77kg.170cm_Midsize mode by P3

77kg.170cm_Midsize mode by P3

Share

Fashion/lifestyle

24/07/2026

- it's been a while , fit check pt - 32 🖤🧸✨•

cardigan - Uniqlo
top and skirt - export items

< Declaimer : No copyright infringement intended . I do not own the music in this video . I give full credit to the rightful owner. >

Photos from 77kg.170cm_Midsize mode by P3's post 23/07/2026

- when your skin is skinning these days 🤍•

- ပါးနီကတော့ထည့်သလောက်ပျောက်, lighting လေးတွေတော့ကွာတာပေါ့ရှင်, n**e color lipstick ကြိုက်တဲ့ ချစ်သူတို့ရှိလား ပုံထဲမှာ ဆိုးထားတဲ့ အရမ်းလှ,အရမ်းဆိုးလို့ကောင်းတဲ့ဟာလေးတခု တွေ့ထားတယ် 🤫

11/07/2026

- လိုချင်တာ ရ မရ ? 🥹🧸

Photos from 77kg.170cm_Midsize mode by P3's post 25/05/2026

Halo,

- ဒီနေ့ poppy က ဒေါင့်ဖိနပ်လှလှလေးတွေကြိုက်တတ်တဲ့ ကောင်မလေးတွေအတွက်တခု sharing လုပ်ပေးပါမယ် 👠

- အဲ့ဒါကတော့ poppy လွန်ခဲ့တဲ့ 2 နှစ်လောက်ထဲက သိခဲ့တဲ့ shoe လေးတွေကို စိတ်ကြိုက် customized လုပ်လို့ရတဲ့ "Pace shoes" ဆိုတဲ့ brand လေးအကြောင်းပါ သူကတော့ Bangkok base ပေါ့နော် ,
ခု Yaya wedding မှာ Kimmy စီးတာတွေ့တော့မှပြန်သတိရသွားတာ 😻

- သူရဲ့ signature design ကတော့ square toe sandal heel လေးပါ , ပထမဆုံး အရောင်လေးရွေးလို့ရမယ် ,ရနိုင်တဲ့အရောင်လေးတွေတော့များပါတယ် ဒါပေမယ့်ကိုယ်နဲ့လိုက်မလိုက်တော့သေချာရွေးရပါမယ် , ဒီဇိုင်းပိုင်းမှာတော့ ဒီ sandal ထဲကဆို ၂ မျိုးလောက်ပဲ poppy တွေ့ခဲ့တယ် ရိုးရိုးတန်းစီးလို့ရတဲ့ဟာလေးရယ် , ကြိုးတွေပတ်ချည်လို့ရတဲ့ဟာလေးရယ် 🪢 ခုနောက်ပိုင်းတော့ pointed heel လေးတွေကို fur လေးတွေ lace လေးတွေနဲ့လဲ update တွေ့ရတယ် 🪶

- အဲ့ ၂ မျိုး ရွေးပီးပီဆိုရင် outsole heel ကို ကိုယ်ကြိုက်တဲ့ type ,ကိုယ်ကြိုက်တဲ့အမြင့်ရွေးလို့ရတယ် stiletto လား, kitten လား,block လား , platform လား, hourglass လား , wedge လား , 2 inches လား , 3 inches လား အဲ့ဒါရွေးရမယ်👡

- ပီးရင် midsole မှာလဲ material ရော , pattern တွေရော ရွေးလို့ရပါသေးတယ် gold တွေ ,silver တွေလဲရှိတယ် material တွေတော့ poppy အသေးစိတ်မခေါ်တတ်ဘူး , pattern မှာ ရိုးရိုးပြောင်နဲ့ animal print လိုမျိုး ရွေးလို့ရပါသေးတယ် 🐾

- အပေါ်ကဟာတွေအားလုံးရွေးပီးသွားရင် အပေါ်ကအလှဆင်မယ့်ဟာလေးရွေးလို့ရပါပီ ပန်းလေးတွေ ပုံစံအမျိုးမျိုး တပ်ပီးစီးကြည့်ပေါ့နော် , ပန်းမကြိုက်ဘူးဆို တခြား accessories လေးတွေတပ်လို့ရပါသေးတယ် 🌺🌸🌼🪻🐚🦀🐙⚓️🧜🏻‍♀️

- ကြည့်တော့တာလှတာ ကိုယ်တိုင်ရွေးရတဲ့ခါတော်တော်ခေါင်းခြောက်တဲ့ "Pace shoes" ရယ်ပါ ကိုယ်ရွေးလိုက်တာတွေက အပေါ်ကပြောတဲ့ဟာတွေအကုန်လိုက်နေမှ လှတာမို့ သေချာကိုရွေးတတ်ဖို့လိုပါတယ် ⚠️

- စိတ်ဝင်စားတယ်ဆိုရင်တော့ ig မှာ appointment လေးကြိုချိတ်ရပါတယ်, ပီးတော့ သူက China supply ပဲမို့ waiting time 2 weeks လောက်ကြာပါတယ် , ဒီလို customized လုပ်လို့ရတဲ့ဟာမျိုး တခြား brand တွေလဲ bkk မှာအများကြီးရှိပါတယ်နော် poppy တော့ ဒီ "Pace shoes” နဲ့မှစသိခဲ့တာမို့ တခြား brand တွေရဲ့ quality ကိုမသိပါဘူးနော် , "Pace shoes" ကတော့ quality လေးလဲကောင်းတယ် , heel လေးလဲခိုင်တယ် , comfort လဲဖြစ်ပါတယ် , price range လေးကတော့ around 2000-3000 b ပါ🥰

- feb တုန်းက poppy ညီမလေးလိုချင်လို့ လိုက်ပို့ခဲ့တာမို့ အသေးစိတ် sharing လုပ်ပေးလိုက်ပါတယ်ရှင့် စိတ်ဝင်စားတဲ့ကောင်မလေးတွေ try ကြည့်ကြည့်နော်😻

- အားလုံးကိုချစ်သယ် 😙

Photos from 77kg.170cm_Midsize mode by P3's post 24/05/2026

Halo ,

- poppy ခုနောက်ပိုင်းဝယ်ဖြစ်နေတဲ့ poppy vibes နဲ့ ကိုက်တဲ့ os page လေးတွေ sharing လုပ်ပေးလိုက်ပါတယ်ရှင့် 🫶🏻

- "Bangkok Trendy"

ဒီမှာကျ Bkk က top လှလှလေးတွေရော , WG.WE လေးတွေရော free size လေးတွေဆိုနောက်ပိုင်းဒီမှာဝယ်ဖြစ်တယ် 😍

- "TOO COOL"

မှာကျ အဲ့အမရောင်း
တာလေးတွေကလေ သူများနဲ့မတူတာလေးတွေ ချစ်စရာ ကော်လံနဲ့ ချည်ထိုးtop လေးတွေ , lace skirt လေးတွေ , lace ဘောင်းဘီလေးဆို အရမ်းလိုချင်နေတာ ဘယ်မှာမှမတွေ့ရင် bkk ကိုမှာတော့မလ်ို့ကို "TOO COOL" မှာရသွားတယ်ရှင် 🧏🏼‍♀️

- "Chubby Studio"

မှာကျ poppy တို့လို normal size မရတဲ့ size ကြီး bkk jean လေးတွေ , shein skirt လေးတွေဝယ်ဖြစ်တယ် 🤩

- "Watashi's online shop"

မှာကျ ဟိုးအရင်ထဲက အမဆီက japan က sale လေးတွေအရမ်းတန်လို့ ဝယ်ဖြစ်တယ် uniqulo,zara တွေ ဒီအမစီကလောက်တန်တာမတွေ့သေးဘူးရယ် , အမ ဂရုထဲဝင်ထားတာတော့ပိုကောင်းတယ်ရှင်😻

- ခုနောက်ပိုင်း ကိုယ်ရည်နည်းနည်းစစ်သွားတာရယ် ပီးတော့ poppy ကကိုယ်သူခိုးရယ်မို့ ဒီ os လေးတွေက free size လေးတွေဆိုတော်တတ်တာမို့ ရှာဝယ်ဖြစ်ရင်း midsize girl လေးတွေကို sharing လုပ်ပေးလိုက်တာပါရှင့် 🥰

- အားလုံးကို ချစ်သယ် 😙

Photos from 77kg.170cm_Midsize mode by P3's post 02/05/2026

- nick name = ဖောင်းဖောင်း 🤢

26/04/2026

- Fitchecks that didn’t make it to the feed 🤞🏻•

Photos from 77kg.170cm_Midsize mode by P3's post 25/04/2026

- 23 ရက်နေ့က 29 နှစ်ပြည့်သွားတဲ့ကောင်မလေး 🦢🫧💐✨•

Photos from 77kg.170cm_Midsize mode by P3's post 28/03/2026

- Halo, ပါးလေးအလစ်တဲပိန်သွားတဲ့အကြောင်းလေး sharing လုပ်ပေးချင်လို့ပါ 😍

- အဲ့ဒါကတော့ 3 weeks လောက် sugar cut လိုက်လို့ပါ 🥹

- Feb လကုန်ပိုင်းလောက်က ဆီးခနခနသွားလို့ဆိုပီး ဆီးချိုစစ်ကြည့်လိုက်တာ borderline နားရောက်နေပီမို့ အရမ်းလန့်သွားတာ poppy က ဆီးချိုဖြစ်နေတဲ့ အမေကိုပြုစုနေရတာမို့ ဆီးချိုရဲ့ကြောက်စရာကောင်းပုံတွေအသိဆုံးမို့ ဆီးချိုဆို ဟိုးအဝေးကြီးကနေတောင် အသံမကြားချင်ဘူးကွယ် 😓

- စိတ်ရဲ့စွမ်းအားလို့ပဲပြောရမလား အဲ့နေ့ကစပီး အချိုကိုလုံးလုံးနီးပါး ၃ ပတ်လောက်ရှောင်ဖြစ်ခဲ့တယ် coffee ကို latte တောင်မသောက်ဘူး lemon black လိုမျိုး အချဉ်ကို no sugar ပဲသောက်ပီး ကိတ် ပေါင်မုန့် တခုမှမစားခဲ့ဘူး ထမင်းနဲ့ဟင်းကိုဘဲ အရွက်များများနဲ့စားဖြစ်ခဲ့တယ် 🥗

- ဒီ ၃ ပတ် ၁ လအတွင်းမှာ မနက်တိုင်း ကြက်ဥ ၂ လုံးစားပီးမှကျန်တာဆက်စားဖြစ်တယ် အချိုပဲရှောင်ပီး ကျန်တာအရင်လိုပဲအကုန်စားပါတယ် ၃ ထပ်သားလဲစားတာပဲ ဒါမယ့်အရင်က စားတဲ့ portion ထပ် တဝက်ပဲစားပါတယ် လမ်းကို ခြေလှမ်း ၄၀၀၀ အနည်းဆုံးလျှောက်တယ် ၁ လလုံးမပြတ်ခဲ့ဘူး 🥚🚶‍♀️

- ခု ၁ လပြည့်ခါနီးမှာ 5 lb ကျပီး ပါးကသိသိသာသာလေးကျသွားပါတယ် အရင်ကမေးထောက်ရင်ပါးကြီးပဲထောက်မိတာခုဆိုအရိုးထောက်မိလို့ကိုယ့်ဘာသာကျေနပ်နေတာ ,မျက်နှာကအရင်ထဲကဝိုင်းတဲ့သူမို့ v shape တွေတော့ဖြစ်မနေဘူးပေါ့ကွယ် 🫠

- sugar cut တာက inflammation ကို ကျစေတာမို့ အဓိကဖောတာတွေကျသွားတယ်လို့ poppy ထင်တယ် ကြားထဲမှာအုန်းရည်ကို လမ်းကြုံရင်ကြုံသလိုသောက်ဖြစ်တာလဲပါမယ်ထင်ပါတယ် 🥥

- အစားဟိုရှောင်ဒီရှောင်ဆိုစိတ်တွေပင်ပန်းလို့ ဝိတ်ဆိုတာတသက်လုံးမချခဲ့သူပါ ဒါမယ့် ကျန်းမာရေးကြောင့်ဆိုတဲ့စိတ်နဲ့တဖြည်းဖြည်းလျော့နိုင်လာတာကိုပဲကျေးဇူးတင်ရမယ် 🥹

- ချစ်ချစ်တို့လဲ ကျန်းမာရေးအတွက် အချိုလေးလျှော့ကြည့်ပါနော် အနည်းဆုံးတော့ ရောဂါမဖြစ်တောင်ဖောနေတာလေးကျသွားလို့ စိတ်ချမ်းသာရမှာရယ် ဂရုစိုက်ကြပါနော် ချစ်သယ် 😙

Photos from 77kg.170cm_Midsize mode by P3's post 24/03/2026

- Halo , ဒီနှစ်တနွေလုံး "Crop Tee" နဲ့ color လွင်တဲ့ "Blouse"လေးတွေနဲ့ဖြတ်သန်းပါမယ် 😙

- နွေမရောက်ခင်ထဲက crop tee ပဲဝတ်ချင်နေပီး wardrobe ထဲရှာနေတာ ထူးဆန်းစွာ မရှိနေဘူးကွယ် အာ့နဲ့ ခရီးမှာလမ်းကြုံတခါထဲဝယ်
ဝတ်ခဲ့ပါတယ် , brand တော်တော်များများ ဒီနှစ် Summer အတွက် crop tee နဲ့ blouse လေးတွေထွက်တာတွေ့ခဲ့တယ် 😍

- အဲ့ဒါလဲ အတောမသတ်နိုင်ဘဲ သူငယ်ချင်းကို ထပ် ၂ ထည်ထပ်မှာထားပါသေးတယ်
ဈေးလဲသင့်ပီး ပေါ့ပေါ့ပါးပါးနဲ့ အသားလဲအေးတော့ နွေနဲ့ကွက်တိပဲ 🫶🏻

- ချစ်သယ် 😙

Telephone

Website

Address


Mandalay

Alerts

Be the first to know and let us send you an email when 77kg.170cm_Midsize mode by P3 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.