Health Plus USA Products

Health Plus USA Products

Share

USAမှတိုက်ရိုက်တင်သွင်းသော vitamin supplement များ

26/06/2026

🌟🌟သဘာဝနည်းလေးတွေနဲ့ မိမိကိုယ်ကို စောင့်ရှောက်ဖို့အတွက် နည်းလမ်း

💥Vitamin D အတွက် မနက်ခင်း နေရောင်ခြည်
ခံပေးပါ။ နေပူထဲမှာ နာရီဝက်လောက်နေပါ။
အိမ်အပြင်ထွက်ရမှာဖြစ်ပါတယ်။
အိမ်ထဲမှာနေပြီး လှမ်းမရပါ။
အိမ်ပြင်မှာUltra violet B ray
ရနိုင်လို့ ဖြစ်ပါတယ်။
Vitamin D ရဖို့ B ray လိုပါတယ်။
အိမ်ထဲမှာ ပြတင်းပေါက်ကနေတဆင့် ရသော
နေရောင်ခြည်မှာ A ray သာ ဖြစ်ပါတယ်။
B ray က ပြတင်းပေါက်ကို မဖောက်နိုင်ပါ။
A ray က Vitamin D မလုပ်နိုင်ပါ။

💥အပြင်ထွက်ရင်း တလက်စတည်း မြေကြီးဓာတ်ကိုပါ
ယူလိုက်ပါ။ မြေကြီးမှာ electron ဓာတ်တွေ
အများကြီးရှိတာကတစ်ကြောင်း၊ သူတို့တွေက
ဝါယောဓာတ်တွေ ဖြစ်တာမို့ ရွေ့လျားနိုင်ပါတယ်။
များတဲ့နေရာကနေ နည်းတဲ့နေရာကို
ရွေ့လျားတတ်တာကြောင့် မြေကြီးကနေ
ခန္ဓာကိုယ်ထဲကိုဝင်နိုင်ပါတယ်။
စိုနေတဲ့မြက်ခင်းဆိုရင် အင်မတန်
သင့်တော်ပါတယ်။
အစိုဓာတ်ရှိရင် စီးဝင်ခြင်းဟာ ပိုပြီး
ထိရောက်ပါတယ်။
ဖိနပ် မစီးရပါ။ ဒီ electron ဓာတ်ဟာ ခန္ဓာကိုယ်
ယောင်ကိုင်းခြင်းကို သက်သာစေနိုင်ပါတယ်။
သဘာဝ antioxidants တွေ ဖြစ်ပြီး
သွေးကိုလည်းကျဲစေတတ်တာကြောင့်
လေဖြတ်ထားသူများ၊
နှလုံးသွေးကြောပိတ်သူများ အတွက်
အလွန်သင့်တော်ပါတယ်။

💥D3 နဲ့ အတူသောက်ခိုင်းတဲ့ Vitamin K2 ကို
သဘာဝနည်းနဲ့ အရယူကြရအောင်။
- ရှမ်းတို့ဖူး (Natto)(Plant based MK7)
- ကလီစာဟင်း (Animal based MK4 )
- ကြက်ဥအနှစ် (Animal Based MK4)

💥Probiotics အလှမ်း မမှီနိုင်ရင်
- ချဉ်ဖတ် စားပါ။
- ဒိန်ချဉ် စားပါ(အိမ်လုပ်ဒိန်ချဉ်ပိုကောင်း)
- ဗမာအချဉ်ရော၊ ရှမ်းချဉ်ရော အလွန်
ကောင်းပါတယ်။

💥နနွင်းကို ( အုန်းဆီ/သံလွင်ဆီ ) နဲ့ သောက်ပါ(Tumeric extract )
💥အသီးအနှံနှင့်အစိမ်းရောင်အရွက်များများစားပါ။

💥အရိုးပြုတ်ရည် သောက်ပါ။
( ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး..)

💥ရှားစောင်းလက်ပတ် စားပါ။
အူလမ်းကြောင်းပြုပြင်ရေးအတွက်
ကောင်းပါတယ်။

💥အုန်းရည် သောက်ပါ။
သတ္တုဓာတ်မျိုးစုံရမှာဖြစ်ပါတယ်။

💥နွယ်ချိုက အူကျန်းမာရေးအတွက်
ကောင်းပါတယ်။

💥ဆားခါးရေ စိမ်ပါ။ Magnesium
အလှမ်းမမှီသူများအတွက်ပါ။

💥သစ်ကြားသီး စားပါ။
Plant based Omega3 ရပါတယ်။

💥တတ်နိုင်ရင် တစ်ခါတရံ
အဆီများသော ငါး စားပါ။

💥အချဉ်ဓာတ် VitaminC ရစေရန် ငရုတ်ပွသီး၊
သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ လိမ္မော်သီး၊
ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊
ဘယ်ရီသီးအမျိုးမျိုး၊ပန်းဂေါ်ဖီစိမ်း၊
ကင်ပွန်း ချဉ် ချဉ်ပေါင်ရွက် အစရှိသည်
တို့ကို စားသုံးအာလူး(pressure cooker နဲ့ချက်ပါ) နဲ့ကန်စွန်းဥတို့မှာလည်း ဓာတ်တွေပါဝင်ပါတယ် )

💥Zinc ဇင့်ဓာတ်ရရှိစေရန် ပင်လယ်စာနဲ့
အနီရောင်အသားများ၊ ကြက်ဥ၊
အုတ်ဂျုံ ( pressure cookerနဲ့ ပြုတ်)ပဲအမျိုးမျိုး( တညရေစိမ် pressure နဲ့ပြုတ်) မှို၊ ကညွတ်၊
ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်(Oxalates ရွေးစား)
ကွာစေ့ ဖရုံစေ့ ကဲ့သို့သော အစေ့အဆန်များ စားသုံးပါ။

💥Anti-viral အနေဖြင့် ဂျင်း၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ နနွင်း၊သစ်ကြံပိုးခေါက် မှုန့် များစားသုံးပေး၍
ရေနွေးကြမ်း green teaသောက်ပါ။
ရေများများသောက်ပါ။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နေ့စဉ်
အနည်းဆုံး ၁၅မိနစ် ပုံမှန် ပြုလုပ်ပါ။

26/06/2026

ထွေး ကိုယ်တိုင်ကလဲ hyper ကနေ လည်ပင်း အကျိတ်ထွက် လည်ပင်းရောင် ရာကနေ hypo ဘက်ပြောင်းသွားတာပါ မိတ်ဆွေတွေအားလုံးလဲသတိထားကြရအောင်လို့ ထွေးတင်ပေးလိုက်ပါတယ်ရှင့်

သွိုင်းရွိုက်ရောဂါက အမှားမခံတော့ အကြောင်းအမျိုးမျိုးကြောင့်စိတ်ဖိစီးမှု စိတ်သောက ဖြစ်စရာတွေ ကြုံတွေ့ ခဲ့ ရတော့ ပျောက်ကင်းရာကနေ ပြန်ဖြစ်သွားပါတယ်ရှင့်😔😔 ဟိုမုန်းတွေညီဖို့ ကြိုးစားနေရတုန်းပါရှင့် 🦋မာယာများတဲ့ သွိုင်းရွိုက်ပါ ပျောက်ကင်းသွားပြီးဆိုပြီး ဂရုစိုက်မှု နည်းသွားရင် ပြန်ဖြစ်တတ်ပါတယ်ရှင့်

Hypo ဆိုသိပ်သတိမထားမိတတ်ကြပေမဲ့ Hyper ဖြစ်ရင် မျက်လုံးပြူး နှလုံးခုန်မြန် လည်ပင်းကြီး ဖြစ်လာပြီး ဆရာဝန်ထံရောက်လာကြပါတယ် တချို့က Hyperနဲ့ နှလူံးရောဂါ မှားနေလို့ မသက်သာတာတွေလဲတွေ့ရပါတယ် Hyper ဖြစ်လို့သွိုင်းရွိုက် ဟိုမုန်းအထွက်နဲတဲ့ဆေးသောက်ရင်းနဲ့ လိုအပ်တာထက်ပိုနဲသွားလို့ နေလို့မကောင်းတာ အနုမြူမြို (သ်ု့) သွိုင်းရွိုက်ခွဲထုတ်နည်းလမ်းနဲ့ သိုံင်းရ်ွုက်ကိုဖျက်စီးလိုက်ပြီး သွိုက်ရွိုက်ဟိုမုန်းဆေးသောက်နေရင်းhyper ကနေ hypo ဖြစ်လို့ နေလို့မကောင်းတာတွေ တွေ့ရပါတယ် ဆရာမကြီး ဒေါ်ခင်နွယ်ဝင်းက (Functional medicine )အရ သွိုင်းရွိုက်က ဟော်မုန်းတွေ အလွန်အကျွံထုတ်နေတာဟာ အူလမ်းကြောင်း မကောင်းတာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားတွေကမောက်ကမ ဖြစ်နေလို့ပါ အူလမ်းကြောင်းကောင်းအောင် အစွမ်းကုန် ပြုပြင်ရပါမယ်သွိုင်းရွိုက်ဟိုမုန်း များတဲ့ (hyperthyroid)ဖြစ်လျှင်
ဒီ ၁၀ ချက်ထဲက

၁_နှလုံးခုန်မြန်
၂_သွေးခုန်နှုန်းမြန်
၃_ချွေးထွက်များ
၄_အစားများပြီးကိုယ်အလေးချိန်မတက်
၅_စိတ်တိုစိတ်ရှုပ်နေတတ်
၆_လည်ပင်းရှေ့သွိုင်းရွိုက်ကြီးလာတတ်
၇_မျက်လုံးပြူးလာတတ်
၈_အိပ်မပျော်တတ်
၉_သွေးတိုးတတ်
၁၀_ရင်တုန်တတ် လေးငါးချက် ဖြစ်နေရင် hyperthyroid ဖြစ်နေပါပြီ

🌟🌟Hyperthyroid ( သွိုင်းရွိုက်ဟိုမုန်းများ)

အိုင်အိုဒင်းဆား ပင်လယ်စာ ငါး ခရု အိုင်အိုဒင်းဖြည့်စွက်ဆေး အနီရောင်အသား ကြက်ဥ (လျှော့စား) မတည့်လို့ သိရပါတယ် ပဲပိစပ်မျိုးစုံ ဂျုံနဲ့ပက်သက်တဲ့အစားအစာ ဘီစကစ် ကွတ်ကီး အချိုမှုန့် အချိုရည် သစ်သီးအချို အိုဗာတင်း မိုင်လို ဟော့လစ် ကောက်ညှင်း ဆီကြော် အစားအစာ ဖြူအောင်ချွတ်ထားတဲ့ဆား ဆန်ဖြူ ခေါက်ဆွဲခြောက် လိုတာရှည်ခံ ရယ်ဒီမိတ်အစားအစာ ငပိ ငါးခြောက် ငံပြာရည် အရက် နို့နှင့်နို့ထွက်ပစ္စည်း ကြေညက်ခဲသောအစားအစာ ပြောင်ဖူး ခရမ်းသီးကလူတန်ရှောင်ပေးပါ ကော်ရည်လဲမတည့်ပါဘူးရှင့်
ပဲမျိုးစုံက ညကတည်းက ရေစိမ်ပြီး ပြုပ်လဲရသလို presser cooker နဲ့ချက်ရင်တော့ နဲနဲစားလို့ရပါတယ် အာလူးလဲ presser cooker နဲ့ ချက်စားလို့ရပါတယ်

☘️☘️ဦးစားပေးသောက်ရမဲ့ဖြည့်စွက်

၁ -Vatamin d3 5000 iu +K2 100mcg
၂ -Probiotic 30 billion
၃ -Magnesium Malate (or) citrate 400 mg(or) Glycinate
၄ -Selenium 200mcg
၅ -Digestive enzymes
၆ -Zinc 50mg
၇ -L carnitine 500 mg
၈ - apple cider vinegar ဇွန်းသေးတဇွန်း ရေ တဖန်ခွက်နဲ့ရောပြီး ထမင်းမစားခင် ၂ ကြိမ်

☘️☘️ဒါတွေစားမယ်

၁ -rock salt (or) sea salt (or) ဆားကြမ်း
၂ -အရိုးပြုတ်ရည်
၃ -ရှားစောင်းလက်ပက် ဂျလ်လီ
၄ -အိမ်လုပ်ချဉ်ဖတ်
၅ -ဟင်းသီးဟင်းရွက်များများစားမယ် (Oxalate ရွေးစား)

☘️☘️ဒါတွေလုပ်မယ်

၁_ နေ့စဥ်မိနစ် ၃၀ ခန့်လေ့ကျင့်ခန်းလုပ်မယ်
၂_ နေပူစာလှုံမယ် မြေဓါတ်ယူမယ်
၃_အိပ်ရေးဝအောင်အိပ်မယ် စိတ်ဖိစီးမှုနည်းနိုင်သမျှနည်းအောင်နေမယ်

လည်ပင်းအကျိတ်ရှိပြီးယောင်နေတဲ့ မိတ်ဆွေများ အစပ်စားရင် / အညှော် မိရင်/ စိတ်ဖိစီး စိတ်ရှုပ်ထွေး ဒေါသထွက်ရင် လည်ပင်းပိုယောင်ပါတယ် အေးတဲ့အစားအစာစားရင်လဲ ယောင်ပါတယ်
ကစွန်းဥ (နဲနဲ)ဝဥကြာဇံ တွေ စားလို့ရပါတယ်(Oxalate ရွေးစား)

📌ဖြည့်စွက်စာ အားလုံးမသောက်န်ုင်ရင် အနည်းဆုံး ၇/၈ မျိုးလောက်သောက်ပေးရပါမယ်ရှင့်

25/06/2026

လူတိုင်းနီးပါးဖြစ်နေကြပါတယ် သတိမထားမိကြတာပါ😔😔

🌟ဟိုက်ပို သွိုင်းရွိုက်ဟိုမုန်းနဲရင် စိတ်တိုစိတ်ဆတ် ဒေါသထွက်လွယ်တယ် ဝမ်းနည်းလွယ်တယ် ငိုချင်တယ် အာရုံစုစည်းလို့မရတတ်ဘူး
အမျိုးသမီးမှာဖြစ်ရင် သွေးဆုံးကိုင်လို့ဆိုပြီး ထင်ကြတယ် အဲလို လက္ခဏာတွေ ခံစားရရင် သွိုင်းရွိုက်ကို သက်ဆိုင်ရာ ဆရာဝန်နဲ့ ဟိုမုန်းစစ်ကြည့်ကြပါရှင့် 😔😔


☘️Hypothyroid☘️
တော်တော်များများ ဖြစ်မှန်းမသိဖြစ်နေကြတဲ့ ရောဂါပါ တချို့ ဆရာဝန်တွေက Hypothyroid is just a very common and unimportant disease (တွေ့နေကြ အရေးမကြီးတဲ့ ရောဂါ) လို့ ယူဆကြပါတယ် Functional Medicine မှာတော့ အရေးအကြီးဆုံးရောဂါပါ ပထမဆုံးစစ်ရမဲ့ရောဂါပါ ရောဂါတွေ ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းတခုပါ Hypothyroid ကို ကုလိုက်ရင် ရောဂါ တော်တော်များများ သက်သာသွားမှာဖြစ်ပြီး သူ့ကိုမကုဘဲ ရောဂါတွေကိုလိုက်ကုနေရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမှာပါ သွိုင်းရွိုက်ဟော်မုန်း နည်းနေရင် တချို့ ဟော်မုန်းတွေပါ လိုက်နည်း လာပြီး ကိုယ်အလေးချိန်တက် ထိုင်းမှိုင်းလေးလံ ကျားအားနည်း ခလေးရရန်ခက်ခဲ ကိုယ်ဝန်ပျက်နိုင်ခြေများ ဆီးချို သွေးတိုး ကင်ဆာ ဖြစ်နိုင်ခြေ များ ဖြစ်ရင် မထိန်းနိုင် ဖြစ်တတ်ပါတယ်


ဒီ ၂၃ ချက်ထဲက

၁- ခြေလက်အေးပြီး ချမ်းနေခြင်း အိပ်ယာထချိန် ချိုင်းကြားတွင် အပူချိန်တိုင်းပါက 97.8 F အောက်ရောက်နေခြင်း ချမ်းနေသဖြင့် ရေချိုးရမှာကြောက်နေခြင်း ပူအိုက်နေသောနွေရာသီမှာ ခြေစွတ်ဝတ် ထားရခြင်း
၂- အသားခြောက်ခြင်း တင်းတိတ်စွဲခြင်း သမင်ဖြူဖြစ်ခြင်း
၃-လက်သည်းမှာဒေါင်လိုက် အစင်းများ ဖြစ်ပေါ်ခြင်း လက်သဲမကျန်းမာခြင်း
၄- ဆံပင်ကျွတ်ခြင်း ဆံပင်ကြမ်းလာခြင်း
၅-မောပန်းပြီး အင်အားနည်းနေခြင်း နွမ်းလျနေခြင်း
၆- မျက်နှာဖောသွပ်သွပ်ဖြစ်နေခြင်း ပွနေခြင်း
၇-တချိန်လုံး အိပ်ငိုက်နေခြင်း အိပ်သည့်အခါ အလွန်ဟောက်ခြင်း
၈- သွားကြိတ်ခြင်း
၉- ဝမ်းအလွန်ချုပ်ခြင်း
၁၀-ခြေတောက်ယောင်ခြင်း
၁၁-တစ်ကိုယ်လုံး အသားတွေ နာနေခြင်း အဆစ်တွေ နာနေခြင်း
၁၂-အစာမကြေခြင်း လေတက်ခြင်း လေပွခြင်း ရင်ပြည့်ခြင်း
၁၃-သည်းခြေကျောက်တည်ခြင်း
၁၄-အဆီကိုမခြေနိုင်သဖြင့် အဆီမှာပျော်ဝင်သော ဗီတာမင်ဓါတ်များ နည်းပါးသွားခြင်း Vitamin A,D,E,K
၁၅-နားလေထွက်ခြင်း ချာချာလည်သလိုခံစားရခြင်း vertiogo
၁၆-စိတ်ရောဂါဖြစိခြင်း သတိမေ့တတ်ခြင်း
၁၇-အမျိုးသမီးများ ရာသီမမှန်ခြင်း ရာသီ အလွန်များခြင်း သားအိမ်အဖုအလုံး ဖြစ်ခြင်း ရာသီလာသောအခါ အလွန်နာကျင်ခြင်း
၁၈-ဆီးချို ရောဂါ သွေးတိုးရောဂါ ထိန်းမနိုင်ခြင်း
၁၉-ကင်ဆာရောဂါသည် အတော်များများဟာလဲ တေဇောဓါတ် ချို့ယွင်းနေတတ်ပါတယ်
၂၀-ဆီးခနခန သွားချင်နေခြင်း
၂၁-ပိုးကောင်းများ ခန္ဓာကိုယ်မှာ တက်နေသကဲ့သို့ ခံစားနေရခြင်း
၂၂-မျက်ခုံးမွှေးကျွတ်ပြီး တခြမ်းသာ ကျန်ခြင်း
၂၃-Cholesterol level တက်နေခြင်း

🌟🌟Hypo (ဟိုမုန်းနည်း)

အချိုမှုန့် အချိုရည် ချိုလွန်းသောသစ်သီးရေခဲမုန့် မိုင်လို အိုဗာတင်း ဂျုံနဲ့ ပက်သက်တာ ကောက်ညှင်း ဆီကြော်အစားအစာ အရက် ဖြူအောင်ချွတ်ထားတဲ့ဆား ခေါက်ဆွဲခြောက် လိုတာရှည်ခံ ရယ်ဒီမိတ်အစားအစာ ငပိ ငါးခြောက် ငံပြာရည် နို့နှင့်နို့ထွက်ပစ္စည်း ကြေညက်ခဲသောအစားအစာ ပြောင်ဖူး ကလူတန်ရှောင်ပေးပါ ကော်ရည်လဲမတည့်ပါဘူးရှင့် ပဲမျိုးစုံနဲ့ က ညကတည်းက ရေစိမ်ပြီး ပြုပ်လဲရသလို presser cooker နဲ့ချက်ရင်တော့ နဲနဲစားလို့ရပါတယ် အားလူးလဲ pressure cooker နဲ့ ပြုတ်စားလို့ရပါတယ် ပန်းပွင့် မုန်လာထုပ်ကို ရေနွေးဖျော်ပြီး နဲနဲစားလို့ရပါတယ် ခရမ်းသီး ခရမ်းချဉ်သီး ရှောင်ပေးရင် ပိုကောင်းပါတယ်
လည်ပင်းအကျိတ်ရှိပြီးယောင်နေတဲ့ မိတ်ဆွေများ အစပ်စားရင် လည်ပင်းပိုယောင်ပါတယ် အေးတဲ့အစားအစာစားရင်လဲ ယောင်ပါတယ် စိတ်ရှုပ်ထွေး စိတ်ဖိစီးမှုများရင်လဲ ယောင်တတ်ပါတယ်
သွိုင်းရွိုက်သမားတွေက နည်းနည်းလေး မှ အမှားမခံပါဘူးရှင့်

ကစွန်းဥ (နဲနဲ)ဝဥကြာဇံ တွေ စားလို့ရပါတယ်

၁-rock salt (or) sea salt (or) ဆားကြမ်း
၂- အရိုးပြုတ်ရည်
၃-ဟင်းသီးဟင်းရွက်များများစားမယ်

💥ဒါတွေလုပ်မယ်💥

၁-ချွေးထွက်အောင် နေ့စဉ် မိနစ်(၃၀) ခန့်လေ့ကျင့်ခန်းလုပ်မယ်
၂-နေပူစာလှုံမယ် မြေဓါတ်ယူမယ်
၃-အိပ်ရေးဝအောင် အိပ်မယ် စိတ်ဖိစီးမှုနည်းနိုင်သမျှ နည်းအောင်နေမယ်
၄-အိမ်လုပ်ချဉ်ဖတ်စားမယ်

☘️ဒါတွေသောက်မယ်☘️

💥Thyroid Natural Glandular ၁ လုံး မှ ၂ လုံး
💥၂-Vitami d3 5000iu +K2 100mcg
၃-cod liver oil နဲ့ဆနွင်း
💥၄-selenium 200mcg
💥၅-probiotic 30billion
💥၆-magnesium malate (or) citrate. 400 mg
💥၇-Zinc. 50mg
💥၈-Coq10 200mg
၉-N Acetyl L Cysteine. 600-1200m
၁၀- Folate
၁၁-b12 2500mcg
💥၁၂-Digestive enzyme
💥၁၃-Ox bile. 500mg
၁၄-Betine HCL Pepsin
၁၅-apple cider vinegar ဇွန်းသေး တဇွန်း ရေ တဖန်ခွက်နဲ့ ရောပြီး ထမင်းမစားခင် ၂ ကြိမ်

📌ဖြည့်စွက်စာ အားလုံးမသောက်န်ုင်ရင် အနည်းဆုံး ၇/၈ မျိုးလောက်သောက်ပေးရပါမယ်ရှင့်📌

ထွေး နားလည်သလောက် သိသလောက် ရေးထားတဲ့အတွက် လိုအပ်ချက်တွေရှိရင် ဖြည့်စွက်ပေးကြပါရှင့် 🙏🙏🙏

Htwe Htwe

25/06/2026

☘️☘️Hypothyroid

မြန်မာပြည်မှ အမျိုးသမီးတစ်ဦးအကြောင်း တင်ပြပါမယ်။

အသက်က ၃၀ ကျော်ပါ။ late thirties or early 40s
အိမ်ထောင်ရေးက အဆင်မပြေပါ။ စိတ်ဖိစီးမှုတွေ များပြီး ငိုလိုက်ရယ်လိုက် ဖြစ်နေပါတယ်။ စကားပြောနေစဉ် ငိုချတတ်သူလဲ ဖြစ်ပါတယ်။ နေမကောင်းဖြစ်တယ်ဆိုပြီး နိုင်ငံခြားအထိ ဆေးသွားကုနေရသူလည်း ဖြစ်ပါတယ်။ မသက်သာပါ။ ခန္ဓာကိုယ်ကလဲ အလေးချိန် သိသိသာသာ တက်လာပါတယ်။

မိတ်ဆွေတစ်ဦးကနေတဆင့် သွေးစစ်ထားတာ ကြည့်ပေးပါဆိုလို့ တစေ့တစောင်း ကြည့်မိပါတယ်။ စုံစုံစေ့စေ့မဟုတ်သော်လည်း အဓိက စစ်ချက်တွေက ပါနေလို့ သိလိုက်တာပါ။

25 hydroxy vitamin D level 13 ng/mL
Thyroid ကြတော့ TPO antibody တွေတက်နေပြီး hypothyroid ဖြစ်နေတာကို တွေ့လိုက်မိပါတယ်။
Hashimoto Thyroiditis with Hypothyroidism ပါပဲ။

သူဖြစ်နေတဲ့ ရောဂါလက္ခဏာရဲ့ အဖြေက ထွက်သွားပါပြီနော်။ မလိုဘူးဆိုပြီး စစ်မကြည့်ရင် လုံးဝမသိနိုင်ပါ။ မသိရင် ရောဂါသံသရာမှာ ချာချာလည်နေတတ်ပါတယ်။ လဟုတာဒိရုပ်သုံးပါး ဖောက်ပြန်နေတာ ဖြစ်ပါတယ်။ (စိတ်/ဥတု/အာဟာရ)

မှတ်ချက်
အခုလို ကမ္ဘာကပ်ရောဂါအချိန်မှာ Vitamin D level 13ng/mL ပဲရှိတာ စိုးရိမ်စရာ ကောင်းပါတယ်။ သူမက Vitamin D သောက်နေတယ်ဆိုလားပဲ။ သောက်နေရက်သားနဲ့ ဒီလောက်ပဲ ရှိတယ်ဆိုရင် Vitamin D receptor problem ပါရှိဖို့ များပါတယ်။

ပမာဏတိုးမြှင့်ရုံမက Vitamin D cofactors များဖြစ်တဲ့ Magnesium
Zinc
K2
Boron စသည်ဖြင့်ပါ တွဲသောက်ဖို့ လိုပါတယ်။

Autoimmune လက်ကမ်းစာစောင်ဖတ်ပြီး လိုက်နာကြည့်ရင် အရှုံးမရှိနိုင်ပါ။ လိုအပ်တဲ့ ဖြည့်စွက်စာတွေကိုပါ မှီဝဲလိုက်မယ်ဆိုရင် နေရထိုင်ရတဲ့ဘဝဟာ ပြန်လည် စိုပြေလာနိုင်ပါတယ်။ အခုလို ကမ္ဘာကပ်ရောဂါ အချိန်မှာ ခုခံအားတွေ ကစဉ့်ကလျား ဖြစ်နေမယ်ဆိုရင် အန္တရာယ် များလှပါတယ်။

ငိုလိုက်ရယ်လိုက် ဖြစ်နေတာ စိတ္တဇရုပ်တွေ ဖြစ်ပါတယ်။ အတွင်းစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကာယ/ဝစီ ဝညတ် ရုပ်တွေပါပဲ။

အနာသိရင် ဆေးရှိတယ်ဆိုတဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်။ မိမိကိုယ်ကို စောင့်ရှောက်နိုင်သူများ ဖြစ်ကြပါစေ။

23/06/2026

☘️☘️ဟာရှီမိုတို သွိုင်းရွိုက်ကုသရာမှာ လိုက်နာရမည့် အချက် -၄ ချက်

၁ / အသည်းတွင် အဆိပ်ဖြေပေးသည့် အလုပ်ထွင်ကျယ်ရအောင် အသည်းကို ပံပိုးမှု ပြုလုပ်ပေးခြင်း

* ရှေးဦးစွာ အရက် ၊ caffeine ၊ ပိုးသတ်ဆေး မျိုးစုံ ရှောင်ရပါမယ်
* ချွေးထွက်အောင်ကြိုးစားခြင်း၊
* ရေချိုးကန် ရှိသူများ ရေပူပူမှာ ဆားခါးထည့်ပြီး ရေချိုးခြင်း စိမ်ခြင်း၊

💥ဖြည့်စွက်ဓါတ်စာများ

Vitamin B အုပ်စုလိုပါတယ်

* P5P (B6 )
* Folate
* B12 (methy cobalamin) | B2. B3. B5 ( complex B complex လဲ ရ)
* Magnesium
* Vitamin D
* Vitamin C
* Glycine
* MSM (methyl sulfonyl methane )
💥အထူးသဖြင့် NAC

💥 အသည်းကို အဆိပ်ဖြေပေးရာမှာအထောက်အကူပြုသည့်နောက်တခုကတော့ သည်းခြေရည်ပဲ ဖြစ်ပါတယ် ၊

သည်းခြေရည်ဟာ အစားအစာ ထဲ က အဆီဓါတ်ကို ခြေပေးသည့်အပြင် အဆီမှာခိုအောင်းနေတဲ့ အဆိပ်တွေကို ထုတ်ပေးပါတယ် ၊

သည်းခြေရည် အားနည်းသူများ ၊ သည်းခြေထုတ်ထားသူများ ၊ သည်းခြေကျောက်တည်နေသူများ ၊ အသည်းမှာတင်းကျပ်ပိတ်ဆို့ မှုဖြစ်နေသူများ သင့်တော်တာကတော့

* Milk Thistle
* OXbile
* Beta carotene တို့ဖြစ်ပါတယ်

၂/ Adrenal gland အက်ဒရီနယ် ဂလင်း ကိုအထောက်အကူပေးခြင်း

💥Adrenal gland အလုပ်ချို့ယွင်းခြင်း လက္ခဏာ
*အိပ်ရေးဝပါလျှက် နွမ်းလျနေတတ်ခြင်း ၊. * မနက်အိပ်ယာမှ ထရခက်ခဲခြင်း၊
* အငန်ဓါတ် ကိုတောင်းတနေခြင်း ၊
* သွေးပေါင်ချိန် လျော့နေတတ်ခြင်း ၊
* ထိုင်ရာမှထလျှင် ခေါင်းမူးသွားတတ်ခြင်း ၊
* ခေါင်းမကြည်လင်ခြင်း ၊
* စိတ်ဖိစီးမှုများကို ခံနိုုင်ရည်မရှိခြင်း ၊
* စိတ်ဓါတ်ကျဆင်းနေတတ်ခြင်း ၊
* အာရုံစိုက်အားကျဆင်းသွားခြင်း ၊
* သတိမေ့လျော့တတ်ခြင်း ၊

💥 သတိပြုပြီးအဓိက လုပ်ဆောင်သင့်တာများကတော့

* ကောင်းကောင်းအနားယူပါ ၊
* စိတ်ဖိစီးမှုလျှော့ချပါ ၊
* ခန္ဓာကိူယ် ယောင်ကိုင်းခြင်းနည်းနိုင်သမျှနည်းပါစေ
* သကြားဓါတ်ကိုထိန်းပါ ၊
* အာဟာရဓါတ်စာများဖြည့်စွက်ပါ ၊
* DHEA 25mgကို အာဟာရဓါတ်စာများနဲ့တွဲသောက်ပါ ၊

၃ / အူလမ်းကြောင်း အစာလမ်းကြောင်းကောင်းအောင် ပြုပြင်ပါ ၊

၄ / သွိုင်းရွိုက်ဟိုမုန်းအတွက်ကတော့

Thyroid Natural Glandular က သင့်တော်တယ်လို့ ပညာရှင်များပြောထားတာ ဖတ်လိုက်ရပါတယ် ၊ (လိုအပ်မှသောက်ပါ)


Htwe Htwe

22/06/2026

☘️☘️ကြုံတွေ့လေ့ရှိသော ခန္ဓာကိုယ်တွင်း ရောင်ကိုင်းခြင်း၏ သင်္ကေတများ ——-

ခန္ဓာကိုယ် နာကျင်ကိုက်ခဲနေခြင်း/ အဆစ်တွေ နာကျင်နေခြင်း/ အသားတွေ နာကျင်နေခြင်း
အမြဲလိုလို နွမ်းလျနေခြင်း
အိပ်မပျော်ခြင်း
စိတ်ဓာတ်ကျဆင်းနေခြင်း/ ပူပင်သောက များနေခြင်း/ စိတ်ခံစားမှု ပြောင်းလဲနေခြင်း
ဝမ်းချုပ်/ ဝမ်းလျော/ ရင်ပူရင်ပြည့်နေခြင်း
ကိုယ်အလေးချိန်အတက်/အကျ ရှိနေခြင်း
မကြာခဏ နေထိုင်မကောင်းဖြစ်ခြင်း

ရောင်ကိုင်းခြင်းဟာ နာတာရှည်ရောဂါမျိုးစုံရဲ့ အခြေခံပါပဲ။

ခန္ဓာကိုယ် ရောင်ကိုင်းရခြင်းအကြောင်းများ
သကြားဓာတ်များနေခြင်း
ပတ်ဝန်းကျင်အဆိပ်မျိုးစုံ
ပိုးမွှားမျိုးစုံ
Autoimmune ရောဂါမျိုးစုံ ( အူလမ်းကြောင်းနံရံ ယိုစိမ့်မှု ) စသည်ဖြင့် ဖြစ်ပါတယ်။

“Hypothyroidism မှာ ကလာပ်စည်းတွေ ရောင်ကိုင်းခြင်းဖြစ်ပြီး ဇီဝဖြစ်စဉ်ပြဿနာမျိုးစုံ / ကင်ဆာရောဂါတွေပါ လက်တွဲလိုက်ပါလာနိုင်ပါတယ်”

Ref:
nih (PMC article 9944872)

သတိရှိကြစေချင်ပါတယ်။

အစာလမ်းကြောင်းဟာ အလွန် အရေးကြီးတယ်ဆိုတာ သတိထားမိကြမယ်လို့ ထင်ပါတယ်။

ရုပ်တရားဖြစ်ကြောင်းလေးပါးမှာ အာဟာရကလဲ ပါနေတယ်နော်။
ဗဟိဒ္ဓဩဇာဟာ ( ပြင်ပမှ အာဟာရ ) တွေဟာ ခန္ဓာကိုယ်တွင်းရှိ အဇ္ဈတ္တဩဇာနဲ့ ပေါင်းပြီးမှ အာဟာရဇရုပ်ဆိုတာ ဖြစ်လာတာပါနော်။
ကောင်းမွန်ကျန်းမာတဲ့ အာဟာရဇရုပ် ဖြစ်ဖို့ အစာလမ်းကြောင်းပါ ကျန်းမာနေဖို့ အရေးကြီးပါတယ်။
ပြင်ပမှ လာတဲ့ အာဟာရတစ်မျိုးတည်းနဲ့ အလုပ်မဖြစ်ပါ။

ခန္ဓကိုယ် ခုခံအားတွေ ၈၀% တွေ ရှိနေတဲ့ နေရာလည်း ဖြစ်တယ်။

ပိုးမွှားမျိုးစုံ ရှိရာနေရာလည်း ဖြစ်တယ်။

အပြင်လောကနဲ့ ခန္ဓာကိုယ်နဲ့ တိုက်ရိုက် ဆက်သွယ်နေရတဲ့နေရာဆိုလည်း မမှားနိုင်ပါ။

ဒီလောက်အရေးကြီးတဲ့အလုပ်တွေ လုပ်နေရတာဖြစ်နေတာကြောင့်သူ့ကို ကျန်းမာနေအောင်ထားနိုင်ပါမှ ဟန်ကျနိုင်ပါလိမ့်မယ်။

ဒီတော့ကာ အစာစားတဲ့အခါမှာ သတိထား ဂရုစိုက်ရပါလိမ့်မယ်။
ရသတဏှာကို ဦးစားပေးပြီးစားရင် ရေရှည်မှာ ဒုက္ခဖြစ်ဖို့များပါတယ်။
တွေ့သမျှအစာတွေ အကုန်စားမယ်ဆိုရင် ပိုးမွှားတွေကလဲ စုံလှပါတယ်။
ပိုးမွှားမျိုးစုံဝင်ရာ အပေါက်လဲ ဖြစ်နေလို့ပါ။
ဥပါဒ်ပေးမဲ့ ပိုမွှားတွေ စားမိရင် အော့အန်တာ ဝမ်းလျောတာတွေ ချက်ချင်းကို ဖြစ်တယ် မဟုတ်ပါလား။ အစာလမ်းကြောင်းက ဆန္ဒ ပြပြီလေ။
အစာလမ်းကြောင်းနေမကောင်းရင် သိသာလှပါတယ်။ မအီမသာနဲ့ နေလို့ မကောင်းတော့ပါ။

အစာလမ်းကြောင်းကို ဒုက္ခပေးတာ processed foods စက်ရုံမှ ပြုပြင်ပြီး အစားအသောက်တွေဆိုတာလည်း မမေ့လိုက်ကြပါနဲ့။
Processed foods အများဆုံးစားတဲ့လူတွေဟာ အစာလမ်းကြောင်း ကျန်းမာရေး မကောင်းသူတွေ ဖြစ်ဖို့ များပါတယ်။
Processed foods အစားနည်းလေ အစာလမ်းကြောင်း ပြဿနာ လျော့နည်းလေပါပဲ။

Autoimmune ရောဂါမျိုးစုံရဲ့ ဖြစ်ရာ အစလည်း ဖြစ်နေပြန်ပါတယ်။

အစာလမ်းကြောင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

အူကျန်းမာရေး ကောင်းရအောင် ——-

၁.ပြုပြင်ပြီး အစားအသောက်ကို ရှောင်နိုင်ရင် ကောင်းပါတယ်။

၂.အစားအသောက် ရွေးချယ်သည့်အခါမှာလည်း အစာကျေနိုင်ခဲသည့် အစားအသောက်ကို ရှောင်နိုင်ရင် ကောင်းပါတယ်
Bioengineered foods
ဗီဇပြောင်း အစားအသောက်များ

၃.အစာချေရည် လုံလုံလောက်လောက် ရှိဖို့လိုပါတယ်။
Stomach acid လုံလုံလောက်လောက် ရှိပါမယ်
အခြားအစာချေ enzymes များလုံလုံလောက်လောက် ရှိပါမယ်။
မရှိရင် ဖြည့်ပေးပါ။

၅.အူလမ်းကြောင်းရှိပိုးများ ဟန်ချက်ညီနေဖို့ လိုပါတယ်။

၆.အူနံရံ သိပ်သိပ်သည်းသည်း ရှိနေရပါမယ်။
ယိုစိမ့်မှုများ မဖြစ်ရလေအောင် အထက်ဖော်ပြပါ အချက်များကို ဂရုပြုပါ။
ယိုစိမ့်မှု ဖြစ်နေရင် ပထဝီဓာတ်ဖြင့် ပြန်ပြင်ယူပါ။
Collagen/ Glycine

၇.အူလမ်းကြောင်း ရောင်ကိုင်းစေနိုင်မည့် အကြောင်းများကိုရှောင်ပါ။


Htwe Htwe

#အူလမ်းကြောင်း

21/06/2026

ခန္ဓာကိုယ်ရောင်ကိုင်းခြင်းကို ပြောကြရာမှာ —-

သကြားအကြောင်း/ homocysteine အကြောင်း / seed oils / vegetable oils တွေ စသည်ဖြင့်ကိုတော့ ပြောနေကြပြီး ဟင်းသီးဟင်းရွက်မှာ ပါနေသည့် Oxalates တွေအကြောင်းကို ထည့်ပြောလေ့မရှိကြပါ။
စဉ်းစားစရာပါပဲ။
လောကမှာ အကောင်းချည်းဆိုတာ မရှိဘူးလေ။

အမှန်ကတော့ Oxalates crystal တွေဟာ အူလမ်းကြောင်း ယိုစိမ့်ခြင်းကို ဖြစ်စေတတ်ပါတယ်။
Leaky gut ပါပဲ။
Autoimmune ရောဂါတွေ ဖြစ်လာဖို့ trigger ထဲမှာ အကြောင်းတစ်ပါးအနေနဲ့ ပါဝင်နေပါတယ်။
Autoimmune ရောဂါရှင်တွေ သတိပြုဖို့အချက်ပါ။

Vitamin B6 ကိုလဲ လျော့နည်းစေတတ်တာမို့ ပြဿနာဖြစ်ပြန်ပါတယ် ။
B6 ဓာတ် လျော့နည်းသွားပြန်ရင် ခန္ဓာကိုယ်ရောင်ကိုင်းစေတတ်သော homocysteine ဓာတ် တက်လာပြန်ပါတယ်။

ကြိုးစားနေပေမဲ့ ရောဂါမှ သက်သာမှုမရရင် Oxalate ပမာဏများသည့် ဟင်းသီးဟင်းရွက်တွေကို အချိန်ပိုင်းအတွင်း ရှောင်ကြည့်လိုက်ရင် အရှုံးမရှိနိုင်ပါ။

သွေးကြောအတွင်းနံရံမှာ ကြေးတွေပိတ်ဆို့လာတယ်ဆိုရာမှာလည်း အဓိကအကြောင်းက
သွေးကြောအတွင်းနံရံရောင်ကိုင်းခြင်းနဲ့ အစချီတာ ဖြစ်ပါတယ်။

ရောင်ကိုင်းနေတဲ့သွေးကြောနံရံမှာ လာကပ်ကြတာက
ဥပါဒ်ပေးအဆီ ( ပျော့တဲသဘော )
ကျောက်မှုံများ ( အထူသဖြင့် oxalate crystals ) မာတဲ့သဘော
ကလာပ်စည်းအပျက်များ
Fibrin စသည်ဖြင့် ဖြစ်ပါတယ်။
သွေးကြောတွေ ကျစ်ကုန်တယ်ဆိုရာမှာလည်း အမာဓာတ်ရှိတာ oxalate crystals တွေ ဖြစ်ပါတယ်။
အဆီရဲ့သဘာဝက ပျော့ပြောင်းတယ်မဟုတ်ပါလား?

ရှုထောင့်တစ်မျိုးကနေ စဉ်းစားကြည့်ဖို့ တင်ပြနေခြင်းသာ ဖြစ်ပါတယ်။

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


24st .83*84 Between Asahi Condo
Mandalay
05011