Ye Lin Htet

Ye Lin Htet

Share

question message

16/08/2024

ပျက်နေတဲ့ နာရီတောင်
တစ်နေ့ကို နှစ်ချိန်မှန်တယ်တဲ့….
ရှိမှာပါ
သတိရတာချင်း တိုက်ဆိုင်တာမျိုး

12/08/2024

အိပ်ချိန်တွေလွန်နေမှန်းလည်း ကျွန်တော်သိတယ်---"

ဒါပေမယ့် အိပ်မရတာတော့ ကျွန်တော်လည်းမတတ်နိုင်ဘူး---"

11/08/2024

ခင်ဗျားကြောင့် ကျွန်တော်အများကြီး
ပျော်ရွှင်ခဲ့ရဖူးတယ်။
နာကျင်မှုတွေကိုခံစားခဲ့ရတာကလည်း
ခင်များကြောင့်ပါပဲ
ဒါပေမယ့် အဲ့နာကျင်မှုတွေကိုမေ့နိုင်ပြီး
အတိတ်ကပျော်ရွှင်စရာလေးတွေကိုတော့
မမေ့နိုင်ခဲ့ဘူး

တစ်ချိန်ချိန်မှာ ပြန်မဆုံစည်းနိုင်ခဲ့ရင်တောင်
အတူရှိမနေနိုင်တော့ရင်တောင်
ပျော်ခဲ့ဖူးတဲ့ ဒီနေ့ရက်တွေအတွက်
တစ်ဘဝလုံးစာ ကျွန်တော် ခင်ဗျားကို
ကျေးဇူးတင်နေမှာပါ။

09/08/2024

အသက် ၁၅ နှစ်လောက်က ထင်ခဲ့တာ
အသက် ၂၀ ကျော်သွားရင် လူတွေက
အလုပ်ကောင်းကောင်းတစ်ခုနဲ့ ဘဝမှာအထိုင်ကျပြီး၊
ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်သေချာသိပြီး၊
ကိုယ့်အလုပ်ကိုယ် ကျွမ်းကျွမ်းကျင်ကျင်နဲ့
တစ်ဘဝလုံး အေးဆေး တစ်ဖြောင့်တည်း
တည်တည်ငြိမ်ငြိမ်ဖြတ်သန်းသွားကြမှာပဲလို့ ..

အခု ကိုယ့်ဘာသာ ၂၅ ကျော်လာမှသိတယ်
ဘာမှလည်းဖြစ်မလာဘူး၊ ဘာလုပ်နေမှန်းလည်းမသိဘူး၊
ဘာဆက်ဖြစ်မယ်မှန်းလည်း မသိဘူး၊
ဘာမှလည်း မသေချာသေးဘူး ..

🤍

01/08/2024

ချစ်ခြင်းမေတ္တာက လူသိပ်ရွေးတယ် အချစ်ရဲ့
မင်းမှမဟုတ်ရင် မချစ်ဘူး
မင်းကလွဲပြီး ဘယ်သူ့ကိုမှ ချစ်လို့မရဘူး
ဘယ်အရာတွေမှာမှ အတ္တမကြီးတတ်တဲ့ကိုယ်က
မင်းကိုတော့ဖြင့် လိုလိုချင်ချင် ဖြစ်မိတယ် ။

💭 || 1.8.2024

30/07/2024

တကယ်ကို လိုတာထက်ပိုပြီး ရင့်ကျက်ခဲ့ရတဲ့နှစ်ပါပဲ။

အမြဲ ကိုယ်လိုချင်သလိုမဖြစ်ဘူးဆိုတာကို
လက်ခံခဲ့ရသလို၊ ပျက်စီးသွားတဲ့ အရာတိုင်းကို
ပြင်ဖို့ မလိုဘူး၊ ပြင်ချင်တိုင်းလည်း မရဘူးဆိုတာနားလည်ခဲ့ရတယ်။

အနားမှာမရှိတော့တဲ့ လူတွေကို အမှားတွေလုပ်ခဲ့မိရင် တောင်းပန်ချင်ပြီး အနားမှာရှိနေသေးတဲ့
လူတွေအပေါ်လည်း အများကြီး ပိုကောင်းတဲ့
လူတစ်ယောက် ဖြစ်လာချင်ပါသေးတယ်။

21/04/2024
13/08/2023

ပျော်အောင် နေပါနော် ...

ပျော်မနေဘူးဆိုတာ သိပေမယ့် ဒီစကားလေးတစ်ခွန်းတော့ ပြောပါရစေ ကလေးရေ ... ခက်ခဲခြင်းတွေ ပင်ပန်းခြင်းတွေ အများကြီး ကြားမှာ အနည်းဆုံးတော့ ပျော်အောင် နေပါနော် ။ မပျော်လို့မဖြစ်ဘူးလေ ကိုယ်ပျော်လားမပျော်လား ကြည့်နေတဲ့ မျက်လုံးတွေ အများကြီးကြားမှာ အနိမ့်ဆုံးတော့ မပျော်လဲ ပြုံးထားရတာပေါ့ ။ ပြိုလဲလို့မရဘူး မျက်နှာ ညိုသွားလို့လဲ မရဘူး မဟုတ်လား ။

ပြီးတော့လေ ...၀မ်းနည်းခြင်းတွေရှိလာတဲ့အခါ သိသိသာသာ မျက်နှာပျက်တတ်တဲ့ကလေးက... ရင့်ကျက်ချင်ပြီလို့ အမြဲတဖွဖွပြောတယ်မဟုတ်လား ။ မဟုတ်ဘူးကလေးရဲ့ ရင့်ကျက်ရတာကလေ တစ်ခါတစ်လေကျတော့ ပိုပင်ပန်းတယ် ပိုမြိုသိပ်ရတယ် ပြီးတော့ ပို နားလည်လာတာနဲ့အတူ ပို ထိန်းချုပ်တတ်ရတယ် ကလေးရဲ့ ။ ဒီပုံစံလေးအတိုင်းပဲ ပျော်အောင်နေပါ ။

မပျော်ဘူးဆိုတဲ့အခါ ငိုတတ်တဲ့ကလေးက ... ဘယ်သူ့မှ မသိအောင် မျက်ရည်တွေကျပေါ့ ။ ကိုယ့်အပေါ် မကောင်းတဲ့ လူတစ်စုအတွက် အများကြီး တွေးတောမနေနဲ့တော့ အများကြီး အပင်ပန်းမခံနဲ့တော့ ။ ကိုယ်ဘယ်လောက်ကြည့်ကြည့် ကိုယ့်အတွက် ပြန်မကြည့်တဲ့ လူတွေအတွက် တစ်ခါတစ်လေကျတော့ အတ္တကြီးသင့် ကြီးရမယ်လေနော် ။ တစ်ခါတစ်လေကျ တစ်ကိုယ်ကောင်းဆန်သင့် ဆန်ရတတ်တယ် ။

ဒဏ်ရာတွေ အများကြီး သိမ်းထားပြီး ... နာကျင်ရတဲ့ ရက်တွေပဲ ရေတွက်နေရတာ မောပြီ မဟုတ်လား ။ ထားလိုက်တော့နော် ။ နာကျင်နေရပြီဆိုတဲ့အခါ ဆက်ပြီးဆွဲထားဖို့ထက် လွှတ်ချလိုက်ဖို့ပဲတွေးနော် ကလေး ... အစစအရာရာက အဆင်ပြေသွားမှာပါဆိုပြီးမှတော့ ကိုယ့်ကိုယ်ကိုယ်ကော ကလေးကို​ကော မညာချင်တော့ဘူး ။ ဒါပေမယ့် အဆင်ပြေလာမယ့်တစ်နေ့ထိ ပျော်ပျော်လေးပဲနေရမယ်လေ ။

ဘာပဲ ဖြစ်ဖြစ် ... ဒီကလေးက ပျော်နေမှ ဖြစ်မှာပါ ။ ပြီးတော့ ပြုံးနေမှ ဖြစ်မှာ ။ အတတ်နိုင်ဆုံး ပျော်အောင် နေပါနော် ။

#ကျေးကို

13/08/2023

မပိုင်ဆိုင်ထားရတော့သလိုဘဲ
အပေါ်ရံတွေဖြစ်နေပါပီ
😊😊😊

Photos from Ye Lin Htet's post 17/07/2021

💯Cotton Bkk made T shirt တွေ Boy ရော Girl ရော ဝတ်လို့ရပါတယ်ဗျ.🙎‍♂️🙍

လိုချင်တဲ့ဒီဇိုင်းပုံ၊အရောင်၊ဆိုဒ် လေးပြပီးလည်းမှာယူလို့ရပါတယ်ဗျ..👕

Quality အသားကောင်းတာမို့ ယုံကြည်စိတ်ချပါဗျ...

Surprise gift ပေးလို့ အရမ်းအဆင်ပြေတယ်နော်🎁
Size....S....7000Ks,M-7500Ks
L-8000Ks
XL-8500Ks
Xxl-9500ks

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay