Skinagture By Yoon
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Skinagture By Yoon, Beauty, cosmetic & personal care, 71st, 40x41 ကြား, စိန်ရတီ အမျိုးသမီးအဆောင်ကပ်လျက် မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့, Mandalay.
☎️ 09782229500
🏠 71st, 40x41 ကြား, စိန်ရတီ အမျိုးသမီးအဆောင်ကပ်လျက် မဟာအောင်မြေမြို့နယ်, မန္တလေးမြို့။
⏰ ဆိုင်ဖွင့်ချိန် - မနက် 9:00 နာရီမှ ညနေ 6:00 နာရီအထိ
📆 လပြည့်/ လကွယ်နေ့တိုင်း ဆိုင်ပိတ်ပါသည်။
28/08/2026
28.8.2026 လပြည့်နေ့ ဆိုင်ပိတ်ရက်မို့ Rp ပြန်တာနဲ့ Deli အပ်တာလေးတွေအကုန်နားပါတယ်ရှင့် 🙏🩵
26/08/2026
ဒါလေး Instock ပါနော် 💚✨
မနက်ညသစ်လို့ရတဲ့ korea ရဲ့လူကြိုက်အများဆုံးအရောင်းရဆုံး no.1 မျက်နှာသစ်ဆေးဆိုဒီ beplain ရဲ့ mung bean pH-balanced cleansing foam ပါ။
ဒီ mung bean foam က olive young မှာကြည့်ကြည့် ၊ hwa hae မှာကြည့်ကြည့် ၊ korea ရဲ့ပြည်တွင်း feedback တွေပဲကြည့်ကြည့်ထိပ်ဆုံးမှာပဲအမြဲရှိတယ်။ texture ကနူးညံ့တဲ့ creamy texture နဲ့သစ်ရတာအရမ်းအရသာရှိတယ် ၊ pH-balanced foam type ကိုမှရေဆေးချရလွယ်ပြီး cleansing power သင့်တာမလို့ skin ကိုဟန်ချက်မပျက်စေပဲ balancing အတွက်ကောင်းတယ် ၊ dry to very dry skin ကလွဲရင် skin type အားလုံးနီးနီးမနက်ညသစ်လို့အဆင်ပြေတာတွေကြောင့်ပဲအဓိပ္ပာယ်ရှိရှိ no.1 ဖြစ်နေရတာပါ။ dry to very dry တွေကတော့ PM cleanser အနေနဲ့သုံးရင်ပိုအဆင်ပြေပါတယ်။
မနက်ရောညရောသစ်လို့အဆင်ပြေတဲ့ versatile cleanser မျိုးဖြစ်လို့ cleanser တစ်ခုကိုပဲမနက်ညသုံးချင်တဲ့သူတွေဆိုပိုကြိုက်မှာပါ။ သူ့မှာပါတဲ့ mung bean အနံ့သင်းသင်းလေးကလဲတော်တော်ကိုစွဲဆောင်မှုရှိတယ်။ clean beauty product ဖြစ်ကြောင်းအပြည့်အဝပေါ်စေတယ်။
ကိုယ်ကမနက်ညသစ်လို့ရတဲ့မျက်နှာသစ်ဆေးကောင်းကောင်းရှာတယ် ၊ ဆားဝက်ခြံအဆီဖုအဆီခဲဝက်ခြံ pore care တို့အတွက် skin balancing ကောင်းတဲ့ pH-balanced cleanser ကိုရေဆေးချရလွယ်ပြီး cleaning power မနည်းတာရှာတယ် ၊ နာမည်လဲကြီးပြီး viral ဖြစ်တာကိုမှသုံးချင်တယ်ဆိုရင်ဒီ beplain ရဲ့ mung bean pH-balanced cleansing foam ကကွက်တိဖြစ်မှာပါ။ ဈေးလဲမများတဲ့အပြင် korea ရဲ့ no.1 cleansing foam လို့ပြောလို့ရတဲ့အထိကိုလူသုံးများလူကြိုက်များတာဖြစ်လို့ကြိုက်ကြလောက်ပါတယ်။
dan" တော့တစ်ဗူးဘယ်လိုကုန်သွားသလဲတောင်မသိတဲ့အထိကြိုက်ပါတယ်။ dan" ဒီဗူးဝယ်တုန်းကဒီမှာဝယ်ရမလွယ်လို့ korea ကနေတောင်တိုက်ရိုက်မှာရတာပါ။ အခုတော့ဒီမှာ Beplain Myanmar Exclusive ဆိုပြီး exclusive distributor အနေနဲ့ဝင်လာပြီမလို့တော်တော်လေးကိုဝယ်ရလွယ်သွားပါပြီ။
25/08/2026
Klairs EGF Blue Youth Activating Drop 50ml Instock 📣
အသက် ၂၀ ကျော်တာနဲ့ အသားအရေ လျော့တွဲပြီး အရေးအကြောင်းလေးတွေ စမြင်လာရပြီလား? 💙
အရင်လို အသားအရေ တင်းတင်းရင်းရင်း မရှိတော့ဘူးလို့ ခံစားနေရရင် ဒါဟာ အရေပြားထဲက ကော်လာဂျင်နဲ့ Elasticity တွေ စတင်လျော့နည်းလာတဲ့ လက္ခဏာပါ
ဒါဆိုရင်တော့ Klairs ရဲ့နာမည်ကြီး Blue Drop Serum လေးကိုထည့်သုံးပေးဖို့ လိုလာပါပြီ ✨
သူ့မှာက Dual Peptide Power (EGF & bFGF) ပါဝင်လို့ အရေပြားဆဲလ်အသစ် ဖြစ်ပေါ်မှုကို မြှင့်တင်ပေးပြီး ကော်လာဂျင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် အရေးအကြောင်းတွေကို ပျောက်ကင်းစေပြီး အသားအရေကို တင်းရင်းစေပါတယ်။
Guaiazulene အပြာရောင်အဆီအနှစ် Chamomile ကနေ ထုတ်ယူထားတဲ့ သဘာဝအပြာရောင်လေးဖြစ်ပြီး ဝက်ခြံ/နီရဲယားယံခြင်းနှင့် Skin Barrier ပျက်စီးတာကို ချက်ချင်း အေးမြသက်သာစေတယ်နော် ✅
ရေလိုကျဲကျဲ texture ဖြစ်လို့ အသားအရေထဲ အမြန်ဆုံး စိမ့်ဝင်ပြီး စီးကပ်ခြင်း လုံးဝမရှိပါဘူး။
Early Anti-aging အတွက် ကြိုတင်ကာကွယ်ချင်သူများ၊ အရေးအကြောင်း စပေါ်နေသူများ နဲ့ Skin barrier ပျက်စီးပြီး Sensitive ဖြစ်လွယ်သူများ သုံးသင့်တဲ့ Serum လေးပါ 💙
Instock
Price -90,000ks (50ml)
💯 Authentic & Fresh Date ✅
(ပစ္စည်းမစစ်တာ Exp Date နီးနေတာဆို 10X Refund ပေးပါမယ်)
💢ပုံနှင့်စာများ ကူးယူခွင့်လုံးဝမပြု💢
ပေးရတဲ့ဈေးထက်ပိုတန်တဲ့ Sasi Sugar Rush Lip Tint New Packaging လေးတွေရောက်ရှိ 💋🫶
Garnier Hair Color လေးတွေတစ်ထုပ်မှ- 15,000ks ပဲနော် 🫶🪮
Tester အရောင်သစ်လေးထုပ်ပေးထားပါတယ်
BBIA Last Velvet Tint V13 🩷
21/08/2026
Garnier Hair Color Instock 📣
ဆံပင်ကာလာဆိုးချင်တယ် ဆံသားပျက်စီးသွားမှာကြောက််တယ်ဆိုရင် အိမ်မှာအလွယ်တကူဆိုးလို့ရတဲ့ Garnier Hair Color လေးတွေဆိုးကြည့်နော် 🪮
Avocado, Olive နဲ့ Shea Butter natural oils ၃ မျိုး ပါဝင်လို့ ဆံသားကို ရေဓာတ်ပြည့်ဝပြီး နူးညံ့တောက်ပြောင်စေပြီး
ဆံပင်ဖြူတွေကို ၁၀၀% ပြည့်ပြည့်ဝဝ ဖုံးအုပ်ပေးနိုင်တယ်။
အမိုးနီးယား မပါဝင်လို့ အနံ့ဆိုးမထွက်ဘဲ ဦးရေပြား စပ်တာမျိုး မဖြစ်စေပါဘူး။
နေအိမ်မှာတင် လွယ်လွယ်ကူကူ ဆိုးရုံနဲ့ Salon သွားစရာမလိုဘဲ အလှဆုံး ဆံပင်ကာလာလေး ရရှိမှာပါ 🫶
ဆိုးနည်းလေးက ⬇️
1️⃣ Step 1: Garnier Colorant နဲ့ Developer နို့ရည်ကို ခွက်ထဲမှာ ညီညီညာညာ ရောမွှေပါ
2️⃣ Step 2: Dry Hair (ခြောက်သွေ့တဲ့ ဆံပင်) ပေါ်မှာ အမြှေင်းလိုက် ခွဲပြီး အမြစ်ကနေ အဖျားအထိ သေချာ သုတ်လိမ်းပေးပါ။
3️⃣ Step 3: မိနစ် ၃၀ မှ ၄၀ ခန့် ထားပေးပါ။ (ဆံပင်ဖြူများသူများ မိနစ် ၄၀ ထားပေးပါ)
4️⃣ Step 4: ရေနွေးနွေးလေးနဲ့ စင်ကြယ်အောင် ဆေးကြောပြီး ပါဝင်တဲ့ Conditioner လေးနဲ့ ပေါင်းတင်ပေးပါ။
အရောင်အသွေး စုံလင်စွာ ရနိုင်တာမို့ လိုက်ဖက်မယ့် Shade လေးကို မေးမြန်းစုံစမ်းချင်ရင် Messenger မှာမေးလို့ရပါတယ် 🥰
Instock
Price -15,000ks
Direct From BKK 🇹🇭
Texture လေးရော အရောလေးပါ အပြစ်ပြောစရာမရှိတဲ့ BBIA Last Velvet Tint V50 🥰
19/08/2026
ဆံပင် ခဏခဏဆေးဆိုး/ကောက်ထားလို့ ပျက်စီးနေသူများအတွက် A Must-Have Item လေးလာပါပြီ ✨
Vita Keratin Salon Daily Treatment ကို ပုံမှန်သုံးပေးရုံနဲ့ ဆိုင်မှာ ထိန်းသိမ်းရသလိုမျိုး ဆံသားက ငြိတွယ်မှုမရှိဘဲ သဘာဝအတိုင်း အိစက်ပျော့ပျောင်းလာမှာပါနော်
ခေါင်းလျှော်ပြီးချိန် Hair Mask နေရာမှာအသုံးပြုပေးရုံနဲ့ တခြား Treatment တွေလို အချိန်အကြာကြီး စောင့်စရာမလိုဘဲ သိသာတဲ့ ရလဒ်ကို ရရှိစေပါတယ်
💛 အဝါရောင် (Deep Repair) ကဆံပင်ကောက်၊ ဖြောင့်၊ ဆေးဆိုး ထားလို့ ခြောက်သွေ့ ပျက်စီးနေတဲ့ ဆံသားတွေအတွက် အထူး သင့်တော်ပါတယ်။
Argan Oil ပါဝင်လို့ ဆံသားကို နက်နက်နဲနဲ ပြုပြင်ပေးပါတယ်။
🖤အနက်ရောင် (Keratin Shining)ကဆံပင် ဖွာတာ၊ ငြိတွယ်တာ သက်သာချင်ပြီး ဆံသား ပြောင်လက် အိစက်ချင်သူတွေအတွက် အဆင်ပြေပါတယ်။
Brazilian Nut Oil က ဆံသားကို အိစက် ပြောင်လက်စေပါတယ်။
Instock
Price - 18,500ks (250ml)
Direct From BKK 🇹🇭
Masuri Men Skin Care Set လေးအကြောင်း 💙✅
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
71st, 40x41 ကြား, စိန်ရတီ အမျိုးသမီးအဆောင်ကပ်လျက် မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့
Mandalay
Opening Hours
| Monday | 09:00 - 23:00 |
| Tuesday | 09:00 - 23:00 |
| Wednesday | 09:00 - 23:00 |
| Thursday | 09:00 - 23:00 |
| Friday | 09:00 - 23:00 |
| Saturday | 09:00 - 23:00 |
| Sunday | 09:00 - 23:00 |
