Inner Power Of Wizardy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Inner Power Of Wizardy, Health/Beauty, Mandalay.
25/09/2022
အခုတလော ကျွန်တော်က
ကျွန်တော် နောက်တစ်ယောက်ဖြစ်ချင်နေတယ်
ကိုယ်နှစ်သက်တဲ့လူတွေနဲ့ပဲ တွေ့ချင်နေပြီး
ကိုယ် မနှစ်မျို့တော့တဲ့လူတွေဆိုရင်
မျက်နှာချင်းတောင် မဆိုင်ချင်တော့ဘူး
ပြီးတော့ တချို့အတိတ်တွေကို
ဘဝထဲက အပြီးထုတ်ပယ်ချင်လာတယ်
ဘယ်တုန်းကမှ မဖြစ်ခဲ့သလိုလေ
တချို့သော အတိတ်တွေကိုတော့ အိုမင်းသွားတဲ့အချိန်ထိ မှတ်မိချင်နေတယ်
ဘဝကို လူအသစ် စိတ်အသစ်နဲ့ ရှင်သန်ချင်တယ်၊
လူတစ်ယောက်ကို ရူးနစ်နေအောင် မချစ်ခဲ့တဲ့
လူတစ်ယောက်အဖြစ်နဲ့
မှားနေတာတွေကိုသိသိရက်နဲ့လက်မခံတတ်ခဲ့တဲ့လူတစ်ယောက်အနေနဲ့
ကိုယ်လွတ်ရုန်းထွက်တတ်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့စသည်ဖြင့် ရှင်သန်ချင်ပါတယ်၊
နောက်ပြီး ကျွန်တော် အသစ်တစ်ယောက်အဖြစ်နဲ့
နေသွားချင်တယ်
ဒါမှမဟုတ် တချို့ဆက်ဆံရေးတွေကို
အစကနေ ပြန်စချင်တယ်
ဒါပါပဲ။
09/09/2022
လိုအပ်တာထက် ပိုပြီး ဈေးပေါမိတဲ့အခါ
ချစ်ခြင်းမေတ္တာတွေဟာ
ပြန်လမ်းမဲ့ဖြစ်သွားတယ် ။
ခင်ဗျားအတွက်ဆိုရင်
အဆင်သင့်ဖြစ်နေတာများလာတော့
ကိုယ့်ကိုယ်ကိုယ် မနည်းပြန်ရှာယူရတယ် ။
ပြတ်လုနီးပါး ဆက်ဆံရေးတွေကို
မျက်ရည်ခံထိုးပြီး မသီချင်တော့ပါဘူး ။
သေလောက်အောင်ချစ်တဲ့သူတွေကပဲ
သေလောက်အောင်ဒဏ်ရာတွေ ပေးတတ်ကြတာမဟုတ်လား ။
ရုပ်ပျက်ဆင်းပျက်ချန်ထားခဲ့ခဲ့ရမှ
ကျန်ခဲ့ရခြင်းမဟုတ်ပဲ
တနုံ့နုံ့နဲ့ သေပန်းပွင့်ခြင်းဟာလည်း
ကျန်ခဲ့ရခြင်းတစ်မျိုးပါပဲ ။
#တိမ်လွင့်ဝေး
07/09/2022
Chinese Grand Master သည် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာစသည့် ကင်ဆာအားလုံးနီးပါးကို ကုသပေးနိုင်သည်။ ကင်ဆာဝေဒနာရှင်များကို မိတ်ဆက်ပေးပြီး မဟာမာစတာနှင့် ပူးပေါင်းဆောင်ရွက်သူတိုင်းကို ငွေကျပ် ၁၀ သိန်း ချီးမြှင့်မည်ဖြစ်သည်။
ဆက်သွယ်ရန်ဖုန်း 09942900411
04/09/2022
ဘဝကိုစိတ်ချမ်းသာအောင်နေဖို့
အစီအစဉ်တခုချမှတ်ရမယ်....။
နံပါတ် ၁။
-------------
ကိုယ့်အပေါ်ဂရုစိုက်တဲ့သူတွေကို အချိန်ပိုပေးပြီး
ကိုယ့်ကိုအလေးအနက်မထားတတ်သူတွေကို
ဥပက္ခာပြုလိုက်ပါ....။
နံပါတ် ၂။
------------
ရှေ့မှာ အဆိုးအကောင်း ဘာတွေဖြစ်လာမယ်မသိပဲ
ကြိုတင်တွေးပူတတ်တဲ့ စိတ်ကိုပြုပြင်ပါ...။
နံပါတ် ၃။
-------------
ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်အမှားတွေအတွက်
နောက်ကြောင်းပြန်တွေး နောင်တရမနေပဲ
သင်္ခန်းစာအဖြစ်ယူပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့
ရှေ့ဆက်ပါ.....။
နံပါတ် ၄။
-------------
သံယောဇဉ်နည်းနိူင်သမျှနည်းအောင်
ကျိုးစားပါ....။
နံပါတ် ၅။
-------------
အရာအားလုံးဟာ ဖြစ်ပြီးပျက်သွားတတ်တဲ့သဘော
ဆိုတာကိုအချိန်ပြည့် နှလုံးသွင်းထားပါ....။
နံပါတ် ၆။
--------------
သီးခံနိူင်သလောက်အစွမ်းကုန်သီးခံပြီး
မဖြစ်မနေတုံ့ပြန်ရမဲ့ကိစ္စဆိုရင်လဲ တိတိကျကျပြတ်ပြတ်သားသား တုံ့ပြန်ပါ...
စိတ်ထဲ ဘဝင်မကျမှုကိုကြာရှည်မထားပါနှင့်...။
နံပါတ် ၇။
-------------
အပြန်အလှန်ငြင်းခုန်ခြင်းကိုအတတ်နိူင်ဆုံး
ရှောင်ရှားပါ..။
ငြင်းခုံစရာအကြောင်းပေါ်လာခဲ့ရင်လဲ
ဘယ်လိုအချိန်မှာရပ်တန့်ရမလဲဆိုတာကို
အသေအချာသိထားပါ...။
#ကိုယ့်အတွေ့အကြုံအရရေးခြင်းဖြစ်ပါသည်။...
#လူတိုင်းနှင့်တော့ထပ်တူမကျနိူင်ပါ...
Credit:
ကောင်းကင်ထက်က ကြယ်စင် {ကလေး}
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
