Radiance Beauty Store
Beauty Products
29/07/2026
ချိုင်းချွေးထွက်များတာ ချိုင်းအနံ့ဆိုးထွက်တာ ချိုင်းအသားရေပျက်စီးတာတွေကို ကာကွယ်ပေးမယ့် Vaseline Dry Serum လေးတွေ ✅Instock✅ရှိတယ်နော်။
29/07/2026
🌼Instock🌼
29/07/2026
𝗦𝗸𝗶𝗻𝗽𝗮𝘀𝘁𝗲𝗹 𝗫𝟱 𝗔𝗹𝗹 𝗗𝗮𝘆 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 𝗔𝗺𝗽𝗼𝘂𝗹𝗲
250𝗺𝗹 💟Instock💟
💜ဒါလေးက နေ့ဘက်လိမ်းရမဲ့ Collagen Booster လေးပါ။
💜သူလေးက နေလောင်ထားတဲ့ အသားရေ,
💜ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ် အမဲစက်တွေကို သက်သာစေမယ့် Ampoule Serum လေးပါ။
💜အဓိက Collagen နဲ့ Hyaluronic Acid ပါဝင်တဲ့အတွက်
💜အသားရေ ညစ်ထေထေးဖြစ်တာ
💜အသားခြောက်သွေ့ ကြမ်းတမ်းတာ
💜အသားရေလျော့တွဲတာ တွေကိုသက်သာစေပါတယ်။
💜အသားရေကို Collagen ဓာတ်ဖြည့်တင်းပေးပြီး
💜အသားရေ တင်းရင်စိုပြေ ဝင်းပစေပါတယ်။
❌【စာသားများကူးယူခွင့်မပြုပါ】❌
🤗စိတ်ဝင်စားတာလေးများရှိရင် CB မှာစိတ်ကြိုက်မေးလို့ရပါတယ်ရှင့်😍
✨𝐑𝐚𝐝𝐢𝐚𝐧𝐜𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐭𝐨𝐫𝐞✨
🏠ဆိုင်လိပ်စာလေးကတော့…
56th Street, Bet: 36th & 37th Streets, Mandalay.
📱Ph: 09-959516007
ဆိုင်ဖွင့်ချိန်လေးကတော့...
Mon to Fri - 9 AM to 6:30 PM
Sun - Closed
ပါရှင့်။
29/07/2026
Mugwort Essence ကြိုက်သူများအတွက် ရွေးချယ်စရာ Item လေး တခု Yoon Skin Mugwort Essence 150ml ✅Instock✅ရှိတယ်နော်။
29/07/2026
✨🌟 𝐆𝐥𝐨𝐰 𝐒𝐤𝐢𝐧 𝐒𝐭𝐚𝐫𝐭𝐬 𝐇𝐞𝐫𝐞 🌟✨
အသားအရေမွဲညစ်ခြောက်ကပ်ပြီး စိုပြေကြည်လင်မှုမရှိတော့ဘူးလား? 😩
အဆီဖု၊ အသားရောင်မညီမှု၊ အမဲစက်တွေကြောင့် စိတ်ညစ်နေပါသလား?
💛 𝐓𝐡𝐞 𝐎𝐫𝐝𝐢𝐧𝐚𝐫𝐲 𝐆𝐥𝐲𝐜𝐨𝐥𝐢𝐜 𝐀𝐜𝐢𝐝 𝟕% 𝐓𝐨𝐧𝐞𝐫 💛(240𝐦𝐥) US Import ✅Instock✅
တစ်ပတ်အတွင်း အသားအရေကို ကြည်လင်ဝင်းပစေဖို့ ကူညီပေးမယ့် Exfoliating Toner လေးပါ✨
🌼 𝐌𝐚𝐢𝐧 𝐁𝐞𝐧𝐞𝐟𝐢𝐭𝐬 🌼
✔️ Dead Skin Cells တွေကို နူးညံ့စွာ ဖယ်ရှားပေးပါတယ်
✔️ Skin Texture ကို ချောမွတ်လာစေပါတယ်
✔️ အမဲစက်၊ အသားရောင်မညီညာမှုတွေကို လျော့ပါးစေတယ်
✔️နောက်လိမ်းမယ့် Skincare များကိုလဲ ပိုမို Effective ဖြစ်စေပါတယ်
✔️ Glow Skin Look ရစေပြီး Radiant Complexion ပေးပါတယ်
✔️ ချွေးပေါက်အတွင်းထဲထိသန့်ရှင်းစင်ကြယ်စေပြီး အသားအရေ Fresh ဖြစ်လာစေပါတယ်
💧 7% Glycolic Acid – အသားအရေကို နူးညံ့စွာ Exfoliate လုပ်ပေးပြီး Bright Skin ရစေပါတယ်
🌿 Aloe Vera & Tasmanian Pepperberry – Skin ကို Soothing & Calm ဖြစ်စေပါတယ်
✨ Ginseng Root & Amino Acids – Skin Repair & Anti-Aging Care အတွက် အထူးကောင်းမွန်ပါတယ်
📌 𝐇𝐨𝐰 𝐭𝐨 𝐔𝐬𝐞
🌙 ညဘက် (PM Routine) မှာ အသုံးပြုရန် အကောင်းဆုံးပါ
🫧 မျက်နှာသစ်ပြီး Cotton Pad နဲ့ မျက်နှာနှင့် လည်ပင်းပေါ် ညင်သာစွာ သုတ်လိမ်းပေးပါ
🚫 Sensitive Skin / Damaged Skin ပေါ်မှာ မသုံးသင့်ပါ
☀️ နေ့ဘက် Sunscreen မဖြစ်မနေ လိမ်းပေးပါ
💥 အသားအရေမွဲခြောက်နေတာကို Bye Bye 👋
Glass Skin Glow Look ရဖို့ ဒီ Toner လေးကို Routine ထဲ ထည့်သုံးကြည့်နော် 😍💖
Price - 115000 Ks (240ml)
💯% 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐅𝐫𝐨𝐦 𝐔𝐒𝐀
❌【စာသားများကူးယူခွင့်မပြုပါ】❌
28/07/2026
Oily Acne Prone Skin တွေ အရမ်းကြိုက်ကြတဲ့ Skin-1004 Centella Ampoule (30ml, 55ml, 100ml)🤎Instock🤎ရှိတယ်နော်
တအားပျော့လွန်းလို့ ဘာမှမသိသာဘူးဆိုပြီး ဂျောင်ထိုးထားခဲ့မိဖူးတဲ့ အရာလေးက ကိုယ့်အတွက်အကောင်းဆုံးထဲက တစ်ခုဖြစ်နေခဲ့တယ်။ PAO လွန်သွားမှာစိုးလို့ နှမြောပြီး ထပ်သုံးနေခဲ့တာ ဘူးတစ်ဝက်ကျိုးမှ ကိုယ့် skin ကအရင်ထက်ပို ကောင်းလာတာကိုသတိထားမိတာ။ သူက mild ဖြစ်ပြီး Texture ကလည်း lightweight ဖြစ်တော့ ကိုယ်သုံးနေတဲ့ Skincare routine အတွက် အနှောက်အယှက်မဖြစ်ပါဘူးဆိုပြီး Toner သုံးပြီးတိုင်းသူ့ကိုသုံးတာ။ သူက စစသုံးချင်း ၁ပတ်၂ပတ်လောက်နဲ့တော့ result ပြမှာမဟုတ်ဘူး သူ့ result ကိုမြင်ရဖို့ တော်တော်လေးတော့ စိတ်ရှည်ရတယ်။ mild ဖြစ်တော့ သူ့ကိုသုံးနေတဲ့အတောအတွင်း ကန်ထွက်တာမျိုးတော့ မရှိခဲ့ဘူး။ သူက အနံ့လည်းမပါဘူး texture ကလည်း အပေါ်မှာပြောခဲ့သလို ကျဲကျဲလေးပဲ toner နဲ့တောင်တူတယ် လိမ်းပြီး အသားထဲ ခဏလေးနဲ့ စိမ့်ဝင်သွားတာ။ non - comedogenic လည်းဖြစ်လို့ ချွေးပေါက်ပိတ်တာမျိုးလည်းမဖြစ်စေဘူး။ ဒါကြောင့် sensitive skin နဲ့ ance prone skin သမားတွေ စိတ်ချပြီးတော့ သုံးလို့ရတယ်။
Alcohol free,Oil free,Paraben free,Allergy free,Fragrance free,Sulfate free,Silicone free,Cruelty free ဖြစ်ပြီး ပါဝင်တဲ့ ingredients တွေကလည်း ရိုးရှင်းတယ်။ ပြီးတော့ သူက fungal acne လည်း safe ဖြစ်တော့ Centella နဲ့မတည့်တဲ့သူကလွဲရင် အားလုံးနဲ့အဆင်ပြေတယ်။ ဒီ ampoule က brightening နဲ့ အမာရွတ် အမဲစက်လေးတွေကို သက်သာစေနိုင်ပေမယ့် အဲ့လုပ်ဆောင်ချက်အတွက်က Glycerin တစ်မျိုးပဲပါလို့ အချိန်တော်တော်ပေးပြီး သုံးနိုင်မှ effect ကို ခံစားရမှာပါ။ ဒီ ampoule ရဲ့ ကောင်းတဲ့အချက်တွေက skin ကို soothing ဖြစ်စေတာ calming ဖြစ်စေတာ barrier ကိုပြန်ပြင်ပေးတာ mild ဖြစ်ပြီး လူတိုင်းသုံးလို့ရတာတွေပါ။ ပုံမှန်ဆို တစ်ပတ်မှာ အဖုတွေ ငါးဖုခြောက်ဖုလောက် ထွက်လေ့ရှိပေမယ့် ဒီ ampoule သုံးနေတဲ့အတောအတွင်းမှာတော့ ဝက်ခြံက အလွန်ဆုံးထွက်မှ တစ်ဖုနှစ်ဖုလောက်ပဲထွက်တော့တယ်။ brakeout ဖြစ်နှုန်းကတော်တော်လေးကို လျော့ကျသွားတာ။ သူ့ကို all skin types သုံးလို့ရပြီး Dry skin ဆိုရင်တော့ မဖြစ်မနေ သူ့နောက်က hydration skincare step တစ်ခုလောက်တော့ ထည့်ရပါမယ်။ Centella-cica နဲ့မတည့်ရင်တော့ မသုံးပါနဲ့။ အခုမှ စသုံးမယ်ဆိုရင်တော့ ဘူးသေးလေး အရင်ဝယ်သုံးပါ။ ကိုယ်က centella နဲ့တည့်တာသေချာရင်တော့ 100ml ပုလင်းကြီးကို ဝယ်ချပါ သူကပိုတန်ပါတယ်။ အတုလည်းအရမ်းပေါတာမို့ စိတ်ချရတဲ့ နေရာကနေဝယ်ပါနော်။
28/07/2026
သင်းပျံ့လန်းဆန်းစေမယ့် ရနံ့ဆိုတာ ဒါကိုပြောတာနော် 💠Instock💠
တအားမွှေးတယ် လို့ ပြောကြသလို ဟုတ်တယ်ဗျ တော်တော်မွှေးတာ 😁
🩵 နာမည်ပိုကြီးတာကတော့ ပန်းရောင်လေးနဲ့ ခရမ်းလေးထင်တယ် ငုံးကတော့ ဆိုင်မှာ အနံ့တွေ စမ်းခဲ့တာ အဲ့ဒီ 2 မျိုးက ရဖူးနေကြ ထူးမခြားနား ရနံ့တွေလို့ ခံစားရသလို ငုံးကိုယ်တိုင်ကလည်း body wash ဆိုရင် ချိုတာ ၊ အီတာတွေ အဝယ်များလို့ ဒီတစ်ခေါက်တော့ တအားကို fresh ဖြစ်ပြီး အေးမြနေတဲ့ရနံ့လေးကိုပဲ ယူခဲ့လိုက်တယ်ဗျ
🩵 Sea Salt & Lime ဆိုတဲ့ ရနံ့အတိုင်းပဲ လုံးဝ ပင်လယ်ကြီးကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ salty ဖြစ်တဲ့ ခပ်အေးအေးရနံ့ထဲကို သံပုရာရည်ညှစ်ချထားသလို တအားကို fresh & clean ဖြစ်တယ် ဒါနဲ့ရေချိုးပြီးရင် လူက စိတ်ကို ကြည်လင်သွားတာပဲ အဲ့ဒီလို ရနံ့မျိုးနဲ့အတူ ပေါ့ပါးအေးမြတယ် ဆိုတဲ့ ခံစားချက်ကို အပြည့်ရအောင် menthol ကို ပါးပါးလေးထည့်ပေးထားတာ NICE !!! 🤩 သူ့ menthol က မတရားအေးစိမ့်နေတာ မဟုတ်ဘဲ အနေတော်လေးပဲမို့လို့ အဆင်ပြေတယ်
🩵 အပေါ်က ငုံးပြောတဲ့ အေးမြလန်းဆန်းတဲ့ရနံ့ထဲမှာ ပန်းနံ့ခပ်ပါးပါးလေးက နောက်ကလိုက်တယ် ဘာလို့လဲဆိုပြီး နောက်ကိုကြည့်လိုက်တော့ သူ့မှာ ylang ylang essential oil ပါတာကြောင့်ပါ ဒီပန်းရနံ့က တအားကို luxurious ဖြစ်လို့ ငုံးတော်တော်ကြိုက်တဲ့ ရနံ့ပါ
🩵 Gel Texture နဲ့လာတာမို့ Lux ရဲ့ အရင် shower cream တွေလောက် အမြှုပ်ထွက်အားမများဘူး ဒီမှာ သုံးထားတဲ့ surfactants တွေကလည်း SLES နဲ့ အုန်းသီးကရတဲ့ mild surfactant တွေပဲမို့ သုံးရတာ အသားအရမ်းခြောက်ကပ်သွားတာ မရှိဘူး
🩵 သူ့ရဲ့ Visual ကတော့လေ တအားကိုလှတာ ဘူးထဲမှာ suspended air bubbles လေးတွေက aesthetic ဖြစ်ဖြစ်ကို ရှိနေတာ ဒါက acrylates copolymer ကြောင့် ဖြစ်နိုင်တယ် အသားအရေအတွက်တော့ ဘာမှထူးမှာမဟုတ်ဘဲ visual အတွက်နဲ့ sensory experience သက်သက်အတွက်ပါပဲဗျ
🩵 နာမည်ကြီးသလို အနံ့စွဲလားဆိုရင်တော့ ငုံးလည်းမပြောတတ်ဘူး
ငုံးက ရေချိုးပြီးရင် lotion မလိမ်းရ မနေနိုင်တာ အားလုံးအသိဘဲ 😁 အဲ့ဒီတော့ lotion ထပ်လိမ်းတဲ့အခါ သူ့အနံ့က ပျောက်သွားမှာပဲ
🩵 ရေချိုးနေတဲ့အချိန်မှာတော့ သူပေးတဲ့ ရနံ့ပိုင်းက တအားကို စိတ်ကျေနပ်ဖို့ကောင်းတယ် ငုံးနောက်ထပ် ပန်းရောင်လေး ထပ်ဝယ်ဖြစ်လောက်မယ်ဗျ
28/07/2026
💚 နုပျိုတင်းရင်းပြီး Glow Skin လေးရချင်တယ်၊
⚡Retinol ကိုလဲသုံးချင်တယ်၊ Sensitive လဲဖြစ်တယ်၊ အဆင်မပြေမှာတို့ မတည့်မှာတို့ဖြစ်မှာကြောက်တယ်
⚡Retinol လိုမျိုး Anti-Aging Effect လဲရရှိပြီး Safe ဖြစ်တဲ့အထဲက သုံးချင်တယ် ဆိုရင်
ဒီ Bakuchiol Cream လေး သုံးကြည့်နော်
𝗘𝗾𝗾𝘂𝗮𝗹𝗯𝗲𝗿𝗿𝘆 𝗕𝗮𝗸𝘂𝗰𝗵𝗶𝗼𝗹 𝗣𝗹𝘂𝗺𝗽𝗶𝗻𝗴 𝗖𝗮𝗽𝘀𝘂𝗹𝗲 𝗖𝗿𝗲𝗮𝗺 (50ml) 💜Instock💜
✨ Bakuchiol ပါဝင်တဲ့ Plumping Cream လေးဖြစ်လို့ အစိုဓာတ်ပြည့်ဝစေပြီး အသားအရေကို တင်းရင်းစေပါတယ်။
💜အရေပြားလျော့တွဲတာတွေ၊ Age Spot ဖြစ်တာတွေ၊ အရေးအကြောင်းဖြစ်တာတွေ၊ အသားရေတွန့်တာတွေ ချွေးပေါက်ကျယ်တာတွေကို သက်သာစေပြီး အရွယ်တင်နုပျိုစေပါတယ်။
💥 Ultra-fine Capsules ထဲက Bakuchiol က
လိမ်းလိုက်တာနဲ့ အသားရေထဲလျှင်မြန်စွာစိမ့်ဝင့်စေပြီး
👉 Firming Effect (တင်းရင်းမှု) ကို ချက်ချင်းပေးနိုင်ပါတယ်
🌟 Key Ingredients:
✔️ 99% Pure Bakuchiol – ချွေးပေါက်များညီပြီး ကျဥ်းစေတယ်၊ Elasticity တိုးစေပါတယ်
✔️ Collagen 5 မျိုး – အသားအရေကို နူးညံ့တင်းရင်းစေပါတယ်
✔️ Ceramide 5 မျိုး – Skin Barrier ကို ပြန်လည်ပြုပြင်ပေးပါတယ်
✔️ Niacinamide – Skin Tone ကို ညီညာတောက်ပစေပါတယ်
✔️ Avocado Green Peptide – Deep Hydration + Firming Effect အပြည့်ရရှိစေပါတယ်💧
💧 Skin အတွက်ဘာတွေရှယ်ကောင်းစေသေးလဲဆိုတော့...
✨ အသားအရေကို Plump ဖြစ်စေပြီး Fine Lines လျော့နည်းစေပါတယ်
✨ Barrier ကိုခိုင်မာစေပြီး Sensitive Skin ကိုပါ သက်သာစေပါတယ်
✨ Tone ကိုညီညာစေပြီး Glow Skin ရစေပါတယ်
✨ Non-irritating Formula ဖြစ်လို့ Skin Type မရွေးသုံးလို့ရပါတယ်
🌿 Sensitive Skin တောင် စိတ်ချလက်ချ သုံးလို့ရတဲ့ Gentle Formula နဲ့ထုတ်လုပ်ထားတဲ့ Moisturizer လေးပါ
---
💡 ဘာကြောင့် ဒီ Product ကို ရွေးချယ်သင့်လဲ ဆိုတော့...
👉 Retinol မတည့်တဲ့သူတွေအတွက် အစားထိုးအဖြစ် Bakuchiol သုံးလို့ရပါတယ်
👉 Anti-aging + Hydration + Barrier Repair စတဲ့ Effect တွေကို တစ်ခါတည်း ရရှိစေနိုင်ပါတယ်
👉 Skin ကို မထိခိုက်ဘဲ နေ့စဉ်အသုံးပြုနိုင်ပါတယ်
👉 Long-term သုံးရင် Skin Texture ပိုမိုကောင်းမွန်လာစေပါမယ်
---
📌 အသုံးပြုပုံ:
Moisturizer နေရာမှာ
Cream ကို သင့်တင့်အရွယ်ယူပြီး
မျက်နှာအနှံ့ လိမ်းပါ
ပြီးရင် လက်နဲ့ ဖွဖွလေးပုတ်လိမ်းပေးပါ — စိမ့်ဝင်မှုအားကောင်းစေပါတယ် ✨
---
💖 နုပျိုတင်းရင်းပြီး အရေပြားကောင်းမွန်ချင်တဲ့သူတိုင်းအတွက် Must-Have Cream လေးတစ်ခုပါ!
💯% 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐅𝐫𝐨𝐦 𝐊𝐨ŕ𝐞𝐚
❌【စာသားများကူးယူခွင့်မပြုပါ】❌
28/07/2026
Dr.Althea 345 Relief Cream Mist 60 ml ⚪️Instock⚪️
Face Mist Crazy ဆိုပေမယ့် တစ်ဗူး မကုန်ခင် နောက်တစ်ဗူး ကြိုဝယ်ဖြစ်တဲ့ Face Mist ဆိုလို့ Dr. Althea ရဲ့ 345 Relief Cream Mist ပဲရှိတယ်။
One of my favorite face mist လို့တောင်ပြောလို့ရပါတယ်။
Hydration & Calming အတွက် Face Mist ကောင်းကောင်းကိုရှာနေရင် မျက်စိမှိက်ရွေးရင်တောင် လုံးဝ အရွေး မမှားစေရဘူး အာမခံတယ်။
သားဖြိုးလေ skincare အထပ်ထပ်လုပ်ဖို့ အချိန်မရတဲ့နေ့တွေဆိုရင် Toner & Serum Step တွေကို Skip ပြီး သူ့ကို 2 Layers (၂ကြိမ်) ဖြန်းပြီး Moisturizer လိမ်းတာတောင် အသားအရေက စို ကြည် glow နေရာ …။
၁ကြိမ်ဖြန်းလိုက်တာနဲ့တင် မွဲခြောက်နေတဲ့ အသားအနေက ဝုန်းခနဲ့ ရေဓာတ်တွေပြည့်ပြီး Glow ထွက်သွားစေတဲ့ Mist ကွာ။
သားဖြိုးက သူ့ကို မိတ်ကပ်လိမ်းပြီး Setting Spray အနေနဲ့ သုံးရတာထပ် ခုလိုမျိုး Skincare Step တွေမှာ ထည့်သုံးရတာကိုကြိုက်တယ်။
Setting Spray အနေနဲ့ ဖြန်းရင် သားဖြိုး မျက်နှာအသားအရေပေါ်မှာ အဆီ ပိုပြန်တယ်လို့ခံစားရတယ်။
လိုတာထပ်ပို ဖြန်းမိရင် မိတ်ကပ်သားက ကွက်တယ်၊ ရွေ့တယ်။
All skin types သုံးလို့ရတယ်။
Oryza Sativa Bran Water က Main Ingredient ဖြစ်နေတာမို့ Rice နဲ့ ဓာတ်မတည့်တဲ့ သူတွေဆို မသုံးပါနဲ့။
သားဖြိုးကတော့ Dehydrated Skin နဲ့ နီစပ်စပ် အသားရေပိုင်ရှင်တွေကို အဓိကညွှန်းပေးချင်တယ်။
❗️cream mist ဖြစ်တာမို့ 2 Layers ကို Mix ဖြစ်အောင် မသုံးခင် သေချာလေး Shake လုပ်ဖို့လိုတယ်။
ဒီတော့ ဒီလောက်ပဲ …!
နောက် Review တွေမှာ ပြန်တွေ့ကြတာပေါ့ 🤍
Cosrx Clear Fit Master Patch (18 Patches)
Cosrx AC Collection Acne Patch (26 Patches)
✅Instock✅
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
56th Street, Bet 36th & 37th Streets
Mandalay
