Skincare’s knowledge sharing by Honey
ချစ်သောမိတ်ဆွေများအား ဖိတ်ခေါ်ပါတယ
14/07/2026
❗အမဲစက်အမာရွတ် အတွက်ဘယ်လောက်သုံးသုံး Skin မှာ Hydrating မလုံ လောက်ရင် ပျောက် ဖို့ အချိန် ကြာတယ်တဲ့ ...လုံလောက်တဲ့ Hydrating ရှိနေရဲ့လား...?💭💖
အမဲစက်အမာရွတ်အတွက်ကလေ Serumတွေထည့် သုံးနေပေမဲ့ပိုဆိုးလာတာ ပိုထင်းလာတာ...မပျောက်ဘဲကြာနေတာတွေဖြစ်နေရင် Hydrating မလုံလောက်တာလား...ဒါမှမဟုတ် Suncream မလုံလောက်လို့လားဆိုတာသတိထားပေးရမယ်...Hydration မလုံလောက်တဲ့ skin မှာ ပျောက်နှုန်းက ပိုနှေးနိုင်ပါတယ်။ ဒါပေမယ့် Hydration တစ်ခုတည်းကြောင့် မဟုတ်ဘဲ အခြားအချက်တွေ ကြောင့်ရောပေါ့နော် Hydrating ရမှSkin barrier ကောင်းနေမယ် ...Hydration လုံလောက်ရင် skin barrier ကျန်းမာနေပြီး အရေပြားက repair လုပ်နိုင်စွမ်း ပိုကောင်းပါတယ်။ဒါဆို Serum Steps လည်းအလုပ်ဖြစ်မယ်... Hydrating လုံလုံလောက်လောက်မရရင်လည်း တစ်ခြားဟာတွေသုံးရင်းပိုဆိုးလာသလိုပဲ ဖြစ်စေမှာ
Hydrating အတွက် ကိုယ်နဲ့ကိုက်တဲ့ Moisturizerလိမ်းပေးတာကCell turnover ပိုမှန် စေ တယ် ...အရေပြားဆဲလ်အသစ်တွေ ပိုကောင်းလာတာကြောင့် အမဲစက်တွေ တဖြည်းဖြည်းလျော့လာနိုင်တယ်...ရောင်ရမ်းမှု Inflammation လျော့ လာစေမယ်... Dehydrated skin က အလွယ်တကူ ယားယံ၊ နီရဲပြီး ရောင်ရမ်းနိုင်တာကြောင့် အမဲစက်က ပိုကြာတတ်ပါတယ်။ ဒါကြောင့် Dehydrate တွေ Dryတွေကသတိထားပေးရမယ်... ဒီနေရာမှာသောင်းအမြဲပြောတဲ့ Oily Dehydrate သမားတွေလည်းပါတယ်
Hydrating လုံလောက်နေရင် Active Ingerident တွေသုံးလို့ ပိုအသားခြောက်တာတွေကိုလည်းကာကွယ်နိုင်မယ်Treatment တွေကို ပိုခံနိုင်တယ် → Vitamin C, Retinoid, Azelaic Acid, Tranexamic Acid, Alpha Arbutin စတဲ့ ingredient တွေသုံးတဲ့အခါ Hydration လုံလောက်ရင် irritation နည်းပြီး ဆက်တိုက်သုံးနိုင်တာကြောင့် ရလဒ်ပိုကောင်းတတ်ပါတယ်။ဒါပေမယ့် Hydration လုံလောက်တာနဲ့ အမဲစက်ပျောက်မယ် လို့တော့ မဟုတ်ပါဘူး...
နောက်တစ်ခုက Hydrating အပြင်လိုတတ်တာလေးတွေပါ
Suncreamကို နေ့တိုင်းလုံလောက်အောင် လိမ်းမယ်
သင့်တော်တဲ့ brightening ingredients သုံးမယ်
ဝက်ခြံအသစ်မထွက်အောင် ထိန်းပေးမယ်... ဒါအပြင် စိတ်ရှည်ပြီး အမြန်ပျောက်ချင်ဇောနဲ့ Vitamin C တွေ နေ့ညမပျက်လိမ်းနေတာတွေလည်းရပ်ပေးပါနော်
အမဲစက်အမာရွတ် ကလည်းပုံစံမျိုးစုံနဲ့လာတာမို့ ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမဲစက်ကတော့ ဒီလိုကုရပေမဲ့ တင်းတိတ်တို့စွဲနေတဲ့အမဲရွတ်တွေကတော့ လုံးဝမပျောက်တော့ရင် laser ပစ်လိုက်တာပိုကောင်းပါတယ်
အတိုချုပ်ဆိုရရင် Hydration မလုံလောက်တဲ့ skin မှာ skin barrier အားနည်းပြီး repair လုပ်ငန်းစဉ် နှေးသွားနိုင်တာကြောင့် အမဲစက်နဲ့ အမာရွတ်ပျောက်ဖို့ အချိန်ပိုကြာနိုင်ပါတယ်... Hydration က ကူညီပေးတဲ့ အချက်တစ်ခုဖြစ်ပေမယ့် Sunscreen နဲ့ သင့်တော်တဲ့ treatment တွေကိုလည်း တွဲသုံးဖို့ လိုပါတယ်။🤍
Skincareအကြောင်းအသေးစိတ်သိချင်တာဆိုရင်တော့ Cb မှာမေးထားပေးပါရှင်
18/02/2026
❗ဝက်ခြံကို ပိုဆိုးလာစေတဲ့ အကြောင်းအရင်းများ အဖြစ်များတာလေးတွေစုရေးပေးထားပါတယ်💞
ဝက်ခြံ (Acne) ဆိုတာ တစ်ခါဖြစ်ပြီးရင် ပျောက်သွားတာမဟုတ်ပါဘူး။ ကိုယ်မသိမသာ လုပ်မိနေတဲ့ အလေ့အထတွေကြောင့် ပိုဆိုးလာတတ်ပါတယ်။ ဒီနေ့တော့ ဝက်ခြံကို ပိုဆိုးလာစေတဲ့ တစ်ချို့ ကို သတိထားလို့ရအောင်ပြောပြပေးမယ်နော် ပေးမယ်နော် ✨ Skincare မကိုက်တာ / Ingredient မတည့်တာ ကတော့ပထမပေါ့...ကိုယ့်အသားအရေ type မသိဘဲ trend နောက်လိုက်ဝယ်ပြီး ကိုယ့် Skinနဲ့မကိုက်တာကဝက်ခြံက ပိုဆိုးသွားစေတာ
Pore ပိတ်စေနိုင်တဲ့ heavy cream တွေကလည်း တစ်ခါတစ်လေမှာဖြစ်နိုင်သေးတယ်
အရမ်းပြင်းတဲ့ active တွေကို တပြိုင်နက်တည်းသုံးတာမျိုးကလည်း ပိုဆိုးစေတယ်
👉 ဥပမာ – Retinol, AHA, BHA, Vitamin C တွေကို မညီညွတ်ဘဲ layer အများကြီးသုံးမိရင် skin barrier ပျက်ပြီး ဝက်ခြံပိုဆိုးနိုင်ပါတယ်။
ကိုယ် နဲ့ကိုက်တဲ့ Skincareရွေးချယ်ဖို့ skin Type အလိုက် Products တွေ ဖြစ်နေဖို့လိုတယ်
မျက်နှာကို မကြာခဏ ထိတာ / ညှစ်တာကလည်းသတိထားရမဲ့အချက်ပေါ့နော်လက်မသန့်ဘဲ တော်တော်လေးအဆင်မပြေတာပါ
မသန့်ရှင်းတဲ့ ပစ္စည်းတွေလို့ယူစရတဲ့Pillowcase မလဲခြင်း/Makeup brush မဆေးခြင်း/ဖုန်းကို မျက်နှာနားကပ်ကြာခြင်းကလည်း ဘက်တီးရီးယားတွေက ဝက်ခြံကို ပိုဆိုးစေနိင်တယ်။
အစားအသောက် & Lifestyleတွေဖြစ်တဲ့အဆီများ၊ ချိုများတဲ့အစားအသောက်နဲ့နို့ထွက်ပစ္စည်းအလွန်အကျွံစားတာအိပ်ရေးမလုံလောက်တာတွေလညသတိထားပေးပါ
Stress များခြင်း
👉 Stress hormone တိုးလာရင် ဆီထွက်များပြီး pore ပိတ်တတ်ပါတယ်။
Sunscreen မလိမ်းတာကလည်းမဖြစ်မနေသတိထားရမှာ
နေရောင်ထိခိုက်မှုကြောင့် inflammation ပိုဖြစ်ပြီး ဝက်ခြံအမာရွတ် ပိုနက်နိုင်ပါတယ်။
Skincareအကြောင်းအသေးစိတ်ဆွေးနွေးချင်ရင်တော့ cb မှာမေးထားပါနော်💌
05/01/2026
04/12/2025
How to do facial treatments and routine at home
01/12/2025
ဒီနေ့အတွက် မင်”ညွှန်းပေးချင်တာက
ဝက်ခြံနဲ့ အဆီဖု အဆီခဲရှိနေသူတွေအတွက်
Cell Fusion C Daily Trouble Care Foam Cleanser
