Nyo

Nyo

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nyo, Health/Beauty, Mandalay.

02/01/2026

အစ်မတစ်ယောက်ဖြစ်လာရင်သိထားသင့်တဲ့ အချက်များ ✨

ကိုယ့်ရဲ့ မွေးချင်းထဲမှာ ‌ညီမတစ်ယောက်များ ရှိနေရင်
ဒီစာလေးနဲ့ အတွေးပွားနိုင်ပါစေနော်…

ပထမဆုံးဝန်ခံချင်တာကတော့
Nyo ကိုယ်တိုင်လည်း
အစ်မကောင်းတစ်ယောက်အဖြစ်
မရှိနေသေးတာကြောင့်
အစ်မကောင်းဖြစ်စေဖို့ နည်းလမ်းဆိုပြီး
ပေးနိုင်မှာမဟုတ်ပါဘူး။ 🥲

နည်းလမ်းမမျှဝေပေးနိုင်ပေမဲ့လည်း
Nyo တွေးမိသလို အတွေးတွေကို
အိတ်သွန်ဖာမှောက် တွေးမိသမျှပြောပြပေးမှာဆိုတော့ အတွေးတူတဲ့
ညီအစ်မတွေအတွက် အကျိုးရှိစေမှာပါ။

ညီမဆိုတာ ကိုယ်ဘာမှအားစိုက်စရာမလိုဘဲ အမေကမွေးပေးလိုက်တဲ့
ကိုယ့်ရဲ့ Fan သေးသေးလေးပါ။
ဘာကြောင့်လဲဆိုတော့ ကိုယ်ဘာလုပ်လုပ် ချောင်းကြည့်ပြီး ပြန်လိုက်လုပ်တတ်တဲ့ လူစားမျိုးဖြစ်တာကြောင့်
ကိုယ့်ရဲ့ fan စစ်စစ်ပါပဲ။
တပြိုင်နက်ထဲ သတင်းဆိုးပြောပါဆိုရင်တော့ ကိုယ်တိုင်က လမ်းမှားနေရင်တော့
ကိုယ့်ရဲ့ Fan လေးအတွက်တော့
တွေးသာကြည့်လိုက်ပေါ့။

ညီမကို နောက်တစ်နည်းနဲ့ ဥပမာပေးရရင်
ကိုယ့်ရဲ့ spy ပါပဲ။
မဟုတ်တာဘာပဲလုပ်လုပ်သတင်းထောက်ပြီး
မိဘတွေကို ပြန်အစီရင်ခံတတ်တဲ့
spy တစ်ကောင်ပဲပေါ့။
အကောင်းဖက်က ပြန်တွေးပြန်ရင်လည်း
နောင်တဖြစ်မဲ့ ကိစ္စတွေကို မလုပ်မိဖို့ ကယ်တင်ပေးတဲ့ ကယ်တင်ရှင်ဆိုလည်း
မမှားပါဘူး။

နောက်ဆုံးအနေနဲ့ကတော့ ညီမရှိနေခြင်းက
ကိုယ့်ရဲ့ စကားပြောစွမ်းရည်ကို သိသိသာသာ တိုးတတ်စေပါတယ်။
အမြဲလိုလို ရန်ဖြစ်လိုက် စကားနိုင်လုလိုက်အခိုက်အတန့်တွေက များလာတဲ့အခါကိုယ့်ရဲ့ စကားပြောစွမ်းရည်နဲ့ဖြတ်ထိုးဉာဏ်ဟာလည်း
update မြှင့်မှန်းမသိမြင့်သွားပြီး
တိုးတတ်လာတာပါပဲ။

အနှစ်ချုပ်အနေနဲ့ပြောရရင် ဆိုးတိုင်ပင်ကောင်းတိုင်ပင် အတိုင်ပင်ခံလေးတစ်ဦး ဘဝမှာရှိနေတဲ့အတွက် ညီမလေးကို
ချစ်ပေးဖို့မမေ့ပါနဲ့နော်♥️

#အတွေးစု

10/10/2025

ထမင်းစားရမှာ ကြောက်တယ်ဆိုတဲ့သူတွေများလာလို့ ကျွန်မရဲ့ ထမင်းကြိုက်လွန်းတဲ့ စိတ်ကိုလည်း အဲ့လိုကြောက်တတ်ရင်ကောင်းမှာပဲ စဉ်းစားမိတယ်။

ဘာစားစား ထမင်းလေးနဲ့တွဲစားဆိုပြီး ဘယ်သူမှပြောစရာမလိုအောင်ကို ထမင်းနဲ့တွဲစားတတ်တဲ့ ကျွန်မအကျင့်ကလေ ဖက်ထုပ်စားလည်း ထမင်းပါသလို
ကြေးအိုးစားလည်း ထမင်း၊ ရှမ်းခေါက်ဆွဲစားလည်း ထမင်းပါတဲ့အပြင် နောက်ဆုံး
Social Drink ချိန်မှာတောင် ထမင်းဆီစမ်း ပါသေးပါသတဲ့ရှင် 🥲

ဒါပေမဲ့လည်း ထမင်းကြိုက်လို့သာစားနေပေမဲ့ ကဆီဓာတ်ကြွယ်တဲ့ ဆန်ဟာ စားသင့်တာထပ်ပိုစားတဲ့အခါ carbohydrate များလွန်းတာကြောင့် weight တတ်ခြင်း၊သွေးတွင်းသကြားဓာတ်များပြီး ကြွက်သားဆုံးရှုံးခြင်းတွေ ဖြစ်တတ်တဲ့ ဆိုးကျိုးတွေရှိတတ်သလို

ထမင်းကရတဲ့ Vitamins B ကြောင့် အသားအရေ၊ဆံသားအားကောင်းစေသလို
လှုပ်ရှားသွားလာဖို့ energy ရဲ့ source ဖြစ်တဲ့ ကောင်းကျိုးတွေလည်းရှိပါသေးတယ်။

ထမင်းနဲ့နည်းတူ ကောင်းကျိုးတွေရှိတဲ့ food နဲ့ ယှဉ်လိုက်ရင်တော့ ဝင်ငွေနဲ့အချိုးကျတွက်ကြည့်တဲ့အခါ ထမင်းကသာလျှင် သင့်တင့်တဲ့ စျေးနှုန်းနဲ့ အကိုက်ညီဆုံး စားစရာဖြစ်တာကြောင့် ကျန်းမာချင်လို့ပဲဖြစ်ဖြစ်၊ လှချင်လို့ပဲဖြစ်ဖြစ် ရေရှည် plan ကိုသာတွေးပြီး စဉ်းစားတတ်ဖို့လိုမယ်နော် 🥰

#အတွေးစု #ထမင်း

09/10/2025

“နင်က မမ type ကို သဘောကျတာလား၊ မမ တွေက အရသာကောင်းတယ်ပေါ့”

Café ဆိုင်အတွင်းထဲ ဆယ်ကျော်သက်ကောင်မလေးရဲ့ အသံကိုကြားလိုက်လို့
ကျွန်မမှာ အံ့သြစွာ လှည့်ကြည့်မိလိုက်တာ၊ ကျွန်မထင်တာမမှားပါဘူး….. အသက်(၁၅၊၁၆)ဝန်းကျင် ကောင်မလေး ၃ဦးနဲ့ ကောင်လေး ၂ဦးထိုင်နေကြတဲ့ ဝိုင်းထဲက စကားသံတွေပါ။

ခါးအောက်ပိုင်း ပြက်လုံးတွေကြောင့် ရယ်သံဆူညံပုံက ဆိုင်အတွင်းထဲက
လူတွေအကုန်လုံးရဲ့ အကြည့်တွေက သူတို့ဝိုင်းကို ရောက်နေတာက သက်သေပါပဲ။

သူတို့အသက်နဲ့ မတိမ်းမယိမ်းညီမတွေ ရှိနေတဲ့ ကျွန်မအတွက်တော့ ဒီကလေးမလေးတွေရဲ့ စကားဝိုင်းက ထှော်လော်ကန့်လန့်အတော်နိုင်တဲ့အပြင် ငါ့ညီမတွေသာဖြစ်ရင် ဆိုတဲ့စိတ်နဲ့ အတွေးပေါင်းများစွာ ဝင်ရောက်လာခဲ့ရပါတယ်။

Social Media တွေနဲ့ အကျွမ်းတဝင်ရှိနေတဲ့ ဒီနေ့ခေတ်မှာ ယူတတ်ရင်ပညာတွေ အခမဲ့ရသလို လမ်းလွဲလိုက်ဖို့ကလည်း ငွေကြေးပေးစရာမလိုပါဘူး။
Mobile phone ကနေပဲ အကုန်သိနေတဲ့ ဒီနေ့ခေတ်မှာ စောင့်ထိန်းရမဲ့ အကျင့်သိက္ခာတွေနဲ့ ဟီရိဩတ္တပတရားတွေကိုတော့ စာအုပ်တွေလောက် မသိနိုင်ကြတော့ဘူး။

ဘာမဆို မှတ်နိုင်၊လေ့ကျင့်ယူတတ်တဲ့ ဦးနှောက် fresh ဖြစ်နေတဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ အရွယ်ရောက်သင့်သလောက် ရောက်ပြီ ဆိုပြီး ဖုန်းတစ်လုံးနဲ့ ပစ်ထားတတ်တဲ့အကျင့်တွေကိုလျော့ပြီး

မိဘ၊ဆရာ ပူးပေါင်းကာ လမ်းကြောင်းမှန်ပေါ်မှာ လျှောက်လှမ်းနိုင်ကြဖို့ နည်းလမ်းမှန်မှန်နဲ့ ဆုံးမသွန်သင်ပေးနိုင်ဖို့ အများကြီးလိုအပ်နေပြီဆို မူခင်းသတင်းတွေရဲ့ 75% သော ဆယ်ကျော်သက်အရွယ်တရားခံတွေက သက်သေပါပဲ။

#အတွေးစု #ဆယ်ကျော်သက် #မူခင်း

08/10/2025

Banking App တစ်ခုကနေ
Noti လေးတစ်ခုကျလာတယ်
“မိမိကိုယ်ကိုယ် ချစ်ဖို့မမေ့ပါနဲ့” တဲ့

လောကမှာ မိမိကိုယ်ကိုယ် ချစ်တတ်ဖို့က
ခဲယဥ်းတယ်ဆိုတာ အချိန်ကြာတဲ့အထိ
ဒီ massage လေးကို ကြည့်နေရင်း စဥ်းစားမိတယ်။

ကိုယ်တိုင်က ကျန်းမာတဲ့ lifestyle ကို လိုချင်ပေမဲ့လို့ ကျန်းမာစွာ
စားသောက်နေထိုင်ဖို့ကို လေ့ကျင့်ယူဖို့တွန့်ဆုတ်နေတတ်တာ၊

မတော်တော့တဲ့ အဝတ်ပုံကြီးက
ဝိတ်ချဖို့လိုအပ်နေပြီလို့ သတိပေးခေါင်းလောင်းထိုးနေပေမဲ့လည်း
Workout လုပ်ရမှာပျင်းတယ်၊
အစားလျော့လိုက်ဖို့ မတွေးချင်ဘူးဆိုတာတွေက မိမိကိုယ်ကိုယ်
မချစ်မနှစ်သက်ခြင်းတွေပါပဲ။

လိုချင်တဲ့ နှုတ်ခမ်းနီဘူးဝယ်ပေးတာ
Limited Stock အိတ်တွေ ဝယ်ပေးတာ
နောက်ဆုံးပေါ်ဖုန်းတွေ ဝယ်နိုင်ဖို့ ကြိုးစားနေတာတွေကမှ မိမိကိုယ်ကိုယ်
ချစ်တာလို့ ခေါ်နိုင်တာမဟုတ်ပါဘူး။

ပေါ့ပါးသွက်လက်တဲ့ lifestyle တွေနဲ့
ဆေးကိုအစား စားသလို မှီဝဲမှုကင်းအောင်
ဖန်တီးနေထိုင်တာလည်း မိမိကိုယ်ကိုယ် ချစ်တဲ့ self-love ပါပဲ။

ဖုန်းထဲကို ဝင်လာတဲ့ noti လေးကနေတဆင့်
ကျွန်မရဲ့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ်
ချစ်တတ်ဖို့ အများကြီး လိုအပ်နေသေးကြောင်းကို သတိပြုမိရင်း
စစ်မှန်တဲ့ Self-love ကို
ရှာဖွေနိုင်ကြပါစေလို့ 𝗡𝘆𝗼 က
ဆုတောင်းပေးလိုက်ပါတယ်ရှင် ♥️✨

#အတွေးစု -love

Photos from Nyo's post 07/10/2025

တစ်ကြိမ်ဖတ်ပြီးသွားတဲ့အခါ
နောက်တစ်ကြိမ်ထပ်ဖတ်ဖို့အတွက် အတော်ကြိုးစားယူရမဲ့ စာအုပ်တွေအများကြီး ကျွန်မ ဘဝမှာ အများကြီးရှိပါတယ်။

ဖတ်လို့မကောင်းလို့၊ အရေးအသား အဆီအငေါ်မတည့်လွန်းလို့ ပြန်မဖတ်ချင်တာမျိုးတော့ မဟုတ်ပါဘူး။
ဖတ်လိုက်တဲ့အခါ စာရေးသူရဲ့ အရေးအသားနဲ့ သူပုံဖော်ထားတဲ့ ဇာတ်ကောင်ရဲ့ ဘဝတွေဇာတ်ကြောင်းတွေဟာ
ကွင်းကွင်းကွက်ကွက် မြင်သာအောင်ရေးသားနိုင်စွမ်းရှိလို့ စာရေးသူပေးချင်တဲ့ ချစ်၊ခင်၊သနား စိတ်ခံစားချက်ကို ခံစားရတာကြောင့် နောက်တစ်ကြိမ်ထပ်ဖတ်ဖို့အတွက် တွန့်ဆုတ်ရလို့ပါပဲ။

ဒါကြောင့်လည်း အခုပြောပြမဲ့စာအုပ်လေးက နောက်ထပ်တစ်ကြိမ်
ပြန်ဖတ်ဖို့အတွက် အတော်လေးကြိုးစားယူရမဲ့ စာရင်းထဲကိုရောက်လာခဲ့တဲ့အကြောင်းလေးကို ဝေမျှပေးရင်း book review လေးပေးလိုက်မယ်နော်။

စာမျက်နှာစုစုပေါင်း ၂၃၉ရွက်ပဲ ပါတဲ့စာအုပ်တစ်အုပ်ဖြစ်တဲ့ စမ်းရေကြည်နုစာအုပ်လေးဟာ စမ်းရေလမ်းထဲမှာနေထိုင်ကြတဲ့ သူတွေရဲ့အကြောင်းနဲ့ အခြေခံလူတန်းစားများရဲ့
နေ့စဥ်ကြုံတွေ့နေရတဲ့ စားဝတ်နေရေး ပြဿနာများ ဖြေရှင်းကြပုံကို ကိုကြည်နုဆိုတဲ့ ဇာတ်ကောင်ကနေတဆင့်
ဆွဲခေါ်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ လမ်းဘေးခွေးတွေ၊လမ်းဘေးကြောင်တွေ သားပေါက်ကြတဲ့အခါ “ခွေးတွေကလည်း အများကြီးတောင်ထပ်မွေးလာကြပြန်ပြီ” “စိတ်ညစ်လိုက်တာကွာ” ဒီလိုငြူစုကြတဲ့ စကားလုံးတွေကို ကိုယ်တိုင်လည်းပြောဖူးကြသလို တပါးသူပြောတာလည်း ကြားဖူးကြမှာပါ။

အစာရှာတာကလွဲလို့ ဝင်ငွေရှာဖွေစရာမလိုတဲ့ တိရိစ္ဆာန်တွေ သားပေါက်ရင်တောင် စိတ်ညစ်နေကြတဲ့
လူဆိုတဲ့ သတ္တဝါတွေကိုယ်တိုင်လည်း S*x Education ကို နားလည်ဖို့လည်း လိုပါတယ်။

ကိုယ်တိုင်က ဝင်ငွေကောင်းစွာမရှာနိုင် သားဆက်ခြားနည်းလမ်းတွေကိုလည်း နားမလည်ဘဲနဲ့ ကလေးတွေအများကြီးကို လူ့လောကထဲကို ဆွဲခေါ်တာဟာ အလွန်အန္တရာယ်များတယ်ဆိုတာ
ဆရာလင်းခါးက ကလောင်သားထက်ထက်နဲ့ ရေးသားပေးထားပါတယ်။

ဆယ်ကျော်သက်အရွယ်ဟာ အချစ်ကို ကိုးကွယ်တတ်တဲ့ အရွယ်ဖြစ်တာကြောင့် စိတ်ထင်ရာကို လုပ်တတ်တယ်ဆိုတာဟာ ဦးကြည်နုရဲ့ ချစ်လှစွာသော (၁၆)နှစ်အရွယ် သမီးငယ်လေးဟာ အချစ်ဒဏ်ရာကို
မခံစားနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ သာဓကတစ်ခုလည်း ထည့်ပြီးရေးသားထားပါ‌သေးတယ်။

ပညာရေးဟာ စာရေးတတ်၊ဖတ်တတ်ရုံပဲ အသုံးဝင်နေတဲ့ စကားသံတွေကြောင့် စာသင်ကျောင်းခန်းထဲကို
မရောက်ဘဲ လမ်းမပေါ်မှာ သောင်တင်နေတဲ့ ကလေးငယ်တွေအများကြီးရဲ့ အနာဂါတ်ကို မိဘ၊ဆရာများအတူပူးပေါင်း မြှင့်တင်ပေးမှသာ ထပ်ဆင့်နိမ့်ပါးခြင်းမျိုးဆက်တွေ ပျောက်ကွယ်နိုင်မှာပါ။

စျေးပေါတဲ့ ဘဝတွေအတွက် လက်ဖက်ရည်တစ်ခွက်ဟာ စျေးကြီးပေးသောက်ရချိန်မှာ
အရက်နဲ့ လောင်းကစားဟာ စျေးပေါပေါနဲ့ ဘဝတွေကို ဖျက်စီးပစ်နိုင်တယ်ဆိုတာ ဒီစာအုပ်လေးကသက်သေပါပဲ။

အဆုံးသတ်အနေနဲ့ကတော့ ဆယ်ကျော်သက်အရွယ်ကလေးငယ်တွေအတွက် စဥ်းစားစရာ
ရင်မောတွေးတောစရာတွေ အများကြီးထင်ကျန်နေမဲ့စာအုပ်ကောင်းလေးဖြစ်လို့ ကိုယ့်ရဲ့ ညီငယ်၊ညီမငယ်များကို
ဖတ်ရှုဖို့ တိုက်တွန်းသင့်တဲ့ စာအုပ်လေးဖြစ်ကြောင်း 𝗡𝘆𝗼 က 𝗥𝗲𝗰𝗼𝗺𝗺𝗲𝗻𝗱 ပေးလိုက်ပါတယ်ရှင့်🥰

-review #စမ်းရေကြည်နု

19/09/2025

အလုပ်ရဖို့အတွက် အသက် ၁၈နှစ် ပြည့်ဖို့စောင့်ရပေမဲ့

အရက်ဆိုင်ထဲဝင်ဖို့အတွက် အသက်အရွယ် မကန့်သတ်ထားဘူး……

#ဒီစာအုပ်review လေးကို နောက်ရက်တင်ပေးမယ်နော်🥰

-creator

17/09/2025

စမှတ်တွေကို မမေ့ပါနဲ့

ကျွန်မတို့တွေဟာ လုပ်ငန်းခွင်၊ပညာရေးနဲ့ လူမှုရေးစတဲ့ နယ်ပယ်တွေမှာ နေရာတစ်ခုကို ရောက်ရှိသွားခဲ့ပြီဆိုရင် စိတ်ထားတွေကအလိုလိုပြောင်းလဲတတ်ပါတယ်။

“ဒါလေးလောက်က အေးဆေးလုပ်နိုင်တယ်” “ဒါကမခက်ပါဘူးကွာ” ယုံကြည်မှုလွန်ကဲတဲ့စိတ်တွေနဲ့ လူသစ်တွေကို လက်တွဲမခေါ်ချင်တတ်တဲ့စိတ်တွေဟာ လူ၁၀ယောက်မှာ ၈ယောက်ကတော့ ဖြစ်တတ်ကြပါတယ်။

ဒါဟာ ကျွန်မတို့ရဲ့ အမှားလားဆိုရင်တော့လည်း မဟုတ်ပါဘူး။ တိုးပွါးလာတဲ့ ခံစားခွင့်တွေနဲ့ သက်သောင့်သက်သာဖြစ်လာတဲ့ လူ့နေထိုင်မှုတွေအပေါ်မှာ မိန်းမောသာယာရင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုတွေကြောင့်ပါပဲ။

ကျွန်မတို့မှန်ပါတယ်လို့ ယုံကြည်ရင်း ကျင်လည်နေကြတဲ့ နေ့စဉ်ဘဝမှာ သတိမထားမိလိုက်တာကတော့ ကျွန်မတို့ဘဝများရဲ့ စမှတ်တွေပါပဲ။

နေရာသစ်တစ်ခုမှာ စိုးရိမ်စိတ်တွေ၊ ခုမှစတင်ရမယ့်အရာတွေအတွက် မကျွမ်းကျင်မှုတွေနဲ့ မိတ်ဆွေအသစ်များရရှိဖို့ ဖော်ရွေဆက်ဆံခဲ့ဖူးတဲ့ စ မှတ်တွေဟာ မေ့ပြစ်ဖို့မသင့်ပါဘူး။

ဒဏ်ရာ ရဖူးသူဟာ နာကျင်မှုဒဏ်ကို ပိုနားလည်တာကြောင့် ကျွန်မတို့ရဲ့ စမှတ်တွေနဲ့ ဆင်တူတဲ့ လူသစ်တွေရဲ့ စိုးရိမ်စိတ်တွေကို အထင်မသေးဘဲ အတူဖေးမဖို့မမေ့ပါနဲ့နော်

#စမှတ်

08/09/2025

ရင့်ကျက်တည်ငြိမ်ပြီး strong ဖြစ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ စံချိန်စံညွှန်းကို
တခြားသူတွေဘယ်လိုသက်မှတ်ကြလဲမသိ‌ပေမဲ့လို့ ကျွန်မသက်မှတ်ပုံကတော့ simple ဖြစ်ပါတယ်။

မိမိအတွင်းစိတ်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်မှန်သမျှကို ဘယ်သူ့အတွက်မှ ထိန်းချုပ်ထားခြင်းမရှိဘဲ ပြုမှုနေထိုင်နိုင်တဲ့အထိ ရှိနေခြင်းပဲလို့ ထင်မိတယ်။

ဝမ်းနည်းလို့ ငိုချင်တဲ့အခါ မျက်ရည်ကျလိုက်မိတာကို ဘယ်သူ့ကိုမှ ရှက်ရွံ့နေခြင်းမရှိနေတာမျိုး၊

လွတ်လပ်ပျော်ရွှင်ဖို့အတွက် တခြားသူတစ်ဦးရှိနေမှဖြစ်မယ်ဆိုတဲ့ အတွေးကို မရှိတော့တာမျိုးဟာ ကျွန်မအတွက်တော့ ရင့်ကျက်တည်ငြိမ်ခြင်းပါပဲ။

ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေဟာ တစ်ပါးသူဆီမှာ မှီခိုနေရတာမျိုး တနည်းအားဖြင့် ပျော်ရွှင်ဖို့အတွက် တစ်စုံတစ်ယောက်ရှိမှဖြစ်မယ်၊ ဝမ်းနည်းနေချိန်မှာ တစ်ပါးသူကို အားကိုးနေမှဖြစ်မယ်ဆိုရင် ကိုယ်တစ်ယောက်တည်းဖြစ်သွားချိန်မှာ အလွန်ပင်ပန်းနေရတတ်ပါတယ်

ဒါဟာ ရင့်ကျက်တည်ငြိမ်ခြင်းမရှိဘူးလို့ပဲ ပြန်သုံးသပ်ရတော့မှာပေါ့နော် 🥰

-creator #ရင့်ကျက်တည်ငြိမ်ခြင်း

07/09/2025

သွေးကြောလေးတွေ ထင်းနေတဲ့ ပါးမို့မို့လေးပေါ်မှာ ဝါဝင်းညက်ညောနေတဲ့ သနပ်ခါးလေးလိမ်းခဲ့ပြီး လှခဲ့ဖူးတယ်

ပျက်စီးမှုနည်းပြီး နက်မှောင်ထူလှတဲ့ ကေသာပေါ်မှာ အရောင်စုံကလစ်လေးများ ထည်လဲဆင်မြန်းပြီး လှခဲ့ဖူးတယ်

စိတ်အတွင်းအပြင် ဘာအပူအပင်မှ မရှိခဲ့ဘဲ ပျော်ရွှင်ရယ်မောနေခဲ့တဲ့ဆယ်ကျော်သက်ဘဝလေးမှာ ကျွန်မနေ့စဉ်နေ့တိုင်း ယုံကြည်မှုရှိပြီး လှပခဲ့ဖူးပါတယ်

နှစ်သက်သူတွေကြားမှာ မခို့တရို့ အရှက်ပိုပြီး ရင်ခုန်စွာ ဖြတ်သန်းရင်း အလှတွေတိုးသထက်တိုးအောင် နေထိုင်ခဲ့ဖူးတယ်

တနည်းအားဖြင့် လူကြီးမြန်မြန်ဖြစ်ခဲ့ပြီး စားဝတ်နေရေးနဲ့ ရှေ့ရေးအတွက် ရုန်းကန်ဖြတ်သန်းရတဲ့ ဒီကာလတွေမတိုင်ခင်မှာ ကျွန်မဟာ လှပပျော်ရွှင်ခဲ့ဖူးတဲ့ ဆယ်ကျော်သက်ဖြစ်ခဲ့ပါတယ် ✨

-creator #ကျွန်မလှခဲ့ဖူးတယ်

06/09/2025

အမြဲတမ်း main character ပဲဆန်ပါ။

ကျွန်မတို့ဘဝမှာ ဘယ်ကဝင်လာမန်းမသိတဲ့ သိမ်ငယ်စိတ်တွေက အမြဲလိုလိုတခြားသူနဲ့နှိုင်းယှဉ်ပြီး စိတ်ဒုက္ခရောက်နေတတ်ပါတယ်။

“ငါကဝလိုက်တာ၊ သူကအချစ်ခံရတာပဲ၊ သူလိုလေးဖြစ်ချင်လိုက်တာ” စတဲ့သိမ်ငယ်သိတ်တွေကပဲ ကျွန်မတို့အပေါ် စိတ်ပိုင်းဆိုင်ရာဆင်းရဲမှု၊ ရုပ်ပိုင်းဆိုင်ရာဆင်းရဲမှုနဲ့ အနိုင်ယူနေခဲ့တာပဲဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ရဲ့နေ့စဉ်ဘဝကို toxic ကင်းကင်းနဲ့ဖြတ်သန်းဖို့အတွက် မိမိကိုယ်ကိုယ် main character တစ်ဦးအနေနဲ့သာမှတ်ယူလိုပ်ပါ။

ဒီလိုပြောလိုက်လို့ ကိုယ့်အတွက်ကိုကြည့်တတ်တဲ့ တစ်ကိုယ်ကောင်းဆန်ခိုင်းတာမျိုးနဲ့ မဆိုင်ပါဘူး။ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ မိမိူည်သာ အရေးကြီးဆုံး ပုဂ္ဂိုလ်တစ်ဦး ဒါမှမဟုတ် မိမိရဲ့ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းကို ချုပ်ကိုင်နိုင်သူဟာ မိမိတစ်ဦးတည်းသာလျှင်ဖြစ်ကြောင်း တွေရတောဖြတ်သန်းဖို့အကြံပြုလိုက်ပါတယ်ရှင်

-creator

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay