Arcorose
အမ်ိုးသမီးမ်ား အတြက္ Arcorose
16/10/2024
ဝါလကင်းလွတ် သီတင်းကျွတ် 🎇
17.10.2024 နေ့ကတော့ ဗုဒ္ဓဘာသာဝင်တွေ အထူးအမြတ်အလေးထားရာ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) လေးပါရှင် 🙏🙏🙏
မင်္ဂလာရှိသော နေ့ထူးနေ့မြတ်လေးမှာ Arcorose ရဲ့ ချစ်မိတ်ဆွေအပေါင်း စိတ္တသုခ ကာယသုခ ပြည့်စုံပြီး
ဂုဏ်ကျက်သရေ ထွန်းတောက် ကောင်းမှု မင်္ဂလာရောက်ပါစေ....
ကြံစည်သမျှ လိုတိုင်းတ၊ တတိုင်းရကြပါစေ...
ဘေးဘယာ ဝေးကွာ၍ စီးပွား ဥစ္စာများ ဒီရေအလား ကြီးပွားတိုးတက်ကြပါစေကြောင်း ဆုတောင်းမင်္ဂလာပြုလိုက်ပါတယ်ရှင် 🧡🙏
#သီတင်းကျွတ် #သီတင်းကျွတ်လပြည့်
20/07/2024
မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်
သာသနာတော်နှစ်၂၅၆၈ခုနှစ်
ဒုတိယ ဝါဆိုလပြည့် စနေနေ့... (၂၀.၇.၂၀၂၄)ရက်နေ့တွင် ကျရောက်သော
#ဝါဆိုလပြည့် (ဓမ္မစကြာနေ့) အခါသမယအချိန်တွင်
ကမ္ဘာသူ ကမ္ဘာသားအပေါင်း မြန်မာနိုင်ငံသူ၊နိုင်ငံသားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ်ကင်းဝေးပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း ကျနော်တို့
Arcorose မှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်🙏🙏🙏
13/07/2024
ဘယ်လိုအမျိုးသမီးတွေမှာ အရွယ်မတိုင်မီ သွေးဆုံးလေ့ရှိကြသလဲ ?
-----------------------------------------------------------------------
အမျိုးသမီးရယ်လို့ဖြစ်လာရင် အပျိုဖော်ဝင်တဲ့အချိန်မှာ ရာသီသွေးစပေါ်ပြီး အသက်အရွယ်ကြီးလာတဲ့အချိန်မှာ ရာသီသွေးဆုံးတဲ့ ဖြစ်ရပ်ကို ကြုံတွေ့ခံစားရပါတယ်။ သွေးဆုံးတယ်ဆိုတာဟာ အကြမ်းအားဖြင့် လွယ်လွယ်ပြောရရင် လစဉ်ပေါ်နေကျသွေး မပေါ်တော့ခြင်းဖြစ်ပါတယ်။
အဲ့လိုဆိုရင် သွေးမပေါ်တိုင်း သွေးဆုံးတယ်လို့ သတ်မှတ်မှာလားဆရာလို့ ထပ်မေးစရာရှိနိုင်ပါတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ ကိုယ်ဝန် သို့မဟုတ် တားနည်းတခုခုသုံးထားတာ မရှိတဲ့အမျိုးသမီးတယောက်မှာ ခြောက်လဆက်တိုက် ရာသီမပေါ်ဘူးဆိုမှ သွေးဆုံးတယ်လို့ သတ်မှတ်လို့ရပါတယ်။ တချို့ ဆေးစာအုပ်တွေကလည်း ကိုယ်ဝန် သို့မဟုတ် တားနည်းတခုခုသုံးထားတာ မရှိတဲ့အမျိုးသမီးတယောက်မှာ တနှစ်နဲ့အထက်သွေးမပေါ်ဘူးဆိုမှသာ သွေးဆုံးတယ်လို့ သတ်မှတ်ကြောင်းရေးထားပါတယ်။
အမျိုးသမီးအတော်များများဟာ အသက် ၄၇ နဲ့ ၅၅ အကြားမှာ လစဉ်ပေါ်နေကျ ဓမ္မတာ မပေါ်တော့ဘဲ သွေးဆုံးလေ့ရှိပါတယ်။ သို့သော် အသက် ၃၀ သို့မဟုတ် ၃၅ လောက်မှာပဲ သွေးဆုံးတဲ့ အမျိုးသမီးတွေလည်းရှိပါတယ်။ ဒီလိုအသက် ၄၀ မတိုင်မှီမှာသွေးဆုံးရင်ကျ အရွယ်မတိုင်မှီသွေးဆုံးခြင်း (Premature Menopause) လို့ ဆေးပညာမှာသတ်မှတ်ပါတယ်။
အရွယ်မတိုင်ခင်သွေးဆုံးခြင်းဟာ အဖြစ်မများတတ်ပါဘူး။ လေ့လာမှုတွေအရ အမျိုးသမီးအယောက် ၁၀၀ မှာ ၁ ယောက်နှုန်းလောက်ပဲဖြစ်နိုင်ပါတယ်။
အရွယ်မတိုင်ခင်သွေးဆုံးတာဟာ နှလုံးရောဂါ၊ အရိုးပွခြင်း၊ သတိမေ့ခြင်း၊ စိတ်ဓါတ်ကျခြင်း စတဲ့ရောဂါတွေဖြစ်ပွားနိုင်ခြေကို ပိုများလာစေနိုင်ပါတယ်။
အရွယ်မတိုင်ခင် မှာသွေးဆုံးတဲ့ အမျိုးသမီးတွေဟာလည်း အရွယ်တိုင်မှ သွေးဆုံးတဲ့အမျိုးသမီးတွေလိုပဲ သွေးဆုံးခါနီးအချိန်မှာ
– ရာသီပေါ်တာမမှန်တာ (ဒီလပေါ်လိုက် နောက်နှစ်လ သုံးလလောက်ထိန်လိုက် တခါပြန်ပေါ်လာလိုက်ဖြစ်တာ)
– ရာသီသွေးဆင်းတဲ့ပမာဏ အပြောင်းအလဲဖြစ်တာ (တအားနည်းသွားတာ၊ တအားများလာတာ)
– ကြာချိန် အပြောင်းအလဲဖြစ်တာ (ရက်တိုသွားတာ၊ ရက်ရှည်လာတာ)
– နေရထိုင်ရတာ ဖိန်းဖိန်းရှိန်းရှိန်းဖြစ်သလို ခံစားရတာ
– ခဏနေချမ်းလိုက် တော်ကြာနေ ပူအိုက်လိုက်ဖြစ်တာ
– ကိုယ်လက်ကိုက်ခဲ၊ ခေါင်းကိုက်ခဲ၊ ဆီးစပ်ကိုက်ခဲတာ
– မိန်းမကိုယ်လမ်းကြောင်း ခြောက်သွေ့တာ
– လိင်စိတ်ဆန္ဒလျော့ကျလာတာ
– အရေပြားနဲ့ ပါးစပ်တွေ ခြောက်သွေ့တာ
– အိပ်မပျော်တာ စတဲ့ဝေဒနာတွေကို ခံစားကြရပါတယ်။
ဒါ့အပြင် စိတ်ခံစားမှုအပိုင်းအနေနဲ့ပြောရရင် သွေးဆုံးချိန်နားတဝိုက်မှာ အမျိုးသမီးတွေဟာ စိတ်ခံစားမှု အတက်အကျအရမ်းမြန်နေတက်ပါတယ်။ တခုခုကို အလိုမကျတာမျိုး ဖြစ်နေတတ်သလို အလိုလိုနေရင်းနဲ့ကို ဒေါသထွက်နေတတ်ပါတယ်။ အဲ့လိုဖြစ်နေရင်းကပဲ စိတ်ဓါတ်ကျတာ သူ့အလိုလိုဝမ်းနည်းပြီးငိုချင်တာ တွေပါ ခံစားရနိုင်ပါတယ်။ သိုပေမယ့် မီးယပ်သွေးဆုံးချိန်ရောက်ရင် အမျိုးသမီးတိုင်းဟာ အပေါ်မှာ ဖော်ပြခဲ့တဲ့အချက်တွေ အကုန်ဖြစ်ချင်မှ ဖြစ်မှာပါ။ အများအားဖြင့်တော့ အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေအကုန်မဖြစ်ဘဲ လေး ငါး ချက်လောက်ပဲ ခံစားကြရတာများပါတယ်။ ဘာဆိုဘာမှထွေထွေထူးထူး မခံစားရဘဲ သွေးဆုံးချိန်ကို သက်တောင့်သက်သာ ဖြတ်ကျော်သွားတဲ့ အမျိုးသမီးတွေလည်းရှိပါတယ်။
တကယ်လို့ သင့်မှာ ခုဖော်ပြပါ ဝေဒနာတွေထဲကတချို့ခံစားနေရပြီး သင့်အသက်ကလည်း ၄၀ အောက်ပဲရှိသေးတယ်။ လက်ထပ်ပြီး တနှစ်ကျော်လောက်ထိ ဘာတားနည်းမသုံးဘဲ ကိုယ်ဝန်မရဘူး။ မိခင်၊ အမတွေဟာလည်း အရွယ်မတိုင်ခင်သွေးဆုံးခဲ့တယ်။ ကင်ဆာဆေးသွင်းကုသမှု၊ ဓါတ်ရောင်ခြည်ကုသမှု ခံယူဖူးတယ်။ ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ ရောဂါတခုခုရှိတယ် ဆိုရင် သင်ဟာ အရွယ်မတိုင်ခင် သွေးဆုံးခြင်းကို ခံစားနေရတာဖြစ်နိုင်ခြေများပါတယ်။ သေချာသိအောင်ကတော့ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုလုပ်ကြည့်ဖို့လိုပါတယ်။
အရွယ်မတိုင်ခင်သွေးဆုံးခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့
– မျိုးရိုးလိုက်တာ
– ပိန်လွန်းတာ
– ဆေးလိပ်သောက်တာ
– မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါတွေရှိတာ
– ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ရောဂါတွေရှိတာ
– ဟော်မုန်းဆိုင်ရာ ပြဿနာတွေရှိတာ
– အကြောင်းအမျိုးမျိုးကြောင့် သားဥအိမ်နှစ်ဖက်လုံး ဖြတ်ထုတ်ရတာ၊ သားအိမ်ထုတ်လိုက်ရတာ စသဖြင့်ပါ။
အရွယ်မတိုင်မှီသွေးဆုံးခြင်းအတွက် ကုထုံးမရှိပါဘူး။ ဆိုလိုတာက ရာသီပြန်လာအောင်လုပ်လို့မရပါဘူး။ ခံစားနေရတဲ့ဝေဒနာတွေသက်သာအောင်ပဲလုပ်လို့ရပါတယ်။ ခံစားရတဲ့ဝေဒနာ မပြင်းထန်ပါက ဆေးဝါးကုထုံးခံယူစရာမလိုဘဲ အစားအသောက်အနေအထိုင် နည်းနည်းပြင်လိုက်ရင် အဆင်ပြေနိုင်ပါတယ်။
ညအိပ်ချိန်ကို ၇ နာရီအနည်းဆုံးထားပါ။ ဖြစ်နိုင်ရင် ည ၁၀ နာရီလောက်မှာအိပ်ပြီး မနက် ၆ နာရီလောက်မှထပါ။ အိပ်ရေး၀၀အိပ်ပါ။
အိပ်ရာနိုးနိုးချင်းရေအဝသောက်ပါ။
အခန်းအတွင်း လေဝင်လေထွက်ကောင်းအောင် ပိတ်လှောင်နေတာမျိုးမရှိအောင်လုပ်ပါ။
အဆီများတာရှောင်ပြီး သဘာဝသစ်သီးဖျော်ရည်မျိုး များများသောက်ပေးပါ။ တနေကုန် အရင်ထက်ပိုပြီးရေများများ သောက်ပေးပါ။
နို့နဲ့နို့ထွက်ပစ္စည်းများများစားသုံးပေးပါ။
ကဖင်းဓါတ်ပါတဲ့ အစားအသောက် (လက်ဖက်၊ ကော်ဖီ၊ လက်ဖက်ရည်စသဖြင့်) ရှောင်ပါ။
ဆေးလိပ်ဖြတ်ပါ။
ညနေဘက် လေကောင်းလေသန့်ရအောင် ပေါ့ပေါ့ပါးပါး လမ်းလျှောက်ပါ။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကိုတော့ ရှောင်ပါ။
ဖုန်းကွန်ပြူတာ တီဗီကြည့်တာတွေလျော့ပေးပါ။
နားနားနေနေ နေပါ။ ဘာသာရေးလိုက်စားပါ။ တရားထိုင်တာ၊ သီချင်းနားထောင်တာတွေ လုပ်ပါ။
သွေးဆုံးခါနီးအချိန်မှာ အအေးမမိပါစေနဲ့။ အထူးသဖြင့် ရာသီပေါ်နေစဉ်မှာ အအေးမမိအောင် နွေးနွေးထွေးထွေးနေပါ။ သွေးဆုံးခါနီး ရာသီလာချိန်မှာ ညနေဘက် ရေအေးအေးနဲ့ (လှောင်ထားတဲ့ရေနဲ့) ခေါင်းလျှော်ရေချိုးတာကိုရှောင်ပါ။ ရေကို မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက် တနေ့တကြိမ်ပဲ ချိုးသင့်ပါတယ်။ ခံစားရတဲ့ဝေဒနာပြင်းထန်တယ် ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ဟော်မုန်းအစားထိုးကုထုံး (Hormonal replacement therapy)၊ စိတ်ပိုင်းဆိုင်ရာကုထုံး စသဖြင့်ကို ခံယူနိုင်ပါတယ်။
# Crd Dr. Thet Aung
#ပျိုမေတို့အစဉ်နုပျိုကျန်းမာလှပနေစေဖို့
-1000
30/06/2024
ရာသီလာပြီးရင်တောင် ဘာကြောင့် ဗိုက်အောင့်တာလဲ..
💁♀️ရာသီလာခါနီးရက်တွေနဲ့ လာနေတဲ့အချိန်တွေမှာ ဗိုက်အောင့်တတ်ကြတာ ပုံမှန်ဆိုပေမယ့် ရာသီလာပြီး ဗိုက်အောင့်တာကတော့ အကြောင်းအမျိုးမျိုး ဖြစ်နိုင်ပါတယ်။
🍂ပိုးကူးစက်ခြင်း
ဆီးလမ်းကြောင်းထဲ ပိုးဝင်တာ (သို့) လိင်ကတစ်ဆင့် ကူးစက်တဲ့ ပိုးမွှားတွေကြောင့်လည်း ဗိုက်အောင့်တာမျိုးကို ဖြစ်စေပါတယ်။တစ်ခါတစ်လေ နာကျင်မှုနဲ့အတူ အဖြူဆင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
🍂သားအိမ်တွင် အလုံးတည်ခြင်း
သားအိမ်မှာ အသားလုံး(သို့) သွေးလုံး တည်တာတွေကြောင့်လည်း ဗိုက်အောင့်တတ်ပါတယ်။
ဒီလို ဖြစ်တဲ့အခါ ရာသီလာပြီးချိန်မှ မဟုတ်ဘဲ လာနေစဉ်မှာလည်း နာကျင်ကိုက်ခဲတာ၊ သွေးဆင်းများတာ၊ ပုံမှန် မဟုတ်တဲ့ ရာသီသွေးဆင်းတာ၊ လေပွတာ၊ တင်ပဆုံပိုင်းမှာ မအီမသာဖြစ်တာ၊ ဆီးအိမ်ပေါ်မှာ၊ အစာဟောင်းအိမ်ပေါ်မှာ ဖိအား သက်ရောက်နေတာ တွေကို ခံစားရနိုင်ပါတယ်။
🍂သားဥ ကြွေခြင်း
သားဥကြွေချိန်မှာလည်း ဗိုက်အောင့်ပြီး နာကျင်တာမျိုးကို အနည်းအကျဉ်း ခံစားရတတ်ပါတယ်။ မျိုးဥအိမ်က သားဥကို ထုတ်လွှတ်လိုက်တဲ့ အခါ ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုကို ရာသီသွေးဆင်းပြီးတဲ့ ရက်မှစပြီး ၅ ရက် ကနေ တစ်ပတ်အတွင်းမှာ ခံစားရနိုင်ပါတယ်။ဒီလို နာကျင်မှုမျိုးကတော့ ရာသီရက်ရှည်ပြီး ၂၁ ရက် ရာသီစက်ဝန်း ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေက မှာတော့ ပိုပြီး အဖြစ်များတတ်ပါတယ်။
ရာသီလာပြီးရင် ဗိုက်အောင့်တာကို ကြိုတင်ကာကွယ်ဖို့ဆို အားဆေးတစ်ခုမှီဝဲခြင်း ၊ ရေဝဝသောက်ပေးခြင်း ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်း စတာတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။🍀
ဗိုက်အရမ်းအောင့်လာတာမျိုးဖြစ်လာရင်တော့ ရေနွေးကပ်ခြင်း ၊ ဆေးသောက်ခြင်း ၊ ဆေးလိမ်းခြင်း စတဲ့ အိမ်တွင်းကုထုံးတွေ လုပ်ပေးသင့်ပါတယ်နော်။✨
ဒါမှ မသက်သာဘူးဆိုရင်တော့ ပေါ့ဆမနေဘဲ နီးစပ်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ကုသသင့်ပါတယ် ပျိုမေလေးတို့ရေ။💯
14/06/2024
🌼Arcorose ကို မှန်မှန်သောက်သုံးခြင်းကြောင့်
❣️ဓမ္မတာနဲ့ ပတ်သက်တဲ့ ကိုက်ခဲနာကျင်မှုတွေလည်းမရှိတော့ဘူး။
❣️ဓမ္မတာမလာခင် ခံစားရတဲ့ စိတ်တိုစိတ်ဆတ်တာတွေလည်းကင်းလို့ ပိတ်ရက်မရှိပြုံးပျော်နိုင်ပြီပေါ့...
ဒါ့အပြင် 💛အဝါရောင်ပန်းလေး EPO က 💛အသားရည်ကိုလည်း ကြည်လင်ချောမွတ်နုပျိုစေတာကြောင့် ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်နဲ့ အလှဘုရင်မလေးတွေလို ရဲဝံ့စွာ ပြုံးပျော်နေကြပြီ
ချစ်တို့ရော.... 😍အလှဘုရင်မလေးဖြစ်ဖို့ အသင့်ပဲလား??😍
31/05/2024
Arcorose သောက်ပြီး လှနေလိုက်
Arcorose ချစ်သူပျိုမေတို့ရေ….
သူငယ်ချင်းတွေနဲ့ဆုံလို့ပဲဖြစ်ဖြစ် ၊
ရုံးမှာစကားစပ်မိလို့ပဲဖြစ်ဖြစ် အသားအရေအကြောင်းဆွေးနွေးကြတဲ့အခါ
ကိုယ်ကသူများအားကျရတဲ့ အသားအရေပိုင်ရှင်လေးဖြစ်နေပြီဆိုရင်တော့
ဂုဏ်ယူလိုက်တော့နော်။
သဘာဝ Evening Prirose Oil စစ်စစ်ဖြစ်လို့
ခေါင်းအစ ခြေအဆုံး ကြည်လင်စိုပြေတဲ့
အသားအရေပိုင်ရှင်လေးဖြစ်ဖို့
အကောင်းဆုံးကူညီပေးမှာ Arcorose 1000 ပါ။
နေလောင်ဒဏ်နဲ့ အရေးအကြောင်းတွေကြောင့်
သောကမရောက်စေဖို့
Arcorose တစ်နေ့တစ်လုံးသောက်ပြီး
လှချင်တိုင်းလှနေလိုက်တော့နော်။
11/04/2024
မြန်မာ့ရိုးရာအတာနှစ်ကူး မဟာသင်္ကြန်ရက််မြတ်အခါတော်တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊စီးပွါးလာဘ်လာဘများတိုးပွါးခြင်းနှင့် ဘေးရန်ကင်းဝေးရွှင်လန်းချမ်းမြေ့ပါစေလို့ Arcorose မိသားစုမှ မင်္ဂလာဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
31/03/2024
သူလာချိန်တိုင်း အိပ်ရာထဲကမထနိုင်အောင် ပင်ပန်းစိတ်ညစ်ခဲ့ရတဲ့ နေ့ရက်တွေကို ဟိုး..အတိတ်မှာပဲ ချန်ခဲ့ချင်တာလား..?
Arcorose လေးကိုသာ ဆောင်ထားလိုက်နော်...🤗
🩸 ပျိုဖော်ဝင်ချိန်ကနေစလို့ တစ်လတစ်ခါကြုံတွေ့ရတဲ့ ဓမ္မတာကာလ နဲ့ အသက်အရွယ်အရ မဖြစ်မနေကြုံတွေ့ရမယ့် သွေးဆုံးချိန်တွေကို လန်းဆန်းစွာနဲ့ပဲ ဖြတ်သန်းချင်တယ်ဆို Arcorose လေးက တကယ်ကိုမရှိမဖြစ်ပါ..💛
🌼 Evening Primrose Oil 1000 mg ပါဝင်တဲ့ Arcorose လေးက ပျိုမေလေးတို့ ရာသီလာချိန် နဲ့ သွေးဆုံးချိန်တွေမှာ ခံစားရမယ့် နာကျင်ကိုက်ခဲမှုဝေဒနာတွေကို လျော့ပါးသက်သာစေတာကြောင့်..✅
နေ့ရက်တိုင်းကို ခက်ခဲပင်ပန်းမှုမရှိ လန်းဆန်းတက်ကြွစွာနဲ့ အကောင်းဆုံးဖြတ်သန်းနိုင်မှာပါနော်..💁💛
လစဉ်ဓမ္မတာ မမှန်တဲ့အခါ အသားအရေတွေ မွဲခြောက်လာပြီး စိတ်ဖိစီးမှုတွေများလို့ ဆံသားတွေခြောက်သွေ့ပျက်စီးကာ နဂိုထက်ပိုကျွတ်လာပါတယ်။
💚ဒီလိုဖြစ်နေပြီဆိုရင် Arcorose ကို သတိရလိုက်ပါ။ Arcorose မှာ Evening Primrose Oil ပါဝင်လို့ လစဉ်ဓမ္မတာ စက်ဝန်းကို မှန်စေပြီး အသားအရည်ကိုလည်း စိုပြေကြည်လင်လာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။
စိတ်ဖိစီးမှုတွေလည်း အဝေးဆုံးကို မောင်းထုတ်ပြီး ဆံပင်ကျွတ်ခြင်းနဲ့ ဆံသားပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။😍
#ဆံပင်ကျွတ် #အသားအရည်ပျက်စီး
မိမိရဲ့အလှအပကို ပင်ကိုရှိရင်းစွဲ အလှတရားတွေထက် ပိုမိုသာလွန်လှပပြီး Confidience Level So Hight ချင်တဲ့ ချစ်လေးတို့အတွက် Arcorose ကို သောက်သုံးဖို့တော့လိုပါမယ်နော်။😍
Arcorose မှာဆိုရင် သဘာဝ Evening Primrose Oil ပါဝင်တဲ့အတွက်ကြောင့် နုပျိုလှပကျန်းမာစွာ ဘယ်ချိန်ဖြစ်ဖြစ် ယုံကြည်မှုရှိရှိနဲ့ အောင်မြင်တဲ့လမ်းခရီးကို လျှောက်လှမ်းနိုင်မှာပါ။🥰
20/02/2024
လူတော်တော်များများရဲ့ မျက်နှာပေါ်မှာရော ခန္ဓာကိုယ်မှာပါ ဝက်ခြံဆိုတဲ့ အဆီဖုလေးတွေ ပေါက်ဖူးကြမှာပါ။🤦♀️
အထူးသဖြင့် လူပျို၊ အပျိုဖော် ဝင်ခါစ ဆယ်ကျော်သက် အရွယ်တွေမှာ အဖြစ်များပါတယ်။👩🧑
ပျိုမေလေးတို့ အလှအပရေးရာ လိုက်စားတဲ့ အရွယ်မျိုးမှာ အခုလိုတွေမျက်နှာပေါ်မှာ ပေါက်တတ်တော့ စိတ်ညစ်ကြမှာ အသေအချာပါပဲ။🥺
ဒီနေ့မှာတော့ ပျိုမေက ဝက်ခြံထွက်နိုင်တဲ့ အကြောင်းအရင်းတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။✨
📌ဟော်မုန်းအပြောင်းအလဲ
လူပျိုအပျိုဖော်ဝင်ခါစ အချိန်တွေမှာ Androgen ဆိုတဲ့ ဟော်မုန်းတွေတိုးပွားလာတာဖြစ်လို့ အဆီဖုတွေကို ပိုလှုံ့ဆော်ပေးလို့ ဝက်ခြံတွေပေါက်စေတာပါ။
📌မျိုးရိုးဗီဇ
မျိုးရိုးဗီဇကြောင့်လည်းဝက်ခြံပေါက်စေနိုင်ပါတယ်။
📌မိတ်ကပ်နဲ့အလှကုန်
မိတ်ကပ်နဲ့အလှကုန်တွေကို သုံးပြီးတိုင်းလည်း မျက်နှာကို သေချာ မသန့်စင်မိခြင်းကနေလည်း ဖြစ်စေနိုင်ပါတယ်။
📌ပတ်ဝန်းကျင်နဲ့စိတ်ဖိစီးမှု
သင်နေထိုင်ရာ၊ အလုပ်လုပ်ရာ ပတ်ဝန်းကျင်ရဲ့ လေထုကနေတစ်ဆင့်လည်း ဝက်ခြံပေါက်စေနိုင်သလို စိတ်ဖိစီးမှုတွေ များလာရင်လည်း ဝက်ခြံပိုထွက်လာစေပါတယ်။
📌ရာသီသွေးဆင်းမမှန်ခြင်း
ပျိုမေတို့အနေနဲ့ ရာသီသွေးမဆင်းခင်အချိန်တွေမှာ ဝက်ခြံပေါက်တတ်ပြီးတော့ ရာသီဆင်းပြီးသွားချိန်တွေမှဦ ပြန်သက်သာသွားတတ်ပါတယ်။အိမ်ထောင်သည်ပျိုမေတွေဆိုရင်လည်း ကိုယ်ဝန်တားဆေး သောက်လေ့ရှိရာမှ ရပ်လိုက်ရင်လည်း ဝက်ခြံထွက်လာနိုင်ပါတယ်။
တခြားသောအချက်တွေအနေနဲ့ မျက်နှာကို ခဏခဏကိုင်တာ၊ ဝက်ခြံတွေကို ညှစ်တာ၊ ခေါင်းအုံးတွေကို ပုံမှန်မလျှော်တာ၊ ခန္ဓာကိုယ်တွင်းရေဓာတ်နည်းတာ၊ အယ်လ်ကိုဟောသောက်တာများတာ၊ နို့နဲ့ နို့ထွက်ပစ္စည်းကဲ့သို့ အဆီဓာတ်ပါတာတွေ အစားများတာနဲ့ အိပ်ရေးပျက်ခြင်းတို့ကလည်း ဝက်ခြံဖြစ်စေနိုင်တာမို့ အတတ်နိုင်ဆုံး ဆင်ခြင်သင့်ပါတယ်။🙅♀️
အသားအရေအကြောင်းပြောကြတဲ့အခါ
မိန်းကလေးတိုင်းပိုင်ဆိုင်ချင်တဲ့
နံပါတ်တစ်အချက်ဟာ အသားအရေရဲ့အရောင်(Skin Tone) ညီညာချင်တာပါပဲ💯
စိတ်ဖိစီးမှုတွေကြောင့် အသားအရေညစ်နွမ်းသွားခြင်း၊ နေပူထဲအထွက်များပြီး ဖုန်မှုန့်နဲ့လေထုညစ်ညမ်းမှုကြောင့် အသားအရေပျက်စီးသွားခြင်းအစရှိတဲ့အချက်တွေက အသားအရေအရောင်မညီမညာခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဒီလိုပျက်စီးနေတဲ့အသားအရေတွေအတွက် Arcorose က ခန္ဓာကိုယ်အတွင်းပိုင်းကနေ ပြန်လည်ထိန်းသိမ်းပေးကာ...
ရှိရင်းစွဲအသားအရေထက် ပိုကြည်လင်ပိုတောက်ပလာအောင်လုပ်ဆောင်ပေးတာဖြစ်လို့ မိန်းကလေးတစ်ယောက်အနေနဲ့ ရှိသင့်ရှိထိုက်တဲ့အသားအရေအလှတရားကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်တော့ Arcorose လေးကိုသာ ရွေးချယ်သောက်သုံးလိုက်တော့နော်💛
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 17:30 |
