Baka Baka

Baka Baka

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Baka Baka, Health/Beauty, 122လမ်း 58လမ်းထောင့်, Mandalay.

31/05/2023

ကိုယ့်အောက်က ဝန်ထမ်းတွေရဲ့ အခြေအနေအရ ဦးဆောင်စီမံမှု ၄မျိုး

လုပ်ငန်းခွင်အတွင်း အဖွဲအစီးတွေကို ဦးဆောင်တဲ့အခါ မိမိteamရဲ့ followerတွေရဲ့ အခြေအနေအပေါ်မှုတည်ကာ ဦးဆောင်စီမံတဲ့ပုံစံ၄မျိုးရှိလေ့ ရှိပါတယ်။ဝန်ထမ်းတွေရဲ့ အခြေအနေကို ခွဲခြားတဲ့အခါ will ဆိုတဲ့ အလုပ်ကို လုပ်ချင်ကိုင်ချင်စိတ်ရှိရဲ့လား နဲ့ skill/abilityဆိုတဲ့ အလုပ်တွေကို တကယ်လုပ်တက်လား လုပ်နိုင်လားဆိုတဲ့ ၂မျိုးနဲ့ မိမိအောက်က ဝန်ထမ်းတွေရဲ့ အခြေအနေကို ခွဲခြားလို့ရပါတယ်။

အောက်ကပုံမှာ တိုင်းတာမှု ၂မျိုးဖြစ်တဲ့ will နဲ့ skillဆိုတာရှိပြီး ဝန်ထမ်းအမျိုးအစားအကွက်၄မျိုးရှိမှာဖြစ်ပါတယ်။ဒါတွေကတော့
(1)Direct
(2)Motivate
(3)Advise
(4)Delegate ဆိုပြီးဖြစ်ပါတယ်။

(1)Direct ဆိုတဲ့ အကွက်မှာရှိတဲ့ ဝန်ထမ်းရဲ့အခြေအနေက Low will နဲ့ Low skill ဆိုတဲ့ နေရာမှာရှိပြီး ဒီလိုဝန်ထမ်းဟာ အလုပ်ကို လုပ်ဖို့ စိတ်အားထက်သန်မှုမရှိကာ အလုပ်တွေကိုလည်း ကျွမ်းကျင်စွာမလုပ်တက်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ဒီလိုမျိုးဝန်ထမ်းမျိုးဆိုရင် ကိုယ်က သူကို ဘာလုပ်ရမယ် ဘယ်လိုလုပ်ရမယ်ဆိုပြီး အသေးစိတ်ဦးဆောင်ဦးရွက်ပြပြီး သင်ပေးပြီး လုပ်ပြရမှာဖြစ်ပါတယ် သူလုပ်တက်ကိုင်တက်သွားအောင်နဲ့ စိတ်ဓာတ်တက်ကြွပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိလာအောင် ပြုစုပျိုးထောင်ပေးရမယ့် သဘောဖြစ်ပါတယ်။ဒါမျိုးဝန်ထမ်းဆိုရင် အများကြီးအားစိုက်ကာ အချိန်ပေးပြီး သင်ကြားပျိုးထောင်ရမှာဖြစ်ပါတယ်။နောက်

(2)Motivate ဆိုတာကတော့ Low will နဲ့ High skillဆိုတဲ့ နေရာမှာရှိပါတယ် သူဟာအလုပ်ကို ကျွမ်းကျွမ်ကျင်ကျင် လုပ်တက်တယ် ဒါပေမယ့် လုပ်ချင်ကိုင်ချင်စိတ်ပျောက်ပြီး စိတ်ဓာတ်ကျနေတဲ့ အနေအထားမျိုးဖြစ်ပါတယ် ဒီအလုပ်က ထွက်ရင်ကောင်းမလားဆိုပြီး အမြဲတွေးနေတက်တဲ့ သဘောရှိပါတယ်။ဒါမျိုးဝန်ထမ်းဆိုရင် ဦးဆောင်မယ့်သူက သူစိတ်ဓာတ်တက်ကြွလာအောင် incentive မက်လုံးတွေပေးရပါမယ် financial ငွေကြေးအရဖြစ်စေ ၊ non financial ငွေကြေးမဟုတ်တာဖြစ်စေပေးရပါမယ် ပြီးတော့ coaching အနေနဲ့ သူဘာတွေ အဆင်မပြေလဲ ဘာတွေခံစားနေရလဲ ဘာအတွက်ကြောင့် စိတ်ဓာတ်ကျနေလဲကို သိအောင်လုပ်ကာ ကိုယ်က သူစိတ်ဓာတ်တက်ကြွလာအောင် coachingပေးရမှာဖြစ်ပါတယ်။

(3)Advise ကတော့ high will နဲ့ low skill နေရာမှာ ရှိပါတယ် အရမ်ကို အလုပ်ကြိုးကြိုးစားစားလုပ်ချင်တဲ့ စိတ်ရှိပြီး အလုပ်ကို သေချာကျွမ်းကျွမ်းကျင်ကျင်မလုပ်တက်သေးပါဘူး အခုမှ အလုပ်စလုပ်တဲ့သူ မတူနဲ့ field ကနေပြောင်းပြီး လုပ်တဲ့သူမျိုးလည်း ဖြစ်နိုင်ပါတယ် ဒါမျိုးကြ ဘယ်လိုလုပ်ရတယ်ဆိုတဲ့ နည်းစနစ် နည်းလမ်းတွေကို သေချာ သင်ကြားပြသပေးရပါမယ် ရုံကအကြီးပိုင်းကသင်ပေးတာမျိုးဖြစ်စေ အပြင်သင်တန်းတွေပေးတက်တာဖြစ်စေ trainingပေးရမှာဖြစ်ပါတယ်။

(4)Delegate ဆိုတာကတော့ High will နဲ့ High Skill အနေအထားဖြစ်ပါတယ် ဒါမျိုးကြတော့ လုပ်ချင်စိတ်ကော အလုပ်ကျွမ်းကျင်မှုကော အားလုံးကောင်းပါတယ် သူစိတ်ဓာတ်မကျပဲ အမြဲဒီအတိုင်းရှိနေဖို့အတွက် ကိုယ်က သူကို အလုပ်တွေ လွှဲပြောင်းတာဝန်ယူခိုင်းပြီး သူလုပ်နိုင်တဲ့အခါ အသိအမှတ်ပြုပေးရမှာ ဖြစ်ပါတယ်။ဒါမှ သူက အမြဲ စိတ်အားတက်ကြွနေမှာဖြစ်ပါတယ် တကယ်လို့ သူဟာ စိတ်ဓာတ်ကျသွားရင် နပက်2 motivate အကွက်လိုဖြစ်သွားမှာဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun

Photos from 天下第一's post 31/05/2023
31/05/2023
28/05/2023
28/05/2023
26/04/2023
26/04/2023
24/04/2023
20/04/2023

𝐇𝐚𝐧𝐲𝐮 နဲ့ 𝐇𝐒𝐊 ဘာကွာလဲ?

ဒီမေးခွန်းကို ဆရာ/မတိုင်း ခဏခဏမေးခံရသောမေးခွန်းပါ။

အရင်ကတော့ Laoshi ရဲ့ Live မှာရှင်းပြပေးဖူးပေမဲ့ ဒီနေ့တော့ကိုယ်သိသလောက်စာဖြင့် ပြန်ရှင်းပြပါမယ်နော်။ ။

𝗛𝗮𝗻𝘆𝘂 အကြောင်း

Hanyu course သည် Overseas Chinese အတွက်ထုတ်ထားသောသင်ရိုးစာအုပ်ဖြစ်သည် ။မြန်မာပြည်မှာတော့ တရုတ်ကျောင်း၊ဘုံကျောင်းတော်တော်များများမှာအသုံးများသော အတန်းသင်ရိုးစာအုပ်လည်းဖြစ်သည်။

Hanyu စာအုပ်က မူလတန်းမှာ စုစုပေါင်း(12) အုပ်ရှိပြီး တတန်းလျှင်(၂ )အုပ်နှန်းဖြင့် ပထမတန်းမှ ဆဌမတန်းအထိ (၆)တန်း (၁၂)အုပ်ပါ။ Text Book, Work Book , Speaking book ဆိုပြီး Levelတခုစီမှာ စာအုပ် ၃ အုပ်လာပါတယ် ။
Text book အခန်းတိုင်းမှာ New Words , Sentence and paragraph ဆိုပြီးလာပါတယ်။ Sentence တွေကတော့ အကြီးတန်း( hanyu 3 အထက်မှ Grammar စပါလာပါတယ် ။သို့သော်Grammar ကိုတော့ ရှင်းလင်းချက်သီးသန့်ရှင်းမပေးထားတဲ့အတွက်ကြောင့် တချို့self study သမားအတွက်တော့အဆင်မပြေပါ။

Text Book ရော Work Book စာအုပ်ထဲမှာ 4 Skills အပြင်တရုတ်ထုံးဓလေ့ပွဲတော်များ၊ ဒေသန္တရဗဟုသုတများ၊တရုတ်ရှေးကဗျာများ၊ တရုတ်စကားပုံ ၊ စကားပုံဆိုရိုးပုံပြင်များ ၊ ရှေးကဗျာများ.....
စသည်ဖြင့် သက်ဆိုင်ရာLevelအလိုက်ခွဲပြီး ပါဝင်ပါသည်။

အလယ်တန်း Hanyu မှာတော့ စုစုပေါင်း(၆)အုပ် တတန်းကို(၂)အုပ်နှုန်းဖြင့် secondary 1-3 ( ၃)တန်း (၆)အုပ်ပါ ။
သူကတော့ Text book + work book ပဲပါပြီး Speaking မပါတော့ပါ။
အားသာချက်ပြောရမယ်ဆိုရင်
စာတွေကတဆင့်ပြီးတဆင့်Levelတက်သွားတဲ့အတွက်ကြောင့် တရုတ်ဘာသာကိုစတင်ထိတွေ့သူအတွက်အဆင်ပြေပါတယ်။ မှန်မှန်လေ့လာရင်Reading ပိုင်းတော်တော်လေးတိုးတက်လာတာတွေ့ရပါတယ်။

𝗛𝗦𝗞အကြောင်း

HSK ဆိုတာHanyu Shuiping Kaoshi ရဲ့ အရှေ့pinyin ရဲ့ အတိုကောက်ဖြစ်ပြီးတရုတ်စာအရည်အချင်းစစ် စာမေးပွဲဖြစ်ပါတယ်။
HSK အောင်လက်မှတ်သည် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ဖြစ်ပြီး ကျောင်းလျှောက်OR အလုပ်လျှောက်လိုသူများဖြေထားသင့်ပါသည်။
တရုတ်ပြည်ဘက်ကျောင်းလျှောက်ဖ်ို့အတွက်တော့ မရှိမဖြစ်လိုအပ်ပါသည်။ လက်မှတ်သက်တမ်းက(၂)နှစ်အတွင်းပါ။အလုပ်အတွက်တော့ အလုပ်ရှင်ပေါ်မူတည်ပါတယ်။

Hskမှာ ၂၀၂၂မတိုင်ခင်က HSK 1 to HSK 6 ဆိုပြီး Level 6 ခုရှိပြီး၊ ၂၀၂၂ မှစပြီး HSK7,8,9ဆိုပြီးLevel (3)ခုထပ်တိုးလာပါတယ်၊ယခုစုစုပေါင်း Hsk 1-9အထိရှိပါတယ်။
HSK Level 1 ခုချင်းစီအတွက် တတ်ထားသင့်သော သတ်မှတ်ထားတဲ့ဝေါဟာရအရေတွက်ရှိပါတယ်
HSK 1 = 150
HSK 2 = 300
HSK 3= 600
HSK 4= 1200
HSK 5 = 2500
HSK 6 = 5000
ဆိုပြီး သတ်မှတ်ထားတာပါ။

HSK စာမေးပွဲက်ို HSK သင်ရိုးအတန်းတက်ပြီးမှဖြေရမည်ဟုသတ်မှတ်မထားပါ။
တရုတ်စာကိုလေ့လာနေသောမည်သူမဆို မိမိအရည်အချင်းနဲ့ကိုက်ညီသောLevel ကိုရွေးချယ်ပြီး ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာတော့HSK အတွက် HSK Standard Course သင်ရိုးစာအုပ် ကို အဓိကအသုံးများကြပါတယ်။
HSK 1 မှHSK 3အထိမှာ Text Book, Word Book ဆိုပြီး Levelတစ်ခုချင်းစီ (၂)ရှိပြီးHSK 4 to 5မှာတော့ Levelတိုင်း A ,B ထပ်ခွဲထားသောကြောင့် Level တစ်ခုချင်းစီမှာ(၄)အုပ်ရှိပါတယ်။

သက်ဆိုင်ရာသင်ခန်းစာမှာ Grammer တွေကို ပြန်ရှင်းပြပေးထားတာပါပဲ( English ဘာသာဖြင့်) ထို့ကြောင့် Self study သမားအတွက်ပိုအဆင်ပြေမည်လို့ထင်ပါတယ်။

Hanyu & HSk Level ကိုအကြမ်းအားဖြင့်
Hanyu 1&2 = HSK 1
Hanyu 3&4= HSK2
Hanyu 5&6= HSK 3
Hanyu 7&8= HSK 4
Hanyu 9&10= Hsk 5
Hanyu 11&12 = Hsk 6
နှင့် အကြမ်းဖျင်းညီမျှတယ်လို့ပြောလို့ရပါတယ်။

ကဲ ဒီလောက်ဆိုရင် 𝐇𝐚𝐧𝐲𝐮 နဲ့ 𝐇𝐒𝐊 (၂)ခုကွဲကြပြီလို့ထင်ပါတယ်နော်
🤗🤗🤗

နောက်တစ်ခု အမေးများတဲ့ YUWEN ( 语文) စာအုပ်
သူကတော့တရုတ်ပြည်မကြီးက နိုင်ငံသားတွေသုံးတဲ့ တရုတ်စာသင်ရိုးစာအုပ်ဖြစ်ပါတယ်။ သူလည်းပဲ မူလတန်း(၆)တန်းအတွက် ၁၂ အုပ်၊ အလယ်တန်း (၃)တန်း အတွက် ၆အုပ်ဆိုပြီးရှိပါတယ်။
တရုတ်နိုင်ငံရှိ
တရုတ်လူမျိုးတွေ သင်ရသောသင်ရိုးဖြစ်၍ အထဲကစာကတော်တော်လေးခက်ပါတယ်။ တရုတ်နှင့်ထိတွေ့သောအသိုင်းအဝိုင်းရှိသူများနဲ့ပိုအဆင်ပြေပါမည်။
မြန်မာနိုင်ငံမှာတော့ တချို့တရုတ်ကျောင်း၊ IS မှာ အသုံးပြုနေတာလည်းရှိပါတယ်။

0 basic self study. သမားအတွက် လုံးဝအဆင်မပြေနိုင်ဘူးလို့ထင်ပါတယ်

ဖြည့်စွပ်ရေးသားချက်----ခုနောက်ပိုင်း Hanyu နဲ့ဆင်တူ Huawen 华文 အဖုံးနဲ့စာအုပ်ကိုလည်း တွေ့လာရမှာပါ။
Huawen စာအုပ်က အရင်သုံးနေကျ Hanyu စာအုပ်ပါပဲ ။ 2022 လောက်မှာ ပြောင်းလိုက်တဲ့ Version အသစ် ၊ ဒီဇိုင်းအသစ် စာအုပ်ပါ ။လေ့လာကြည့်သလောက်တော့ အတွင်းစာအကြောင်းအရာကတော့ အားလုံးနီးပါးလောက်။အတူတူပါပဲရှင်

WangLaoshi
14/4/23

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


122လမ်း 58လမ်းထောင့်
Mandalay
GG