H & H Natural Handmade Soap and Shampoo

H & H Natural Handmade Soap and Shampoo

Share

သဘာဝအသီးအရွက်များကိုသာ အသုံးပြုထားကြောင်း အာမခံပါသည်။

21/07/2026

H&H Natural Products များကို အစဥ်တစိုက်အားပေးလာကြတဲ့ ချစ်ရတဲ့ Customer တို့ ခင်လဲခင် အားလဲနာလှစွာနဲ့ပဲ အသိပေးပါရစေ။
H&H သဘာဝ ခေါင်းလျှော်ရည်နဲ့ ဓာတုလျှော့ချ ဆပ်ပြာခဲလေးတွေကို မဖြစ်မနေ စျေးထပ်တက်ရပါတော့မယ်။
ဒီနေ့ပဲ ကုန်ကြမ်းပစ္စည်းတွေကုန်လို့ စျေးဝယ်ထွက်ရာမှာ ခေါင်းလျှော်ရည်ကုန်ကြမ်းရော ဆပ်ပြာခဲကုန်ကြမ်းတွေပါ ၂ ဆနီးပါး စျေးခုန်တက်သွားကြပါတယ် 😥
အဓိကတော့ ထိုင်းဘက်က ကုန်ကြမ်းတွေက လမ်းခရီးမှာ အဆင့်ဆင့်သော အကြောင်းအမျိုးမျိုးကြောင့် သဘာဝမကျတဲ့ မကြားဝံ့မနာသာစျေးနှုန်းတွေဖြစ်ကုန်ကြပါတယ်။ ကျမက ပစ္စည်းအဝယ်အော်ဒါလာတိုင်း သူများတွေလို စျေးစုံစမ်းပြီးမှ တက်လျှင်တက်စျေးဘယ်တုန်းကမှမရောင်းခဲ့ပါ။ ကျမဝယ်ထားတဲ့ကုန်ကြမ်းမကုန်မချင်း ဝယ်ထားတဲ့စျေးနဲ့ပဲတွက်ရောင်းပါတယ်။ ဘယ်သူစျေးတက်တက် လိုက်မတက်ခဲ့ပါဘူး။ ဖောက်သည် ကိုယ်စားလှယ်ကြီးတွေအသိဆုံးပါ။
အခုတခေါက်တော့ တကယ်ကို အဆမတန် မြင့်တက်သွားတဲ့စျေးတွေကြောင့် သဘာဝခေါင်းလျှော်ရည်၊ ဓာတုလျှော့ချ မျက်နှာသစ်ဆပ်ပြာခဲနဲ့ ကျောက်ချဥ်ရေချိုးဆပ်ပြာခဲတွေကို စျေးလေးအနည်းငယ်တက်ခွင့်ပြုပါလို့ မေတ္တာရပ်ခံပါတယ်။ အခုစျေးနည်းနည်းတက်မယ်ဆိုတာတောင်မှ စျေးကွက်မှာ ရောင်းချနေကြတဲ့ တခြားသော သဘာဝခေါင်းလျှော်ရည်တွေ၊ ဆပ်ပြာခဲတွေနဲ့ယှဥ်ရင် H&H Products တွေက အများကြီးစျေးချိုပါသေးတယ်နော်။ အရည်အသွေးအနေနဲ့လဲ လုံးဝအာမခံချက်အပြည့်ပါ။
အားပေး သုံးစွဲသူ တယောက်ချင်းစီတိုင်းကို H&H မိသားစုက ကျေးဇူးတင်ပါတယ်။

Photos from H & H Natural Handmade Soap and Shampoo's post 22/06/2026

ဒီရက်ပိုင်း စိတ်တွေရှုပ်ထွေးနေလို့ ခေါင်းလျှော်ရည်အမှာတွေတောင်မတင်ဖြစ်တာကြာပြီ။
ပခုက္ကူက မောင်ဝမ်းကွဲလေးရဲ့အမျိုးသမီး ယောင်းမလေးက ပထမအကြိမ်သူတို့သုံးဖို့ဝယ်ရင်းနဲ့ ကြိုက်လို့ဆိုပြီး ပြန်ရောင်းဖို့အတွက်ပါထပ်ယူလို့ H&H ရဲ့ သဘာဝခေါင်းလျှော်ရည် (500 ml) ဘူးကြီး ဘူး ၂၀ ပို့ပေးလိုက်ပြီး H&H ရဲ့ အကြီးစားဖောက်သည် တောင်ငူကိုယ်စားလှယ်အတွက် (500 ml) ဘူးကြီး ၂၀၊ (300 ml) ဘူးသေး ၂၀၊ Scrub ၃ မျိုး(တမျိုး ၅ ဘူးစီ) ၁၅ ဘူး၊ ကျောက်ချဥ်ဆပ်ပြာ ၁၅ ခဲ ပို့ပေးလိုက်ပါတယ်။
ပခုက္ကူကိုယ်စားလှယ်အသစ်ရော၊ တောင်ငူကိုယ်စားလှယ်ကြီးပါ ပစ္စည်းရောက်ပြီး အမြန်ရောင်းလို့ကုန်ပါစေ။
ဒီနေ့တော့ မန္တလေးမြို့ပေါ်ကပဲ ကိုယ်တိုင်အစဥ်တစိုက်သုံးစွဲလာတဲ့ Customer တယောက်က သူ့လိုပဲ တခြားသူတွေလဲကြိုက်ကြမှာပဲ စမ်းရောင်းကြည့်မယ်ဆိုပြီး သဘာဝခေါင်းလျှော်ရည် (500 ml) ဘူးကြီး ၂၀ နဲ့ (300 ml) ဘူးသေး ၅ ဘူး မှာတာ အခုပဲ ပို့ခဲ့ပါပြီ။ သုံးဖူးရင် ကြိုက်ကြလို့၊ စမ်းသုံးကြည့်ဖို့ပဲပြောပေးပါ၊ ရောင်းကောင်းမှာသေချာပါတယ်ရှင်။ အမြန်ရောင်းလို့ကုန်ပါစေနော်။
ဒီ Post တင်ဖို့ စာစီနေတုန်းပဲရှိသေးတယ်၊ မဟာကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာမကြီးက လက်ဆောင်ရလို့ သုံးကြည့်ပြီး ကြိုက်လို့တဲ့၊ (500 ml) ၅ ဘူးမှာပါတယ်။ Admin တော့ ပါးစပ်မစိတော့ဘူး၊ ပျော်လို့ 😁

Photos from H & H Natural Handmade Soap and Shampoo's post 01/05/2026

ဒီရက်ပိုင်း ခဏခဏလူမေးများနေတဲ့ H&H ကထုတ်တဲ့ ကျောက်ချဥ်ဆပ်ပြာခဲလေးတွေ လိုချင်သလောက်မှာလို့ရပါပြီနော်။
ကျောက်ချဥ်ဆပ်ပြာခဲရဲ့ အားသာချက်ကတော့ လိုအပ်သလို စိတ်တိုင်းကျ အသုံးပြုနိုင်တာပါပဲ။
- မျက်နှာသစ်ဆပ်ပြာခဲအဖြစ် သုံးရင်လဲအဆင်ပြေပါတယ်။
* ဝက်ခြံတွေပျောက်ပြီး အသားလေးချောသွားစေမယ်။
- ကိုယ်တိုက်ဆပ်ပြာအဖြစ်သုံးမလား၊ ဒါလဲရပါတယ်။
* ​ချွေးနံ့ဆိုးတွေ၊ ဂျိုင်းချွေးနံ့တွေကို သက်သာစေပါတယ်။
- Private Area (မိမိရဲ့ သီးသန့်နေရာ) အတွက်သုံးချင်တာလား၊ ပိုကောင်းတာပေါ့။
* မလိုလားအပ်တဲ့အနံ့ဆိုးတွေကင်းပြီး ပိုးသတ်သန့်စင်ပြီးသားဖြစ်လို့ ကျန်းမာရေးအတွက်ပါအထောက်အကူဖြစ်စေပါတယ်။
ကြိုက်သလိုသုံး၊ လိုရာသုံး၊ သုံးချင်တဲ့နေရာသာသုံး။
စျေးကလဲတန်မှတန်နော်။
နာမည်ကြီးနေတဲ့ကျောက်ချဥ်ဆပ်ပြာခဲတခဲကို တခြားသူတွေရောင်းနေကြတာ ၁၂၀၀၀ တဲ့။
H&H ရဲ့ ဓာတုလျှော့ချ သဘာဝကျောက်ချဥ်ဆပ်ပြာခဲ 100g အခဲကြီးတခဲကိုမှ ၆၀၀၀ ပဲနော်။
ဘက်စုံလဲသုံးလို့ရမယ်၊ စျေးကလဲ သူများနဲ့ယှဥ်ရင် ထက်ဝက် ခေါက်ချိုးသက်သာနေတာဆိုတော့ ဘာမှစဥ်းစားမနေတော့ပဲ 097950500 ကိုသာ Hello လုပ်လိုက်ပါနော် 🥰
သြော် မေ့တော့မလို့ ....
အမြှုပ်ထွက်အားကောင်းအောင် အောက်ကပုံလေးထဲကအတိုင်း ဇာပိုက်အိတ်လေးလဲ လက်ဆောင်ပါသေးတယ်နော်။

04/04/2026

မင်္ဂလာပါ ချစ်မိတ်ဆွေတို့ရေ
မြန်မာနှစ်သစ်ကူးအချိန်အခါသမယကို မကြာခင်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
နှစ်ဟောင်းက အညစ်အကြေးတွေကို ကောင်းစွာဆေးကြောသန့်စင်ပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံစွာ နှစ်သစ်ကူးပြောင်းဖို့အတွက် H&H က ကူညီပါရစေ။
H&H ရဲ့ သဘာဝ ခေါင်းလျှော်ရည်ဆိုတာကလေ ဓာတုပစ္စည်းတွေကို 80% လောက်အထိလျှော့ချထားပြီး သဘာဝအသီးအရွက်စစ်စစ်တွေကို pH7 သောက်ရေသန့်နဲ့ ကြိုချက်ထားတာဖြစ်လို့ ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘဲ ဦးရေပြားနဲ့ ဆံသားအတွက်အထူးကောင်းမွန်တဲ့ ခေါင်းလျှော်ရည်ပါ။
မြန်မာတို့ရဲ့ဓလေ့ထုံးစံအရ မဟာသင်္ကြန်အတက်နေ့ သို့မဟုတ် မြန်မာနှစ်ဆန်း ၁ ရက်နေ့တို့မှာ H&H ရဲ့ သဘာဝခေါင်းလျှော်ရည်နဲ့သာ ဦးခေါင်းဆေးမင်္ဂလာပြုလုပ်မယ်ဆိုရင်တော့ အပေါ်မှာပြောခဲ့သလိုမျိုး ဘေးထွက်ဆိုးကျိုးမရှိတဲ့အပြင် ကင်ပွန်းသီးကို အဓိကအခြေခံပြီး ထုတ်လုပ်ထားတာဖြစ်လို့ အယူတော်မင်္ဂလာအရလဲ ဘုန်းကျက်သရေတိုးတက်စေမှာပါ။
ကျက်သရေ မင်္ဂလာပြည့်စုံစွာနဲ့ မြန်မာနှစ်သစ်ကိုကြိုဆိုချင်တယ်ဆိုရင်တော့ H&H သဘာဝကင်ပွန်းသီး ခေါင်းလျှော်ရည်လေးနဲ့ ခေါင်းဆေးမင်္ဂလာပြုကြပါနော်။
097950500 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

Photos from H & H Natural Handmade Soap and Shampoo's post 02/03/2026

2026 နှစ်သစ်မှာ ထုပ်ပိုးမှုပုံစံအသစ်နဲ့ ထုတ်လုပ်လိုက်တဲ့ ဆေးဘက်ဝင်သဘာဝတင်းတိတ်ပျောက် မျက်နှာသစ်ဆပ်ပြာခဲလေးပါ။ တင်းတိတ်မရှိသော်လည်း နေ့စဥ်အသုံးပြုပေးမယ်ဆိုရင်တော့ တပါတ်လောက်အတွင်းမှာပဲ အသားအရေကြည်လင်တောက်ပလာခြင်းကို သိသာစေမှာပါ။
ပါဝင်ပစ္စည်းတွေကတော့ -
ဆေးဘက်ဝင်အရွက် ၄ မျိုး (ထောလပတ်ရွက်၊ တမာရွက်၊ မြင်းခွာရွက်၊ ကြိတ်မှန်ရွက်) တို့ကို ရေစင်စင်ဆေး၊ ကြိတ်ချေပြီးရလာတဲ့သတ္တုရည်နဲ့အတူ သဘာဝပျားရည်စစ်စစ်၊ အလှဆီ (glycerine) တို့ဖြင့်စီမံဖော်စပ်ထားပါတယ်။
ဓာတုပစ္စည်းများ 80%လောက်ထိလျှော့ချထားလို့ မည်သည့်အသားအရေမျိုးမဆို ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။
H&H ရဲ့ သဘာဝတင်းတိတ်ပျောက်ဆပ်ပြာခဲလေးက တခဲကိုမှ မြန်မာငွေ ၆၅၀၀ ထဲပါရှင်။ တန်ဖိုးအား​ဖြင့်မများပေမယ့် မျက်နှာအသားအရေအတွက်တော့ ကျေနပ်တဲ့ရလဒ်မျိုးကိုရရှိစေမှာပါ။
စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် 0979505006 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်နော်။

Photos from H & H Natural Handmade Soap and Shampoo's post 01/03/2026

၂၀၂၆ မှာ ထုပ်ပိုးမှုပုံစံအသစ်နဲ့ထုတ်လုပ်လိုက်တဲ့ H&H ရဲ့ ဓာတုလျှော့ချသဘာဝမျက်နှာသစ်ဆပ်ပြာခဲလေးတွေပါ။
ဆပ်ပြာခဲတမျိုးချင်းစီမှာ သဘာဝအသီးအရွက်တွေရဲ့ အာနိသင်တမျိုးစီနဲ့စီမံထုတ်လုပ်ထားပါတယ်။
အောက်မှာ အမျိုးအစားအလိုက်ပုံတပုံချင်းစီနဲ့ ရရှိမယ့် အကျိုးအာနိသင်တခုချင်းစီကိုလဲဖော်ပြထားလို့ မိမိကြိုက်နှစ်သက်ရာ၊ မိမိရဲ့ အသားအရေနဲ့သင့်တော်ရာအမျိုးအစားကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်နော်။
H&H ရဲ့ မျက်နှာသစ်ဆပ်ပြာခဲတွေမှာ အလှဆီ (glycerine) ကို အခြေခံပြီး ဆေးဘက်ဝင် သဘာဝအသီးအရွက်စစ်စစ်များကိုသာအသုံးပြုထားတဲ့အတွက် ဓာတုပစ္စည်းတွေရဲ့ဘေးထွက်ဆိုးကျိုးအန္တရာယ်လုံးဝမရှိပါ။ ဒါ့အပြင် သဘာဝမျက်နှာသစ်ဆပ်ပြာခဲ တခဲချင်းစီကို မြန်မာငွေ ၅၀၀၀ ပဲရှိလို့ ဘတ်ဂျက်အရလဲ တွက်ခြေကိုက်ပါတယ်နော်။
"တခဲလောက်ပဲစမ်းသုံးကြည့်ပါ၊ သင်ကြိုက်နှစ်သက်မှာသေချာပါတယ်"
မှာယူချင်တယ်ဆိုရင်တော့
ဖုန်းနံပါတ် 09795050026 ကို Hello လိုက်နော်။
Viber ကနေလဲ Hi လို့ရပါတယ်။

Photos from H & H Natural Handmade Soap and Shampoo's post 13/02/2026

H&H ကထုတ်တဲ့ ဓာတုလျှော့ချ သဘာဝဆန်ဆပ်ပြာလေးနဲ့ မျက်နှာသစ်ပါ။
မျက်နှာပေါ်က အမဲစက်နဲ့ နေလောင်ကွက်တွေလျော့ပါးပြီး အသားအရေလေးကြည်လာတာကို တပါတ်အတွင်း သိသိသာသာသတိထားမိလာပါလိမ့်မယ်။
အမြှုပ်အိတ်လေးလဲပါလို့ မျက်နှာပေါ်ဖွဖွလေးပွတ်လိုက်တာနဲ့ ဂျီးလဲပြောင် အမြှုပ်တွေလဲထ၊ သဘာဝဆံတဲ့ ဆန်နံ့သင်းသင်းလေးကြောင့်စိတ်ကိုလဲကြည်လင်လန်းဆန်းသွားစေတယ်။
H&H ကထုတ်တဲ့ ဓာတုလျှော့ချ သဘာဝဆန်ဆပ်ပြာခဲလေးတွေက တခဲကိုမှ မြန်မာငွေငါးထောင်ထဲဆိုတော့လေ ဘတ်ဂျက်လဲချွေတာရာရောက်တာပေါ့နော်။
တခဲ​လောက်လေးပဲ စမ်းသုံးကြည့်လိုက်ပါ၊ သေချာပေါက်ကြိုက်သွားစေရမယ် 😍
သုံးကြည့်ချင်တယ်ဆိုရင်တော့
09795050026 ကိုသာ Hello လိုက်နော်။ Viber ကနေလဲ လာ Hi လို့ရပါတယ်ရှင်။

Photos from H & H Natural Handmade Soap and Shampoo's post 17/01/2026

အခုလိုဆောင်းရာသီ ခေါင်းခဏခဏမလျှော်ဖြစ်တတ်တဲ့အချိန်တွေမှာ ဒုက္ခအပေးဆုံးကတော့ ဦးရေပြားယားယံပြီး ဗောက်ထတာပါပဲ။ လူတကိုယ်လုံး အပျံစားနဲ့စတိုင်ကျ လှပနေသော်လဲ ခေါင်းပေါ်မှာ ပြာမှုန့်တွေဖြူးချထားသလို ဗောက်ဖတ်တွေတဖွားဖွားထပြီး ရှိုးပဲ့ရတာမျိုးမြင်ဖူးကြတယ်မဟုတ်လား။ အဲလို ဗောက်ထတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်ဆိုရင်တော့ H&H ကထုတ်တဲ့ သဘာဝခေါင်းလျှော်ရည်ကိုသာ သုံးကြည့်လိုက်ပါ။ H&H ရဲ့သဘာဝခေါင်းလျှော်ရည်ကိုသာ ပုံမှန်အသုံးပြုနေရင် ရာသီဥတုကြောင့်ပဲဖြစ်ဖြစ်၊ အလုပ်မအားလို့ပဲဖြစ်ဖြစ် တပါတ်လောက်ခေါင်းမလျှော်ဖြစ်ရင်တောင်မှ ခေါင်းယားတာ၊ ဗောက်ထတာ လုံးဝဖြစ်မလာစေရဘူးလို့ အာမခံပေးနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်ကျွတ်လဲ သက်သာတယ်ဆိုတဲ့ သိသာတဲ့ရလဒ်မျိုးရရှိမှာပါ။
မြန်မာငွေ တသောင်းမကျော်တဲ့စျေးလေးနဲ့ ဆံသားနဲ့ဦးရေပြားအတွက် ရလဒ်ကောင်းတွေရလာမှာဆိုရင် ပျော်စရာကြီးပါနော်။
"ဆံပင်ကျွတ်သက်သာ၊ ဗောက်ပြဿနာဖြေရှင်းဖို့ H&H Herbal Shampoo သုံးကြစို့"

Photos from H & H Natural Handmade Soap and Shampoo's post 08/01/2026

တောင်ငူအမှာလေး ဒီနေ့ပို့ပါပြီ။
- ခေါင်းလျှော်ရည် (500 ml) ဘူး ၂၀၊
- H&H ရဲ့ အထူးသီးသန့် တင်းတိတ်ပျောက်ဆပ်ပြာ အခဲ ၂၀၊
- ကော်ဖီ Scrub၊ မန်ကျည်းသီး Scrub၊ ကင်ပွန်းသီး Scrub (တမျိုး ၅ ဘူးစီ) ၁၅ ဘူး၊
- ချွေးနံ့ဆိုးတွေဖယ်ရှားပေးမယ့် ကျောက်ချဥ်ဆပ်ပြာ အခဲ ၂၀၊
တောင်ငူမြို့ရဲ့ H&H ကိုယ်စားလှယ်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒီထက်မက ရောင်းအားတက်ပါစေရှင်။
ပုံမှန် အမြဲအားပေးတဲ့ တောင်ငူနယ်တဝိုက်က customer တယောက်ချင်းစီတိုင်းကိုလဲ H&H မိသားစုက လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။

Photos from H & H Natural Handmade Soap and Shampoo's post 06/01/2026

နှစ်သစ်မှာ H&H ရဲ့ ထုတ်ကုန်အသစ်လေးတခုနဲ့မိတ်ဆက်ပေးပါရစေ။
Roll on တွေတောင်မနိုင်အောင် ဂျိုင်းချွေးနံ့တွေအရမ်း​ပြင်းရင် ကျောက်ချဥ်တုံးလေးရေဆွတ်ပြီး ဂျိုင်းကိုပွတ်ရတယ်လို့ လူကြီးတွေပြောစကားကြားဖူးကြမှာပေါ့နော်။ အခု အဲဒီ ချွေးနံ့ဆိုးတွေကိုပျောက်စေတဲ့ ကျောက်ချဥ်တုံးကိုအမှုန့်ကြိတ်ပြီး လာဗင်ဒါပန်းရနံ့မွှေးမွှေးလေးနဲ့ စီမံထုတ်လုပ်ထားတဲ့ H&H Natural Handmade Soap & Shampoo ကထုတ်တဲ့ ကျောက်ချဥ်ဆပ်ပြာခဲလေး ရပါပြီ။
မူလထုတ်ကုန်​ဖြစ်တဲ့ ဓာတုလျှော့ချသဘာဝ မျက်နှာသစ်ဆပ်ပြာခဲတွေက ဆန်ဆပ်ပြာ၊ မန်ကျည်းဆပ်ပြာ၊ ရှားစောင်းဆပ်ပြာ၊ ကော်ဖီဆပ်ပြာ၊ ပျားရည်ဆပ်ပြာ နဲ့ တမာဆပ်ပြာဆိုပြီး အမျိုးအစား (၆) မျိုးရှိပါတယ်။
အခုအသစ်ထုတ်တဲ့ ကျောက်ချဥ်ဆပ်ပြာခဲက ကိုယ်တိုက်ဆပ်ပြာအနေနဲ့ ရည်ရွယ်ထုတ်လုပ်ထားလို့ H&H က ထုတ်နေကြ ဓာတုလျှော့ချ မျက်နှာသစ်ဆပ်ပြာခဲတွေထက် အရွယ်အစားပိုကြီးပြီး၊ အလေးချိန် (gram) အနေနဲ့လဲ ပိုပါတယ်နော်။
ဒါပေမယ့် စျေးအနေနဲ့တော့ အတူတူပဲရောင်းပေးမယ်ဆိုရင် ချစ်ရတဲ့ဖောက်သည်တို့ပျော်မယ်မဟုတ်လားရှင်။
ဘယ်ဆပ်ပြာခဲအမျိုးအစားပဲဖြစ်ဖြစ် တခဲကို ၅၀၀၀ ပါနော်။
ဖောက်သည် (လက်ကားစျေး သီးသန့်ရှိပါတယ်)
မှာယူလိုပါက 097950500 ကို Hello လိုက်ပါ။ Viber ကနေလဲ ဆက်သွယ်လို့ရပါတယ်နော်။

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay