Win Win
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win Win, Beauty, cosmetic & personal care, 71st. Bt 40×41st, Mandalay.
24/01/2024
စိတ်ပါမှ ရွေ့တယ်
ရင်ဘတ်တူမှ ပေါင်းတယ်..၊
ဈေးပေါတာမှန်ပေမဲ့
အောက်တန်းစားဆန်ပြီး မဖားတတ်လို့
မိတ်ဆွေဆိုတာ ရွှေလိုရှားပါတယ်
ဆရာမောင်ချောနွယ် စကားယူသုံးရရင်
"လူကြိုက်နည်းတဲ့ကောင်"ပါ။
#ရိုးတံ"
☮🕊👑
crd #
22/01/2024
ချစ်စရာ ပုဂံမြေ
အမေဆိုတဲ့ခေါ်သံလေးတဲ့
မျက်ရည်ပါကျတယ် ကလေးရယ်
ကြိုးစားပါ
vd #
ဒီရက်ပိုင်း အများကြီးကူးစက်ပျံ့နှံ့နေတဲ့ မျက်စိနာရောဂါက Adenovial Conjunctivitis ပါ။ အသက်အရွယ်မရွေး ဖြစ်နေပါတယ်။ အလွန်ကူးစက်မြန်ပါတယ်။
🔺ဘာတွေ ခံစားရမလဲ
မျက်စိတစ်ဖက်က ရုတ်တရက် နီလာမယ်၊ မျက်ခွံဖောင်းလာမယ်၊ မျက်ရည်ကျမယ်၊ မျက်ချေးတွေ ထွက်မယ်၊ အထူးသဖြင့် မနက်အိပ်ရာနိုးချိန် မျက်ချေးတွေနဲ့ ပိတ်နေမယ်။ အမှိုက်ဝင်သလို ခံစားရမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။ နောက်တစ်ရက် နှစ်ရက်ဆိုရင် တခြားမျက်စိတစ်ဖက်ကို ကူးစက်သွားပြီဆိုရင် Adenovial Conjunctivitis သေချာဖို့က အများဆုံးပါ။
တချို့က မျက်မြှေးပါးက သွေးကြောလေးတွေ ပေါက်ပြီး အနီရောင်အကွက်ပုံစံ ဖြစ်နေတတ်ပါတယ်။ တချို့က နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်။..
🔺ဘယ်လို ကုသရမလဲ
ဆောင်ရန် ရှောင်ရန် ၂ ခု ရှိပါတယ်။
ဆောင်ရွက်ရန် ✔️
၁။ ရေအေးဝတ် အုပ်ရပါမယ်။ တစ်ခါအုပ်ရင် ၁၀ - ၁၅ မိနစ်၊ လိုအပ်သလို ၂ နာရီခြား အုပ်သင့်ပါတယ်။
ရေခဲသေတ္တာရှိရင် ...
- အဝတ်စတစ်ခုကို ရေဆေးပါ။
- လေးထောင့် ခေါက်ပါ။
- ပလတ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ထားပါ။
- ပလတ်စတစ်အိတ်ထဲက ထုတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။
ရေခဲရှိရင် ...
- ရေခဲတွေကို ပလပ်စတစ်အိတ်ထဲမှာ ထည့်ပါ။
- ရေခဲအသေးလေးတွေဖြစ်အောင် လုပ်ပါ။
- ရေခဲအိတ်ကို သန့်စင်တဲ့အဝတ်စနဲ့ ပတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။
ဘာမှမရှိရင် ...
- ရေစိမ်ထားတဲ့ အဝတ်နဲ့ အုပ်ပါ။
၂။ မျက်ရည်တုမျက်စဉ်း ၂-၃ နာရီခြား တစ်စက် ခတ်ပါ။ example. Cool Eyes, Protear, Neotear, Tears Naturale, Hameron, Systane
၃။ မျက်ချေးမျက်ဝတ်တွေကို သန့်ရှင်းရေးလုပ်ပါ။ မျက်ချေး အဝါရောင်၊ အစိမ်းရောင်တွေ ထွက်နေရင်တော့ ဘက်တီးရီးယားပိုးသတ်တဲ့ မျက်စဉ်းခတ်ဖို့ လိုပါတယ်။ Chloramphenicol Eye drop တစ်ခါခတ် တစ်စက် တစ်နေ့ ၄ ကြိမ် တစ်ပတ်ပြည့်အောင် ခတ်ပါ။..
ရှောင်ရန် ❌
မျက်စိနာရောဂါကူးစက်မှုရဲ့ အဓိကလမ်းကြောင်းက လက်ပါ။ လူအချင်းချင်းကြည့်လို့ မကူးစက်ပါဘူး။ မျက်မှန်တပ်ပြီး ကာကွယ်လို့ မရပါဘူး။ နေကာမျက်မှန်တပ်ရင် အလင်းရောင်မခံနိုင်တာကိုပဲဲ သက်သာစေပါတယ်။
• မျက်စိကို မကြာခဏ မကိုင်ပါနဲ့။
• မျက်စိကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးပါ။
• မျက်နှာသုတ်ပုဝါ သီးသန့်ခွဲသုံးပါ။
• လက်ဆွဲနှုတ်ဆက်တာတွေ မလုပ်ပါနဲ့။
• တခြားသူတွေကို မကူးစက်ရန် လူစုလူဝေးနေရာတွေကို မသွားပါနဲ့။
မျက်စိနာကူးစက်မှုက လက်ကနေတစ်ဆင့် ကူးစက်ပါတယ်။ မျက်စိနာရောဂါ မကူးစက်ဖို့ ကာကွယ်နိုင်ကြပါစေ.....။
မျက်စိအထူးကုဆရာဝန်တစ်ဦး
တယ်လီကျန်းမာ
ဆန်းကြယ်သောအချစ်
ဒီသီချင်းလေးကလည်း
ဆွေးလို့ကောင်းပြန်ရော
vd #
ရေအရင်လောင်းမယ် သီချင်းလေးကလည်း
သကြင်္န်ကြရင် တော်တော်လေးပေါက်မယ့်သီချင်းလေး နားထောင်လို့ကောင်းတယ် သီချင်းလေးက
vd #
လွမ်းစရာ မိုးလေးရယ်
27/08/2023
ပရိတ်ကြီး (၁၁)သုတ် သမိုင်း
ရှာနေတာကြာပြီ အခုမှတွေ့လို့ ပြန်မျှဝေပေးတာပါ
Photo crd
24/08/2023
ဒညင်းသီး ထဲမှာ ပါတဲ့အက်ဆစ်ကို
Djenkolic acid လို့ ခေါ်ပါတယ်။
အရပ်ထဲမှာတော့
"ရေ၅ထပ်သွန်ပြီးပြုတ်တယ်"
"အဆိပ်ထုတ်ပြီးပြုတ်တယ်"တို့
"ထန်းလျှက်နဲ့ပြုတ်ရင်အဆိပ်ပြေတယ်"တို့
"ထိပ်ကအဆိပ်ဆံလေးထုတ်ပြီးပြုတ်ရင်
ဘာမှမဖြစ်ဘူး"တို့ စသဖြင့်
မျိုးစုံကြားရပါတယ်
တကယ်တော့ အဆိပ်ဆံလို့သိနေတဲ့နေရာက
ဒညင်းအပင် ပေါက်မယ့်နေရာ ဖြစ်ပါတယ်။
အဆိပ် နဲ့မဆိုင်ပါဘူး
အယူအဆ မှားနေတာပါ။
ဒညင်းသီး အသား တစ်ခုလုံးမှာ
အဆိပ်ဓာတ် Djenkolic acid တွေ
အပြည့် ပါပါတယ်။
ဒညင်းသီးစားလိုက်တဲ့အခါမှာ
ဒီ အဆိပ်ဓာတ်က အစာအိမ် ကတဆင့်
အူ ထဲကို အရင်ရောက်ပါတယ်
အူ ထဲကနေ စုပ်ယူပြီး
သွေး ထဲမှာရှိနေတုန်းမှာ
ပျော်ဝင်အဆင့် မှာပဲ ရှိနေပြီး
ပျောက်မသွားပါဘူး
ခန္ဓာကိုယ်ထဲက သွေးတွေ အားလုံးဟာ
ကျောက်ကပ် ကိုမဖြစ်မနေ
ဖြတ်သန်းရပါတယ်။
အဆိုပါအဆိပ်
ကျောက်ကပ်ထဲ ရောက်ချိန်၊
ဆီးဖြစ်လာတဲ့အချိန်၊
ဆီးက အက်ဆစ် pH ဘက်ကို
ရောက်တဲ့အချိန်မှာမှ
အချိုမှုန့်ချောင်းလေး တွေပုံစံ
Crystal အဖြစ်ပြောင်းပြီး
ကျောက်ကပ် ပြွန်သေးသေးလေးတွေ
ပေါ်မှာ စိုက်စူးစေပါတော့တယ်။
အဲဒီအချိန်မှာ
ပုံမှန်အလုပ်လုပ်နေရတဲ့ ပြွန်တွေ ပျက်စီးပြီး
ဆီး ထဲ သွေးပါလာတာမျိုး
ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်လာပါတယ်။
ဘယ်နှစ်ရေ ပဲပြုတ်ပြုတ်
ဘာထည့်ပြီးပြုတ်ပြုတ်
အဆိပ်ဓာတ်ရှိနေတာ ပဲမို့
ဆီးချို သွေးတိုး ရှိပြီးသားသူများ
ရှောင်သင့်ပါတယ်။
များများစားမှ ဖြစ်တာမျိုး မဟုတ်ဘဲ
တစ်လုံး နှစ်လုံးစားရုံနဲ့လည်း
ဆေးရုံ ရောက်တတ်ပါတယ်။
စားကောင်းပေမယ့်
ဒညင်းသီးအစား အရသာတူတဲ့
မျောက်ငိုသီး လို ၊
နှစ်တစ်ရာသီး၊
ပဲကော လို
ဟာတွေ အစားထိုးပြီး စားတာ
အကောင်းဆုံးပါ။
ကျောက်ကပ်က လူ့အတွက်
တန်ဖိုး ကြီးပါတယ် ။
ကျောက်ကပ် ပျက်စီးရင်
အမြဲတမ်း ကျောက်ကပ်ဆေး နေရတာမျိုးကို
မသေမချင်း လုပ်သွားရမှာပါ၊
အခြေအနေပေါ် မူတည်ပြီး
နှစ်ပတ် တစ်ခါ သို့မဟုတ်
တစ်လ တစ်ခါ
ပုံမှန် ကျောက်ကပ်ဆေး ရပါတယ်၊
တစ်ခါ ဆေးရင် နှစ်သိန်းဝန်းကျင်
ကုန်ကျပါတယ်။
ကျောက်ကပ် အစားထိုး လဲဖို့ဆိုရင်လည်း
သိန်း ရာနဲ့ချီ ကုန်ပါတယ်။
မသိလို့ စားခဲ့တာက
ပြင်လို့ မရတော့ပေမယ့်
ဒီအန္တရာယ်ကို သိလာတဲ့အခါ ဆင်ခြင်နိုင်ဖို့
တင်ပြလိုက်ရပါတယ်။
Dr Kyaw Soe Htet
ဒေါက်တာ ကျော်စိုးထက်
copy
crd #
ဆင်ခြင်ဖို့အတွက် ပြန်လည်တင်ပေးခြင်းဖြစ်ပါတယ်ရှင့်
ကလေးဘဝတုန်းက မိုးတွေရွာတိုင်း
ဆိုဖြစ်တဲ့ သီချင်းလေး အရမ်းကြိုက်
video
12/08/2023
သူ့အမှားကနေ ကိုယ့်အမှား
**************************
တစ်ခါတုန်းက တောနက်ကြီးထဲက သစ်ပင်တစ်ပင်မှာ မျောက်တစ်ကောင်နေထိုင်တယ်။ ရာသီဥတုကလည်း ဆောင်းရာသီဆိုတော့ မျောက်ခမျာ တော်တော်လေး ချမ်းနေရှာတယ်။
အဲဒါနဲ့ မီးရလိုရငြား လိုက်ရှာရင်း အဝေးတစ်နေရာမှာ ပိုးစုန်းကြူးတစ်ကောင်ကို သွားတွေ့တယ်။
တွေ့တော့ မျောက်က အဲဒီပိုးစုန်းကြူးနဲ့ မီးဖိုလို့ ရမယ်ထင်ပြီး လိုက်ဖမ်းတယ်။
မိတော့ ပိုးစုန်းကြူးအပေါ်မှာ အမှိုက်တွေပုံ၊ သစ်ကိုင်းခြောက်လေး နည်းနည်းပါးပါးပုံပြီး မီးစွဲအောင် မှုတ်နေတယ်။
မျောက်ရဲ့စိတ်ထဲမှာတော့ ပိုးစုန်းကြူးကို မီးစဖြစ်ရမယ်လို့ အထင်မှားနေပြီး မီးမတောက်မချင်း တဖူးဖူးနဲ့ မှုတ်နေတယ်။
ဒါကို သူနဲ့ မလှမ်းမကမ်းက ကျောက်ဆောင်ပေါ်မှာ နားနေတဲ့ ငှက်ကမြင်တော့ တားတယ်။
"ဟိတ်ကောင် အဲဒါ မီး မဟုတ်ဘူး၊ ပိုးစုန်းကြူး"
မျောက်က အရေးမလုပ်ဘူး။ ထပ်ပြောတယ်။
"ဟိတ်ကောင် မီးမဟုတ်ဘူးဟ၊ ပိုးစုန်းကြူး"
မျောက်က အရေးမလုပ်ပြန်တော့ တတိယအကြိမ်ထပ်ပြောတယ်။
"ပြောနေတာကြားလား မီးမဟုတ်ဘူးကွ၊ ပိုစုန်းကြူးဟ"
ဒီအခါမှာတော့ မျောက်က စိတ်တိုပြီး ငှက်ကို ကျောက်ဆောင်နဲ့ ရိုက်သ-တ်ပစ်လိုက်ပါတော့တယ်။
အမှန်တရားကို ပြောတဲ့ငှက် မမှားပါဘူး။ ဒါပေမဲ့ အမှန်တရားကို လက်မခံနိုင်တဲ့မျောက်ကို သွားပြောမိလိုက်တာတော့ မှားသွားပါတယ်။
တစ်ခါတလေကျရင် တချို့အမှန်တရားတွေက လက်မခံနိုင်တဲ့သူကို သွားပြောမိရင် သူ့အမှားကနေ ကိုယ့်အမှား ဖြစ်တတ်တယ်။
Click here to claim your Sponsored Listing.
Category
Website
Address
71st. Bt 40×41st
Mandalay
