Funny

Funny

Share

This is funny page

03/03/2024

🥴🥴🥴

07/03/2023

ဟုတ်ရဲ့လားကွာ 😱

06/03/2023

Level 3 အဆင့် လို့ပြောတယ် တော်တော်များတယ် ရေမွှေး မဖြစ်သေးဘူး။

03/03/2023

30/10/2022

😋😋😋

16/09/2022

FYI

03/07/2022

မြင်လိုက်လား ????

30/06/2022

ဗျို့

30/06/2022

စိတ်ညစ်တယ် နင်ဘဒူလဲ................

30/06/2022

မျှဝေခြင်းသည် မင်္ဂလာမည်၏

29/06/2022

ဟိုတင် ဒီတင် လျှောက်မတင်နဲ့

16/03/2022

ဂျပန်ခေတ်တုန်းက ငသန်း ဆိုတဲ့ လူတယောက်ရှိတယ်။

သူက ဂျပန်အလိုတော်ရိ။
ခုခေတ်စကားနဲ့ဆို ဒလန် ခေါ်မလား။
ဘောမ ခေါ်မလားပဲ။

ဂျပန်စကားလေးကလည်း
မတောက်တခေါက်တတ်တော့
ဂျပန်စစ်ဗိုလ်ဘေးမှာ..ဟိုက်မာစတာ..
ဟိုက်မာစတာပေါ့။

တရက်တော့ ဂျပန်စစ်ဗိုလ်က
ငသန်း ကိုပူဆာတယ်။

''ငသန်း...ငါ ဖောင်းဒိုင်းချင်တယ်..
ဘိရုမာစော်ရှာပေး...ရူပီး ၅၀ ပေးမယ်"ပေါ့။

ထောင်မလဲသဲကော်လို့ခေါ်တဲ့
တန်ဖိုးမရှိတဲ့ ဂျပန်ပိုက်ဆံမဟုတ်ပဲ..
အင်္ဂလိပ်ရူပီးပေးမှာဆိုတော့..
သကောင့်သားလည်း လမ်း​ဘေးက
ဘာညာစော်တပွေကို ရူပီး ၃၀ နဲ့ပင့်လာတယ်။ ၂၀ ကို သူစားပေါ့။

စော်နဲ့အခန်းထဲဝင်ခါနီးမှာ
ဂျပန်စစ်ဗိုလ်က သူ့ကိုပြောတယ်...

ဟေ့ကောင်...မင်းအပြင်မှာစောင့်...
ငါမွေးထားတဲ့..ကြက်ဖကြီးက ..
သန်းခေါင်ဆို ထထတွန်တယ်...အဲ့ဒီကျ..
ငါ့ကို အပြင်ကနေသတိပေး...
ပြီးရင်.ကောင်မလေးကို ပြန်လိုက်ပို့ပြီး..
မင်းအိမ်ပြန်တော့ ပေါ့။

ကိုယ်တော်ချောကလည်း
ဘယ်ရမလဲ...အခန်းထဲကို
အပြင်ကနေ ချောင်းတာပေါ့။

အဲ့ဒီမှာ သူအံသြသွားတာက...
ဂျပန်စစ်ဗိုလ်က ကောင်မလေးကို
ဘာမှမလုပ်ဘူးတဲ့။

ဖယောင်းတိုင်ထွန်းပြီး ထိုင်ကြည့်နေတာတဲ့။

ဒီလိုနဲ့ သန်းခေါင်ကြက်တွန်တော့...
သူက အပြင်က သတိပေး။

ဂျပန်စစ်ဗိုလ်က တံခါးဖွင့်ပြီး
ကောင်မလေးကို ပြန်ပို့ခိုင်းပါလေရော။

နောက်တရက်မှာလည်း
ဂျပန်ဗိုလ်က စော်ခေါ်ခိုင်းပြန်ရော။
ဒီတိုင်းပဲ ဖယောင်းတိုင်ထွန်းပြီး
ထိုင်ကြည့်..သန်းခေါင်ကြက်တွန်တော့
ပြန်ပို့ခိုင်း။

နောက်ရက်လည်း ဒီလိုပဲ။

လေးကြိမ်မြောက်ကျ...
ငသန်းက ရူပီး ၅၀ လုံး
အချောင်မယ့်နည်းကို စဉ်းစားမိတယ်။

ဒါနဲ့ ညားခါစ သူ့မိန်းမက ခေါ်ခဲ့ပါလေရော။

ဒင်းက လူကသာ ဂျပန်ဒလန်...
သူ့မိန်းမကတော့...
ဖြူဖြူထွားထွား စူစူကားကားကြီးတဲ့။

မိန်းမရေ...
အဲ့ဂျပန်ကောင်က..စောက်ပေါ..
ဖယောင်းတိုင်မီးအောက်မှာ
မင်းကိုထိုင်ကြည့်ပြီး ပြန်လွှတ်မှာ...
ရူပီး ၅၀ ရမှာဟ....ဘာညာပေါ့။

ဟိုရောက်တော့...မာစတာ...
ဒီမှာ စော်ပါလာပြီ..
သန်းခေါင်ကြက်တွန်ရင်
ကျွန်တော်မျိုး ပြောပါမယ်ဆိုပြီး..
တံခါးလေးကိုပိတ်...ရူပီး ၅၀ လေးကို
ခါးကြားလိပ်ပေါ့။

ခဏကြာတော့...အထဲက အိအိအားအား အသံနည်းနည်းထွက်လာတဲ့အခါ...
ငတိက အသာချောင်းကြည့်ပါလေရော။

အဲ့ဒီမှာ...
ခေါင်းကိုမိုးကြိုးအစင်းတစ်ရာပစ်တော့တာပဲ။

ဂျပန်ဗိုလ်က
သူ့မယားအသစ်စက်စက်လေးကို...
တကယ်ကြီးဖောင်းဒိုင်းနေပါရောလား။
သူမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။

အထဲကဂျပန်ကလည်း
သူ့မယားလှလှကြီးကို
ကာမိကာဇေစိတ်ဓာတ်နဲ့
အနားလည်းမပေး..
အသားလည်းမကျွေး..
ရေတိုက်ပြီး အသေဝိုက်နေတာ။

ခုချိန်မှ...
ဒါ မိန်းမပျက်မဟုတ်ဘူး...
ကျွန်တော့်မိန်းမပါဆိုလည်း..
ဂျပန်က သူ့ ပါးချလွှတ်ဦးမယ်...

အဲ့ဒီလိုနဲ့
အပြင်မှာ သူတစ်ယောက်တည်း
ဘာလုပ်ရမှန်းမသိ
သောကပွေနေချိန်...
ကယ်တင်ရှင်အသံလေးထွက်လာတယ်။

''အောက်အီးအီးအွတ်''

မာစတာကြီးရဲ့ကြက်ဖကြီး တွန်ပြီ။

သူလည်းဝမ်းသာအားရနဲ့...
တံခါးကိုပြေးခေါက်ပြီး..
အသံကုန်အော်လိုက်တယ်။

"မာစတာ..မာစတာ...
ကြက်တွန်ပြီ...ကြက်တွန်ပြီ''

အခန်းတံခါးလေး တချပ်ဟလာပြီး...
ဂျပန်ဗိုလ်ရဲ့ ခေါင်းတုံးပြောင်မျက်နှာပဲ
ထွက်လာတယ်။

"အေး..​ငသန်း...
အဲ့ဒီကြက်ကြီး..ရိုက်သတ်ပြီး
ချက်စားလိုက်ကွာ...
ကောင်မလေးကိုတော့..
မနက်မှပဲ လာခေါ်တော့''' တဲ့။

တံခါးက ဝုန်းခနဲ ပြန်ပိတ်သွားတယ်။

ငသန်းလည်း...
တံခါးဝမှာ ရူပီငါးဆယ်ကိုင်ပြီး...
ငူငူကြီး ကျန်ခဲ့တာပေါ့။

အမှန်တော့..
ဂျပန်ဗိုလ်က အစောကြီးကတည်းက
သူ့မိန်းမကို မြင်ဖူးထားပြီး..
သွားရည်ယိုနေလို့...ဒီအကွက်ကို ဆင်တာ။

ဒါကိုမသိပဲ..
ဂျပန်ဘောမရင်းက...အချောင်ငွေရမယ့်အကွက်လည်းဖန်တီးမိတာ..
မိန်းမပါ ဂျပန်စာမိသွားတဲ့.. ပုံပြင်လေးပေါ့။

အခုခေတ်လည်း....
မျိုးဆက်သစ်ငသန်းတွေ..ဒစ်လည်နေကြပြီ။

အရင်လိုခေတ်ပြန်ရောက်ရင်တော့...
ငါတို့ လုပ်စားဂွင်ပဲဆိုပြီး...
ပေါ်တင်ရော တိတ်တခိုးရော
ကြိတ်ပျော်ခဲ့သမျှ...

တစ်နှစ်လည်းကျော်လာရော
ဘာဂွင်မှလည်းမရ..
မီးပြတ် ရေပြတ်
ကုန်စျေးနှုန်းတွေတက်လို့...
ငုတ်တုတ်မေ့နေကြလေရဲ့....။

ကျွန်တော်ဖြင့်..သူတို့ကိုမြင်ရင်....

"င​သန်း...
အဲ့ဒီကြက်ကြီး
ရိုက်သတ်ပြီးသာချက်စားလိုက်'' ကွာ
ဆိုတာပဲ...
စိတ်ကူးနဲ့ ကြားယောင်မိတယ်...ငိငိ😜😜😜

Credit - မူရင်း

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay