Rachel Yu Beauty Collection

Rachel Yu Beauty Collection

Share

UK/USA/Korea/BKK Productsများကိုဈေးနှုန်းချိုသာစွာဖြင့်Instockဝယ်ယူနိုင်ပါတယ်ရှင့်

07/12/2023

I have reached 500 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

13/06/2022

For Oily Skin

‼️ Oily Skin သမားများ ဖတ်ရန် ‼️

Oily skin ဆိုတာ အဆီပြန် သူများပေါ့နော် ၊ မိုး က ငယ်ငယ်က oily skin သမားပါ ။ ဒီ ၅နှစ် အတွင်းမှာ sensitive combo ဖြစ်လာတာပါ။ အဆီပြန်သူတွေ အတွက် ပြောပါမယ် ။ တခါတရံ အဆီပြန်လို့ ဆိုပီး သုံးမိ လုပ်မိ တာတွေက ပို အဆီ ပြန်ပီးရင်း ပြန်အောင် နေမိ လုပ်မိ တာတွေ ရှိနေတတ်လို့ .. ဒီ အချက်လေးတွေ စမ်းစစ်ကြည့်ကြမယ် ။

✅ဂျီးချွတ်ဖြစ်ရဲ့လား?
Exfoliate လုပ်ရဲ့လား ပေါ့ ။

ဂျီးချွတ်တယ်ဆိုတာမှာ အရင်ခေတ်ကတော့ facial scrub တိုက်စရာ တမျိုး ပဲ ရှိတာပေါ့လေ ။ ခုခေတ်က physical exfoliation ဖြစ်တဲ့ scrub လေးတွေ အပြင် chemical exfoliation ဖက်ပါ တိုးတက်လာတာမို့ ၊ သင့်တော်ရာ ကို ရွေး သုံးဖြစ်ဖို့ လိုပါတယ် ။ ဝက်ခြံ နဲ့ အဖု ရှိနေရင်တော့ scrub တိုက်တာက ပိုပွါး တတ်ပါတယ် ။ chemical peeling တွေကကျ ညှစ်ထားတဲ့ အဖု ရှိခါစ မသုံးသင့်ပါဘူး ။

✅မျက်နှာ လိုသလောက်ပဲ သစ်ပါ။
အဆီပြန်လို့ ပိုသစ်မိနေလား ?

မိုး ဆို မှတ်မိသေးတယ် ၁၀ တန်းတုန်းက ပေါ့။ ကျောပိုးအိတ်ထဲ cleanser ဘူးကြီး ပါတယ် ၊ အဆီပြန်တာနဲ့ ထ သစ် တာ 🤪 သစ်လွန်းလေ ဆိုးလေ ပဲ နော် ။ တနေ့ ၂ ကြိမ် ၊ မိတ်ကပ် ဘာညာ လိမ်းလို့ လိုအပ်ခဲ့ရင် ၃ ကြိမ် အများဆုံးပဲနော် ။ သစ်လေ အသားက အဆီကျိတ်တွေ ပို အလုပ်လုပ်လေ ပို အဆီပြန်လေ ပါ။

✅moisturizer လိမ်းလား?
အဆီပြန်လို့ moisturizer မလိမ်းဘူးလား?

အဲ့ထဲ မိုး ပါခဲ့တယ် လို့ ပြောရင် ယုံမလား? ငယ်ထဲက ဝက်ခြံ အရမ်းဆိုး လို့ အရေပြား ဆရာဝန် ပြရတယ် ။ ပြရင် ဆရာဝန်က moisturizer လိမ်းဆို စိတ်ထဲက “ငါ ဒီလောက် အဆီပြန် နေတာ ၊ အာ့ကြီး လိမ်းရင် ပိုဆိုးမှာ” ဆိုပီး မလိမ်းဘူး 😂 အဲ့ moisturizer မှန်မှန် လိမ်းတဲ့ အကျင့်ကလေ Sg မှာ လေဆာ စပစ်တဲ့ ၂၀၁၆ ကမှ စပီး လိမ္မာတာ ။ အရင်က toner + serum ကောင်းတာ လိမ်းရင် ရပီထင်တာနော် ။ moisturizer လိုပါတယ် ၊ လိမ်းမှ အဆီကျိတ်တွေ အလုပ်လုပ်တာ လျော့ပီး အဆီ ထုတ်တာ သက်သာစေတာပါ။

✅မသင့်တော်တဲ့ skincare အမျိုးအစား သုံးမိနေတာ လား?

ပြောရရင် Asian အများစုရဲ့ ပြသနာက အသားဖြူချင်တာ များတယ် ၊ ဒါတောင် မိုး တို့ ခုခေတ်မှ သာ ခေတ်မှီ လာလို့ ညိုချောတွေကလည်း လှတယ် လက်ခံ လာကြပီး အသားကြည်ဖို့ ဆိုတာကို ဖြူဖို့ထက် ဦးစားပေးလာတာ။ အဲ့တော့ oily skin သမားတွေကလည်း တခြား ဘာရယ် အဓိက မရှင်းပြထားပဲ whitening ဆိုတာတွေ လိမ်းလို့ကတော့ ရှယ် အဆီပြန် တတ်ပါတယ် ။ အပေါစား မဟုတ်ဘူးနော် World class Brand အကြီးတွေ နာမည် မရေးချင်လို့ အဲ့တိုင်းပဲ ။ ကိုယ့် skin နဲ့ သင့်တော်တာ ရွေး ရပါမယ် ။ Niacinamide တို့ BHA (salicylic acid) တို့ ဆိုတာ အဆီပြန် သမားတွေရဲ့ တသက်တာ အဖော်မွန်ပါ ။

✅for oily skin ဆိုတာတွေပဲ ရွေးသုံးနေမိလား ?

ဒါဆို ထင်မယ် .. ငါ အဆီပြန်လို့ for oily skin ဆိုတာ ပဲ မျက်စိမှိတ် ဝယ်ရင်တော့ ok မှာပါ ဆိုပီး .. No ပါနော် ။ အဲ့လို မိုး လုပ်ခဲ့တာပေါ့ ငယ်ငယ်က ။ oily skin အတွက် သီးသန့် / oil free ဆိုတာတွေ ပလူပျံ ခေတ်စား ခဲ့တာလေ ။ ဘာဖြစ်လဲ ဆိုတော့ for oily skin ဆိုရင် က matte ဖြစ်တဲ့ moisturizer ဘာညာ လို့ ပြောတာနဲ့ အရက်ပျံ က တဂါလံ လောက် ပါပီ ။ သင့်သလောက် သုံးရင် ရပေမဲ့ လိမ်းသမျှ skincare အဆင့်တိုင်းက အဲ့လို အရမ်း harsh ဖြစ်တာတွေပဲ စုထားတဲ့ အခါကျ အသားက သုံးသုံးချင်းတော့ အဆီမပြန်ဘူး matte ပေါ့။ ရေရှည်မှာ ဆိုးလာတာပါ။ အဲ့တော့ စာဖတ်ပီး ရွေးပါ။ ဘူးကစာ ၊ online က review ။

✅ အဆီပြန် လို့ မကြမ်းတမ်း ပါနဲ့ ။

ကြင်နာပါ ။ oily skin ကို အဆီ အရမ်း ပြန်လို့ ဆိုပီး စိတ်တွေ ညစ်ပီး toner တွေ ခပ်ကြမ်းကြမ်း ပွတ်တာ မျိုး ၊ ဆေးအပြင်းတွေ သုံးပစ်တာတွေ မလုပ်ဖို့ ထပ်သတိပေး ပါရစေ ။ မိုး လည်း ငယ်ငယ် က ကြမ်းတမ်း ရက်စက် ခဲ့မိတာတွေ နောင်တ ရတယ် ။

ဒီအချက်လေးတွေ လောက်ပဲ စမ်းစစ်ပီး ပြင်နိုင်ရင်ကို အတော်လေး ထူးခြား မှာပါနော် ❤️

Photos from Rachel Yu Beauty Collection's post 04/06/2022

Clear Fit Heatleaf Toner & Emulsion

Price -13000ks for 1 (200ml )

Sensitive လဲ ဖြစ်တယ် အဆီပြန် အဆီဖု ဝက်ခြံလဲ ရှိရင် ဒါလေး သုံးပါနော် 🙊

အဆီဖု ဝက်ခြံတွေကို သက်သာစေပြီး အဆီပြန်တာကို ထိန်းပေးတယ် အသားအရေ Calming ဖြစ်စေပြီး Soothing ဖြစ်စေတယ် နီရဲတာတွေ ယောင်တာတွေ သက်သာစေတယ် အသားအရေ ရေဓာတ်ဖြည့်ပေးတယ်

သူက Dry & Sensitive Skin တွေ အထိ သုံးလို့ ရတယ်လို့ ပြောထားတယ်



Photo - crd

Photos from Rachel Yu Beauty Collection's post 04/06/2022

Clearfit Heartleaf Cream (50g)

နူးညံ့သိမ်မွေ့သောခံစားမှု နဲ့အတူ အသားရေကို ချောမွေ့ကြည်လင်စေတ့ ဒီ cream လေးက
စေမယ့်စေးကပ်မှုလုံးဝမရှိဘဲ အသားထဲစိမ့်ဝင်လွယ်တယ်

Heartleaf Houttuynia ဆေးဘက်ဝင်အပင်မှထုတ်ယူထားပြီး Houttuynia cordata extract ပါ၀င်လို့ သင့်မျက်နှာ ရေဓာတ်ဆုံးရှုံးမှုကို လျော့နည်းစေပြီး ပိုမိုချောမွေ့တောက်ပြောင်သော အသားရေကို ရရှိစေပါတယ်
Crd

Price - 12000ks
Direct from Korea

04/06/2022

Clearfit Heartleaf & Collange Eye Serum 30ml

ဒါလေးက မျက်လုံးနားတဝိုက်က အရေးကြောင်းတွေ/ အသားအရေတွန့်နေတာတွေကို အမြန်သက်သာစေမဲ့ Eye serum ကောင်းကောင်းလေးနော်

Houttuynia cordata extract
ပါလို့ moistureလေးရရှိစေတယ်နော်

Collagen effect လေးရစေလို့ မျက်လုံးနားက အရေးကြောင်းတွေကို သက်သာစေပါတယ်

Highly concentrated gel type လေး နော်
လိမ်းတဲ့အခါ အေးအေးလေးနဲ့ စိမ့်ဝင်လွယ်စေတာနော်

Dropper tube type ဖြစ်လို့ အသုံးပြုရလွယ်ကူပြီး မျက်လုံးတဝိုက်ကို သေချာစိမ့်ဝင်စေတယ်

30ml 11500 mmk
Crd

Photos from Rachel Yu Beauty Collection's post 04/06/2022

#𝙏𝙚𝙣𝙯𝙚𝙧𝙤 𝘾𝙤𝙡𝙡𝙖𝙜𝙚𝙣 𝙏𝙤𝙣𝙚𝙧 & 𝙀𝙢𝙪𝙡𝙨𝙞𝙤𝙣
- သူက အသားရေကို နူးနူးညံ့ညံ့လေးနဲ့ဖြူစေတယ်
- နောက်ပီး Collagen တိုနာမို့ အသားရေတင်းစေတဲ့အပြင် အသားခြောက်တာ / texture ထူလို့ စေးကပ်တာတွေ လုံးဝ မဖြစ်စေဘူးနော်
- မှဲ့ခြောက်တို့ အရေးကြောင်းတွေကိုလဲ မထွက်အောင်တားဆီးပေးနိုင်သေးတယ်
တစ်ဘူးကို 200ml စီ ပါတဲ့အပြင် ဈေးကလဲ
13500 ks ပါပဲနော်
‼️နှစ်မျိုးပေါင်းတစ်ဆက်မှ 26000 ks ပဲကျပါမယ် ‼️
made in Korea / imported from Korea 🇰🇷 ပဲနော်
ဈေးအရမ်းတန်တဲ့အပြင် Q လဲ ကောင်းပါတယ်လို့
ယူတို့ try ကြည့်သင့်တဲ့အထဲ ဒါလေးလဲပါတယ်နော်
CRD

04/06/2022

ZERO Suncream

ခုတလော ရေပန်းစားနေတဲ့ Tenzero brand လေး

အခုမှ အသစ်စက်စက်ထွက်ထားတာလေး ပါ

Hyaluronic Acid Moisturizing Suncream
လေးက အသားခြောက်တဲ့သူ တွေအသုံးပြုနိုင်ပါတယ်..

အသားကြည်ပြီး ရေဓာတ်ထိထိရောက်ရောက်ဖြည့်တင်းပေးပါတယ်

​moisture ပါတော့ နေရောင်ခြည်ဒဏ် ကာကွယ်ပီးသားဖြစ်တယ်

စျေးသင့်တာလေးမို့ စမ်းကြည့်စေချင်တယ်နော်

Price- 12500ks
Instock
Direct from Korea
Photo - crd

04/06/2022

Facial Foam Cleanser (100ml )
Price-7000 MMK
🍃Greenteaက အဆီဖုလေးတွေကို သက်သာစေပြီး ချွေးပေါက်ကျဉ်းကာအသားအရည်ကို Healthy skin glow ဖြစ်စေပါတယ်
🌵Aloe က အသားအရည် နီမြန်းခြင်းကို လျော့ချပေးပြီး အသားအရည်အတွင်းပိုင်းထိရေဓာတ်ပြည့်ဝစေပါတယ်
🍋Vitamin က မျက်နာလေးကို ဖြူဝင်စေပြီး အမဲစက်, ဝက်ခြံ အမာရွတ်လေးတွေကို မှေးမှိန်စေပါတယ်
💧Hyaluronic က အသားအရည်ခြောက်သွေ့သူတို့အတွက် အဆီ မပြန်ပဲရေဓာတ်ကို လုံလုံလောက်လောက်ဖြည့်တင်းပေးကာစိုပြေစေပါတယ်
💦Collagenက မျက်နာတင်းရင်းချင်သူ, skinက မကျန်းမမာပဲ မျက်နာမလန်း ဖြစ်နေသူတို့အတွက် အထူးသင့်တော်ပါတယ်
☘️Cicaက ဝက်ခြံထွက်တတ်သူများအတွက် ဝက်ခြံများယောင်ယမ်းခြင်းက်ု သက်သာစေပြီး အသားအရည် နီးမြန်းတာကို သက်သာစေတယ်
◼️Charcoal အဆီပြန် ချွေးပေါက်ကျယ်ပီး ဆားဝက်ခြံ ရှိသူများ အတွက်ပါ
Crd.
Import From Korea 💯

Photos from Rachel Yu Beauty Collection's post 28/05/2022

USA Lotion

100 % Authentic 💯

Made In USA
Imported From Singapore💜

Photo crd;
price - 16000ks

Photos from Rachel Yu Beauty Collection's post 28/05/2022

Crystal Brightening Cream (50ml)

👌Dayကို make upလိမ်းစရာမလိုပဲ သူတစ်မျိုးထဲနဲ့အရမ်းအဆင်ပြေတဲ့ All in one day creamလေးပါ

💎 Brightening ဆိုတဲ့အတိုင်းလိမ်းထားရင်ဖြူဝင်းနေပီ မျက်နှာမှာရှိတဲ့အပြစ်အနာအဆာတွေကိုဖုံးအုပ်ပေးထားလို့ တစ်နေ့လုံးယုံကြည်မှုရှိရှိနေလို့ရတာပေါ့

💖 အသားညိုတဲ့သူလဲ day creamလေးလိမ်းထားရင် သဘာဝအတိုင်းအသားတစ်ဆင့်ဖြူစေပြီး ပြာပြာကြီးဖစ်တာမျိုးလုံးဝမရှိပါဘူးနော်

🧍🏻‍♂️သဘာဝအတိုင်းဖြူဖြူစိုစိုလေးဖြစ်စေပြီးထူထူပြစ်ပြစ်ကြီးမဟုတ်တာမို့ boy & Girl သုံးလို့ရပါတယ် တစ်ဗူးဝယ်ပြီးမိသားစုတွေအကုန်သုံးလို့ရလို့အရမ်းအဆင်ပြေတယ်နော်

Price - 22000ks

✔ Made in Australia
💯 Authentic

28/05/2022

Hyaluronic lotion

နို့ရည်လေးကတော့ cream တွေလိုပျစ်ပျစ်မဟုတ်ပဲ အရည်ကျဲကျဲလေးနဲ့ စေးကပ်ကပ်မဖြစ်ပဲ အသားထဲစိမ့်ဝင်မြန်တယ်
ရေဓာတ်ကိုဖြည့်ပေးပြီး အရေကြောင်းတွေကိုသက်သာစေကာ အဆီပြန်မှာကြောက်တဲ့မမတွေအတွက် အဆီမပြန်ပဲ အဆီကိုထိန်းပေးစေပါတယ်

အသားရေခြောက်တာ အဆီပြန်တာမျိုးကိုမဖြစ်စေပဲ အသားရေတင်းတင်းရင်းရင်းလေးဖြစ်စေကာ အသားရေစိုပြည်စေမှာဖြစ်ပါတယ်

Hyaluronic Acid နှင့် ပါဝင်သောကြောင့် အရေးအကြောင်းများသက်သာစေကာ အသားရေဖြူဝင်းကာ အသားရေညီညာလာစေပြီး ချွေးပေါက်လေးများကိုကျဉ်းစေတယ် ဝက်ခြံ အမာရွတ် တင်းတိတ် အမဲစက်များကိုသက်သာကာ နူးညံ့ အိစက်စေပါတယ်

Price -18000 (120ml)

28/05/2022

Hyaluronic Cleanser

Hyaluronic အခြေခံထားပြီး အရေပြားအတွက် စိတ်ချရတဲ့ အကောင်းတုံး ingredients တွေနဲ့ ပေါင်းစပ်ထားတာမို့ အသားအရေအမျိုးအစားမရွေးသုံးလို့တယ်

အသားခြောက်တဲ့သူတွေအတွက်လည်း ရေဓါတ်ဖြည့်ပေးပြီး စိုပြေ စသလို အဆီပြန်သမားတွေအတွက်ကျ အဆီပြန်တာကိုထိန်းပေးလို့ အရမ်းကိုအဆင်ပြေတဲ့ cleanser လေးပါ

eaoron cleanser လေးက အရေပြားအတွင်းက အဆီအညစ်တွေ ဖယ်ရှာပေးသလို အပေါ်ယံအရေပြားကိုလည်း အာဟာရဖြည့်ပေးသေးတာပါ

အမြုပ်ထွက်တာပုံမှန်လေးနဲ့ အမြုပ်လေးတွေကအစအိအိလေး သစ်ပြီးသွားရင်လည်း မျက်နှာလေး စိုအိနေတာပဲနော်

100ml - 17000ksပါနော်

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay