EPPL Online Store

EPPL Online Store

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from EPPL Online Store, Beauty, cosmetic & personal care, Mandalay.

Photos from EPPL Online Store's post 26/06/2022

💋 𝗣𝗲𝗿𝗶𝗽𝗲𝗿𝗮 𝗜𝗻𝗸 𝗠𝗼𝗼𝗱 𝗠𝗮𝘁𝘁𝗲 𝗧𝗶𝗻𝘁 💄

ဒါလေး ပြန်ရောက်ပါပြီ 💥𝐈𝐧𝐬𝐭𝐨𝐜𝐤 နော်

အရောင်စုံတုန်းလေး အမြန်သာ လှမ်းလာခဲ့ပါတော့နော် 😍

💰 Sale Price - 15,000 kyats
👄 Available Colour - 1 to 8 (အကုန်ရ)

✅100% Authentic
Direct from Korea 🇰🇷

Photos from EPPL Online Store's post 28/03/2022

Ma Nyo ပေါက်စ လေးတွေ တည့်မတည့် စမ်းသုံးမယ်ဆိုရင် 😍😍

Price - 12,000 ks

Photos from EPPL Online Store's post 13/03/2022

🌿𝐀𝐱𝐢𝐬-𝐘 𝐃𝐚𝐫𝐤 𝐒𝐩𝐨𝐭 𝐂𝐨𝐫𝐫𝐞𝐜𝐭𝐢𝐧𝐠 𝐆𝐥𝐨𝐰 𝐒𝐞𝐫𝐮𝐦🌿

💰Price - 23500 kyats

🍃Serum လေးလိုရော၊ Moisturizer လေးလိုရော နောက်ပြီး ညဘက်အိပ်ရာမဝင်ခင်လေးမှာ Glow & Hydration လေးပြည့်ပြည့်ဝဝလေးရစေဖို့ Sleeping Mask လိုလေးလဲ သုံးလို့ရတယ်နော် 🥰

ဒီ serum လေးကို ဘယ်လိုလူတွေ သုံးသင့်လ​​​ဲဆိုတော့•••

▪️Acne scars လေးတွေ ရှိနေတဲ့သူ

▪️တင်းတိတ်/ အမည်းစက်လေးတွေ ရှိနေတဲ့သူ

▪️ပုံမှန်ထက်ပိုပြီး အသားရောင် ညစ်နွမ်းနေတဲ့သူတွေ
သုံးသင့်ပါတယ်ရှင်

💁‍♀️ဒီ Axis-Y Serum ေလးမှာ Ingredients တွေ များစွာပါဝင်ပါတယ်။ အဓိကကတော့ Niacinamide လေးပေါ့။

💁‍♀️Niacinamide 5% ပါဝင်တာကြောင့် ဝက်ခြံတွေ အမဲစက်/အမဲကွက်တွေကို ပျောက်ကင်း​စေတဲ့အပြင် အသားအရည် မညီညာတာတွေကို သိသိသာသာ သက်သာလာစေပါတယ်။

✓နောက်ထပ် Ingredients တွေကတော့•••

🔸𝐏𝐚𝐩𝐚𝐲𝐚 - က အသားအရည် ညစ်နွမ်းတာတွေ/ ညိုညစ်တာတွေကို သက်သာလာစေတယ်။

🌾𝐑𝐢𝐜𝐞 𝐁𝐫𝐚𝐧 - က အသားအရည်ကို ဝင်းပလာစေတယ်။

🍊𝐒𝐞𝐚 𝐁𝐮𝐜𝐤𝐭𝐡𝐨𝐫𝐧 - က အသားအရည်ကို ဖြူဝင်းစေပြီး အစိုဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးတယ်။

🍋𝐒𝐪𝐮𝐚𝐥𝐚𝐧𝐞 - က အသားအရည်တင်းရင်းမှုကို ထောက်ပံ့ပေးတယ်။

🌼𝐂𝐚𝐥𝐞𝐧𝐝𝐮𝐥𝐚 - က Acnes Scar တွေနဲ့ မျက်နှာပေါ်မှာရှိတဲ့ အပြစ်အနာအဆာတွေကို အမြန်ဆန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။

💜𝐀𝐥𝐥𝐚𝐧𝐭𝐨𝐢𝐧 - က Cell အသစ်တွေကို တိုးပွားစေပါတယ်။

✓Texture လေးက Gel Type ဖြစ်လို့ လိမ်းလိုက်တာနဲ့အေးအေးလေးဖြစ်ပြီး စိမ့်ဝင်လွယ်ကူစေတယ်။

✓Skin Brightening ဖြစ်တာမြန်ပြီး သိသာတဲ့ Result မြန်မြန် ရချင်ရင်တော့ Axis-Y လေးကို သုံးဖို့ အကြံပြုချင်ပါတယ်။

✅100% Autentic
Direct from Korea 🇰🇷

Photos from EPPL Online Store's post 19/02/2022

vaseline လေးကတော့ အထူးပြောနေစရာမလိုဘူးနော်

price...5500ks

Photos from EPPL Online Store's post 13/02/2022

🍯𝙁𝙧𝙖𝙞𝙟𝙤𝙪𝙧 𝙔𝙪𝙯𝙪 𝙃𝙤𝙣𝙚𝙮 𝘼𝙡𝙡 𝘾𝙡𝙚𝙖𝙣𝙨𝙞𝙣𝙜 𝘽𝙖𝙡𝙢

💰𝐏𝐫𝐢𝐜𝐞 - 19,000 𝐤𝐲𝐚𝐭𝐬 { 50 𝒎𝒍 }

🍯 မျက်နှာ Cleansing လုပ်ရင်း တစ်ခါတည်း ရေဓာတ်ဖြည့်ပေးတာလေး လိုချင်တယ်ဆိုရင် ဒါလေး ရှိတယ်နော်

✓မိတ်ကပ်သာမက Sunream တွေကိုပါ လုံးဝသန့်စင်ပေးတာလေး
✓Cleansing ရုံတင်မက အသားအရည်ကို ပြန်လည်ထိန်းသိမ်းပေးတာလေး

🍯 ပျားရည်နဲ့ အဓိက ထုတ်လုပ်ထားတာဖြစ်လို့ သုံးပြီးရင် အသားအရည် ခြောက်ကပ်ကပ်ကြီး ဖြစ်မနေပါဘူးနော်

🍊 Natural Oils တွေနဲ့ပဲ ထုတ်လုပ်ထားတာမို့ အသားအရည် ထိခိုက်မှု မရှိ‌စေပါဘူးရှင်

📌How to use

✓Cleansing balm လေးကို မျက်နှာပေါ်တွင် လိမ်းပြီး မျက်နှာအနှံ့ ညင်သာစွာနှိပ်နယ်ပေးပါ။

✓ပြီးရင်​ ရေနှင့် မျက်နှာသစ်လိုက်ရုံနဲ့ ေချွးပေါက်အတွင်းထဲထိ သန့်စင်ပေးမှာပါနော်

Photos from EPPL Online Store's post 08/02/2022

𝙁𝙤𝙚𝙡𝙡𝙞𝙚 ချစ်သူလေးတို့ရေ ...📢

𝐈𝐧𝐧𝐞𝐫 𝐏𝐞𝐫𝐟𝐮𝐦𝐞 လေးတွေထဲကမှ လူကြိုက်များတဲ့
🖤𝘽𝙞𝙟𝙤𝙪
🤍𝘽𝙤𝙣 𝘽𝙤𝙣
🤎𝙁𝙤𝙧𝙚𝙩 လေးတွေရဲ့ အနံ့လေးတွေကို ကြိုက်လို့

✓အဲဒီအနံ့လေးတွေမှမရရင် အခြားအနံ့မသုံးချင်ဘူးဆိုတဲ့ အသည်းလေးတို့အတွက်

🩸𝐈𝐧𝐧𝐞𝐫 𝐏𝐞𝐫𝐟𝐮𝐦𝐞 နဲ့ အနံ့တစ်ပုံစံတည်း တစ်ထပ်တည်းတူတဲ့ 𝙈𝙞𝙨𝙩 လေးတွေကို 𝐅𝐨𝐞𝐥𝐥𝐢𝐞 က ထုတ်လုပ်ထားပါသေးတယ်ရှင့် 🤭

🩸အဲဒါကြောင့် ရေမွှေးလေးမရလို့ စိတ်မညစ်ပါနဲ့နော်
𝙈𝙞𝙨𝙩 လေးရှိသေးကြောင်း မင်မင်ကလာပြောပြတာပါရှင့်

🩸ရေမွှေးလေးက {5 𝒎𝒍} ပါပြီး 𝙈𝙞𝙨𝙩 လေးကကျတော့ {20 𝒎𝒍} တောင်ပါတာဆိုတော့ ရေမွှေးလေးထက် ပိုတန်တာပေါ့နော် 😎

💦𝙈𝙞𝙨𝙩 ဆိုတော့ အလွယ်တကူပဲ ဖြန်းလိုက်ရုံပဲလေ 😉

💰ဈေးနှုန်းလေးကလည်း {20 𝒎𝒍} ကိုမှ 23,000/- ပဲဆိုတော့ လုံးဝလုံးဝတန်တဲ့ အမိုက်စားအနံ့လေးတွေကို ရမှာနော် 😱🔥

🖤 အနက်ရောင်မှ အနက်ရောင်ဆိုသူလေးတွေတောင် ရေမွှေးမရလို့ Mist လေးကို အပြေးအလွှားလာဝယ်နေကြပါပြီရှင့် 😍

Photos from EPPL Online Store's post 08/02/2022

Innisfree Bija Trouble Facial Foam

price...12500ks

✔️Bija facial foamမှာတော့ Bija နဲ့
သူရဲ့ seed oil extractတို့ပါဝင်ပါတယ်✔️

☑️Skin barrierကိုကောင်းစေလို့ နာမည်ကြီးတဲ့
ဂျယ်ဂျူကျွန်းရဲ့သဘာဝပေါက်ပင်တစ်မျိုးလည်း
ဖြစ်ပါတယ်☑️

⏭သူရဲ့ seed oilဟာလည်း skinကို
Balance & Soothing ဖြစ်စေပါတယ်⏮

➡️Menthol ပါဝင်လို့ မျက်နှာသစ်ပြီးတာနဲ့
Cooling sensation ရစေသလို ရေဓာတ်ဖြည့်ပေးတဲ့
Roes & Coco extract, Glycerin အပင်ကရတဲ့
Salicylic acid ဟာလည်း ဆဲလ်သေတွေနဲ့
အဆီပိုတွေကို ဖယ်ရှားပေးနိုင်ရုံသာမက
Skin exfoliation effect ပါဝင်လို့
acne prone skinတွေအထူးသင့်တော်ပါတယ်⬅️

💎ဝက်ခြံနဲ့ အသားအရေပြသနာများကို အမှန်တကယ်
ဖြေရှင်းနိုင်တဲ့အစွမ်းရှိတဲ့ Innisfree ရဲ့
လူသုံးများလာတဲ့Bija Facial Foam လေးပဲဖြစ်ပါတယ်💎

🌟ဝက်ခြံနဲ့ အဆီဖုများကို သိသိသာသာ
ပျောက်ကင်းစေပြီး မျက်နှာအဆီပြန်ခြင်းကိုလည်း
ထိန်းချုပ်ပေးပါတယ်🌟

✨ဝက်ခြံများနောက်ထပ်ဖြစ်ပေါ်မလာစေရန်လည်း
ကာကွယ်တားဆီးပေးပါတယ်✨

⚡️ချွေးပေါက်ကျယ်ခြင်းကိုလည်းသက်သာစေပါတယ်
ဝက်ခြံကြောင့် ကျန်ရစ်ခဲ့သော အမာရွတ်၊
အမဲစက်များကိုလည်း ပျောက်ကင်းစေပါတယ်⚡️

🍀အရေပြားပါးလွှာပြီး အထိခိုက်မခံသော
sensitive skin type များအပါအဝင် အသားအရေ
ပြဿနာများစွာအတွက် feedback ကောင်းတွေ
ရရှိထားတဲ့ Bija facial foam ကိုသုံးကြည့်ဖို့
အကြံပေးချင်ပါတယ်နော်🍀

🍃Facial foam လေးတစ်ဗူးထဲနဲ့ အသားအရေ
သိသိသာသာကြည်လင်ဝင်းပလာစေမှာပါ🍃

Photos from EPPL Online Store's post 06/02/2022

𝗙𝗼𝗲𝗹𝗹𝗶𝗲 𝗜𝗻𝗻𝗲𝗿 𝗣𝗲𝗿𝗳𝘂𝗺𝗲 { 5 𝒎𝒍 }

💸𝐏𝐫𝐢𝐜𝐞 - 18,000 𝐊𝐲𝐚𝐭𝐬

👩‍❤️‍💋‍👨ကဲ...𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞'𝐬 𝐃𝐚𝐲 လည်း နီးပြီဆိုတော့
ချစ်သူလေးနဲ့ Date ရင် ကိုယ်သင်းနံ့လေး မွှေးနေအောင် မရှိမဖြစ် လိုအပ်တာလေးနော် 🌚💘

🩸𝐅𝐨𝐞𝐥𝐥𝐢𝐞 ရဲ့ အနံ့လေးတွေကြောင့် ကိုကိုတွေ မောင်မောင်တွေ အနားကမခွာချင်ဖြစ်သွားရင် မင်မင်တော့ တာဝန်မယူဘူးနော် 🤭

🩸သူ့ရဲ့ Review လေးတွေကတော့ ပြောနေစရာမလိုတော့အောင် အသည်းလေးတို့ အကုန်သိ 😘

🩸ဒီရက်ပိုင်း 𝐅𝐨𝐞𝐥𝐥𝐢𝐞 တွေချည်း လာမေးနေကြတယ်
မင်မင့် အသည်းလေးတွေ အရမ်းတွေကို မွှေးချင်နေကြပြီဟုတ် 😍

💁‍♀️မွှေးချင်တယ်ဆိုရင်တော့ ပစ္စည်းအကုန်မြန်တာမို့ တွေဝေမနေတော့ဘဲ အမြန်သာမှာလိုက်ကြတော့နော်
ဆိုင်မှာကိုယ်တိုင်လာပြီး အနံ့စမ်းကြည့်လို့လည်း ရတယ်နော်

06/02/2022

Skin1004 Centella Ampoule Foam(125ml)

Price. ....18000 Ks

🎆Oily skin Acne skin Sensitive skin ပိုင်ရှင်လေးတွေအတွက် မျက်နှာသစ်လေးပါ💦

🎆အသားအရေမညီညာတာ၊ ကြမ်းတမ်းတာ၊ ဝက်ခြံအဆီဖုပိစိလေးတွေကို သက်သာစေတဲ့ Ampoule foam ဖြစ်ပါတယ် 😍

🎆Centella Ampoule Foam လေးက အာဖရိကတောင်ပိုင်းကျွန်းဆွယ်တစ်ခုဖြစ်တဲ့ Madagascar ဆိုတဲ့ ကျွန်းဆွယ်မှာ ရေနဲ့လေထုညစ်ညမ်းမှုမရှိပဲ အရိုင်းဆန်ဆန်ရှင်သန်လာတဲ့ Centella Asiatica ကို သေချာသန့်စင်ပြီး ထုတ်လုပ်ထားလို့ ပုံမှန် foam တွေနဲ့မတူဘဲ Ampoule effect ပါရစေတဲ့ Ampoule Facial Faom ပါ

🎆Centella Asiatica ပါဝင်လို့ ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းတာ၊ အသားအရေ နီမြန်းတာ၊ ဝက်ခြံ၊ အဆီဖုများကို သက်သာစေပြီး Acne prone skin နဲ့ Skin redness ဖြစ်သူများနဲ့ အထူးသင့်တော်ပါတယ်

🎆PH balancing cleanser ဖြစ်တဲ့အတွက် PH 5.5 ဖြစ်အောင် balance လုပ်ပေးလို့ အသားအရေအရမ်းခြောက်တဲ့သူရော အဆီပြန်သူတွေပါသုံးလို့ရပါတယ်နော်

🎆Ampoule foam လေးက ဝက်ခြံဖုတွေကြောင့်နီမြန်းနေတာတွေ ပြည်ဖုလိုပိစိလေးတွေထွက်နေသူတွေဆို သုံးပီးရက်ပိုင်းအတွင်းကောင်းမွန်တဲ့ရလဒ်ကိုခံစားမိမှာပါ😘

04/02/2022

Omicron ကူးစက်ပါက

1. ဖျားခြင်း ချမ်းတုန်ခြင်း
2. လည်ချောင်းခြောက်ခြင်း /လည်ချောင်း နာ ခြင်း /ချောင်းခြောက်ဆိုးခြင်း
3. ခန္ဓာကိုယ်နဲ့ ကြွက်သားများ ကိုက်ခဲခြင်း
4. မောပန်းနွမ်းနယ်ခြင်း
5. နှာခေါင်းပိတ်ခြင်း /နှာစေးခြင်း
6. ည တွေ အေးမြသောအခန်းတွင်ရှိသော်လည်း ဇောချွေး များ ထွက်ခြင်း
7. အရင် လိုအနံ့ အရသာ ပျောက် ခြင်း သိပ်မရှိသောကြောင့် တုပ်ကွေးလက္ခဏာများ နှင့် ဆင်တူပါသဖြင့် မိမိတွင်ကူးစက်မိပါက သတိမထားမိ လျှင် ဆိုးဝါးသော အဆင့်ကို ရောက် သွားနိုင်ပါသဖြင့် လက္ခဏာများအား မိမိကိုယ် တိုင်သံသယဖြစ်လျှင် နီးစပ်ရာ ဆရာဝန်နှင့် စနစ်တကျ စစ်ဆေး ကုသမှုခံယူပါရန်
တိုက်တွန်း အပ်ပါသည်

Crd: Samitivej Hospital
အထက်ပါအချက်များကို မျှဝေပေး သော
ကူးစက်ရောဂါ အထူးကု ဆရာဝန်ကြီး
Dr. On-Umar Banpamaiအား အထူးပင်ကျေးဇူးတင်ပါသည်

Photos from EPPL Online Store's post 03/02/2022

Bioderma Micellar Cleansing Water

Price. ...14500 Ks

💜မိတ်ကပ်တွေအလွယ်တကူဖျက်ဖို့အတွက် Double cleansing လုပ်တဲ့နေရာမှာ တော်တော်အသုံးဝင်တယ်

💟ပန်းရောင်လေးက sensitive skin သမားတွေအတွက်ပိုအဆင်ပြေနိုင်ပါတယ် အသားခြောက်ပီး sensitive ဖစ်ရင် ရွေးပါ😘

💚အစိမ်းလေးက oily skin နဲ့ ဝက်ခြံ အဆီဖုသမားလေးတွေဆိုရင် အဆင်ပြေ😘

28/01/2022

Vaseline Hair Tonic😍

Price..... 14000 Ks

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay