Your Value
Don't Forget Your Value
26/07/2023
လူတွေ...
ကိုယ်ခံစားဖူးမှ
ကိုယ်ချင်းစားကြတာ များပါတယ်
မခံစားဖူးဘဲ
ကိုယ်ချင်းစားတယ်လို့ပြောနေတဲ့သူတွေဟာ
အလကား လျှောက်ပြောတာ...
...
Value
"အရာရာ
ဆုံးရှုံးခဲ့မယ်ဆိုရင်တောင်
စိတ်ဓါတ်
မဆုံးရှုံးသရွေ့
'သင်' မလဲသေးပါဘူး..."
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
...
02/06/2023
မိမိရဲ့ အားသာချက်ကို အကောင်းဖြစ်အောင် စွမ်းဆောင်...
အားနဲချက်ကိုတော့ အကောင်းဆုံး ဖာထေးပြုပြင်ပြီး
နေသွားမယ်ဆိုရင် လောကကြီးက သာယာလှပပြီး
စိတ်အေးချမ်းသာပျော်ရွှင်စေမှာ အမှန်ပါနော်...
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
Value
02/06/2023
မိမိကိုယ်ကို တန်ဖိုးထားပါ...
🌿🌿🌿🌿🌿🌿🌿🌿
မိမိကိုယ်ကို ချစ်ပါ...
🍀🍀🍀🍀🍀🍀
02/06/2023
မိမိစိတ်ကို နိုင်အောင် ကြိုးစားကြပါ...
☘☘☘☘☘☘☘☘☘☘☘
02/06/2023
📖📖📖
...
ကူညီမှုသေးသေးလေးတွေနဲ့ စလုပ်ပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကမ္ဘာကျော် ဂရုဏာရှင်မကြီး မာသာထရေဇားက
အခုလို ပြောပြခဲ့တယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ဖူးပါ
တယ်။
" ကျွန်မတို့ဟာ ကမ္ဘာပေါ်မှာ ကြီးကျယ်တဲ့ အရာ
တွေကို လုပ်ဖို့ မတတ်စွမ်းကြပါဘူး။ ဒါပေမဲ့ သေးငယ်
တဲ့ အရာလေးတွေကို ကြီးမားတဲ့ ချစ်ခြင်းမေတ္တာ
နဲ့ လုပ်နိုင်ကြပါတယ်"
သူငယ်ချင်းတစ်ယောက်က ခုလို ပြောဖူးပါတယ်။
'ကျွန်တော် လှူဒါန်းပြီး ဆင်းရဲတဲ့ လူတွေကို အကူအညီ ပေး
ချင်တယ်ဗျာ၊ ဒါပေမဲ့ လောလောဆယ်ရတဲ့ လစာလေးက
မိသားစုအတွက် လောက်ငရုံမို့ မကူညီနိုင်သေးပါဘူး။ တစ်နေ့
ချမ်းသာလာရင် သူတို့ကို တကယ် ကူညီမှာပါ'တဲ့။ ဒါပေမဲ့ သူ
မသိရှာတာက သူဟာ ကြီးကျယ်တဲ့ ကူညီမှုတွေကို မလုပ်နိုင်
ပေမယ့် ကူညီမှုအသေးလေးတွေကို လုပ်နိုင်တယ်ဆိုတာပါ။
ဘယ်လိုဟာမျိုးပါလဲ။ ဆင်းရဲလို့ လမ်းဘေးမှာ တောင်းရမ်း
နေကြသူတွေကို ငွေအကြွေလေးတွေ ပေးလိုက်တာ၊
သက်ကြီးရွယ်အိုအိမ်တွေကို အလည်အပတ်သွားပြီး အားပေး
စကားပြောပေးတာ၊ ကလေးတွေအများကြီးနဲ့ မနိုင်မနင်းဖြစ်
နေရှာတဲ့ မိခင်ကို ကူညီပေးတာ၊ မျက်စိမမြင်သူတွေနဲ့ စာမ
ဖတ်တတ်သူတွေကို စာဖတ်ပြပေးတာ စသဖြင့် အကူအညီအ
သေးလေးတွေ ထောင်သောင်းချီရှိကြပါတယ်။
မာသာထရေဇား ပြေတာ မှန်ပါတယ်။ ကျွန်တော်တို့
ဟာ ကမ္ဘာကြီးကို ပြောင်းလဲဖို့ ကြီးကျယ်တာတွေကို မတတ်
စွမ်းကြပါဘူး။ ဒါကြောင့် တတ်စွမ်းတဲ့ လုပ်လို့ရတဲ့ ကြင်နာမှု
လေးတွေ ကူညီမှုလေးတွေကို အာရုံစိုက်ကြရမှာပါ။ ကျွန်
တော် သဘောအကျဆုံး ကူညီတဲ့ နည်းကတော့ မိမိမျက်စိရှေ့
မှောက်မှာ အကူအညီလိုအပ်တာကို မြင်လိုက်ရင် ကူညီ
ပေးလိုက်ခြင်းပါပဲ။ အဲဒီလို အကူအညီပေးလိုက်တာတွေက
လည်း အသေးလေးတွေပဲ ဖြစ်ကြပေမယ့် ကူညီမှုလေးတွေကို
လုပ်ပြီးတိုင်း စိတ်ထဲမှာ ကျေနပ်မှုရသွားသလို ကြည်နူး
အေးချမ်းမှုကို ခံစားလိုက်ရပါတယ်နော်။ အဲဒီလို ခံစားမှုမျိုးရ
ဖို့ ပိုက်ဆံတွေ သိန်းနဲ့ချီ ပေးလှူစရာ မလိုပါဘူး။ အဲဒါကြောင့်
မိတ်ဆွေရဲ့ မျက်စိရှေ့မှာ အကူအညီလိုအပ်တာတွေကို မြင်
လိုက်ရင် ကူညီပေးလိုက်ပါနော်...
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
...
28/05/2023
ကောင်းတဲ့ အလုပ်တွေ လုပ်နေချိန်
အလုပ်ကိုပဲ အာရုံစိုက်ပါ
ဘေးအပြောတွေ ပြစ်တင်ဝေဖန်မှုတွေကို
ဘာလို့ အာရုံစိုက်နေမှာလဲ
အလုပ်လည်း နှေးတယ်
အာရုံလည်း နောက်တယ်လေ
ဟုတ်တယ်မလား...
အဲတော့ မိတ်ဆွေ ကိုယ်လုပ်ဆောင်စရာရှိတာကို
အာရုံစိုက်လုပ်ဆောင်ခြင်းဖြင်း
အလုပ်လည်း ပြီးမြောက်အောင်မြင်
စိတ်နှလုံးသားလေးလည်း ပျော်ရွှင်မှုတွေ ရရှိမှာ
အမှန်ပါနော်....
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
Value
28/05/2023
🤍🤍🤍
28/05/2023
ဒီကိစ္စ နောင်ငါးနှစ်(သို့မဟုတ်)နောင်ဆယ်နှစ်မှာ ဘာဖြစ်မလဲ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျွန်မဖတ်ဖူးတဲ့ စာအုပ်လေးထဲကနေ ကျွန်မအတွက်
လည်းအဆင်ပြေတယ်၊ မိတ်ဆွေတို့အတွက်လည်း အဆင်ပြေ
စေမယ့် ပြဿနာဖြေရှင်းရာမှာ အတော်လေးအထောက်အကူ
ဖြစ်စေတဲ့ နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။
နည်းက ပြဿနာတစ်ခု (သို့) ပြဿနာတွေနဲ့ကြုံတွေ့
လို့ စိတ်မချမ်းမသာဖြစ်နေရင် အဲဒီ ပြဿနာဟာ နောင်ငါး
နှစ်၊ ဆယ်နှစ်ကျရင် ဘာဖြစ်သွားမလဲလို့ တွေးကြည့်လိုက်ပါ
တဲ့။
ကဲ၊ အဲဒီနည်းကို လက်တွေ့လုပ်ကြည့်ကြရအောင်။
မိတ်ဆွေ ဒီအဖြစ်အပျက်လေးတွေနဲ့ ကြုံတွေ့တယ်
လို့ စိတ်ကူးကြည့်လိုက်စမ်းပါ။ ကားမောင်းသွားရင်း လမ်းမှာ
ကားဘီးပေါက်တယ်။ အပြင်ထွက်ပြီး အိမ်ပြန်လာတော့ အိမ်
တံခါးသော့ ရှာမရလို့ အိမ်ထဲဝင်မရဘူး။ လူတစ်ယောက်က မ
ကြားတကြား ဆဲရေးတိုင်းထွာသွားတယ်။ အိမ်မှာ ကလေး
တွေ ဆော့ထားတဲ့ အမှိုက်တွေ ရှုပ်ပွနေတယ်။ အခုပြောခဲ့တာ
တွေနဲ့ ကြုံတွေ့ရင် မိတ်ဆွေ စိတ်ညစ်နေမိမှာ သေချာပါ
တယ်။ ဒါပေမဲ့ အဲဒီ ကိစ္စတွေဟာ နောင်ငါးနှစ်၊ ဆယ်နှစ်ကြာ
ရင် ဘာဖြစ်သွားမလဲ။ နောင်ငါးနှစ်၊ ဆယ်နှစ် နေလို့ အဲဒီ
ကိစ္စကို မှတ်မိမှာ မဟုတ်တော့ပါဘူး။ တကယ်လို့ မှတ်မိရင်
လည်း အလေးထားရမယ့် ကိစ္စကြီးတွေ မဟုတ်တာ သေချာပါ
တယ်။ရယ်စရာတောင် ကောင်းချင် ကောင်းနေပါဦးမယ်။
မိတ်ဆွေတို့ အခုလက်ရှိမှာ ပြဿနာလေးတွေနဲ့ကြုံ
တွေ့နေရရင် ဒီပြဿနာလေးတွေကို နောင်ငါးနှစ် ဆယ်နှစ်
ကျရင်ဆိုတဲ့ အတွေးနဲ့ ရှုမြင်လိုက်တဲ့အခါမှာ စိတ်ပေါ့ပါးသွား
မယ်၊ စိတ်အနှောင့်အယှက် မဖြစ်တော့ပါဘူး။နောင် ငါးနှစ်၊
ဆယ်နှစ်ကျရင် ဒီကိစ္စလေးတွေဟာ မိတ်ဆွေတို့အတွက် အ
ရေးပါတော့မှာ မဟုတ်သလို တခြားသူတွေအတွက်လည်း
ဂရုစိုက်စရာတွေ မဟုတ်တော့ပါဘူး။ဒါလေးတွေဟာ အသေး
အဖွဲလေးတွေပါ။ တကယ်လို့ မိတ်ဆွေဟာ နောင် ငါးနှစ်
ဆယ်နှစ်ဆိုတဲ့ အတွေးမျိုးနဲ့သာ အဲဒါတွေကို မရှုမြင်ခဲ့ရင် အ
သေးအဖွဲလေးလို့ မမြင်ဘဲ ကြီးကျယ်တဲ့ ကိစ္စလို့ မှတ်ထင်နေ
မယ်။ ရက်အတန်ကြာအောင် စိတ်မချမ်းမသာ ဖြစ်နေပါလိမ့်
မယ်နော်...
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
# Crd...
27/05/2023
📚📚📚
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay
