Shwe Yae Khin Artistry
""သင်ရဲ့ အထူးခြားဆုံးနေ့ရက်တွေမှာ အလှဆုံးဖြစ်နေစေဖို့.. စိတ်ကူးထဲက မိတ်ကပ် Look တိုင်းအတွက် အခုပဲ ဘိုကင်တင်လိုက်ပါ။""💄💖✨
📞 - 09 789 236 945 Makeup is not mask.
I'm Professional Makeup Artist. It's a form of art. My Lovelies....
28/08/2026
Photoshoot လေးတစ်ဖြတ် 📌
06/08/2026
သင်တန်းပြ သတို့သမီး မိတ်ကပ်လက်ရာလေး💕💕
27/07/2026
မွန်းမံသင်တန်းအတွက် သင်တန်းပြ မိတ်ကပ်လေး
Thai Makeup Lookကို အခြေခံပြီးသင်ပြပေးထားတာလေးပါ။
မွမ်းမံသင်တန်းသူလက်ရာလေး 💕💕 #ဆံထုံး #မွမ်းမံသင်တန်း #မိတ်ကပ်သင်တန်း
Client လိုချင်တဲ့ Makeup Lookလေးဖန်တီးပေးကြည့်မယ် ✨💕
#မိတ်ကပ်ဆရာမ #ရွှေရေးခင်
11/07/2026
Foundation ဝယ်ခါနီးတိုင်း အများအစားတွေ များလို့ ဘာဝယ်ရမှန်းမသိဘဲ ခေါင်းစားနေကြတဲ့သူတွေ ရှိလား?? 🤦♀️
အပေါ်ယံလှတဲ့ AI ပုံတွေထဲက အချက်အလက်အမှားတွေကို MUA တစ်ယောက်အနေနဲ့ သေချာစစ်ထုတ်၊ ပြင်ဆင်ပြီး "Foundation အမျိုးအစားစုံ လမ်းညွှန်" အမှန်ကို တစ်ခါတည်း အနှစ်ချုပ်ပေးလိုက်ပြီနော်။ ဝယ်ခါနီးရင် ကြည့်ရအောင် အခုပဲ Save ထားလိုက်တော့နော်! ❤️
Foundation အမျိုးအစား (၈) မျိုး
1. Liquid Foundation
သုံးရတာ လူကြိုက်အများဆုံးနဲ့ အခြေခံအကျဆုံးပါ။ Light ကနေ Full Coverage အထိ ကိုယ်လိုသလောက် ထပ်တင်လို့ရတဲ့ အားသာချက် ရှိပါတယ်။
2. Stick Foundation
အချောင်းလိုက်ပုံစံမို့ သုံးရတာ မြန်ဆန်ပြီး ခရီးသွားရင် သယ်ရတာ အလွန်လွယ်ကူပါတယ်။ ဖုံးဖိနိုင်စွမ်း (Full Coverage) အားကောင်းတတ်ပါတယ်။
3. Cream Foundation
ပျစ်ပျစ်ခဲခဲ texture မျိုးဖြစ်ပြီး အစိုဓာတ် ကြွယ်ဝပါတယ်။ အသားခြောက်သူ (Dry Skin) တွေနဲ့ အသက်အရွယ်ရလာလို့ အရေးအကြောင်းရှိတဲ့ (Mature Skin) တွေအတွက် Full Coverage ရစေပြီး အသားပပ်တာမျိုး မဖြစ်စေပါဘူး။
4. Powder Foundation
သူ့ထဲမှာ မိတ်ကပ်သားတစ်ခါတည်း ပါပြီးသားမို့ ပြာနှမ်းနှမ်းမဖြစ်ဘဲ ပြောင်ပြောင်တင်းတင်း Matte Finish ရစေပါတယ်။ အဆီပြန်/ညှပ်စပ် (Oily/Combination) သမားတွေအတွက် ကွက်တိပါပဲ။
5. Serum Foundation
ဆီရမ်လိုမျိုး အရည်ကျဲကျဲမို့ လုံးဝပေါ့ပါးပြီး အသားအရေကို စိုစိုအိအိ (Dewy Finish) ဖြစ်စေပါတယ်။ သဘာဝအတိုင်း ပါးပါးကြည်ကြည်လေး ကြိုက်သူတွေအတွက်ပါ။
6. Cushion Foundation
ဘူးထဲက Sponge ထဲမှာ မိတ်ကပ်ရည် ထည့်ထားပေးတာမို့ Puff လေးနဲ့ ပုတ်ရုံပါပဲ။ အပြင်သွားရင်း Touch-up လုပ်ရတာ အဆင်ပြေဆုံးဖြစ်ပြီး Natural Finish ရစေပါတယ်။
7. Mineral Foundation
သဘာဝ mineral တွေနဲ့ ဖော်စပ်ထားပြီး ရိုးရိုးမိတ်ကပ်တွေလို ဓာတုပစ္စည်း မပြင်းလို့ အသားအရေ ထိခိုက်လွယ်သူ (Sensitive Skin) တွေအတွက် အကောင်းဆုံးပါ။
8. Mousse Foundation
Whipped Cream လိုမျိုး လေပူဖောင်းလေးတွေ ပါတဲ့ အမြှုပ်ပုံစံ texture မို့ လုံးဝပေါ့ပေါ့ပါးပါး (Airy Texture) နဲ့ အဆီထိန်းပေးပြီး Matte Finish ရစေပါတယ်။
#မိတ်ကပ်ရည် #မိတ်ကပ်ရွှေရေးခင်
client မမတစ်ယောက်ကို အလှူကြီးနှစ်ရပ်အတွက် ၂ ရက် ၂ မျိုး မတူအောင် ပြင်ဆင်ပေးခဲ့ရတဲ့ Challenge လေး ရှင် 🥰 ဘယ် Look လေးကို ပိုကြိုက်လဲ ပြောခဲ့ဦးနော် ✨ #ရွှေရေးခင်
05/07/2026
မိတ်ကပ်လိမ်းတိုင်း ပြာသွားလို့၊ ကွက်သွားလို့ စိတ်ညစ်နေပြီလား? 😩
ပွဲတက်တိုင်း သူများဆီ သွားပြင်နေရတာ အချိန်ကုန်၊ ငွေကုန်ဖြစ်နေပြီလား? 🤦♀️
Tutorial တွေကြည့်ပြီး လိုက်ပြင်နေပေမယ့် ကိုယ့်မျက်နှာနဲ့ အဆင်မပြေဘူး ဖြစ်နေရင်၊ 🥺
ကိုယ့် Undertone ကို သေချာမသိလို့ Foundation အရောင် ရွေးရခက်နေတယ်ဆိုရင် ဒီ "Exclusive Self-Makeup Class" က သင့်အတွက်ပဲနော်.. ✨
စာတွေ့ သက်သက်မဟုတ်ဘဲ လက်တွေ့ (Practical) ပါ သေချာနားလည်တဲ့အထိ Step-by-step အနီးကပ် သင်ပေးသွားမှာမို့ မိတ်ကပ်အကြောင်း ဘာမှမသိသေးတဲ့ Beginner တွေအတွက်လည်း လုံးဝ အဆင်ပြေပါတယ်။
✨ အတန်းထဲမှာ ဘာတွေသင်ပေးမှာလဲ?
💄မိတ်ကပ်သား ကြာရှည်ခံပြီး တစ်နေကုန် Glow နေစေဖို့ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ Skincare ရွေးချယ်နည်းနဲ့ Skin Prep လုပ်နည်း။
💄မိမိအသားအရေနဲ့ကိုက်ညီတဲ့ product များရွေးချယ်ဝယ်ယူနည်း။
💄Oxidation မဖြစ်အောင်၊ မိတ်ကပ်မပြာအောင် ကိုယ့် Undertone ကို တိတိကျကျသိပြီး အလိုက်ဖက်ဆုံး Foundation အရောင်ကို ကိုယ်တိုင် ရွေးချယ်နည်း။
💄အပြစ်အနာအဆာတွေကို သဘာဝကျကျ ဖုံးကွယ်ပြီး ပါးပါးကြည်ကြည်လေးနဲ့ လှနေစေမယ့် Base မိတ်ကပ်ဖန်တီးနည်း။
💄မျက်ခုံးမွှေး ရိတ်နည်းမှစ မျက်တောင်တုတပ်နည်း၊ မျက်ရစ်တိပ်ကပ်နည်း၊ မျက်ရစ်ဖော်နည်း။
💄မိတ်ကပ်ပြင်ရာမှာ အဓိကဖြစ်တဲ့ မိမိမျက်နှာပုံစံနှင့်လိုက်ဖက်တဲ့ မိတ်ကပ်လိမ်းခြယ်နည်း၊အရောင်ရွေးချယ်နည်း။
💄From Everyday to Glam - နေ့စဉ်ရုံးသွား၊ အပြင်သွား ပေါ့ပေါ့ပါးပါး Daily Look ကနေ... ညဘက်ပွဲတက် အထာကျကျ Event/Party Look အထိ လှပစွာ ပြောင်းလဲပြင်ဆင်နည်းတို့ကို အသေးစိတ်သင်ကြားပေးမှာပဲဖြစ်ပါတယ်။
သင်တန်းပြီးသွားရင် ဘာတွေရသွားမှာလဲ?
✨ ကိုယ့် Skin type ကို ကောင်းစွာနားလည်ပြီး ကိုယ့်အသားအရေနဲ့ကိုက်ညီမှုရှိတဲ့ Skincare တွေကို သေချာရွေးချယ်တတ်သွားမယ်။
✨ Makeup Step by Step တွေကို သေချာလိမ်းတတ်သွားမယ်။
✨ ကိုယ့်မျက်လုံး၊ နှာခေါင်း၊ နှုတ်ခမ်း၊ မျက်နှာကိပေါ်မူတည်ပြီး အလိုက်ဖက်ဆုံးလိမ်းခြယ်နည်းတွေ သေချာတတ်သွားမယ်။
✨ မိတ်ကပ် ပစ္စည်းတွေကို ကိုယ်တိုင်ရွေးချယ် ဝယ်ယူတတ်သွားမယ်။
✨ ဝါသနာကြီးရင် သူများကိုပါပြန်ပြင်ပေးလို့ ရသွားမယ်။
✨ အခြေခံကို သေချာနားလည်သွားမှာဖြစ်လို့ ကိုယ်ပိုင် Creation Lookတွေ ဖန်တီးနိုင်မှာဖြစ်ပါတယ်။
🎁 Special Bonus အနေနဲ့ ….
အတန်းပြီးသွားရင်လည်း အိမ်မှာ ကိုယ်တိုင် အလွယ်တကူ ပြန်လေ့ကျင့်နိုင်ဖို့အတွက် Makeup Shwe Yae Khin ရဲ့ အထူးထုတ် "Self-Makeup Course Book" ကိုပါ သင်တန်းသူတိုင်းအတွက် လက်ဆောင်ပေးသွားဦးမှာပါ။ 📖
✨သင်တန်းအချက်အလက်များ👇🏻
⏳ကြာချိန်: (၂) ရက်တိတိ
⏰အချိန်: တစ်ရက်ကို (၃ - ၄) နာရီ
💄သင်တန်းပုံစံ: Online, Offline, Home service ဆိုပြီး သုံးမျိုးရှိပါတယ်။
🥳✨(Promotion အနေနဲ့ ယခုလအတွင်း အပ်နှံသူများကို Special Discount - 10% နဲ့ လက်ခံပေးသွားပါမယ်)
(မှတ်ချက် - သင်တန်းကာလငအတွင်း လိုအပ်တဲ့ သင်တန်းသုံး မိတ်ကပ်ပစ္စည်းများကို အခမဲ့ သုံးစွဲခွင့်ပေးထားပါတယ်။)
💕သေချာ အနီးကပ်သင်ပေးချင်တဲ့အတွက် လူဦးရေ အကန့်အသတ်နဲ့ပဲ လက်ခံသွားမှာပါ။
နေရာမပြည့်ခင် အခုပဲ Page Messenger ကနေဖြစ်ဖြစ်၊ ဖုန်းဆက်ပြီးဖြစ်ဖြစ် စာရင်းပေးသွင်းလိုက်တော့နော်! 💌
📞 ဖုန်းနံပါတ် - 09 789 236 945
📍 လိပ်စာ - မန္တလေးမြို့
04/07/2026
✨ Foundation လိမ်းတိုင်း ကွက်တာ၊ ပြာတာတွေ ဖြစ်နေတုန်းပဲလား? ✨
မိတ်ကပ်လိမ်းတဲ့အခါ မျက်နှာလေးက ချောမွေ့ပြောင်တင်းမနေဘဲ ကွက်တာ၊ မျက်နှာနဲ့ တစ်သားထဲမကျတာတွေ ဖြစ်နေရင် ဒီအချက်လေးတွေကို သတိမထားမိလို့ ဖြစ်နိုင်ပါတယ်နော်…
ပုံလေးထဲကလို Foundation လိမ်းတဲ့အခါ အဖြစ်များဆုံး အမှား (၈) ချက်ကို ကြည့်လိုက်ရအောင်...
၁။ Skincare သေချာမလုပ်တာ👉 ဒါက အရေးကြီးဆုံးပါ။ အသားခြောက်သူပဲဖြစ်ဖြစ်၊ အဆီပြန်သူပဲဖြစ်ဖြစ် ကိုယ့် Skin Type နဲ့ကိုက်မယ့် Skincare/Primer အရင်မလိမ်းဘဲ Foundation တန်းလိမ်းရင် မျက်နှာနဲ့ တစ်သားတည်းမကျဘဲ ဖြစ်တတ်ပါတယ်။
၂။ အရောင်ရွေးမှားတာ👉 ကိုယ့်အသားအရေထက် အရမ်းဖြူတာ၊ ရင့်တာတွေရွေးမိရင် မျက်နှာက ဖြူရော်ရော် (သို့) ပြာသွားတတ်ပါတယ်။
၃။ အများကြီး ပုံလိမ်းတာ👉 Foundation အထူကြီးက သဘာဝမကျဘဲ မျက်နှာကို အိုစာသွားစေပါတယ်။ ပါးပါးလေး အရင်စလိမ်းပါ။
၄။ သေချာမဖြန့်တာ (Not Blending) 👉မိတ်ကပ်သား ညက်နေအောင် သေချာ blend မပေးရင် မျက်နှာနဲ့ တစ်သားထဲ မဖြစ်ဘဲ ကွက်တတ်ပါတယ်။
၅။ Tools တွေ မသုံးတာ👉 လက်နဲ့ချည်းပဲ လိမ်းတာထက် ကိုယ်နဲ့အဆင်ပြေမယ့် Brush သို့မဟုတ် Beauty Blender (Sponge) လေးတွေ သုံးပေးရင် ပိုညက်ပါတယ်။
၆။ ပေါင်ဒါ မပုတ်တာ👉 Foundation လိမ်းပြီး Setting Powder လေးနဲ့ မထိန်းထားရင် မိတ်ကပ်ကွက်လွယ်၊ ပျော်ကျလွယ်ပါတယ်။
၇။ လည်ပင်းကို မေ့နေတာ👉 မျက်နှာနဲ့ လည်ပင်း အရောင်ကွဲနေရင် ကြည့်ရ အရမ်းဆိုးပါတယ်။လည်ပင်းနဲ့ နားရွက်လေးတွေကိုပါ ဆွဲလိမ်းပေးဖို့ မမေ့နဲ့နော်။
၈။ ရာသီဥတုနဲ့ မကိုက်တာ👉 နွေရာသီ၊ ဆောင်းရာသီစတဲ့ ရာသီဥတုနဲ့ ကိုယ့်အသားအရေ လိုအပ်ချက်ပေါ်မူတည်ပြီး Foundation ကို ရွေးချယ်တတ်ဖို့ လိုပါတယ်။
✨ Foundation ဆိုတာ မျက်နှာပေါ်က အရာအားလုံးကို အထူကြီး ဖုံးကွယ်ပစ်ဖို့မဟုတ်ဘဲ... ကိုယ်ပိုင်အလှတရားကို ပိုပေါ်လွင်လာအောင် ပံ့ပိုးပေးတာမျိုးပဲ ဖြစ်ရပါမယ်။
ကဲ... ကိုယ်ရော ဒီအထဲက ဘယ်အချက်ကို မေ့ပြီး အမြဲလုပ်မိနေတတ်လဲ? Comment မှာ ပြောပြပေးခဲ့ပါဦးနော်။ 👇
#ရွှေရေးခင်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay
