန်ကြာကြာမလဲတာ၊ Tampon နဲ့ Cup ကို ညွှန်ကြားချက်မလိုက်နာဘဲ အသုံးပြုတာတွေက မအီမသာဖြစ်ခြင်းနဲ့ အရေပြားယားယံခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ရာသီလာတဲ့ရက်တွေမှာ—
🩷 လက်ကို သန့်ရှင်းစွာဆေးကြောပါ။
🩷 Pad ကို စိုစွတ်ခြင်း၊ ပြည့်လျှံခြင်းမဖြစ်ခင် ပုံမှန်လဲပါ။
🩷 Tampon နဲ့ Cup ကို ထုတ်ကုန်ညွှန်ကြားချက်အတိုင်း အသုံးပြုပါ။
🩷 မိန်းမကိုယ်အတွင်းပိုင်းကို ဆပ်ပြာနဲ့ ဆေးကြောဖို့ မလိုအပ်ပါဘူး။
ရာသီလာတာက ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဒီကာလမှာ မိမိကိုယ်ကို သန့်ရှင်း၊ အဆင်ပြေပြီး ကျန်းမာစွာ ဂရုစိုက်ပေးဖို့ပဲ လိုပါတယ်။ 🩷
'Comfort
17/09/2026
Tampon သုံးပြီး ညအိပ်လို့ရလား? 🌙
“ညအိပ်ရင်း Tampon သုံးထားမိရင် ဘာတွေဖြစ်နိုင်လဲ?”
ဒါကို လေဒီလေးတို့အနေနဲ့ သေချာပေါက်သိထားသင့်ပါတယ်နော်🩷
အမှန်တော့ Tampon သုံးပြီး ညအိပ်လို့ရပါတယ်။
ဒါပေမယ့် Tampon ကို အချိန်ကြာကြာ မပြောင်းဘဲထားမိတာက သတိထားရမယ့်အချက်ပါ။
အိပ်နေတဲ့အချိန်မှာ Tampon ကို အချိန်ကြာကြာထားမိရင်—
🌸 ပိုးဝင်ခြင်း ဖြစ်နိုင်ခြေ တိုးလာနိုင်ပါတယ်။ 🌸 ယားယံခြင်း၊ မအီမသာဖြစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
🌸 အလွန်ရှားပါးပေမယ့် Toxic Shock Syndrome (TSS) လို ပြင်းထန်တဲ့အခြေအနေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် Tampon ကို ၈ နာရီထက်ပိုပြီး မထားသင့်ပါဘူး။
🌙 ညအိပ်ချိန်မှာ Tampon သုံးမယ်ဆိုရင်
အိပ်ရာဝင်ခါနီးမှာ အသစ်တစ်ခု ပြောင်းသုံးပြီး မနက်နိုးလာတဲ့အခါ အချိန်မီ ပြန်ထုတ်ပေးပါ။
ညအိပ်ချိန်က ၈ နာရီထက် ပိုကြာနိုင်မယ်ဆိုရင်တော့ Pad လိုမျိုး အခြား menstrual product ကို ရွေးချယ်တာ ပိုသင့်တော်နိုင်ပါတယ်။
Tampon သုံးတာကို ကြောက်စရာမလိုပါဘူး။
မှန်ကန်တဲ့နည်းလမ်းနဲ့ အချိန်မီ ပြောင်းပေးဖို့က အရေးကြီးပါတယ်။ 🩷
'Comfort
16/09/2026
IUD ထည့်ထားရင် Cup နဲ့ Tampon သုံးလို့ရလား..? 🤔
IUD ထည့်ထားပြီး ရာသီလာတဲ့အခါ “Menstrual Cup သုံးလို့ရလား?” “Tampon ကော အဆင်ပြေပါ့မလား?” ဆိုပြီး တွေးမိကြမှာပါနော်။
အရင်ဆုံး IUD ဆိုတာဘာလဲ ဆိုတာလေး သိထားရအောင်။ 🩷 ဆိုပြီး အဓိက ၂ မျိုးရှိပါတယ်။
ဒါဆို ရာသီသုံးပစ္စည်းတွေဆီ ပြန်သွားရအောင်…
🩸 Tampon ကို IUD ထည့်ထားလည်း ပုံမှန်အားဖြင့် သုံးလို့ရပါတယ်။ IUD က သားအိမ်အတွင်းမှာရှိပြီး Tampon က မိန်းမကိုယ်အတွင်းရဘူးလို့ တစ်ထစ်ချ မဆိုနိုင်ပေမယ့် Cup ဖယ်ရှားတဲ့အခါ IUD ကြိုးကို မတော်တဆ ဆွဲမိနိုင်တာကြောင့် ပိုသတိထားဖို့လိုပါတယ်။ အသုံးပြုမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ထားတာ ပိုစိတ်ချရပါတယ်နော်။
'Comfort
11/09/2026
Tampon သုံးပြီး ညအိပ်လို့ရလား? 🌙
“ညအိပ်ရင်း Tampon သုံးထားမိရင် ဘာတွေဖြစ်နိုင်လဲ?”
ဒါကို လေဒီလေးတို့အနေနဲ့ သေချာပေါက်သိထားသင့်ပါတယ်နော်🩷
အမှန်တော့ Tampon သုံးပြီး ညအိပ်လို့ရပါတယ်။
ဒါပေမယ့် Tampon ကို အချိန်ကြာကြာ မပြောင်းဘဲထားမိတာက သတိထားရမယ့်အချက်ပါ။
အိပ်နေတဲ့အချိန်မှာ Tampon ကို အချိန်ကြာကြာထားမိရင်—
🌸 ပိုးဝင်ခြင်း ဖြစ်နိုင်ခြေ တိုးလာနိုင်ပါတယ်။ 🌸 ယားယံခြင်း၊ မအီမသာဖြစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
🌸 အလွန်ရှားပါးပေမယ့် Toxic Shock Syndrome (TSS) လို ပြင်းထန်တဲ့အခြေအနေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် Tampon ကို ၈ နာရီထက်ပိုပြီး မထားသင့်ပါဘူး။
🌙 ညအိပ်ချိန်မှာ Tampon သုံးမယ်ဆိုရင်
အိပ်ရာဝင်ခါနီးမှာ အသစ်တစ်ခု ပြောင်းသုံးပြီး မနက်နိုးလာတဲ့အခါ အချိန်မီ ပြန်ထုတ်ပေးပါ။
ညအိပ်ချိန်က ၈ နာရီထက် ပိုကြာနိုင်မယ်ဆိုရင်တော့ Pad လိုမျိုး အခြား menstrual product ကို ရွေးချယ်တာ ပိုသင့်တော်နိုင်ပါတယ်။
Tampon သုံးတာကို ကြောက်စရာမလိုပါဘူး။
မှန်ကန်တဲ့နည်းလမ်းနဲ့ အချိန်မီ ပြောင်းပေးဖို့က အရေးကြီးပါတယ်။
08/09/2026
အပြင်ရောက်မှ ရုတ်တရက် ရာသီလာလို့ အခက်တွေ့ဖူးလား? 🩷
အရေးပေါ်အခြေအနေအတွက် first aid kit မဟုတ်တဲ့ period survival kit လေး ဆောင်ထားလိုက်ပါ 😌
👝 အိတ်သေးသေးတစ်လုံးထဲမှာ—
• ကိုယ်သုံးနေကျ Pad၊ Tampon၊ Cup ဒါမှမဟုတ် Disc
• Tissue နဲ့ Hand Sanitizer
• အတွင်းခံအပိုတစ်ထည်
• လဲထားတဲ့အတွင်းခံထည့်ဖို့ အိတ်အပိုလေး
• ခါးနာ ဗိုက်နာ တတ်တဲ့သူတွေအတွက် ဆေး
အဲ့တာတွေအပြင် -
ကိုယ့်အတွက် လိုအပ်တာလေးတွေ ထပ်ထည့်ထားလို့လည်း ရပါတယ်။ ကြိုပြင်ထားတော့ လိုတဲ့အချိန် ပစ္စည်းလိုက်ရှာစရာ မလိုတော့ဘူးပေါ့ 💗
လေဒီတို့ကရော အိတ်ထဲမှာ ဘာတွေ ဆောင်ထားလဲ?
04/09/2026
ဒါလေးက applicator မပါဘဲ အရမ်းကိုသုံးကောင်းသောလေးနော် 🩷
စျေးကလည်းတန်မှတန်
Category
Website
Address
Lashio
Alerts
Be the first to know and let us send you an email when Ladies' Comfort posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