ချွေးပေါက်ပိတ်တာ ၊ အဆီဖု ၊ အဆီခဲ ၊ ဆားဝက်ခြံ နဲ့ ဝက်ခြံ တို့ကို တိုက်ဖျက်ပေးတဲ့ Salicylic acid အဓိကပါဝင်ပါတယ်။ ခုလိုရာသီအဆီဖုမပျက်တဲ့ချစ်ခလေးတွေ ဒါလေး try ကြည့်ပါ
Salicylic Acid ကြောင့် အဆီဖုလေးတွေနဲ့ အဆီခဲတွေကိုပျော်ကျစေပါတယ် ဝက်ခြံတွေကိုသက်သာစေပြီး အဆီပြန်နှူန်း အဆီဖုထွက်နှူန်းကိုလျော့ကျစေပါတယ်
BHA 1.8% ပါတာမို့ မပျော့မပြင်းလေးပါ
တော်ရုံ sunscreenလောက်ပဲလူးတဲ့သူဆို
ဒီတခုထဲနဲ့တင်ပြောင်ပါတယ်
နေလောင်ဒဏ် ဖုန်မှူန့်အညစ်အကြေး အခိုးအငွေ့အမြဲထိတွေ့နေရတတ်တဲ့ Skin နဲ့ Acne prone skin တွေဆို
ဒါလေးက်ု အတော်ကြိုက်မှာပါ
တကြိမ်သစ်တကြိမ် သန့်ပြောင်သွားတာ
အသားအရည်ကို အစိုဓာတ်ပေးဖို့ Hyaluronic acid , ceramide တို့အပြင် essential oilsတချိူ့လည်း
ထည့်ထားပေးပါတယ်
Healing အတွက် mugwort/centella စတဲ့ herbတွေလည်းပါပါတယ် နီမြန်းရောင်ရမ်းတာ
အသားအရေပိုးဝင်တာသက်သာအောင်ပါ
ဒါက မျက်နှာပေါ်တင် - 30seconds လောက် massage လုပ် - ရေဆေးချ ဆိုတော့ မျက်နှာသစ်တဲ့ အချိန် ခဏအတွင်း ကို effective ဖြစ်စေတာပါ
Anti-dust formula မို့ ဖုန်မှုန့်မှုန်မှုန် လေးတွေ ကအစ ချွေးပေါက်ထဲ ထိ cleansing လုပ်ပေးပါတယ်
နည်းနည်းလေးယူသစ်ရုံနဲ့ အမြှုတ်တအားထပြီး
ထိရောက်ပါတယ် တဘူးဆို (၃)လလောက်ကိုသစ်ရတာပါ
အမြှုပ်ထွက်တဲ့ foam cleanser မို့ မျက်နှာသစ်ဆေး ဆိုရင် အမြှုပ်ထွက်တာမျိုးနဲ့ သစ်ရမှ ပိုကြိုက်သူတွေ ယူကို ယူသင့်ပါတယ်
Not fungal acne safe ❌❌❌
COD ရ
29/11/2025
Skincare routine time 🤍
Skincare လုပ်ဖို့ မဖြစ်မနေလိုအပ်တဲ့အချိန်များ
1️⃣ နေပူထဲထွက်ရတဲ့အချိန်
ထီးမပါပဲ နေရောင်ထဲသွားရတဲ့အချိန်တွေမှာ SPF မသုံးရင် အသားအရည်ကို အများကြီးထိခိုက်စေပါတယ်။
ဒါကြောင့် Sunscreen သုံးဖို့ မမေ့ပါနဲ့။
2️⃣ Gym ဆော့ပြီးတဲ့အချိန်
Gym ဆော့တဲ့အချိန် ချွေးအများကြီးထွက်ပြီး ဖုန် ၊ ဘက်တီးရီးယားတွေနဲ့ ချွေးနဲ့ ရောပြီး မျက်နှာအသားအရည်ကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် Gym ဆော့ပြီးတာနဲ့ မျက်နှာသစ်ဖို့ မမေ့ပါနဲ့။
3️⃣ အိမ်ပြန်တဲ့အချိန်
နေ့လည်ဘက်၊ အလုပ်ပြီး အိမ်ပြန်တဲ့အချိန်တွေမှာ ညီကိုတို့ရဲ့ အသားအရည်က ချွေး ၊ ဖုန် နဲ့ အညစ်အကြေးတွေ စုနေတတ်ပါတယ်။
ဒါကြောင့် ရေချိုးပြီး ညဘက် Lotion လိမ်းပေးဖို့ လိုအပ်ပါတယ်။
4️⃣ မိုးရွာပြီးနောက် / အရမ်းပူတဲ့အချိန်
ဒီလိုအချိန်မှာ ရာသီဥတုကြောင့် အဆီပြန်ခြင်း ပိုဖြစ်လို့ Oil Control Product တွေ သုံးဖို့လိုပါတယ်။
5️⃣ ရာသီအလိုက် Skin Condition
• နွေရာသီမှာ – အသားအရည်က ရေဓာတ် ခမ်းခြောက်ပြီး ယားယံတာ ၊ ဝက်ခြံထွက်တာမျိုး ဖြစ်တတ်ပါတယ်။
• မိုးရာသီမှာ – အသားအရည်က အဆီပြန်လွယ်ပြီး အဆီဖုနဲ့ အခြား ပြဿနာတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် Skincare Routine ကို ရာသီအလိုက် ပြန်ညှိပေးဖို့ လိုအပ်တယ်။
✨ Skincare လုပ်တာဟာ မိန်းကလေးတွေအတွက်သာမက ညီကိုတို့အတွက်ပါ မဖြစ်မနေလိုအပ်တဲ့အရာ တစ်ခုပဲဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Website
Address
Magway
