Yoga Momentum

Yoga Momentum

Share

RYT 200, registered yoga instructor

Photos from Yoga Momentum's post 31/08/2026

ကြိုးစားနေသူတွေအတွက် ပတ်ဝန်းကျင်ကောင်းဆိုတာ အမှန်တကယ် လိုအပ်ပါတယ် 💐

our brain is smart and lazy (ဦးနှောက်က ထက်မြက်တယ်၊ သူသက်သာမယ့်အရာကိုပဲ ရွေးချယ်တတ်ပါတယ်)

ကိုယ့်အတွက် သက်သာမယ့်အရာတွေ ကိုယ်မပင်ပန်းမယ့်နေရာ comfort zone တွေမှာ ပိတ်မိနေတဲ့လူတွေ တော်တော်များပါတယ် 🥹
ဒါကြောင့် ကိုယ့်ဘေးမှာ ဘယ်လိုလူတွေရှိနေလဲ၊ ဘယ်လိုလူတွေနဲ့ ဝန်းရံထားလဲဆိုတာ အရမ်းအရေးကြီးပါတယ် ‼️

တချို့နေ့တွေမှာ ကိုယ်တိုင်က အားမရှိသလို မကြိုးစားချင်တော့သလို ဖြစ်နေတတ်ပါတယ်
ပတ်ဝန်းကျင်ကောင်းရှိတဲ့အခါမှာတော့ ကိုယ့်ရဲ့ ပျင်းရိနေတဲ့ စိတ်တွေကို ပတ်ဝန်းကျင်ရဲ့ energy က ပယ်ဖျက်ပေးသွားပါလိမ့်မယ် 🥰

yoga လေ့ကျင့်ရာမှာ ပတ်ဝန်းကျင်ကောင်းကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီအတန်းလေးကို ရွေးနော်

လူနည်းနည်းနဲ့ ထိထိရောက်ရောက်လေ့ကျင့်နိုင်မယ့်အတန်းလေးမို့ အခြေခံမရှိသေးတဲ့ အမတွေတောင် လပိုင်းအတွင်း တိုးတက်လာကြတာ တကယ်ကို အားရစရာကောင်းပါတယ် ❤️❤️❤️

7:15 - 8:30 AM (Every Tuesday, Thursday, Saturday)

Address - 60F, 124 x 125လမ်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

Phone - 09969755134

30/08/2026

🦴 လေးဘက်နာရှိသူတွေ Yoga လေ့ကျင့်သင့်တဲ့ အကြောင်းရင်း (၅) ချက် 🕉️

— ဆေးပညာရှုထောင့်ကနေ ကြည့်မယ်ဆိုရင် —

လေးဘက်နာ၊ အဆစ်အမြစ်နာကျင်မှုရှိလာတဲ့အခါ
“နာနေပြီဆိုတော့ မလှုပ်ဘဲနေရမယ်” လို့ ထင်တတ်ကြပါတယ်။

တကယ်တော့ အဆစ်တွေကို လုံးဝမလှုပ်ဘဲထားခြင်းက stiffness နဲ့ လှုပ်ရှားနိုင်မှု လျော့ကျခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်နဲ့သင့်တော်တဲ့ intensity နဲ့ Yoga လေ့ကျင့်ခြင်းက အထောက်အကူဖြစ်နိုင်ပါတယ်။ 🧘🏻‍♀️

1️⃣Joint stiffness လျော့စေဖို့ အထောက်အကူပြုနိုင်တယ်

Yoga မှာ အဆစ်တွေကို ဖြည်းဖြည်းချင်း range of motion အတွင်း လှုပ်ရှားပေးရတာကြောင့်
မနက်ခင်းမှာဖြစ်တတ်တဲ့ တင်းကျပ်မှု၊ အဆစ်လှုပ်ရှားရခက်မှုတွေကို သက်သာစေဖို့ အထောက်အကူပြုနိုင်ပါတယ်။

2️⃣ ကြွက်သားအားကောင်းလာစေတယ်

အဆစ်တစ်ခုကို ထောက်ပံ့ပေးတဲ့ muscles တွေ အားနည်းနေတဲ့အခါ အဆစ်ပေါ်ကို mechanical stress ပိုကျရောက်နိုင်ပါတယ်။

Yoga ရဲ့ weight-bearing poses နဲ့ controlled movements တွေက muscle strength နဲ့ joint stability ကို ထိန်းသိမ်းဖို့ အထောက်အကူပြုနိုင်ပါတယ်။

3️⃣ Balance နဲ့ body control ပိုကောင်းလာစေတယ်

အဆစ်နာကျင်မှုရှိတဲ့သူတွေမှာ လှုပ်ရှားပုံပြောင်းသွားတာ၊ balance လျော့သွားတာတွေ ဖြစ်နိုင်ပါတယ်။

Yoga မှာ balance poses၊ slow transitions နဲ့ proprioception ကို အသုံးပြုရတဲ့အတွက်
ခန္ဓာကိုယ်ရဲ့ balance နဲ့ movement control ကို လေ့ကျင့်ပေးနိုင်ပါတယ်။

4️⃣ နာကျင်မှုကို ခံစားပုံနဲ့ stress ကို ကူညီထိန်းချုပ်နိုင်တယ်

နာကျင်မှုက ကိုယ်ခန္ဓာတစ်ခုတည်းနဲ့ မသက်ဆိုင်ပါဘူး။
Stress၊ အိပ်စက်မှုနဲ့ nervous system ရဲ့ pain processing တွေကလည်း နာကျင်မှုခံစားရပုံကို သက်ရောက်စေနိုင်ပါတယ်။

Yoga ရဲ့ breathing + relaxation + mindful movement တွေက stress လျော့စေပြီး pain management အတွက် အထောက်အကူဖြစ်နိုင်ပါတယ်။

5️⃣ နေ့စဉ်ဘဝမှာ လှုပ်ရှားနိုင်မှုကို ထိန်းထားနိုင်တယ်

လေးဘက်နာရှိလို့ လှုပ်ရှားမှုကို လုံးဝရှောင်လိုက်ရင်
muscle deconditioning → stiffness → movement လျော့နည်းခြင်း ဆိုတဲ့ cycle ဖြစ်လာနိုင်ပါတယ်။

အဲဒီအစား ကိုယ့်အခြေအနေနဲ့ကိုက်ညီတဲ့ gentle, controlled exercise ကို ပုံမှန်လုပ်ပေးခြင်းက mobility နဲ့ physical function ကို ထိန်းသိမ်းဖို့ ပိုကောင်းပါတယ်။



⚠️ ဒါပေမယ့် “Yoga လုပ်ရင် လေးဘက်နာပျောက်မယ်” လို့ မဆိုလိုပါဘူး။

အထူးသဖြင့်—

🔸 အဆစ်ရောင်ရမ်းနေတဲ့ acute flare-up
🔸 အဆစ်အလွန်ဖောင်းခြင်း / ပူခြင်း
🔸 ပြင်းထန်တဲ့နာကျင်မှု
🔸 အဆစ် instability
🔸 ထိခိုက်ဒဏ်ရာအသစ်ရှိခြင်း

တို့ရှိရင် ဆရာဝန် သို့မဟုတ် physiotherapist နဲ့ တိုင်ပင်ပြီးမှ Yoga practice ကို ပြင်ဆင်သင့်ပါတယ်။

Yoga ရဲ့ ရည်ရွယ်ချက်က
“နာကျင်နေတဲ့အဆစ်ကို အတင်းဆန့်ဖို့” မဟုတ်ဘဲ
“အဆစ်ကို ကာကွယ်ရင်း ခန္ဓာကိုယ်ကို ပိုကောင်းကောင်း လှုပ်ရှားနိုင်အောင် လေ့ကျင့်ပေးဖို့” ဖြစ်ပါတယ်။ 🧘🏻‍♀️

Move better. Feel better. Live better. 🤍

လေးစားချစ်ခင်ရသော မမြင့်ခိုင်ဖြစ်ပါတယ် 🥰🥰🥰
အဆစ်အမြစ်ယောင်ရောဂါရှိနေပေမယ့် ယောဂကို ချစ်မြတ်နိုးစွာ လေ့ကျင့်သူဖြစ်ပါတယ် ❤️

29/08/2026

hip joint တွေကို ဖွင့်ပေးခြင်းက စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ် 🥰🥰🥰

Photos from Yoga Momentum's post 29/08/2026

စိတ်နဲ့ခန္ဓာလည်း balanced
ဘယ်နဲ့ညာလည်း balanced
အလုပ်နဲ့ဘဝလည်း balanced
လောကကြီးနဲ့ကိုယ်နဲ့လည်း balanced
ကိုယ်နဲ့ကိုယ်နဲ့လည်း balanced

အရာအားလုံး ညီညွတ်မျှတနေရင် ဘဝက နေပျော်ပါတယ် ❤️

အခြေအနေတွေကို အပြစ်တင်ဝေဖန်နေမယ့်အစား
ရောက်ရှိနေတဲ့အခြေအနေတွေမှာ အဆင်ပြေအောင် balanceလေး ရှာကြည့်နော် 💪🏼

28/08/2026

တယောက်ထဲလည်း အဆင်ပြေတယ်၊ အများနဲ့လည်း အဆင်ပြေတယ်ဆိုတာ ယောဂလေ့ကျင့်လို့ပါ၊ ယောဂလေ့ကျင့်တာကိုက ကိုယ့်ကိုယ်ကို ပြန်ရှာဖွေနေတာပါ၊ ကိုယ့်ကိုယ်ကို ပိုသိလာမှ အခြားသူတွေနဲ့လည်း အဆင်ပြေလာမှာပါ၊ တယောက်ထဲ ယောဂလေ့ကျင့်ပြီး ပြုံးပျော်နေတဲ့ ကျမကိုပဲ ကြည့် 🥰🥰🥰

27/08/2026

စက်မှုဘက်ရော မြရည်နန္ဒာဘက်မှာရော သင်တန်းမတက်ဖြစ်တော့တဲ့သူလေးတွေက မိမိတို့ရဲ့ ယောဂဖျာများကို အမြန်ဆုံး ပြန်လာယူပေးကြပါဦးရှင့် 🥰

August လကုန်ထိမှ လာမယူသေးရင် ဖျာလေးတွေကို လိုအပ်သလို ပြန်အသုံးပြုတော့မှာဖြစ်ပါတယ်ရှင့် 🥰

ဖျာလေးတွေက သင်တန်းမှာ အိပ်နေရတာ နှစ်နဲ့ချီနေပါပြီရှင် 🥹

တချို့ဖျာတွေက အဖတ်တွေကွာ အမှုန်ကျနေတာတွေ ဖြစ်နေပါတယ်ရှင့်

ခြင်လည်း အရမ်းအောင်းတာမို့ လာယူပေးခြင်းဖြင့် ကူညီကြပါဦးရှင့် ❤️

25/08/2026

အဖွဲ့နဲ့ခရီးသွားတဲ့အခါ လူတကိုယ်အကြိုက်တမျိုးမို့
သူ့အကြိုက်လည်း ကိုယ်နားလည်၊ ကိုယ့်အကြိုက်လည်း သူနားလည်ပေးတတ်အောင် ကြိုးစားရပါတယ် 🥰

ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာတောင်မှ တသားထဲ မကျလို့ ယောဂကျင့်စဉ်တွေ လေ့ကျင့်ပြီး တည်ငြိမ်အောင် ကြိုးစားနေကြရတယ်

ခရီးသွားရတာလည်း ယောဂလေ့ကျင့်သလိုပါပဲ
ကိုယ်နဲ့ကိုယ်နဲ့လည်း အဆင်ပြေအောင် ကြိုးစားမယ်
ကိုယ်နဲ့တခြားသူတွေနဲ့လည်း အဆင်ပြေအောင် ကြိုးစားမယ်🥰

ယောဂရဲ့ အယူအဆတွေက ဖျာခင်းပြီး လေ့ကျင့်မှ အသုံးချရမှာမဟုတ်ဘဲ နေ့စဉ်ဘဝထဲမှာပါ စွဲမြဲနေရမှာပါ ❤️

ယောဂဆရာမဆိုတော့ အချိန်တိုင်း yoga philosophy တွေနဲ့ပဲ နေဖြစ်တော့တယ် 😇

Yoga Momentum ရဲ့ တတိယမြောက်ခရီးစဉ်
ရွှေဓါးဗိုလ်ရေတံခွန်ကို သွားခဲ့ကြပါတယ် ❤️

လိုက်မယ့်လူတွေများလာရင် နောက်ဆို expressကား ငှါးမှ ရတော့မယ်

ဒီတခါ မလိုက်ဖြစ်သေးလည်း နောက်တခေါက်တွေ လိုက်ခဲ့နော်
မိသားစုနဲ့ သွားရတဲ့ ခံစားချက်မျိုးမဟုတ်ဘဲ အတွေ့အကြုံသစ်တွေ ရရှိစေမှာပါ

24/08/2026

်ပြီး၁၅မိနစ်မှာပဲနေရာလေးပိုင်ရှင်ရှိသွားပါပြီ

ဲ့ညနေတန်းမှာတော့တက်လို့ရဦးမယ်နော်

မြရည်နန္ဒာအနီးက Studio 2 ဘက်မှာ 6PM Class လေး ၁နေရာစာ လွတ်ပါပြီရှင့်

မေးထားသူတွေများတာမို့ ဒီpostလေး အရင်တွေ့သူ
သင်တန်းအရင်လာအပ်သူပဲ လက်ခံမှာပါရှင့် ❤️

အမြဲ လူပြည့်နေတဲ့အတန်းလေးမို့ မြန်မြန်လာခဲ့တော့နော်

24/08/2026

my signature move @ waterfall #သဘာဝနဲ့တွေ့ဆုံခြင်း

18/08/2026

ကိုယ့်clientကို ပြန်ကြွေရသော အခိုက်အတန့်များ🥰🥰🥰 #မြရည်နန္ဒာအိမ်ရာယောဂသင်တန်း #ပြည်ကြီးတံခွန်မြို့နယ်ယောဂသင်တန်း

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay