Ko Nay Online Shop

Ko Nay Online Shop

Share

အလွအပေရးရာနွင့္က်န္းမာေရးဗဟုသုတမ်ားမ်ှေဝရာ

Photos from Ko Nay Online Shop's post 08/07/2026

သင့်ခန္ဓာကိုယ်မှာ ဒီလိုဝေဒနာလေးတွေခံစားနေရတဲ့အခါ
သက်သာစေဖို့ နည်းလမ်းလေးတွေပါ...
ဖတ်ရှုထားသည့်များထဲမှ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။


Ko Nay Online Shop

06/07/2026

☘️ရှားစောင်းလက်ပတ်ပင် ဟုတ်တယ်နော် ☘️

☘️အခုခေတ်နောက်ပိုင်း အလှကုန် စားသောက်စရာ
အတော်များများမှ အသုံးပြုလာကြပါတယ်

☘️ပြင်သစ်နိုင်ငံသာား ဆရာဝန် Dr Jamie က ၁၀ စု နှစ်တစ်ခုကျော် သုတေသန ပြုလုပ်ပြီးအလှကုန်ထုတ်လုပ်ဖို့ အသင့်တော်ဆုံးဆိုပြီ အဆိုပြုခဲ့တာပါ ဘယ်နေရာမှာကောင်းလဲဖတ်ကြည့်လိုက်တော့

(၁)ဝမ်းချုပ်တက်သူ့က ဖျော်ရည် လုပ်သောက်ပါတဲ့

(၂)အပူလောင် ဒဏ်ရာပေါ် သူ့ရဲ့ ဂျယ်ကို သုတ်လိမ်းပါ အမြန်သက်သာစေပါတယ်

(၃)ဝတ်ခြံများအတွက် သူ့ရဲ့ ဂျယ် အသုံးပြုပါ

(၄)အစာခြေစနစ်ကောင်းမွန်ရန် ဖျော်ရည်သောက်ပါ

(၅)ဗောက်ထခြင်းအတွက် ဆံပင်ပေါ် သူ့ရဲ့ ဂျယ်လိမ်းပါ

(၆)သွေးတွင်းသကြားဓါတ်လျော့ချရန် ဖျော်ရည်လုပ်သောက်ပါ

(၇)အရေပြားပေါ် သူ့ရဲ့ ဂျယ် လိမ်းပါတဲ့ အရေပြားကျန်မားရေးကောင်းမွန်စေပါတယ်

(၈)ကိုယ်ခံအားနည်းသူ့. ဖျော်ရည်လုပ်သောက်ပါ

(၉)အသည်းသန့်စင်ရန် ဖျော်ရည်လုပ်သောက်ပါ

(၁၀)အစာအိမ်အနာကိုလျော့ချရန် ဖျော်ရည်လုပ်သောက်ပါ

(၁၁)ကျောက်ကပ်ကျောက်တည်ခြင်းကို တိုက်ဖျက်ဖို့ ဖျော်ရည်လုပ်သောက်ပါ

(၁၂)ကိုလက်ထရော ဟန်ချက်ညီဖို့ ဖျော်ရည် လုပ်သောက်ပါ

(၁၃)အရေပြားယားယံမှုသက်သာစေရန် သူ့ရဲ့
ဂျယ်လိမ်းပါ

(၁၄)သားသမီးမွေးဖွားပြီး မ အင်္ဂါ ကို
သူ့ရဲ့ ဂျယ်လိမ်းပေးပါ

Crd
ချစ်တဲ့ကေခိုင်
#လေးစားစွာဖြင့်crdပေးပါတယ်။
#ကျန်းမာရေးဗဟုသုတရကြပါစေ

15/06/2026

#သွေးတိုး_ဆီးချို
အမြဲတက်နေတာကို သက်သာစေမည့် ဆေးနည်း

#သွေးတိုး ဆီးချို မကြောက်ပါနဲ့
သွေးတိုး ဆီးချို အမြဲတက်နေတာအတွက် စိတ်မပူပါနဲ့။ ကွမ်းရွက်တစ်ရွက်မှာ ကြက်သွန်ဖြူ (၅) တက် ထည့်ပြီး ညက်အောင် ဝါးစားပြီး မြိုချလိုက်ပါ။ ပြီးရင် ရေအနည်းငယ်သာ သောက်ပါ။ ခဏနေရင် သွေးတိုးဆီးချို အံ့အားသင့်ဖွယ် ကျသွားပါမယ်။

#နံနက် နေ့လည် ည သုံးကြိမ် သောက်ပေးပါ။ သွေးတိုး ဆီးချို သိပ်မတက်ရင် နံနက် ည နှစ်ကြိမ်သာ သောက်ပေးပါ။ ရက်ရှည် သောက်သွားရင် သွေးတိုးဆီးချိုက bye bye ဆိုပြီးနှုတ်ဆက် ထွက်ပြေးသွားပါ လိမ့်မယ်ရှင့်။ ရိုးရိုးအစိမ်းမစားနိုင်သူများ၊ကြက်သွန်ဖြူ ၅မွာ မီးကင်၍စားနိုင်ပါသည်။

#ကျန်းမာရေးဗဟုသုတများကို
နေ့စဉ်နဲ့အမျ တင်ပေးနေတာမို့ pageထဲကိုဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါရစေ...
တဆင့် ပြန်လည် မျှဝေပါတယ. ..

Credit to writer ✍🏻

#ကျန်းမာရေးဗဟုသုတရကြပါစေ

27/04/2026

အပူဒဏ်ကြောင့် ညဘက်ထရေချိုးရာမှ
အသက်ဆုံးရှုံးရသည့် ဖြစ်စဉ်များ -
သတိပြုရန် နှိုးဆော်ချက်
---------------------------------

အခုရက်ပိုင်း အပူရှိန်က တကယ်ကို
သည်းခံရခက်ပါတယ်။ လျှပ်စစ်မီးကလည်း
ပုံမှန်မလာတော့ ညဘက်ဆို အိပ်ရတာ
ငရဲကျသလိုပါပဲ။ ချွေးတွေရွှဲပြီး
အပူဒဏ်မခံနိုင်လို့ ညသန်းခေါင်ထပြီး
ရေချိုးလိုက်မိတဲ့ အခိုက်အတန့်တွေ
အားလုံးမှာ ရှိဖူးကြမှာပါ။

ဒါပေမဲ့... ဒီအကျင့်က အသက်ဘေးကို
ဖိတ်ခေါ်နေမှန်း သင်သိပါသလား။
မကြာသေးခင်ကမှ ကြားလိုက်ရတဲ့
ဝမ်းနည်းစရာ သတင်းနှစ်ခု ရှိပါတယ်။

#ဖြစ်စဉ် (၁): အသက် ၆၅ နှစ်အရွယ်
အမျိုးသားတစ်ဦး။ ညက ပူလွန်းလို့ဆိုပြီး
ထရေချိုး၊ ပြီးတော့ အပြင်မှာ
ထွက်အိပ်ရာက မနက်ကျတော့
အသက်မရှိတော့ပါဘူး။

ဖြစ်စဉ် (၂): ဈေးထဲက ငါးသည်မလေး။
သူလည်း ညက ပူလို့ဆိုပြီး ရေထချိုးတာ
ခေါင်းပါ လောင်းချိုးလိုက်မိလို့
လေဖြတ်သလိုဖြစ်ပြီး နေရာတင်
လဲကျကွယ်လွန်သွားခဲ့ပါတယ်။

"ပူလို့ ရေချိုးတာ ဘာဖြစ်လို့လဲ" လို့
တွေးကောင်းတွေးနိုင်ပါတယ်။
အလွန်ပူပြင်းနေတဲ့အချိန်မှာ
ခန္ဓာကိုယ်အပူချိန်က မြင့်တက်နေပါတယ်။
အဲဒီအချိန်မှာ ရေအေးအေးနဲ့ ရုတ်တရက်
လောင်းချိုးလိုက်ရင် (အထူးသဖြင့်
ခေါင်းကစပြီး လောင်းရင်) သွေးကြောတွေ ရုတ်တရက် ကျုံ့သွားပြီး သွေးတိုးတာ၊
လေဖြတ်တာ ဒါမှမဟုတ်
နှလုံးရပ်တာတွေအထိ ဖြစ်ပွားနိုင်ပါတယ်။

မဖြစ်မနေ လိုက်နာရန် အချက်များ -
အလွန်အပူရှိန်ပြင်းနေချိန်တွင်
ညဘက် ရေမချိုးပါနှင့်။

မချိုးရမနေနိုင်လျှင် ရေအေးဖြင့်
မချိုးဘဲ ရေကြက်သီးနွေးဖြင့်သာ ချိုးပါ။

ခေါင်းကို ချက်ချင်း လောင်းမချိုးပါနှင့်။ ခြေထောက်၊ လက်၊ ကိုယ်ခန္ဓာကို အရင်
အသားကျအောင် ရေပတ်တိုက်ပေးပြီးမှ ဖြည်းဖြည်းချင်း ချိုးပါ။

ရေချိုးပြီးချင်း ပန်ကာ (သို့)
အဲကွန်းအောက် တန်းမဝင်ပါနှင့်။

မိမိတို့ရဲ့ မိသားစုဝင်တွေနဲ့
သူငယ်ချင်းတွေကို သိအောင်
မျှဝေပေးကြပါဦး။ ရန်သူ
(အပူဒဏ်) က ကိုယ့်ကို
သေစေချင်တဲ့အခါ၊
မသေအောင် နေပေးရတာလည်း
တိုက်ပွဲတစ်ခုပါပဲ။

Share

Ko Nay Online Shop

24/04/2026

“အပူရှိန်ပြင်းတဲ့ ရာသီမှာ အပူဒဏ်ကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲ?”

ဒီလပိုင်းတွေအတွင်း မြန်မာပြည်ရဲ့ ရာသီဥတုက တော်တော်ပူပြင်းတာ တွေ့ရတယ်။ ဒီလိုအပူလွန်ကဲ တဲ့အချိန်မှာ ပေါ့ပေါ့ဆဆနေရင် ကျန်းမာရေးအတွက် တကယ်အန္တရာယ်ရှိနိုင်လို့ သတိထားရမယ့် အချက်လေးတွေ ဝေမျှပေးချင်ပါတယ်။

⚠️ အပူဒဏ်ကြောင့် ဘာတွေဖြစ်နိုင်လဲ?
• ရေဓာတ်ခမ်းခြောက်ပြီး နုံးချိတာ။
• လူက မူးဝေပြီး သတိလစ်ချင်သလို ဖြစ်တာ။
• နှလုံးရောဂါနဲ့ သွေးတိုးရောဂါအခံရှိသူတွေ ပိုခံစားရတာ။
• အဆိုးဆုံးကတော့ Heat Stroke (အသက်အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေ) အထိ ဖြစ်နိုင်ပါတယ်။

✅ လုပ်သင့်တာလေးတွေ..
💧 ရေများများသောက်ပါ: ရေဆာမှ သောက်တာမျိုးမဟုတ်ဘဲ တစ်နေကုန် ခဏခဏ သောက်ပေးပါ။
🥥 ဓာတ်ဆားရည် အားကိုးပါ: ချွေးထွက်များတဲ့အခါ ဓာတ်ဆားရည်လေး သောက်ပေးတာက လူကို ပြန်လန်းဆန်းစေပါတယ်။
👕 ပေါ့ပေါ့ပါးပါးဝတ်ပါ: အရောင်ဖျော့ပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ ရွေးဝတ်ပါ။
🏠 အိမ်ထဲမှာပဲနေပါ: အပူဆုံးအချိန် (မနက် ၁၁ နာရီကနေ ညနေ ၄ နာရီ) ကြား အပြင်ထွက်တာမျိုး တတ်နိုင်သလောက် ရှောင်ပါ။
🧢 အကာအကွယ်ယူပါ: အပြင်သွားရမယ်ဆိုရင် ထီး၊ ဦးထုပ် ဒါမှမဟုတ် နေကာမျက်မှန် အမြဲဆောင်ပါ။
🍉 အသီးအနှံစားပါ: ဖရဲသီး၊ သခွားသီးလို ရေဓာတ်များတဲ့ အသီးအနှံတွေ စားပေးပါ။
👵 ဂရုစိုက်ပေးပါ: ကလေးငယ်တွေနဲ့ လူကြီးမိဘတွေကို အပူဒဏ်မမိအောင် အထူးဂရုစိုက်ပေးကြပါ။

❌ မလုပ်သင့်တာတွေ..
🚫 နေပူထဲ အကြာကြီးမနေပါနဲ့: နေရောင်ခြည်နဲ့ (အချိန်အကြာကြီး)တိုက်ရိုက်ထိတွေ့တာမျိုး ရှောင်ပါ။
🚫 ကားထဲမှာ ကလေးတွေကို မထားခဲ့ပါနဲ့: ပိတ်ထားတဲ့ကားထဲက အပူချိန်ဟာ ခဏလေးအတွင်းမှာ အသက်အန္တရာယ်ဖြစ်စေနိုင်လို့ပါ။
🚫 ကာဖိန်းနဲ့ အရက်လျှော့ပါ: အရက်၊ ဘီယာနဲ့ ကော်ဖီ အလွန်အကျွံသောက်တာက ခန္ဓာကိုယ်ကို ပိုပြီး ရေဓာတ်ခမ်းခြောက်စေပါတယ်။
🚫 ပြင်းထန်တဲ့ လေ့ကျင့်ခန်းရှောင်ပါ: နေပူရှိန်ပြင်းတဲ့အချိန်မှာ အားကစားပြင်းပြင်းထန်ထန် မလုပ်ပါနဲ့။
🚫 လက္ခဏာတွေကို မပေါ့ဆပါနဲ့: မူးဝေတာ၊ အန်တာ၊ ခေါင်းကိုက်တာတွေဖြစ်လာရင် နားနားနေနေ နေပါ။

🚨 ဒါမျိုးဆိုရင်တော့ ဆေးရုံ/ဆေးခန်း အမြန်သွားပါ!
အကယ်၍ တစ်ဦးဦးက-
• စိတ်ကယောင်ကတမ်းဖြစ်လာရင်
• သတိလစ်သွားရင်
• ကိုယ်ပူချိန် အရမ်းတက်လာရင်
• “တက်”ရင်
• ရေတောင် သောက်လို့မရတော့ရင်... အမြန်ဆုံး ဆေးကုသမှု ခံယူပါ!

❤️ ရာသီဥတုက ပူပေမဲ့ မိတ်ဆွေများ ကိုယ့်ကိုယ်ကို ဂရုစိုက်လို့ ဘေးကင်းအောင် နေထိုင်ကြပါ။
အားလုံးပဲ အပူဒဏ်ကနေ ကင်းဝေးပြီး ကျန်းမာကြပါစေ။


Ko Nay OnlineShop

20/04/2026

🚨"""အရေးပေါ် အပူလှိုင်းသတိပေးချက်"""
ဧပြီ ၁၉ မှ မေ ၃၁ အထိ 🚨
မနက် ၁၀နာရီ မှ နေ့လည် ၃နာရီအတွင်း အပြင် ထွက်ခြင်းမလုပ်ပါနှင့် အထူးသဖြင့် အကာ အကွယ်မရှိသောနေရာများတွင် မနေပါနှင့်။
အပူချိန် – ၄၅°C မှ ၅၅°C အထိ အလွန်မြင့်မား သောအပူချိန်များ ဖြစ်ပေါ်မည်ဟုမျှော်မှန်းထားသည်။
နေရောင်ခြည် UV ၇၀% သည် မြေပြင်ကိုတိုက်ရိုက်ထိခိုက်နိုင်သည်။
အသက်ရှူခက်ခဲခြင်း သို့မဟုတ် ခန္ဓာကိုယ်မအီ မသာဖြစ်ခြင်းများ ဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ။ အခန်းများကို လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များဖွင့်ထားပါ။ ဖုန်းအသုံးပြုမှု လျှော့ချပါ (အပူမြင့်မှုကြောင့်ဖုန်းပေါက်ကွဲနိုင်ခြေရှိသည်ဟု ဆိုထား သည်)။
ကိုယ်တိုင်သတိရှိပြီး အခြားသူများကိုလည်း အသိပေးပါ ဒိန်ချဥ်၊ မလိုင်ထုတ်နို့၊ လီမွန်ရည်တို့လို အအေးပေးသောက်စရာများ သောက်သုံးပါ။

""အရေးကြီးသတင်းအချက်အလက်နှင့်
လမ်းညွှန်ချက်များ""
အပူလေတိုက်ခတ်မှုကြောင့် အသက်ရှူခက်ခဲမှုများ ဖြစ်နိုင်သည်။

""မဖြစ်မနေလိုက်နာရမည့်အချက်များ""
ကားထဲတွင် မထားရမည့်အရာများ...
ဓာတ်ငွေ့ပစ္စည်းများ၊
မီးလောင်ကိရိယာ (lighter)၊
ဂတ်စ်ပါသောအဖျော်ယမကာများ၊
အနံ့ဆီများနှင့် ဘက်ထရီများ။

"ညွှန်ကြားချက်များ"
ကားပြတင်းပေါက်များကို လေဝင်လေထွက်အတွက် အနည်းငယ်ဖွင့်ထားပါ၊
ဆီတိုင်ကို အပြည့်မဖြည့်ပါနှင့်။
နံနက်အစောနှင့်ညနေခင်းတွင်သာဆီဖြည့်ပါ။
နေပူဆုံးအချိန်များတွင် ကားမောင်းသွားလာခြင်ရှောင်ကြဉ်ပါ။
တာယာများကို မပိုမကျန်ဖိအားမထည့်ပါနှင့်။

"အခြားသတိပြုရန်"
ကင်းမြီးကောက်များ၊ မြွေများ အေးမြရာရှာရန် အိမ်ထဲဝင်လာနိုင်သည်ကို သတိပြုပါ။
ရေများနှင့် အရည်များ များများသောက်ပါ၊ လေအေးစက် (Aircon) ကို လိုအပ်သည့်အခန်းများတွင်သာ အသုံးပြုပါ။
အပြင်အပူ ၄၅–၄၇°C ဖြစ်ပါက အိမ်တွင်း AC ကို ၂၄–၂၅°C သတ်မှတ်ပါ။
ဓာတ်ငွေ့အိုးနှင့်ဗူးများကို နေရောင်တိုက်ရိုက်မထိအောင်ထားပါ
လျှပ်စစ်မီတာများကို wattအလွန်မပြည့်အောင် သုံးပါ
၂–၃ နာရီတိုင်း အနားယူချိန် အနည်းဆုံး ၃၀ မိနစ်ယူပါ
မနက် ၁၀ မှ နေ့လည် ၃ နာရီအတွင်း နေရောင်တိုက်ရိုက်ကို ရှောင်ကြဉ်ပါ
ဤအချက်အလက်များကို မဖြစ်မနေ မျှဝေပါ။


Ko Nay Online Shop

06/04/2026

သေတတ်သည်..သတိထားပါ...

ညနေကတောင်ဖြစ်သေးတယ်
တံတွေးခမ်းပြီး
လူက မိုက်ကနဲပဲ
ရေပြေးသောက်လိုက်မှ သက်သာတယ်
အယ်နီညိုမှာ ဒီရောဂါကြောင့်အများကြီးသေ
နိုင်ပါတယ်။

Heat Stroke အပူလျှပ်တဲ့ရောဂါ ...

ကျွန်တော် ဖြစ်ဖူးပါတယ် ကားစီးနေရင်း
ခန္ဓာ ကိုယ်တခုလုံးပူလာပြီး ပါးစပ်နှာခေါင်း
မျက်စိတွေကအစပေါ့ ပြီးတော့ ဒီလောက်ပူနေတာ
ချွေးမထွက်ဘူး ခေါင်းတွေမူးခြေတွေလက်တွေတုန်တယ်။

ဖြစ်တာက ဥက္ကံမြို့အကျော်ဖလုံရွာနား
Expressပေါ်မှာ နာရီတွက်ကြည့်မိတော့
နောက်မိနစ်၂၀မှတိုက်ကြီးရောက်တော့မယ်
ရေသန့်ဗူးကိုသောက်ပါတယ် ...
သို့ပေမဲ့ မရ သောက်ပြီးတာနဲ့ ပါးစပ်ထဲမှာ
တံတွေးမရှိတော့ဘူး... ခြောက်ကပ်သွားပါတယ်။

ရေလဲကုန်ပြီမို့ ကား
စပါယ်ယာခေါ်ပြီး
ဓာတ်ဆားထုပ် ဘယ်သူ့မှာပါလည်းဆိုပြီး
အကူအညီတောင်းတော့ ဓာတ်ဆားနှစ်ထုပ်ရပါတယ်။

သောက်လိုက်တော့ပါးစပ်မှာတံတွေး ပြန်ထွက်လာပါတယ်...
မူးတာမပျောက် နှလုံးခုန်မြန်တာနဲနဲ သက်သာပါတယ်။

မူးတာနဲ့ခြေတွေလက်တွေ ကတော့ကပ်နေတုန်းပဲ
တိုက်ကြီး မှာဆင်းပြီး အနီးဆုံးဆေးခန်းကို
ကျွန်တော်ပြေးပါတယ်။

ဟိုရောက်တော့ဆရာဝန်ကို Heat Stroke မိတာထင်တယ်လို့ပြောပြီးသွေးချိန်တော့ ၅၀/၄၀ ကိုကျသွားပါပြီ။

ဆရာဝန် မလေးကချက်ချင်း ဒရစ်ချိတ်ပေးပါတယ်..
ရှင့်ဆုံးဖြတ်ချက်မှန်တယ် ... မဟုတ်ရင်
အသက်အန္တရာယ်နီးတယ်တဲ့။

ဒရစ်ချိတ်ပြီးတော့၆၀/၇၀ပြန်တက်လာတယ်။

သတိရှိလို့ပါ မဟုတ်ရင် သေပါတယ်။

ဒါကြောင့်ချွေးမထွက်ပဲ တကိုယ်လုံး
ပူလာမယ် တံတွေးဆုတ်သွားရင် သတိထားပါ။

ရှက်စရာမဟုတ်ပါ ရေ၊ ဖျော်ရည်၊ သကြားလုံး၊ဓာတ်ဆား ရရာသောက်။

အချိန်မဆွဲပါနဲ့ ရောက်တဲ့နေရာမှာ ဓာတ်ဆားကတော့ နေရာတိုင်း ရှိပါတယ်။
ချက်ချင်းသောက်ပါ...

အယ်နီညိုမှာ ကိုယ့်ဟာကိုယ်Heat Stroke ဖြစ်တာ...
မသိရင်ဒုက္ခလှလှတွေ့မှာပါ။
သတိထားပေးကြပါ ပေါ့လို့မရပါ။

၁၅ မိနစ်အတောအတွင်း
Body heat ကို ၄၀အောက်ပြန်မချနိင်ရင်
ဆိုးရွားသွားနိင်ပါတယ်။

ရေဖျော်ရည် ဓာတ်ဆားအဓိကပါ...
မဟုတ်တဲ့ ဆေးတွေ လျှောက်တိုက်ရင်
အဖျားဆေးတွေသောက်မိရင် အဆင်းဘီးတပ်သလို ထိန်းရတော့မှာ မဟုတ်ပါ။

ဒါကြောင့်အပူလျှပ်တာကိုဖျားတာ နဲ့ရောမှာစိုးလို့ပါ။
ဒီလိုအချိန်မှာ ကျန်းမာရေးကိုလဲ ဂရုစိုက်ကြပါ။
နီးစပ်ရာလည်းသတိပေးပါ။

လာမှာနော် ..အယ်နီညိုနဲ့ အတူ Heat Stroke တဲ့

အများသိအောင်ပိုစ့်တင်ခြင်းဖြစ်ပါတယ်။ အသိတ‌ယောက်ဖြစ်တာလေး ဝေမျှပေးလိုက်ပါတယ်။⛅🏞️

02/02/2026

** အချိန်လွဲမှားပြီး စားမိလေ့ရှိကြတဲ့ **
👉 အစားအသောက် (၄) မျိုး 👇
** ​ဘယ်အချိန်မှာ ဘယ်လိုအစားအစာမျိုး စားသင့်တယ်ဆိုတဲ့ စည်းကမ်းချက်တွေ ရှိပေမဲ့ ကျွန်တော်တို့က သတိမမူမိဘဲ စားသုံးနေကြပါတယ်။ စားသင့်တဲ့အချိန် လွဲမှားနေတတ်တဲ့ အစားအသောက် (၄) မျိုးကတော့ 👇
​၁။ နွားနို့
** ​နွားနို့ကို ညအချိန်မှာ သောက်သုံးတာက အသင့်တော်ဆုံးပါ။ ဒါပေမဲ့ မနက်ခင်းမှာတော့ နွားနို့ မသောက်သင့်သေးပါဘူး။
** မနက်ခင်း နိုးထချိန်မှာ ခန္ဓာကိုယ်က အလိုအလျောက် တက်ကြွနေတာကြောင့် နွားနို့ရဲ့အကူအညီ မလိုသေးလို့ ဖြစ်ပါတယ်။
** နွားနို့ဟာ ကိုယ်ခန္ဓာက အဆီပိုတွေကို ဖယ်ရှားပေးနိုင်သလို နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ ညဘက် အနားယူချိန်မှာ သောက်ပေးခြင်းက ကြွက်သားနဲ့ ဆဲလ်တွေကို ထိရောက်စွာ ပြုပြင်ပေးနိုင်ပါတယ်။

​၂။ ထမင်း
** ​ထမင်းကို ဖြစ်နိုင်ရင် ညဘက်မှာ မစားသင့်ဘဲ နေ့လယ်စာအဖြစ် စားသုံးတာက အကောင်းဆုံး ဖြစ်ပါတယ်။
** အကြောင်းရင်းကတော့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှု (Metabolism) စနစ်ဟာ ညဘက်ထက်စာရင် နေ့ဘက်မှာ ပိုမို အားကောင်းတာကြောင့် ဖြစ်ပါတယ်။

​၃။ သကြား
** ​ရေခဲမုန့်၊ ချောကလက်နဲ့ သကြားပါတဲ့ အစားအစာအားလုံးကို မနက်ခင်းမှာ စားတာက အကျိုးအရှိဆုံးပါ။
** မနက်ပိုင်း သကြားဓာတ် စားသုံးခြင်းက တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ စွမ်းအင်ကို ဖြည့်တင်းပေးပြီး ပိုမို လန်းဆန်းစေပါတယ်။ ညဘက်မှာ စားရင်တော့ ခန္ဓာကိုယ်မှာ အဆီစုစေပြီး ဝလာစေနိုင်တာကြောင့် ညဘက် သကြားကို ရှောင်သင့်ပါတယ်။

​၄။ ငှက်ပျောသီး
** ​ငှက်ပျောသီးကို နေ့လယ်ဘက်မှာ စားတာက အထိရောက်ဆုံးပါ။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး တစ်နေ့တာအတွက် ခွန်အား ဖြစ်စေပါတယ်။
** ညဘက်မှာ စားရင်တော့ ချွဲသလိပ် ထွက်ပြီး ချောင်းဆိုးနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်ထဲမှာ ဘာမှမရှိဘဲ ငှက်ပျောသီး စားမိရင် အစာအိမ် ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
** ​အားလုံးပဲ ဘေးကင်းဘယာဝေးပြီး ကျန်းမာပျော်ရွှင်ကြပါစေ။ ဒီအချက်အလက်လေးတွေက အကျိုးရှိတယ်ဆိုရင် တခြားသူတွေ သိအောင် မျှဝေပေးလိုက်ပါဦး။

Source From

Ko Nay Online Shop

01/02/2026

ဖေဖော်ဝါရီလ(၁)ရက်
တပိုတွဲလပြည့်၊ဥပုသ်နေ့ရဲ့မဂ်လာရှိသောနံနက်ခင်းလေးမှာ ဒီစာကိုတွေ့တဲ့သူတိုင်း အစအစအရာရာအဆင်ပြေအောင်မြင်ကြပါစေ🙏🙏🙏

29/01/2026

🥚 လူတွေစားနေကြတဲ့ ဆေးဘဲဥထဲက ကြောက်စရာကောင်းတဲ့ အဆိ'ပ်အကြောင်း လူတိုင်းသိအောင် မျှဝေပေးကြပါ....

မြန်မာနိုင်ငံရဲ့ ရိုးရာဟင်းအမယ် မဟုတ်ပေမယ့် ဆိုင်တွေမှာဟင်းအမယ် တစ်ခုအဖြစ် ပါဝင်နေတဲ့ ဖီတန်သုပ် ( ခေါ် ) ဆေးဘဲဥသုပ်ကို လူတိုင်း စားဖူးကြမှာပါ။

အထူးသဖြင့် ဘီယာသောက်တတ်တဲ့ လူငယ်တွေ အကြားမှာ ဖီတန်ဟာ အမြည်းတစ်ခုအဖြစ် အမြဲ ဖြည့်ဆည်းပေးခဲ့တဲ့ ဟင်းအမယ်လည်း ဖြစ်ပါတယ်။

ဖီတန်လို့ ခေါ်တဲ့ ဆေးဘဲဥရဲ့ အစက တရုတ်နိုင်ငံက ဖြစ်ပြီးတော့ သူတို့ဟာ ရွံ့မြေ ၊ ဆား၊ ထုံး၊ ထမင်းပျော့ စတာတွေကို လိုအပ်သလို ထည့်ပြီး ဆေးဘဲဥ ရဖို့အတွက် လပေါင်းများစွာ ကြာအောင် လုပ်ကြ ရပါတယ်။

အဲ့ဒီနောက်မှာတော့ စိမ်းပုတ်ရောင်မှသည် မီးခိုးရောင် ၊မီးခိုးရောင်မှသည် အညိုနက်ရောင်သို့ ပြောင်းလဲသွားပြီး ပြစ်ခဲမှုမှာလည်း အရည်အဖြစ်မှ ဂျယ်လီအဖြစ်သို့ ပြောင်းလဲသွားပါတယ် ။

အနံ့ မှာလည်း ကန့် sulphur နှင့် အမိုးနီးယား (ကျင်ငယ်ရေနံ့ ) ဘက်သို့ ပြောင်းလဲ သွားပါတယ်။ P-H level သည်လည်း ၉ -၁၀ ကြားပြောင်းလဲပြီး
ပြင်းအားများသော အယ်လ်ကာလိုင်း ဖြစ်သွား ပါတယ်။ ဒါက ရိုးရာနည်းပါ။

ဒါပေမယ့် ဈေးကွက်မှာ ဝယ်လိုအား များလာတဲ့ အခါ စီးပွားရေးသမားတွေဟာ ရိုးရာနည်းအတိုင်း လုပ်ဖို့ အလျင်မမီတာကြောင့် ပိုမို မြန်မြန်ဆန်ဆန်နဲ့ဆေးဘဲဥဖြစ်တဲ့နည်းကို ဓာတုဗေဒဆေးတွေ သုံးပြီး လုပ်လာကြပါတယ်။

အဲ့တာကတော့ calcium hydroxide နှင့် sodium carbonate ပျော်ရည်တွင် ဘဲဥကို စိမ်ခြင်းက ဆယ်ရက်အတွင်း ပုံမှန်ရိုးရာနည်း ဖြင့်ပြုလုပ်သော လအနည်းငယ်ကြာ ဆေးဘဲဥကို ပုံမှန် အရသာမပျက် ရရှိစေတာမို့ အချိန်ကုန်မခံထုတ်လုပ် လာတာပါပဲ။

ဆိုးကျိုးအနေနဲ့တော့ ခဲဓာတ်များစွာ ပါဝင်လာတာပဲ ဖြစ်ပါတယ်။ ဒီလို ခဲဓာတ်များပြားတဲ့ အစားအစာကို စားမိရင် လူတွေဟာ ခဲဆိပ်သင့် မှုတွေ ဖြစ်ပြီး အသက်တိုပါတယ်။

"အားလုံးပဲ ဘေးဘယာတွေဝေးကွာပြီး ကျန်းမာပျော်ရွှင်ကြပါစေ....
သင်တို့အတွက် အကျိုးတစုံံတရာ ရှိမယ်ဆိုရင် များများမျှဝေပေးပါ...."

For You #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေး #ဗဟုသုတ

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay