Happy Life

Happy Life

Share

Cosmetics, Health & Beauty

31/12/2025

Happy New Year to you all 💕💕💕

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုတောင်း‌မေတ္တာ ပို့သလိုက်ပါတယ်ရှင့်။

Ph bill လေး ကံစမ်းသွားပြီး ဆုတောင်းစကားလေး ပြောပေးခဲ့ပါအုံးနော်🥰

17/04/2022

မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေရှင်။
ဘေးဘယာများဝေးကွာ၍ စိတ်​၏ချမ်းသာခြင်း၊ ကိုယ်​၏ကျန်မာခြင်းနှင့် ပြည့်စုံပါစေ။ စိတ်သွားတိုင်းကိုယ်ပါ၍ လိုအင်ဆန္ဒများအားလုံး ပြည့်ဝကြပါစေ။

27/03/2022

🔆 sunscreen ဆိုတာမြန်မာပြည်မှာနေရင် မရှိမဖြစ်သုံးရမယ့် cosmetic တစ်ခုဖြစ်ပါတယ်။ ဘာလို့ဆိုတော့ အပူပိုင်းရာသီဥတု နိုင်ငံဖြစ်ပြီးတော့ နေရောင်ခြည် ပိုမိုထိတွေနိုင်ပါတယ်။

🔆sunscreen ကို skin care routine တွေရဲ့ နောက်ဆုံးအဆင့်လို့ ယေဘုယျ သုံးစွဲခိုင်းထားပေမယ့် တချို့အခါတွေမှာတော့ မိတ်ကပ်ခြောက်ရဲ့ အောက်ခံတလွှာမှာ လိမ်းတတ်ကြပါတယ်။

🔆နေလောင်ခံ တွေကို လေးနာရီခြားတစ်ကြိမ် ပြန်လည်လိမ်းပေးဖို့လိုအပ်ပီး၊ SPF sun protecting factor 35 နှင့်အထက် သုံးစွဲပေးရပါမယ်

🔆daily skin care မှာ wash---->toner--->moisturizer--->sunscreen/BB/CC/make up အားလုံးအရေးကြီးသလို နေလောင်ခြင်း တင်းတိပ်ဖြစ်ခြင်း အမဲစက်များပေါ်လာခြင်း အဆိုးဆုံးက အရေပြားကင်ဆာဖြစ်ခြင်း တို့ကို sunscreen ကအဓိက ကာကွယ်ပေးထားပါတယ်။

🔆ဒါကြောင့် ယခုလို​နွေရာသီမှာ နေလောင်ခံကို လိမ်းကိုလိမ်းရမှာ ဖြစ်ပါတယ်။

12/03/2022

#အခုတလောဝမ်းပျက်ဝမ်းလျှောတွေများနေလို့

ကလေး ငယ်တွေ ကို မနက် စာ ဘာတွေ ကျွေးသင့်သလဲ????

အခုရက်ပိုင်းမှာ အုပ်ထိန်းသူတွေကလည်း အလုပ်တွေ ရှုပ်ပြီး မအား လာတာနဲ့အမျှ ကလေးငယ်တွေ ကိုလည်း အလွယ်တကူ ရတဲ့ လက်ဖက်ရည် ဆိုင် က အစားအစာ တွေ ကို ကျွေးလာတာကိုလည်း တွေ့ရပါတယ်။

ဘာတွေ မကျွေးသင့်ဘူးလဲ????

ဥပမာ - ကလေးငယ် ကို အလွယ်ရတဲ့ ဆိုင်က မုန့်ဟင်းခါး ကျွေးကြပါတယ်။ အခုဆို ၃-၄ နှစ် သား အရွယ်ကတည်း က မနက်စာ ကို မုန့်ဟင်းခါး ဝယ်ကျွေးနေတဲ့ မိဘ တွေ တွေ့နေရပါတယ်။ ဆိုင်မုန့်ဟင်းခါး ကတော့ ထုံးစံ အတိုင်း ဆားပါဝင်မှု့များတော့ ငယ်ငယ်ကတည်းက အငန် စားတတ်တဲ့ အကျင့်ဖြစ်ပြီး ကြီးလာရင် သွေးတိုးရောဂါ ဖြစ်လာနိုင်ပါတယ်။

နောက်တစ်ခု ကတော့ အသုပ် မျိုးစုံပါ။ ဆိုင်လုပ် လက်သုပ် တွေကတော့ အချို့မှုန့်များရုံတင်မကပဲ နီနီရဲရဲ အချဉ် တွေ နဲ့ သုပ်ထားတဲ့ အပြင် မှို ပေါင်းများစွာပါနေတဲ့ ငရုတ်သီးမှုန့်တွေ က ကလေးတွေရဲ့ ကျန်းမာရေး ကို လွန်စွာ ဒုက္ခပေးနိုင်ပါတယ်။ ဥပမာပြောရင် ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အစားအသောက်မသန့်လို့ ဖြစ်တဲ့ အသည်းရောင် ရောဂါ၊ အထိ ဖြစ်သွားနိုင်ပါတယ်။

နောက်တစ်ခု ကတော့ ဆီတွေ နစ်နေအောင်ကြော်ထားတဲ့ အကြော်စုံ၊ ဆီ ထပ်ခါထပ်ခါ ပြန်သုံးပြီးကြော်ထားတဲ့ အကြော်စုံ တွေ မကျွေးသင့်ပါဘူး။ ရံဖန်ရံခါ စားတာ ပြဿနာ အရမ်းမရှိပေမယ့်။ ရည်ရှည်ဆိုရင်တော့ ကလေးငယ် အဝလွန် ရောဂါ ဖြစ်လာ နိုင်ပါတယ်။

ဘာတွေကျွေးသင့်သလဲ????

1. နွားနို့
2. ပေါင်မုန့် (expire date သေချာကြည့်ပြီး၊ မှို ပါ မပါ စစ်ဆေးပြီးမှ ဝယ်ပါ)
3. ပေါက်စီ
4. အိမ်လုပ် အသုပ် (မကျည်းရည် ဖြင့်သာ သုပ်ရန်၊ ငရုပ်သီးမှုန့် မထည့်သင့်ပါ)
5. လက်ဖျော် အသီး ဖျော်ရည် တစ်ခုခု
6. ပဲပြုတ် ထမင်း
7. နံပြား
8. ကြက်ဥပြုတ်
9. ထောပါတ်သီး
10. မြေပဲထောပတ်
11. ဒိန်ချဉ်
12. အိမ်လုပ် ခေါက်ဆွဲပြုတ်
13. ပဲ သို့မဟုတ် နို့ တခုခု ပါသော သန့်ရှင်းလက်ဆက်သော မြန်မာ မုန့်မျိုးစုံ

အသက် ၅ နှစ် အောက် ကလေးများ ကို အပြင် အစားအစာ များမကျွေးသင့်ပါ။ အပြင်အစားအစာ တွေမှာ ဆားပါဝင်မှု့ များတဲ့ အတွက် ကလေးတွေ က အိမ်လုပ် အစားအစာတွေ ကို မစားဘဲ အပြင်စာ တွေ ကိုသာ ပိုပြီး စွဲမက် သွားစေနိုင်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Photos from Happy Life's post 19/02/2022

Omicron အလွန်တွင် ချစ်ရခင်ရသူများနှင့် ပျော်ရွှင်စွာ ပြန်လည်ဆုံတွေ့ဖို့
သဘာဝဆရာဝန် ၇ယောက်နှင့် လက်တွဲကြပါစို့ 😊😊😊

Omicron ၏ ရောဂါလက္ခဏာများကို စုစည်းဖော်ပြထားကာ ငွေကုန်ကြေးကျမများ သဘာဝတရားဖြင့် ကာကွယ်နိုင်စေရန် ရည်ရွယ်ပြီး ဤ စာစုလေးကို ရေးသားလိုက်ရပါသည် ။

တော်သေးတာကတော့ ယခင် covid များလို သိပ်မပြင်းထန်ခြင်း ၊ အောက်စီဂျင် ကျနူန်းနည်းခြင်း ၊ အရေးပေါ် ဆေးရုံတက်ရခြင်း ICU တွင် အသက်ရူစက်များဖြင့် ကုသရန် အခွင့်အလမ်းနည်းခြင်း တို့ဖြစ်ပါသည် ။

ဖြစ်ပွားနူန်း ပျံ့နှန့်နှုန်းကတော့ ရာသီတုပ်ကွေးလို မြန်ဆန်သည် ထို့ကြောင့် ကူးစက်မူ့နူန်းကတော့ များပါသည်။ အသက်ငယ်သူများတွင် ရိုးရိုး နှာစေးချောင်းဆိုး အသံဝင်ရုံသာဆိုသော်လည်း အသက် ၆၀ ကျော်သူများတွင် အနည်းငယ် ရောဂါလက္ခဏာများ ပိုခံစားရကာ အခြား ဆီးချို သွေးတိုး ရောဂါများရှိလျှင် အခန့်မသင့်လျှင် အသက်အန္တရယ်ရှိကာ ဆေးရုံတက်ကုသရနိုင်ပါသည်။ ထို့ကြောင့် လုံးဝတော့ မပေါ့ဆရန် လိုပါသည် ။

ယခင် Delta တုန်းကလို သောက်သောက်လဲသေခြင်း ( ဆရာဝန်ကြီးများပင် အသက်ဆုံးရူံးခဲ့ရပါသည် ) FB မှ online မှ ညွှန်းသမျှဆေးများ လျှောက်ဝယ်သောက်ရခြင်းကြောင့် အချိန်လည်းကုန် ငွေလည်းကုန် စိတ်ပန်း လူပန်း ဖြစ်ခဲ့ကြရသည် ၊ ဒီတစ်ခါတော့ သဘာဝတရားက ပေးထားသော သဘာဝကုထုံးများနှင့် ငွေလည်းချွေတာနိုင်ရန် အောက်ပါအတိုင်း နေထိုင်ကြပါ။

၁ ။ Dr Sun ( ဒေါက်တာနေ )

နေရောင်ခြည်ကို တစ်နေ့လျှင် ၁နာရီခံယူပါ ၊ နေပူဆာလှူံပါ ၊ အကောင်းဆုံးအချိန်မှာ မနက် ၇ မှ ၉ခွဲ ဖြစ်ပါသည် ၊ Vitamin D ရစေသည် ၊ ( Vitamin Dများသောက်ကြလျှင် တစ်နေ့လျှင် 3000 အားထက်မပိုစေရန် သတိပြုပါ အချို့ဆေးများတွင် ၅၀၀၀ ကျော် ၁သောင်းများဖြစ်၍ ကျောက်ကပ်ပျက်စီးစေနိုင်သည် ) သဘာဝဖြင့်ရသော Vitamin D သည် အကောင်းဆုံးဖြစ်ပါသည် ။

၂ ။ Dr Water ( ဒေါက်တာ ရေ )

ရေသန့်အား တစ်နေ့လျှင် ၂လီတာ (ဖန်ခွက် ၆ခွက်မှ ၈ခွက် )သောက်ပါ။ ရေအစားရေနွေးကြမ်း ( ကျကျ ခါးခါး မဟုတ်ပါ ) လည်းသောက်၍ ရပါသည်။

၃ ။ Dr Air ( ဒေါက်တာ လေ )

သန့်ရှင်းလတ်ဆတ်သောလေကိုရိူက်ရူပြီး အသက်ရူလေ့ကျင့်ခန်းလုပ်ပါ။ နှာခေါင်းဖြင့် ရိူက်ရူပြီး ၁၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ရေ၍ ၅စက္ကန့်လောက်ထိန်းထားပြီးမှ အားရပါးရ ပါးစပ်မှ ပြန်ရူထုတ်ပါ။ တစ်ကြိမ်လျှင် အခါ ၂၀ မှ ၂၅ ခါ၊တစ်နေ့လျှင် ၄ကြိမ်၊ စုစုပေါင်း အခါ ၁၀၀ အသက်ရူလေ့ကျင့်ခန်းလုပ်ပါ။

၄ ။ Dr Sleep ( ဒေါက်တာ အိပ် )

ကောင်းမွန်စွာ အိပ်စက်အနားယူပါ။ အသက် ၁၂ အောက်ကလေးများ တစ်နေ့လျှင် ၁၀နာရီ၊ လူကြီးများ တစ်နေ့လျှင် ၈နာရီ ကောင်းစွာအိပ်စက်၍ ခန္ဓာကိုယ်မှ Cell များအား အနားပေးကာ ပြင်ပမှဝင်ရောက်လာမည့် ရောဂါပိုးများ အန္တရယ်ကို ကိုယ်ခံအားမြင့်စွာ ခုခံအားကောင်းစွာ ကာကွယ်နိုင်ကြပါစေ ။

၅ ။ Dr Exercise ( ဒေါက်တာ ကစား )

ကိုယ်လက်လှူပ်ရှား လေ့ကျင့်ခန်းလည်း သင့်တော်သလို နေ့စဉ်ပြုလုပ်ပါ။ Gym သွားကစားခြင်း၊ ပြင်းထန်သော အားကစားများ လေ့ကျင့်ခန်းများ မလုပ်နိုင်သော်ငြား မိမိခြံအတွင်း၊ မိမိအိမ်အတွင်း၊ လမ်းဖြည်းဖြည်းလျှောက်ခြင်း၊ မြန်မြန်လျှောက်ခြင်း၊ jogging ရွရွပြေးခြင်းတို့ လုပ်ပေးခြင်းဖြင့် ပို၍ ကျန်းမာပါလိမ့်မည် ။

၆ ။ Dr Diet ( ဒေါက်တာစား )

မိမိတို့ နေ့စဉ် စားသောက်ကြရာတွင် ခန္ဓာကိုယ်မှ လိုအပ်သော ကယ်လိုရီ လူတစ်ယောက်အတွက် အနည်းဆုံး ၂၅၀၀ အား ၅၀၀ အပိုဆောင်း၍ ၃၀၀၀ calorie စားရန်လိုပါသည်။ အချိုဓာတ် အသားဓာတ် အဆီဓာတ်တို့ကို သင့်တော်ရုံစားရမည်။ အလွန်အကျွံ လိုသည်ထက်ပိုကာ ဘေးဖြစ်အောင်လည်း မစားရပါ။ အသီးအရွက်များ လတ်ဆတ်သောအသီးများကို စားသုံးခြင်းဖြင့် လုံလောက်သော vitamin ဗိုက်တာမင်များကို ဆေးများဖြင့်မဟုတ် သဘာဝဖြင့် ပြန်လည်ဖြည့်ဆည်းပါ။ အသီးအရွက်များကို အကြမ်းဖျဉ်း တစ်နေ့လျှင် အရောင် ၅မျိုး ပါအောင်စားခြင်းဖြင့် ( ဥပမာ အစိမ်းရောင် အရွက် ၊အနီရောင်ခရမ်းချဉ်သီး ၊လိမ္မော်ရောင် မုန်လာဥနီ ၊အဖြူရောင် မုန်လာဥ အဖြူ ဘူးသီး ပန်းဂေါ်ဖီ စသည်ဖြင့် ) ဗိုက်တာမင် A to Z များပြည့်ဝနိုင်ပါသည် ။

၇ ။ Dr Energy ( ဒေါက်တာ စွမ်းအား )

မိမိခန္ဓာကိုယ်အတွက် စွမ်းအင်များ အားများကို ရုပ်ပိုင်းဆိုင်ရာ အစားအသောက်များ အိပ်စက်ခြင်း ကိုယ်လက်လှူပ်ရှားခြင်းတို့သာမက စိတ်ပိုင်းဆိုင်ရာ စွမ်းအားများဖြည့်တင်းရန် ကုသိုလ်စိတ်များနှင့်ပျော်မွေ့ပါ ၊ နေ့စဉ်ဘုရားရှိခိုးပါ ၊ သီလဆောက်တည်ပါ ၊ တရားထိုင်ပါ ၊ မိမိ၏ စိတ်အစဉ်ကို ငြိမ်းအေးရန် စိတ်စွမ်းအင်ကို ေလ ့ကျင့်ပါ ။

အချုပ်အားဖြင့်ဆိုရသော် တတိယလှိူင်းဖြစ်စဉ် လူအများလွန်စွာ ထိတ်လန့်ကြရခြင်း အဆုံးအရူံးများ၍ ကျေကွဲကြရခြင်း စိတ်နှလုံးပူဆွေးရခြင်းတို့ကြုံတွေ့ခဲ့ရတာ အားလုံးအသိပါ ၊ ယခု စတုထ္ထလှိူင်း Omicron လည်း မဖိတ်ခေါ်ပဲ တည့်တည့်ကြီး ဝင်ရောက်လာခဲ့ပြီ ၊ ရောဂါမှာ Delta လောက်မပြင်းဆိုငြား အတိုင်းအတာတစ်ခုထိတော့ စိတ်ပူစရာများရှိပါသည် ၊ ကြိုတင်ကာကွယ်ကာ ကျန်းမာစွာနေကြရန် အရေးအကြီးဆုံးဖြစ်သည် Mask အမြဲတပ်ပါ၊ လက်ကို ရေ ဆပ်ပြာဖြင့် သေသေချာချာဆေးပါ ၊လူစုလူဝေးအား တတ်နိုင်သလောက် ရှောင်ကြဉ်ပါ ၊ online မှ FB မှ တတ်ယောင်ကား ဆေးမြှီးတိုများအားလည်း ရှောင်ကြဉ်ပါ ၊ အမှန်တကယ် လက်တွေ့ကုသပေးနေသော ဆရာဝန်ကြီးများ သမားတော်များညွှန်းသော ဆေးများသာသောက်ပါ ၊မလိုအပ်ပဲ စျေးအလွန်ကြီးသောဆေးများအား လူတကာညွှန်သည်နှင့် မသောက်ကြပါရန် အထူးသတိပြုပါ ၊ စတုထ္ထလှိူင်းအား တက်ညီလက်ညီတွန်းလှန်ကာ Omicron အလွန် ပျော်ပျော်ပါးပါး ခရီးတွေထွက်ကြစို့လား လူစုလူဝေးဖြင့် New Normal life style ဖြင့် ပျော်ရွှင်ကြပါဦးစို့ ၊ ထိုအချိန်ရောက်မှ စိတ်မကောင်းစွာဖြင့် သူများတွေသွားကြ လာကြ စားသောက်ကြ ပျော်ရွှင်ကြချိန်တွင် မိမိမကျန်ခဲ့ရအောင် ၊မိမိတို့စုံစုံလင်လင် ပျော်ရွှင်ကြရန် အချိန်ရောက်လျှင်လည်း မိမိ၏ ချစ်ခင်ရသူများ မကျန်ခဲ့ရအောင် ယခုကပင် ဖော်ပြပါ သဘာဝ ဆရာဝန် ၇ယောက်နှင့် လက်တွဲလိုက်ကြပါစို့ ။

Dr မိုးမြတ်အောင်
10.2.2022

13/02/2022

.......... ချွေးပေါက်ဘာကြောင့်ကျယ်ရသလဲ..........

မျက်နှာပေါ်မှာ
ချွေးပေါက်တွေကျယ်နေတယ်ဆိုတဲ့ ပြဿနာက မိန်းကလေးတွေရော / ယောင်္ကျားလေးတွေမှာပါဖြစ်နေတဲ့ ပြဿနာတစ်ခုဖြစ်မှာပါ...

ချွေးပေါက်ကျယ်တာကိုပဲ စိတ်ညစ်နေပြီး
ချွေးပေါက်ဘာကြောင့်ကျယ်ရတယ်ဆိုတဲ့
အဖြေကို မရှာဖွေဘဲ ထိုင်အော်နေရင်တော့
ဘာတွေဆင်ခြင်သင့်လဲ/ဘာတွေလုပ်မိနေလဲ
ဆိုတာကို သိမှာမဟုတ်ပါဘူး 🙄

အဲ့တော့ ဒီနေ့
ချွေးပေါက်ဘာကြောင့်ကျယ်ရသလဲ ဆိုတာကို အကုန်လုံးနားလည်လွယ်အောင် ပြောပြပေးချင်ပါတယ်...

1️⃣ Cleansing သေချာမလုပ်ခြင်း....

မျက်နှာမှာ မွှေးညှင်းပေါက်လေးတွေရှိတာကို အကုန်လုံးလဲသိပြီးသားဖြစ်မှာပါ. တနေကုန် လိမ်းသမျှ Skincare တွေ/မိတ်ကပ်တွေ/သနပ်ခါးတွေ က မွှေးညှင်းပေါက်ထဲကို ဝင်သွားတဲ့အခါ အညစ်အကြေးတွေ အဆီတွေ အဖြစ်ရောက်ရှိသွားပါတယ်. အဲ့ဒါကြောင့် မျက်နှာကို ပုံမှန်ညတိုင်း Cleansing သေချာမလုပ်ပေးဘူးဆိုရင် မွှေးညှင်းပေါက်မှာ အညစ်အကြေးတွေ စုပြီးပိတ်မိပြီး အသားအရေက ညစ်နွမ်းလာပြီး ချွေးပေါက်တွေကျယ်လာတတ်ပါတယ်.

2️⃣ Alcohol ပါဝင်မှုများသော Skincare တွေကို သုံးနေခြင်း....

မိမိတို့အသုံးပြုတဲ့ skincare တွေတိုင်းမှာ Alcohol သည် အနည်းနဲ့အများတော့ ပါလေ့ရှိပါတယ်.
ကောင်းကျိုးရှိတဲ့ alcohol နဲ့ ဆိုးကျိုးရှိတဲ့ alcohol ဆိုပြီးလဲ ရှိပါသေးတယ်.
တန်ဆေးလွန်ဘေး ဆိုသလိုမျိုး alcohol ကို လိုအပ်တဲ့ပမာဏပါဝင်တာထက် ပိုများပြီးသုံးမိနေပြီဆိုရင်တော့ ကိုယ်မသိလိုက်တဲ့အချိန်ခဏလေးအတွင်းမှာပဲ ချွေးပေါက်တွေသိသိသာသာကျယ်လာနေပါပြီ. မိမိသုံးသမျှ Skincare တွေမှာ alcohol ပါဝင်တာတွေကိုပဲ သုံးမိနေတယ်ဆိုရင် ခုချိန်ကစပြီး ဆင်ခြင်လိုက်ပါတော့နော်.

ခုပဲပြေးကြည့်လိုက်ပါ ကိုယ့်ရဲ့ Skincare တွေအကုန်လုံး လိုလိုမှာ alcohol ပါဝင်တာတွေ များနေလားဆိုတာကို.....

3️⃣ မသန့်ရှင်းတဲ့လက်နဲ့ မျက်နှာကို ခဏခဏကိုင်ခြင်း/ပွတ်ခြင်း....

မသန့်ရှင်းတဲ့လက်နဲ့ မျက်နှာကို ခဏခဏ ကိုင်တာ ထိတွေ့တာတွေ လုပ်ရင် လက်မှာရှိတဲ့ မမြင်နိုင်တဲ့ဖုန်မှုန့်တွေက မျက်နှာမှာရှိတဲ့ အဆီတွေချွေးတွေနဲ့တွေ့တဲ့အခါ အညစ်အကြေးတွေအဖြစ် ချွေးပေါက်ထဲဝင်သွားတတ်ပါတယ်. အဲ့ကနေတဆင့်ချွေးပေါက်တွေပိတ်ပြီး ချွေးပေါက်ကျယ်လာတာတွေ ဖြစ်လာပါတယ်.

4️⃣ Sunscreen မလိမ်းခြင်း....

ဒီအချက်က Daily Skincare Stepရဲ့ အရေးအကြီးဆုံးအချက်ပါ. မိတ်ကပ်တွေ / သနပ်ခါးတွေ ဘယ်လောက်ပဲ လိမ်းထားပါစေ Sunscreen မလိမ်းရင်တော့ နေရောင်ခြည်ရဲ့ UV Rays တွေက အသားနဲ့တိုက်ရိုက်ထိတွေ့မှုရှိပါတယ်. အဲ့တော့ မျက်နှာက နေလောင်ခံရပါများလာပြီး အသားအရေတွေ
မညီမညာနဲ့ ကြမ်းလာပြီး ချွေးပေါက်တွေကျယ်လာပါတယ်.

💥Sunscreen မလိမ်းခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက် နောက်တခုကတော့ တင်းတိတ်နဲ့
အမဲစက်တွေ ထွက်လာတာပါပဲ.

အဲ့တော့ Sunscreen မလိမ်းဘဲ နေကြအုံးမှာလား

5️⃣ Scrub (or) Peeling ကို ခဏခဏလုပ်ခြင်း....

Scrub လုပ်တဲ့အခါ scrub အများစုမှာ
ပါတဲ့ Crystal အမှုန့်ကြမ်းကြမ်းလေးတွေက အသားအရေအတွင်းထဲမှာရှိတဲ့ ချွေးပေါက်ထဲကအညစ်အကြေးတွေကို ချေးချွတ်ပေးခြင်း သဘောပါပဲ. ချေးချွတ်တဲ့အခါ အသားအရေရဲ့ အပေါ်ယံက ဆဲလ်အသေတွေကို ကွာကျစေပါတယ်.
နေ့တိုင်းလိုလို Scrub အသုံးပြုမယ်ဆိုရင်တော့
ဆဲလ်အသစ်တွေ ထပ်မထွက်တော့ဘဲ ချွေးပေါက်တွေ ကျယ်လာတတ်ပါတယ်.

6️⃣ ဝက်ခြံညှစ်ခြင်းနှင့် Moisture မလိမ်းခြင်း....

ဝက်ခြံမညှစ်နဲ့ဆိုလဲ အကုန်လုံးက ဝက်ခြံထွက်ရင် အနဲနဲ့အများတော့ ညှစ်တတ်ကြပါတယ်. အဲ့တော့ဝက်ခြံညှစ်ပြီးရင် ဝက်ခြံအဆံထွက်သွားတဲ့နေရာက အပေါက်သဘောမျိုးဖြစ်ပြီးကျန်ခဲ့ပါတယ်.ဝက်ခြံညှစ်ထားတဲ့နေရာကို အစိုဓာတ်ပြန်
မဖြည့်ပေးတာတို့် Skincare ပြန်မလုပ်တာတို့ဆိုရင် ချိုင့်ခွက်တွေဖြစ်လာပြီး ချွေးပေါက်တွေပါကျယ်လာနိုင်ပါတယ်.

💥နောက်တစ်ခုက
ဝက်ခြံညှစ်သည်ဖြစ်စေ/မညှစ်သည်ဖြစ်စေ Moisture ကို သေချာမလိမ်းဘူးဆိုရင်လဲ ချွေးပေါက်တွေ ကျယ်လာတတ်ပါတယ်နော်.

ဒါဆို
ချွေးပေါက်ဘာကြောင့်ကျယ်ရလဲဆိုတဲ့ အဖြေကို သိသွားကြမယ်လို့မျှော်လင့်ပါတယ်.
ပြောပြတဲ့အချက်လေးတွေကို ဖတ်ပြီး
ဘာတွေလုပ်မိနေလဲ/ ဘာတွေလုပ်သင့်လဲ ဆိုတဲ့ အဖြေကိုလဲ သိသွားကြမယ်ထင်ပါတယ် ♥

အဆုံးထိသေချာဖတ်ပေးတဲ့ ချစ်တို့အားလုံးကို ကျေးဇူးအထူးပါနော် 😘

နောက်ထပ်လဲ Beauty Knowledge လေးတွေ
မျှဝေပေးသွားစရာတွေရှိသေးလို့
နောက် post တခုမှာ ပြန်တွေ့မယ်နော် 😍

ချစ်တို့အားလုံးရာသီမရွေး လှကြပါစေရှင် 😘

Crd #

Photos from Happy Life's post 09/02/2022

⛄️ဆောင်းတွင်းမှာ မလုပ်သင့်တဲ့ Skincare
အမှားများ ⛄️

ခုလို ဆောင်းတွင်းကာလလေးမှာ အေးစိမ့်စိမ့်ဖြစ်လာတာနဲ့ အတူ အသားရေ နုတဲ့သူတွေဆို စပြီး အသားခြောက်တာ၊ နှုတ်ခမ်းကွဲတာ စသည့် ဆောင်းတွင်းဆို ဖြစ်လေ့ဖြစ်ထ ရှိတဲ့ Skincare Problems တွေစပြီး ဖြစ်စပြုနေကြပါပြီ .... ။
ဒီလို အချိန်မှာ ကိုယ်မသိလိုက်ပဲ ပြုလုပ်လိုက်မိတဲ့ Skincare နည်း အမှားလေးတွေကြောင့် မလိုလားအပ်တဲ့ အသားရေ ပြသာနာလေးတွေ မပေါ်ပေါက်အောင် ဆောင်ရန်၊ ရှောင်ရန် Skincare နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ် ။

❄️ မျက်နှာသစ်ဆေး ရွေးချယ်ခြင်း ❄️

ဆောင်းတွင်းမှာဆို အသားခြောက်တာ ၊ အသားရေ လန်တာ တွေ အဖြစ်များကြတာ လူတိုင်းနီးပါးပါပဲ ...။ ဒီလိုချိန်မှာ မျက်နှာရဲ့ အသားရေ ခြောက်ပြီး အပေါ်ယံ အရေပြားခြောက်သွေ့တာတွေကို တော်တော်များများကြုံတွေ့ရပါတယ် ။ မျက်နှာအသားရေ ခြောက်သွေ့မှုကို ပထမဆုံး ကာကွယ်နိုင်တာ Facial Foam စသုံးတဲ့ အဆင့်ကစပါတယ် ။ ဒါကြောင့် ဆောင်းတွင်းမှာ မျက်နှာသစ်ဆေးကို ရွေးချယ်မယ်ဆိုရင် Cream Type သို့မဟုတ် Oil Based ကို အခြေခံတဲ့ မျက်နှာသစ်ဆေးတွေကို အသုံးပြုပေးဖို့လိုပါတယ် ။ ဒါမှလဲ ဆောင်းတွင်းမှာ အသားရေကို အိအိလေးနဲ့ စိုစိုပြေပြေ ဖြစ်စေနိုင်မှာပါ .... ။

❄️ Strongly Moisturizing ပေးနိုင်တဲ့ Essence/Serum များ ရွေးချယ်ခြင်း ❄️

ဆောင်းတွင်းမှာဆို အသားရေက လေတိုက်လဲ ခြောက်၊ လမ်းလျှောက်လဲ ခြောက်၊ ဘာလုပ်လုပ် ခြောက်နေတော့ Moisturizer များများပါတဲ့ ပေ့ါပေါ့ပါးပါး Serum လေးတွေကို ရွေးချယ်တာက အကောင်းဆုံးပါ .... ။ ဘာလို့လဲဆိုရင် အသားရေရဲ့ ရေဓာတ်က ပုံမှန် ထက်ပိုပြီး ခမ်းခြောက်နေတဲ့အပြင် လေတိုက်ရင်တောင် အသားရေ ကခြောက်သွေ့ပြီး အက်ကွဲတဲ့အခြေနေမျိုးမှာ Strongly Moisturizing ပေးနိုင်တဲ့ Skincare Products ကို သုံးတာ က အဆင်အပြေဆုံးပါပဲ ..... ။

❄️ Sunscreen အသုံးပြုခြင်း ❄️

Sunscreen ကတော့ သုံးရာသီလုံး သုံးကိုသုံးသင့်တဲ့ Product တမျိုးပါ .... ။ အထူးသဖြင့် ဆောင်းတွင်းမှာဆိုရင် မနက် နဲ့ ည ပိုင်း အရမ်းအေးပြီး နေ့ခင်းဖက်တွေမှာ အရမ်းပူတဲ့အတွက် နေရောင် ရဲ့ UVA, UVB ရဲ့ ဒဏ်ကို ကာကွယ်ဖို့ လိုအပ်ပါတယ် ။ ဒါကြောင့် Sunscreen များများ သုံးဖို့လဲ မမေ့နဲ့နော် .... ။

❄️ အဓိက စားသုံးပေးသင့်တဲ့ Vitamins ❄️

ဆောင်းတွင်းမှာ အသားရေ စိုပြေဖို့အတွက် ကျန်းမာတဲ့ အစားအသောက် နဲ့ ခန္ဒာကိုယ် အတွက် လိုအပ်တဲ့ Supplyments တွေ မှီဝဲဖို့လဲ လိုပါတယ်။ ဒီထဲမှာဆို အသားရေ စိုပြေစေတဲ့ အသီးအနှံများ နှင့် Vitamin D ကိုလဲ တစ်နေ့တာ ဆရာဝန်တွေ ညွှန်ကြားထားတဲ့ ပမာဏာကို လဲ မှီဝဲဖို့လိုပါတယ် ။

❄️ အလိုအပ်ဆုံး အသုံးပြုသင့်တဲ့ Skincare Products

❄️ ဆောင်းတွင်းမှာ အသုံးသင့်ဆုံးကတော့ Hydrating Products များ နှင့် Moisturizing Products များပဲ ဖြစ်ပါတယ် ။ Moisturizer Cream ဆိုရင် Oil Based ပါဝင်တဲ့ Cream များကို မနက်ပိုင်းလေး နဲ့ ည ၈ နာရီမှာ သုံးကို သုံးပေးသင့်ပါတယ် ။ Hydrating Serum, Hydrating Moisturizer တွေကိုသာ တစ်နေ့ နှစ်ကြိမ် ပုံမှန်သုံးပေးသွားမယ်ဆိုရင် ဆောင်းတွင်းမှာ အသားရေ ကို စိုစိုပြေပြေလေးနဲ့ လှပစေမှာပါ .... ။

❤️ ချစ်တို့အားလုံးလဲ ဆောင်ရန်၊ ရှောင်ရန်လေးတွေကြည့်ပြီး ဆောင်းတွင်းမှာ အကောင်းဆုံး Skincare နိုင်ပါစေ .... ❤️

Photos from Happy Life's post 02/02/2022

Khemnita ဆပ်ပြာကို❤️ မကြွေပဲမနေနိုင်ဘူး

ဒီလိုနူးညံ့တဲ့ကော်ဖီscrubဖြစ်တဲ့အတွက်ကြောင့်

အသားရည်ပွန်းပဲ့သွားခြင်းမရှိပဲ အသားရည်ကိုသဘာဝ

တိုင်းတစ်ဆင့်ပီး ❗️တစ်ဆင့်ဖြူဖွေး ဝင်းပလာစေတဲ့

Photos from Happy Life's post 27/01/2022

အသားခြောက်အသားပက်တာတွေအတွက် အစွမ်းထက်တာရှိတယ်သိပြီးပြီလား 🤩

ဘယ်လောက်ကောင်းတာတွေသုံးသုံး အသားရေက စိုပြေမလာဘူး ဂလိုးမလားဘူးဆို စိတ်ညစ်မနေနဲ့တော့နော်..☹️

အစိုဓါတ်ကိုထိန်းထားနိုင်ပြီး သုံးဖူးသူတိုင်း နှစ်သက်တဲ့ Best Seller Vitamin C လေးတွေရှိနေပြီ🍊

ဗီတာမင်စီရဲ့ကောင်းကျိုးတွေကိုရော သိပြီးပြီလား.. ❗️

ဗီတာမင်စီက အသားရေကို စိုပြေစေတယ်.. သဘာ၀အတိုင်းကြည်လင်စေတယ် အမဲစက်နဲ့ အမာရွတ်တွေသက်သက်စေပြီး ကော်လာဂျင်ထုတ်လုပ်မှုကိုအားပေးတယ်... ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမဲစက်တွေလျော့ကျစေတယ်.. ဒါ့အပြင် Anti-oxidant, Anti-aging ပါဝင်လို့ အရွယ်တင်နုပျိုစေတယ်..👸

ဒီလောက်ကောင်းကျိုးများတဲ့ ဗီတာမင်စီကို နေ့ညအသုံးပြုပေးရုံနဲ့ သိသာထင်ရှားတဲ့ရလဒ်ကို ရရှိစေပါတယ်..

Kathryn Beauty ကထုတ်လုပ်တဲ့ ဗီတာမင်စီမှာ ကော်လာဂျင်ပါဝင်ပြီး Sodium Hyaluronate ပါဝင်တဲ့အတွက် ပိုမိုအစွမ်းထက်ပါတယ်.. Essence type လည်းဖြစ်လို့ စေးကပ်ခြင်းမရှိဘဲ လိမ်းထားမှန်းမသိသာအောင် စိမ့်ဝင်အားကောင်းပါတယ်.. Facial Lotion လေးနဲ့ တွဲသုံးရင် အဆီပြန်တာသက်သာပြီး ၂ဆပိုမိထိရောက်ပါတယ်.. 🥰

ဒီလိုအစွမ်းထက်တဲ့ Vitamin C လေးတွေကို Kathryn Beauty ကနေ Vitamin C Essence (30ml) 14,000.Ks , Vitamin C Lotion (110ml) 18,000 Ks ကျပ်တည်းနဲ့ ရောင်းချပေးနေပါတယ်...😱😲

ဆယ်ကျော်သက်အရွယ် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံများကိုလည်း သက်သာစေဖို့ ၁၅နှစ်ကစ သုံးပေးနိုင်ပါတယ်။

Best Seller ဖြစ်တဲ့အပြင် Stock ပြတ်တဲ့အထိရောင်းရတဲ့ KB လေးတွေမှာယူချင်တယ်ဆိုရင်
အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေပြီနော်… Hello လိုက်နော် …😍

မှာယူလိုပါက ☎️ 09256317060 ကို Hello လိုက်နော်။

“Shine Bright Like A Diamond” 💎
🌏www.kathrynbeauty.com

Photos from Happy Life's post 20/01/2022

𝗔𝘂𝗿𝗮 𝗗𝗼𝘀𝗲 ဘူးဝါလေးရဲ့ပါဝင်ပစ္စည်းများ✨

#တစ်ပတ်အတွင်းအသားကြည်စေတဲ့𝗔𝘂𝗿𝗮𝗗𝗼𝘀𝗲𝗥𝗲𝘃𝗶𝗲𝘄
#အသားဖြူချင်သူများအတွက်

13/01/2022

မျက်စိပါဝါကျချင်သူတွေအတွက် ဆောင်ရန်ရှောင်ရန်များ

မျက်စိပါဝါချနည်းက ကိုယ်တိုင်သိပ်သိချင်တဲ့ မေးခွန်းတစ်ခုဖြစ်ခဲ့ဖူးပါတယ်။ Online မှာလဲ အမေးများတယ်။

မျက်စိသဘောက စနစ်တကျမျက်စိပါဝါမချတတ်ရင် (ဒါမှမဟုတ်) လုပ်နည်းမမှန်ရင် ပါဝါပိုတက်လာတတ်ပါတယ်။ အမှန်ကတော့ စာရေးသူကိုယ်တိုင်လဲစာရေးပြီးနောက်ပိုင်း (အထူးသဖြင့် ၀တ္ထုရေးပြီးနောက်ပိုင်း) မှာ မျက်စိပါဝါ သိသိသာသာတက်လာခဲ့ပါတယ်။ ဒါကြောင့် ပါဝါတက်နေသူတွေကိုကျစေချင်တဲ့စေတနာရှိခဲ့ပါတယ်။

တကယ်တော့ မျက်စိပါဝါကျဖို့ဆိုတာ တော်တော်ခက်ခဲတယ်။ လူငယ်အများစုကအဝေးမှုန်သမားတွေဖြစ်ကြတယ်။ ဂိမ်း၊ တီဗွီ၊ ကွန်ပျူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ အကျိုးဆက်ဆိုလဲမမှားပါ။ ဒီဘက်ခေတ်မှာ Online နဲ့ Facebook ကိုအလွန်အကျွံခေတ်စားလာတာလဲ မီးလောင်ရာလေပင့်ဆိုသလို ပိုဆိုးလာစေပါတယ်။

အထူးသဖြင့်ဖုန်းနဲ့စာကြည့်တာ မျက်စိကိုပိုထိခိုက်စေတယ်။ အခုဒီဆောင်းပါးမှာ မျက်စိပါဝါကျစေဖို့သာမက ရှောင်ရန်အချက်တွေကိုပါ တစ်ခါတည်းပြောပြသွားမှာဖြစ်ပါတယ်။

မျက်စိပါဝါချချင်ရင် မျက်စိကို ကောင်းကောင်းအနားပေးဖို့လိုပါတယ်။ ဖုန်း၊ ကွန်ပျူတာ၊ တီဗွီ Screen တွေကထွက်တဲ့ အလင်းစူးစူးတွေကို ကြည့်လို့မရပါဘူး။ ကွန်ပျူတာ၊ ဖုန်းအကြည့်များသူတွေအနေနဲ့ Brightness (အလင်း) ကို တတ်နိုင်သမျှလျှော့ချဖို့လိုပါတယ်။ အလင်းစူးစူးတွေက မျက်စိကြွက်သားကို ပိုကျုံ့စေတာကြောင့် ပါဝါတက်လာတတ်တယ်။ တချို့ Online စာမျက်နှာတွေမှာ နေကသိုဏ်းရှုဖို့ပြောနေတာမျိုးရှိတယ်။ တကယ်က နေရောင်အပါအ၀င် ဘယ်အလင်းစူးစူးကိုမှ စိုက်ကြည့်တာမျိုး မလုပ်သင့်ပါဘူး။ အဲဒီလိုပြုလုပ်ခြင်းဟာ အတွင်းတိမ် (Cataract) ဖြစ်စေရုံမက Macular Degeneration လို့ခေါ်တဲ့ မျက်စိအမြင်အာရုံကို တဖြည်းဖြည်းပျက်စီးစေနိုင်ပါတယ်။ အပြင်သွားတဲ့အခါလဲ UVA and UVB Rays 99% နဲ့100% ကြားကာကွယ်တဲ့ နေကာမျက်မှန်မျိုးတပ်ထားရပါမယ်။

အိပ်ရေးမ၀တာကလဲ မျက်စိကိုထိခိုက်စေတဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်အိပ်ချိန်ကောင်းကောင်းပေးဖို့လိုပါတယ်။ နောက်တစ်ခုက စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးမှုက ဇီ၀ကမ္မပြောင်းလဲစေရုံသာမက မျက်စိကြွက်သားကိုတင်းစေပြီး ပါဝါတက်လာစေပါတယ်။ စိတ်ရောမျက်စိကိုရော အနားပေးပါ။ မျက်စိသဘောကဆယ်မိနစ်တစ်ခါအနားပေးရပါတယ်။ ဒီနေရာမှာ မျက်စိအထူးကု Arun Sethi ပြောတဲ့အကြံပြုချက်က သိပ်ကောင်းပါတယ်။ ဒီနေ့ခေတ်လူငယ်တွေဟာ ကွန်ပျူတာ၊ ဖုန်းစတဲ့လျှပ်စစ်ပစ္စည်းတွေ၊ အလုပ်တွေကြားကရုန်းမထွက်နိုင်ကြဘူးတဲ့။ အဲ့ဒီအတွက် အကောင်းဆုံးအကြံပေးချင်တာက တစ်ခုတည်းပါ။ မျက်စိအာရုံစိုက်ရတဲ့အလုပ်မျိုးမှာ ခေါင်းငုံ့၊ ခေါင်းမော့လေ့ကျင့်ခန်း အကြိမ်နှစ်ဆယ်လောက် လုပ်ပေးပါတဲ့။ ဒီလေ့ကျင့်ခန်းက မျက်စိနဲ့လည်ပင်းကိုသွေးလျှောက်အားကောင်းစေပြီး မျက်စိပါဝါချရာမှာ အထောက်အကူပြုပါတယ်။

မျက်စိအနားပေးတဲ့အခါ Rule of 20 ဆိုတဲ့ ဥပဒေသတစ်ခုရှိပါတယ်။ ဒီဥပဒေသအရ သင်ဟာ အာရုံစူးစိုက်ရတဲ့အရာတစ်ခုကို အချိန်ကြာကြည့်မယ်ဆိုရင် မိနစ်နှစ်ဆယ်ပြည့်တိုင်း ပေ ၂၀ ခန့်အကွာမှာရှိတဲ့ အရာ၀တ္ထုတစ်ခုခုကို စက္ကန့် ၂၀ ကြာကြည့်ပြီးအကြောဖြေရမှာဖြစ်ပါတယ်။ ဒီနည်းက အမြင်အာရုံကိုသိသိသာသာတိုးတက်လာစေပါတယ်။

နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ မျက်စိရေဓါတ်အားဖြည့်ဖို့ဖြစ်ပါတယ်။ ရေဓါတ်ခမ်းခြောက်မှုက မျက်စိခြောက်ကပ်တာ၊ မျက်စိဝါးတာဖြစ်နိုင်ပါတယ်။ အစိုဓါတ်ပြည့်ဝနေဖို့ ရေများများသေက်သင့်ပါတယ်။ ဒီနေရာမှာအများစုမှားယွင်းနေတာတစ်ခုကို ဖော်ပြပါရစေ။ မနက်အိပ်ရာထထချင်း မျက်နှာကိုအရင်ဆုံးသစ်တာ မျက်စိအတွက်လုံး၀မကောင်းပါဘူး။ တကယ်လုပ်သင့်တာက ပါးစပ်ထဲရေတစ်ငုံအရင်ငုံလိုက်၊ နောက်ပြီးမှမျက်စိကိုဖွင့်ပြီး ရေနဲ့ပက်ဖျန်းရမှာဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဟာ မျက်စိကိုအေးမြစေပါတယ်။ အအေးဓါတ်က တင်းရင်းနေတဲ့မျက်စိကြွက်သားကို ပြေလျော့စေတာမို့ မျက်စိပါဝါကျဆင်းလာနိုင်တယ်လို့ဆိုပါတယ်။ ဒီအလေ့အကျင့်မျိုးကို မနက်အိပ်ရာထတိုင်းလုပ်ဖို့လိုအပ်ပါတယ်။

မျက်စိပါဝါကျဖို့လေ့ကျင့်ခန်းတွေရှိပါတယ်။ Eye Relaxation Exercise လို့ခေါ်ပါတယ်။ အရင်ဆုံး မိမိလက်ဖဝါးနှစ်ဖက်ကို ပူလာအောင်အချင်းချင်းပွတ်ပါ။ ထို့နောက်မျက်စိကိုပိတ်ပြီး ပူလာတဲ့လက်ဖဝါးကို မျက်လုံးပေါ်ဖိတင်ထားပါ။ စိတ်ထဲက မျက်စိကြွက်သားတွေလျော့နေပြီလို့ကိုယ့်ဘာသာသဘောထားပါ။ ဒီလေ့ကျင့်ခန်းမျိုးက အချိန်မပေးနိုင်ဘူးဆိုတဲ့ IT သမားတွေ၊ ကွန်ပျူတာရှေ့နာရီပေါင်းများစွာထိုင်နေသူတွေအတွက်အလွန်ကောင်းပါတယ်။ စာရေးတဲ့အခါစာရေးသူကိုယ်တိုင် ထိုသို့အလေ့အကျင့်လုပ်ထားပါတယ်။

မျက်မှန်သမားတွေတကယ်လုပ်ရမယ့် လေ့ကျင့်ခန်းက အခုမှပြောမှာပါ။ လေ့ကျင့်ခန်းကသိပ်မခက်ပါဘူး။ မျက်စိကိုအထက်အောက်၊ ဘယ်ညာကစားပေးရမှာဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ဖို့အရင်ဆုံးမျက်စိကို အပေါ်လှန်ကြည့်ပါ။ ပြီးရင် နာရီလက်တံလည်သကဲ့သို့ စက်ဝိုင်းပုံဖြည်းဖြည်းချင်းလှည့်ပြီးကစားပေးပါ။ ၁၀ ကြိမ်ရအောင်အရင်လုပ်ပါ။ ပြီးရင်အပေါ်ကိုကြည့်ပြီး နာရီလက်တံပြောင်းပြန်လားရာအတိုင်း မျက်စိကိုလှည့်ကစားပါ။ ၁၀ ကြိမ်ပဲလုပ်ရမှာဖြစ်ပါတယ်။ ပါဝါသိပ်မတက်သေးသူတွေအနေနဲ့မျက်မှန်တစ်ချိန်လုံးတပ်မထားသင့်ပါ။ သဘာ၀အမြင်ကိုလဲ အားကိုးသင့်ပါတယ်။ အဲ့ဒီအချက်ကမျက်မှန်ပါဝါသမားတွေ မကြာခဏမေးလေ့ရှိတဲ့ မျက်မှန်အမြဲတပ်ထားရမှာလားမေးခွန်းအတွက် အဖြေလဲဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်ရံ မျက်မှန်ချွတ်ထားသင့်ပါတယ်။

ဆက်ပြောရမှာက အစားအသောက်ရွေးချယ်မှုပါ။ မျက်စိထဲအာဟာရဓါတ်ပြည့်၀ဖို့လိုပါတယ်။ Vitamin A, Vitamin C, Lutein နဲ့ Beta Carotene ကြွယ်၀တာတွေက မျက်စိအားကောင်းစေပါတယ်။ ငါးကြီးဆီ၊ သင်္ဘောသီး၊ ထောပါတ်၊ ဖရုံ၊ တရုတ်ဆီးသီး နဲ့ စပျစ်သီးများများစားပေးပါ။ ဝါတဲ့၊ နီတဲ့ သစ်သီးများများစားရမယ်။ မုန်လာဥနီထဲမှာ မျက်စိအားကောင်းစေတဲ့ Beta Carotene ဆိုတဲ့ဓါတ်ပါပါတယ်။ မုန်လာဥနီများများစားပါ။ ဖျော်ရည်လဲလုပ်သောက်နိုင်ပါတယ်။ အာနိသင်ကတော့ အစိမ်းလိုက်ဝါးစားတာလောက်ဘယ်အရာမှမကောင်းပါ။ အခွံမာသီးနဲ့ငါးအဆီမှာ Omega 3 ဆိုတဲ့ဓါတ်ပါပါတယ်။ Omega 3 ကအသက်အရွယ်ကြောင့်ဖြစ်တဲ့မျက်စိမှုန်တာအတွက် အလွန်ကောင်းပါတယ်။ ဘယ်ရီသီးတွေက သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ မျက်စိသွေးလျှောက်မှုက ပါဝါကျစေနိုင်ပါတယ်။ ပါဝါသမားတွေရှောင်ရမှာက ချိုတာတွေဖြစ်ပါတယ်။ သကြားဓါတ်က အမြင်လွှာကိုပိုမိုပျက်စီးစေပါတယ်။ ထို့ကြောင့်အဆာပြေမုန့်ပဲသရေစာ၊ ဆီကြော်စာ၊ အာလူးကြော်၊ ကွတ်ကီးအစရှိသည်များကို ရှောင်ပါ။ ဆေးလိပ်၊ အရက်ကိုလုံး၀မသောက်ပါနဲ့။

မျက်စိပါဝါကျစေတဲ့အိမ်သုံးနည်းကတော့ သခွားသီးကပ်ပေးတာဖြစ်ပါတယ်။ ညအိပ်ခါနီးတိုင်း ရေခဲသေတ္တာအတွင်းထည့်ထားတဲ့ သခွားသီးကိုပါးပါးလှီးပြီး မျက်လုံးပေါ်တင်အိပ်ပါ။ အေးတဲ့ဓါတ်က မျက်စိကြွက်သားပြေလျော့စေပြီးမနက်ပိုင်းအိပ်ရာထချိန်တွင် မျက်လုံးကိုကြည်လင်စေမှာ ဖြစ်ပါတယ်။ အနှစ်ချုပ်ဆိုရသော် မျက်စိအားကောင်းစေရန် အစားအသောက်အရွေးချယ်တတ်ရမှာဖြစ်ပြီး မျက်စိလေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ဖြစ်ပါတယ်။ အထူးသဖြင့် နေ့စဉ်ကြက်ဥတစ်လုံး၊ ချဉ်သောသစ်သီးတစ်မျိုးမျိုး (သံပုရာသီး၊ လိမ္မော်သီး၊ ရှောက်သီး)၊ မုန်လာဥနီတစ်တောင့်နှင့် စပျစ်သီးတစ်တွဲစားပေးခြင်းဟာ မျက်စိပါဝါကိုသိသိသာသာကျဆင်းလာတာတွေ့ရမှာဖြစ်ပါတယ်။

Credit :: ဒေါက်တာအေးမင်းထူး

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay