TT Season
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TT Season, Mandalay.
24/08/2019
မ....ထိ....တွေ့......ဖူး....သေးရင် ခေတ် နောက် ကျ သွား မယ် နော် 😁😁
ကိုယ်နဲ့တည့်မတည့် စမ်းချင်တဲ့သူတွေအတွက်
Sampleထုပ် ထွက်လာပြီမို့
Try ကြည့် မို့ ဖိတ် ခေါ် ပါ ရ စေ 😘😘
❤❤❤
၁. Whitening Cream အနေနဲ့လိမ်းခြင်း
Snail Wish Whitening Cream က လိမ်းလိုက်တာနဲ့ အသားထဲစိမ့်ဝင်ပြီး ဖြူဝင်းလာစေတာကြောင့် Whitening အနေနဲ့လိမ်းလို့ရပါတယ်။ ဓါတ်ပုံရိုက်မယ်၊ ပွဲတက်မယ် အသားအရေမှိုင်းနေတာ စိုးရိမ်နေရင် အသားပေါ်နေတဲ့ နေရာတိုင်းမှာ Snail Wish လေးကို လိမ်းလိုက်ပါ။ မီးရောင်တွေအောက်မှာ ✨Snow White✨ လေးလို ဖြစ်နေစေမှာပါ။ ဒါ့အပြင်နေ့စဉ် အပြင်ထွက်ရင်လည်း မိတ်ကပ်တွေမလိမ်းချင်ရင် Snail Wish လေးပဲလိမ်းထားလို့ရပါတယ် သဘာဝကျကျဖြူဝင်းနေစေတာကြောင့် ဆွဲဆောင်မှုရှိရှိလှပနေစေပါတယ်။
***လည်ပင်းကိုလည်း လိမ်းဖို့ မမေ့နဲ့နော်****
၂။ Skin Care အနေနဲ့လိမ်းခြင်း။
Snail Wish Whitening Cream မှာ အဖိုးတန် Skin Care ပါဝင်ပစ္စည်းများစွာပါဝင်ပါတယ်။ ဒါကြောင့် Day Cream, Night Cream အနေနဲ့လိမ်းပြီး သင့်အသားအရေကို ထိန်းသိမ်းနိုင်ပါတယ်။ Snail Wish ကို ပုံမှန်လိမ်းထားပေးရင် အသားဖြူဝင်းလာခြင်း၊ အသားအရေ တင်းရင်းလာပြီး အရေးအကြောင်းပျောက်ခြင်း၊ အရေပြားအရောင် ညီညာလာခြင်း၊ တင်းတိပ် မှဲ့ခြောက်တွေ လျော့ပါးလာပြီး ပျောက်ကွယ်သွားခြင်း၊ ၀က်ခြံ အနာရွတ်များ ပျောက်ကွယ်လာခြင်း စတဲ့ Skin Care ကောင်းကျိုးတွေရရှိပြီး နုပျိုမှုကို ထိန်းသိမ်းထားပေးပါတယ်။
၃။ မိတ်ကပ်အောက်ခံ Primer အနေနဲ့လိမ်းခြင်း။
Snail Wish က အောက်ခံ အရေပြားအရောင်ကို ညှိပေးတာကြောင့် အပေါ်က ထပ်လိမ်းတဲ့ မိတ်ကပ်ရဲ့အရောင်ထွက်ကို မှန်ကန်စေပါတယ်။ ဒါ့အပြင် Snail Wish က 💦💦💦 ရေစိုခံတာကြောင့် မိတ်ကပ်ကိုလည်း တစ်နေကုန် ခံစေပါတယ်။ အရေပြားနဲ့ မိတ်ကပ်ကို ခြားနားပေးထားတာကြောင့် မိတ်ကပ်ကြောင့် ချွေးပေါက်ပိတ်ခြင်း၊ အသားအရေထိခိုက်ခြင်း လုံးဝမဖြစ်စေပါဘူး။
၎။ သနပ်ခါးနဲ့ လိမ်းခြင်း။
Snail Wish လေးကို မျက်နှာတစ်ပြင်လုံး လည်ပင်းပါမကျန်လိမ်းပြီး အပေါ်ကနေ သနပ်ခါးလေး လိမ်းလိုက်ပါ။ Snail Wish က အသားထဲ စိမ့်ဝင်သွားတာကြောင့် သနပ်ခါးကို ထိခိုက်မှုမရှိပဲ ၀င်းဝင်းလေးနဲ့ လှနေစေပါတယ်။ သနပ်ခါးကိုလည်း တစ်နေကုန်ခံစေပါတယ်။ သနပ်ခါးမှုန့်တွေကြောင့် ချွေးပေါက်ပိတ်မှာကိုလည်း မကြောက်ရတော့ဘူးပေါ့။
Credit
အထုပ် 3500 ကျပ်
ဗူး..29500ကျပ်
24/08/2019
♦️Snail wish whitening cream လေး ဈေးများတယ်လို့ မပြောရဘူးနော်..
♦️အသားအရေအတွက် စိတ်ချရတဲ့ ဈေးကြီးပါဝင်ပစ္စည်းတွေပဲ ထည့်ထားတယ်.. ကလေးတွေကအစ သုံးစွဲလို့ရတယ်.. မြန်မာ FDA လည်း ရထားတယ်.. Feedbacks တွေလည်း အရမ်းကောင်းတယ်..
♦️Focus beauty က မြန်မာနိုင်ငံတဦးထဲ ကိုယ်စားလှယ်ဖြန့်ချီပေးနေတဲ့ Snail Wish Whitening Cream က နိုင်ငံတကာ အသားအရေ စမ်းသပ်ချက်တွေပါ စစ်ဆေးအောင်မြင်ထားပါတယ်.. ဒါ့အပြင် တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ သုံးစွဲသူအပေါ် ဂရုတစိုက် အမြဲစောင့်ကြည့်နေပါတယ်.. Snail wish သုံးလို့ လှသွားသူတွေပဲရှိဖို့ အမြဲကြိုးစားနေပါတယ်.. ပေးရတာနဲ့ ထိုက်တန်တဲ့ quality အပြည့် ပြန်ရဖို့ အာမခံပေးပါတယ်..
❌❌🚫ဈးကွက်ထဲက တချို့ဈေးသက်သာတာတော့ ဟုတ်ရဲ့.. မသုံးသင့်တဲ့ပါဝင်ပစ္စည်းတွေပါလို့ မျက်နှာအသားတွေ စားသွားမယ် လောင်သွားမယ်.. ဘယ်သူကတာဝန်ယူပေးမှာလဲ..? ❓❓❓
⁉️အလှပျက်သွားမှာ ကိုယ့်မျက်နှာနော်.. ချင့်ချိန်ပါ။ပေါချောင်တွေ မလိုက်ပါနဲ့လို့ သတိလေးချပ်ပေးပါလို့ 😘😘❣️
25/01/2017
တင်းတိပ်ရောဂါ နှင့် ဆေးဖက်ဝင် အပင်တစ်ပင်
=================================
အသက်လေးဆယ် စွန်းစွန်း အမျိုးသမီး တစ်ဦးသည် မျက်နှာတွင် နေလောင် သကဲ့သို့ ဖြစ်သဖြင့် နိုင်ငံခြားဖြစ် မိတ်ကပ် တစ်မျိုးကို ဈေးကြီးပေး ဝယ်လိမ်းနေရာ အသားအရောင် ပြောင်းသွား သော်လည်း တဖြည်းဖြည်း အောက်ခံ အရေပြားတွင် တင်းတိပ် ကဲ့သို့ အမည်းစက်များ ထွက်လာ ခဲ့သည်။ သူသည် အထိတ်တလန့် ဖြစ်ပြီး မျက်နှာ ပေါင်းတင် အလှပြုပြင်သည့် ဆိုင်တစ်ဆိုင်တွင် သွားရောက် ပေါင်းတင်သည်။
ထိုဆိုင်မှ ညွှန်သဖြင့် နိုင်ငံခြားဖြစ် တင်းတိပ် ပျောက်ဆေး တစ်မျိုးကို ဝယ်ယူ လိမ်းရပြန်သည်။ တင်းတိပ် လိမ်းဆေးမှာ အလွန်ပင် တန်ဖိုးကြီးသည်။ အထူ တစ်လက်မပင် မရှိသည့် ဘူးအဝိုင်းငယ် လေးကို ငွေကျပ် တစ်သိန်းကျော် ပေးရသည်။ သက်သာနိုးနှင့် ထိုလိမ်းဆေး ငါးဘူး ကုန်သွား သော်လည်း သူ့မျက်နှာမှ တင်းတိပ်များမှာ ပျောက်မသွားပါ။
ထို တင်းတိပ်စွဲနေသော အသက် လေးဆယ်ကျော် အမျိုးသမီး သည် မိတ်ဆွေ တစ်ဦးထံ အိမ်လည် သွားရင်း စကားစပ်မိ ရာမှ ထို မိတ်ဆွေအိမ် တွင် ဝရန်တာ အပေါ် စိုက်ထားသော ရှားစောင်း လက်ပပ်ပင် မှ တစ်ခက်၊ နှစ်ခက် ချိုးပေး လိုက်သည်။
ထို ရှားစောင်း လက်ပပ်ပင် ၏ အပြင်ခွံကို ဓားနှင့်ခွာပြီး အသားအနှစ် ကို ပါးပါးလှီးကာ မျက်နှာပေါ် ရှိ တင်းတိပ် ကျသော နေရာများတွင် ကပ်ပေးရန် ညွှန်လိုက်သည်။ စိတ်ရှည်ရှည် နှင့် ၁၄ ရက်ခန့် ကပ်ကြည့် ရန်လည်း မှာလိုက်သည်။
တင်းတိပ်ကျသူ အမျိုးသမီး သည် အလှအပ အတွက်ချည်း မဟုတ် သော်လည်း မျက်နှာပေါ်ရှိ တင်းတိပ်များ ယခုထက် ပို၍ ပွားများလာ မှာကို အလွန် စိုးရိမ်သဖြင့် နေ့စဉ် စိတ်ရှည်ရှည် လုပ်ဆောင်သည်။
ရက်ဆက် ပြုလုပ်နိုင်ရန် အတွက် ရှားစောင်း လက်ပပ်ပင် များကို လိုက်လံ ရှာဖွေ ဝယ်ယူပြီး မိတ်ဆွေ အိမ်မှာကဲ့သို့ ပန်းအိုးများတွင် ထည့်စိုက် သောအခါ အလွန် အပွားမြန်သော အပင်မျိုး ဖြစ်ကြောင်း တွေ့လာ ရသည်။
မျက်နှာတွင် ရှားစောင်း လက်ပပ်အနှစ် ကို ကပ်သောအခါ အေးစက်နေပြီး ခဏ ကြာသောအခါ ထုံတင်း သကဲ့သို့ ဖြစ်လာသည်။ ထို့နောက် တစ်နာရီခန့် ကြာသောအခါ မျက်နှာ အရေပြား အောက်မှ ပူလာပြီး အခိုးများ ထွက်လာ သကဲ့သို့ ခံစားရသည်။ ထိုအခါ ခွာချလိုက်ပြီး မျက်နှာသစ် လိုက်လျှင် ပြီးပြီဖြစ်သည်။
စတင် ပြုလုပ်ခါစ မသိသာ သော်လည်း ရက်သတ္တပတ် ခန့်ကြာသော အခါတွင် မျက်နှာသစ် လိုက်လျှင် စပ်ဖျဉ်းဖျဉ်း ဖြစ်လာသည်ကို ခံစားလာရသည်။ အမှန်ပင် မျက်နှာပေါ်မှ တင်းတိပ် အမည်းစက်များ မှေးမှိန် လာသည်ကို ဆယ်ရက်ကျော် သောအခါ သိရှိလာရသည်။
၁၄ ရက် ကျော်သောအခါ ရေးရေးမျှ ကျန်တော့ သဖြင့် ပြင်ပလူ အမြင်တွင် တင်းတိပ်မရှိ သလောက် ဖြစ်သွားပြီ ဖြစ်သည်။
ရှေးလူကြီးများက ရှားစောင်း လက်ပပ် အနှစ်ကို ဟင်းချိုချက် သောက်ဖို့ အကြံပေး ကြသည်။ သွေးသား မမှန်ခြင်း၊ သွေးဆုံး ကိုင်ခြင်း၊ မီးယပ် လွန်ခြင်း၊ မီးယပ် အဖြူဆင်းခြင်း၊ မျက်နှာ တင်းတိပ် ထွက်ခြင်း၊ မျက်ခမ်းများ၊ မျက်ကွင်းများ ညိုမည်းခြင်း တို့ကို ပျောက်ကင်း စေနိုင် သည်ဟု ဆိုသည်။
မီးယပ်သွေး ကျန်များသည် သွေးအတွင်း လှည့်လည် နေရာမှ မျက်နှာတွင် ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ရှားစောင်း လက်ပပ် ဟင်းချိုကို အရသာ ကောင်းစေရန် စမုန်စပါးရွက်၊ လယ်ပတူရွက်၊ ကန်စွန်းရွက် စသည်တို့နှင့် လည်း ရောပြီး ချက်နိုင်သည်ဟု ဆိုသည်။
ရှားစောင်း လက်ပပ်ပင်သည် အိမ်တိုင်းတွင် ပန်းအိုးနှင့် စိုက်လျှင်ပင် ရှင်သန်နိုင်သော အပင်ဖြစ်ပြီး ဆေးဖက်လည်း ဝင်၊ ဟင်းချက်စရာ အဖြစ်လည်း သုံးနိုင်သော အပင်မျိုး ဖြစ်ကြောင်း တင်ပြ လိုက်ရပေသည်။
ကြည်မြင့်လွင် (မုဒြာ)
24/01/2017
ဆံပင်ဆင်းဆင်းလေးနဲ့ ဖွယ်ဖွယ်လေး အုံထူထူဖြစ်ချင်သူများအတွက် နည်းလမ်း..................................................
😃ခေါင်းမလျော်ခင် တစ်ညကြိုပြီး သံလွင်ဆီများများ(ရွှဲအိနေအောင်) လိမ်းပြီးအိပ်ပါ
😃ခေါင်းလျော်ခါနီးတစ်ခါ ထပ်မံလိမ်းပါ
😃ဆံပင်ကိုသေချာရှင်းပါ
😃ဆံပင်အားလုံးမျက်နှာအရှေ့ဘက်သို့ဆိုက်ကာ ဖြီးချပါ
😃ပျော့ဆေး (or) ပေါင်းဆေး ဆံပင်အရင်းမှလွဲ၍ များများလိမ်းချပါ ဆံပင်အဖျားတွေကိုပိုလိမ်းဖို့မမေ့နဲ့နော်
😃၁၀မိနစ်၁၅မိနစ်ထားပြီး ရေဆေးချပါ ( သိပ်မစင်ပါစေနဲ့)
😃သုံးနေကျ shampoo သုံးပါ လျော်ချပါ
မှတ်ချက် ။ ။ ပျော့ဆေး ပေါင်းဆေးထပ်သုံးရင်မလိုပါ ( အုံ ပါးချင်တဲ့သူကတော့ ထပ်သုံးပေးပါ)
😃ဆံပင်ကိုသဘာအတိုင်းအခြောက်ထားပါ hair dryer မမှုတ်ပါနဲ့
😃ဆံပင်မစိုမခြောက်အချိန်ကလေးမှာ အဆီလူးပါ( အုံပါးလိုပါက ဆံပင်စိုနေချိန်မှာ များများလူးပါ ဦးရေပြားကိုမထိပါစေနဲ့ ဗောက်ဖြစ်တတ်လို့ပါ)
😃ဆံပင်သေချာ ခြောက်သွေ့သွားမှ ညင်သာစွာ ဖြီးသင်ပြီး ရှင်းလင်းပါ
( လေးလေးပင်ပင် နဲ့သန်စွမ်းတဲ့ဆံပင် ရပါပြီ)
Credit
အလှအပနဲ့စတိုလ် လမ်းညွှန်
22/01/2017
ဒီလို feedbakc လေးတွေ ၇လာ၇င်
ပင်ပန်းသမျှ အကုန် ပျောက်
ကိုယ့် ကို ယုံကြည်လို့ ၀၇်ကြတာမို့ 
အဆင်ပြေတ၇်ဆို၇င် အတိုင်းအထက် လွန်
ဝမ်းသာမိသလို ဘ၇်အချိန် မျိုးမှာ ဖြစ်ဖြစ် Quality ကို အကောင်းဆုံးဖြစ်အောင် ထိန်းထားပါ့မ၇်
Lotion လေးကို အသားအေ၇ အတွက် တက၇့် ကို အကောင်းဆုံး အကျိုးပြုစေတဲ့ ပစ္စည်း လေးတွေ ကိုသာ သုံးထားပါတ၇်လို့
ဈေးနှုန်းကလည်း လူတိုင်းအသုံးပြုနိုင်တဲ့ ဈေးနှုန်းလေးပါ
16/01/2017
Coming soon
Made in myanmar
15/01/2017
TT Season ၇ဲ့ product လေးများတွင် မပါမဖြစ် ပါဝင် နေသော
Shea butter အကြောင်း တစေ့ တစောင်း
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
Shea butter ဆိုတာ အာဖ၇ိ နိုင်ငံမှာရှိတဲ့ shea ဆိုတဲ့ အပင်ကနေ သီးတဲ့ အသီးကနေ စတင်ဖြစ်ပေါ်လာတာပါ
အာဖ၇ိက လူမျိုးတွေဟာ ပူလောင်ပူပြင်းတဲ့ နေဒဏ်အောက်မှာတောင် အသားအေ၇ ခြောက်သွေ့အက်ကွဲတာတွေ ဖြစ်မနေပဲ နူးညံ့ ညက်ညော စိုပြေနေကြပါတ၇်
အကြောင်းအ၇င်ကတော့ သူတို့တွေက shea ပင်က အသီး၇ဲ့ အနှစ်ကို သူတို့လည်းလိမ်း ကလေးတွေ ကိုလိမ်းပေးကြပါတ၇်
ဒါကို ပြင်သစ် လူမျိုးတဦးက သတိထားမိပြီး shea အသီးကို ပြင်သစ် သို့ ယုဆောင် ဓာတ်ခွဲကြည့်တဲ့ အခါမှာတော့ အံ့သြစ၇ာကောင်းလောက်အောင် shea သီးအနှစ် ဟာ အသားအ၇ည်ကို ချောမွေ့တောက်ပစေခြင်းေ၇ဓာတ်ကို ပြန်လည်းဖြည့်တင်းပေးခြင်း အိုမင်း၇င့်ေ၇ာ်မှု့ကို ကာကွ၇်ပေးနိုင်ခြင်း စတဲ့ ဂုဏ်သတ္တိ တွေ ကို ပိုင်ဆိုင်ထားကြောင်း လေ့လာ တွေ့ရှိပြီးတဲ့ နောက်မှာတော့ အာဖ၇ိလူမျိုးတွေဟာ shea butter နှင့် product များစွာ ထုတ်လုပ်ခဲ့ကြတာ ခုဆို ဈေးကွက်တခုတောငိဖြစ်နေပါပြီ
TT Season မှ shea butter ပါဝင်သော product ကောင်းများစွာကို လူတန်းစာ မျိုးစုံ အသုံးပြုနိုင်သော ဈေး နှုန်းဖြင့် အကောင်းဆုံး ထုတ်လုပ်ဖြန့်ဖြူးေ၇ာင်းချပေးသွားပါမည်
Made in Myanmar
15/01/2017
Shampoo လေး က အ၇မ်းအဆင်ပြေတ၇်ဆိုလို့ 
ဝမ်းသာမိပါတ၇်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ဓာတုလျော့ချ နည်းကို အသုံးပြုပြီး
ဆောင်း၇ာသီမှာ ဖြစ်တတ်သော ဗောက်ထခြင်း ကို အထူး သက်သာစေပြီး
ခေါင်းလျှော် ပြီးချိန်မှာ ကြုံတွေ့၇တတ်သော ဆံသား ရှုပ်ထွေးခြင်း ကို မဖြစ်စေပဲ
ဆံသားကို ပျော့ပျောင်းစေပါတ၇်
တကြိမ် လျှော်ကြည့်၇ုံနဲ့ စိတ်ကျေနပ် မှု့ကိုရ ရှိစေမှာပါ
Made in myanmar
14/01/2017
Feedback ကောင်းလေးတွေ ရှိထားသော
TT Season ၇ဲ့
Shampoo လေးပါ
တကြိမ် သုံးကြည့်၇ုံနဲ့
ပေး၇တဲ့ ဈေးနဲ့ အဆများစွာမက မ၇ည်အသွေးကောငခးကြောင်း သိ၇မှာပါ
14/01/2017
သဘာဝမြင်းခွာရွက်ရဲ့ အလှတရားလျှို့ဝှက်ချက်
မြင်းခွာရွက်ဆိုရင် တောရော မြို့ပါ ဘယ်သူမဆို ရင်းနှီပြီးသားဖြစ်မှာပါ။
မြင်းခွာ ပုံစံရှိပြီး မြေမှာ ကပ်ပေါက်တဲ့ မြေလျှောက် ပင်အမျိုးအစား အပင်ငယ်လေးက သင့်ကို အကျိုးများစွာပေးနိုင်တယ်ဆိုရင် အံ့သြသွား မှာလား။ မြန်မာလူမျိုးတွေအနေနဲ့ မြင်းခွာ ရွက်ကို ဆေးဖက်ဝင်အပင်လို့ သိပြီးသား ဖြစ်မှာပါ။ မြင်းခွာရွက်က အထူးသဖြင့် အမြင် အာရုံအတွက် အကောင်းဆုံးသဘာဝ ဆေး စွမ်းတစ်လက်ပေါ့။ ဒါ့အပြင် မြင်းခွာရွက်က သင့်ကို သဘာဝဆန်ဆန်လှပမှုကို ပေးတယ်ဆိုတာ သင်သိစေချင်ပါတယ်။
မြင်းခွာရွက်ကပေးတဲ့ သင့်အတွက်အလှတရားတွေက ...
အရေပြားနီရဲရောင်ရမ်းခြင်းကို လျော့ကျသက်သာစေတယ်
အရေပြားနီရဲရောင်ရမ်းတာ (cellulite) ရောင်ရမ်းတာက ၉၅%သော မိန်းကလေးတွေမှာ ဖြစ် လေ့ဖြစ်ထရှိတဲ့ အရေပြားပြဿနာ တစ်ခုပါ။
မိတ်ကပ်အလှကုန်တွေနဲ့ ဓာတ်မတည့်တာကြောင့်ဖြစ်သလို ဆေးဝါး တွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ မျက်နှာ မှာ ဖြစ်ရင်တော့ အလွန်ကြည့်ရဆိုးတာကြောင့် အလှမက်တဲ့ မတို့ အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုပဲလေ။ ဒီအတွက် ဆေးဝါးတွေ၊ အရေပြားလိမ်းဆေးတွေ မလိုပါဘူး။ မြင်းခွာရွက်က ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ မြင်းခွာရွက် လတ်လတ်
ဆတ်ဆတ်ကို ရေများများနဲ့ စင်အောင်ဆေးပြီး Blender နဲ့ ကြိတ် ပြီး ဒါမှမဟုတ် ကြိတ်ဆုံသန့်သန့်နဲ့ သတ္တုရည်ရအောင်ပြုလုပ်ပြီး ဂွမ်းသန့်သန့်ဖြင့် မြင်းခွာရွက်သတ္တုရည်ကို ဆွတ်ပြီး နီရဲရောင်ရမ်း နေတဲ့ အရေပြားပေါ်မှာ ဖြည်းဖြည်း ညင်သာ သုတ်လိမ်းပေးပါ။
ုကြည်လင် တောက်ပပြီး အရေးအကြောင်း ကင်းစင်တဲ့ အသားအရေ မျိုး လိုချင်ရင်တော့ မြင်းခွာရွက်ကိုသာ အားကိုးလိုက်ပါ။ မြင်းခွာရွက် အဆီအနှစ်ကို မျက်နှာပေါ်မှာ ဒါမှမဟုတ် ညို မည်းနေတဲ့ အသားအရေပေါ်မှာ၊ အရေးအကြောင်းပေါ်တဲ့ နေရာတွေမှာ လိမ်းပေးမယ်ဆိုရင် အနာအဆာကင်းပြီး ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိပိုင်ဆိုင်နိုင်မှာပါ။နောက်ပြီး အကြောပြတ်တဲ့ အရေပြားပေါ်မှာ လိမ်းပေးမယ် ဆိုရင် အကြောပြတ်ရာတွေကို မှေးမှိန်ပျောက်ကွယ်သွားစေ ပါတယ်။ မြင်းခွာရွက်အဆီအနှစ်ကို အရေပြားပေါ် လိမ်းတာ အပြင် မြင်းခွာရွက်ကို အခြောက်ခံပြီး လက်ဖက်ခြောက် သဖွယ် ရေနွေးနဲ့ ခတ်သောက်ရင်လည်း အရေပြားကို ကြည်လင်တောက်ပစေပါတယ်။
ဝက်ခြံကြောင့် အသားအရေလှပမှု လျော့ နည်းပြီး သောကရောက်နေရတဲ့သူတွေအတွက် မြင်းခွာရွက်က အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါ တယ်။
ပိုးသေစေတဲ့အစွမ်းအပြင် အနာကျက် မြန်စေတဲ့ ဂုဏ်အင်တွေပါ ပြည့်စုံတဲ့ မြင်းခွာ ရွက်ကို ဝက်ခြံပျောက်ကင်းစေဖို့ အသုံးပြုနိုင်ပါ တယ်။
မြင်းခွာရွက်ကို သတ္တုရည် လုပ်ပြီး ဝက်ခြံ ပေါက်တဲ့နေရာမှာ ဂွမ်းသန့်သန့်ဖြင့် တို့လိမ်းပေး ပါ။ ဝက်ခြံပြဿနာ ရက်ပိုင်းအတွင်း သက်သာ သွားမှာ အသေအချာပဲနော်။
အမည်းစက်နဲ့ အသားအရေညိုမည်းခြင်းကို
လျော့နည်းစေတယ်
နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အမည်းစက်နဲ့ အသားအရေညိုမည်းခြင်းတွေကို မြင်းခွာရွက်က အလျင်မြန်ဆုံး လျော့နည်းစေနိုင်တယ်လေ။
အရေပြားပေါ်ပဲ လိမ်းလိမ်း၊ အစားအစာအဖြစ်ပဲ စားစား အသားအရေလှပမှုအတွက် ဆေးဖက် ဝင်တဲ့ မြင်းခွာရွက်ကို ယုံယုံကြည်ကြည် အားကိုး လိုက်တော့နော်။
အရွယ်တင် နုပျိုလှပစေတယ်
ဆံပင်ကျွတ်ခြင်းကိုအကောင်းဆုံးရပ်တန်ဖို့ မြင်းခွာရွက်ကို ဟင်းရံအဖြစ် သုတ်စား စား၊ ချက်စားစား၊ စားပေးနိုင်သလို မြင်းခွာရွက် သတ္တုရည်လုပ်ပြီး ဦးရေပြားအနှံ့ လိမ်းကျံ
နှိပ်နယ်ပေးရင် ဆံပင်ကျွတ်လို့ ထိပ်ပြောင်နေတဲ့ သောကကနေ ကင်းဝေးသွားမယ်နော်။
ဆံကေသာကို နက်မှောင်တောက်ပြောင်စေတယ်
ခေါင်းလျှော်ခါနီး တစ်နာရီလောက်အလိုမှာ မြင်းခွာရွက်သတ္တုရည်ကို ဦးရေပြားအနှံ့ လိမ်း ကျံပြီး လက်ချောင်းထိပ်ကလေးတွေနဲ့ ဖြည်း ဖြည်းညင်သာ နှိပ်နယ်ပေးပါ။ ဆံပင်အရင်းက မွေးညင်းအိတ်ကလေးတွေဆီ သွေးလည်ပတ်မှု ပိုကောင်းစေပြီး ဆံပင်နက်မှောင်တောက်ပြောင် ဖို့အတွက် အာဟာရဖြည့်ပေးပါတယ်။ ဒီနည်း က ဆံပင်ကိုလည်း အရှည်မြန်စေပါတယ်။ မြင်းခွာရွက်သတ္တုရည်နဲ့ အုန်းဆီစစ်စစ်ကို
ဆတူရောပြီး သုံးရက်တိုင်တိုင် နေကောင်းကောင်း ပြပါ။ ဒီအဆီကို ဆံသားအားဖြည့်ခေါင်းလိမ်း ဆီအဖြစ် နေ့စဉ်လိမ်းပေးမယ်ဆိုရင် နက်မှောင် တောက်ပြောင်တဲ့ ဆံကေသာအလှကို ပိုင်ဆိုင် နိုင်ပြီပေါ့။
မြင်းခွာရွက် ရဲ့ အကျိုးလေးတွေကို လက်တွေ့စမ်းသပ် အသုံးပြုရင်း ကျန်းမာလှပနုပျိုတဲ့ အသား အရေကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ။
13/01/2017
ဒီလို feedback လေးတွေက
ဘ၇်လောက်ပင်ပန်းနေပါစေ
အား ဖြစ်တ၇်
ဆံပင်နဲ့ အသားအ၇ည် ဆိုတာ
မိန်းကလေး တွေ အထူး ထိန်းသိမ်းကြတဲ့ အ၇ာလေးတွေ ပဲလေ
အဆင်ပြေကြတ၇်ဆို ပျော်တာပေါ့
Click here to claim your Sponsored Listing.
Telephone
Website
Address
Mandalay
