Tiens Cordyceps & Collagen

Tiens Cordyceps & Collagen

Share

အလှအပနှင့်ကျန်းမာရေးဆိုင်ရာဗဟုသုတ

08/02/2026

💠ဘဝအတွက် စာပေဗဟုသုတများ...

💠သိမှတ်စရာ..အဖြာဖြာ....

==============

💠ဘာရောဂါမှ မရှိဘဲ ရုတ်တရက်... မဆုံးပါးချင်ရင် ဒီစာကိုဆုံးအောင်ဖတ်ပါ။..

"သူက ဆေးလိပ်လည်းမသောက်၊ အရက်လည်းမသောက်၊

ရောဂါအခံလည်းမရှိဘဲ ဘာလို့ရုတ်တရက်ကြီး ဆုံးသွားရတာလဲ?"

ဆိုတဲ့ မေးခွန်းမျိုး ကြားဖူးကြမှာပါ။

အထူးသဖြင့် … အခုလို ရာသီဥတုအေးတဲ့အချိန်တွေမှာ ပိုပြီး သတိထားရပါမယ်။

အဝတ်တွေအထပ်ထပ် ဝတ်ထားရုံနဲ့ မလုံလောက်ပါဘူး။

"မှန်ကန်တဲ့ နေထိုင်မှုအလေ့အကျင့်" မရှိရင် ရုတ်တရက်အန္တရာယ် ဖြစ်နိုင်ပါတယ်။

💠သင့်အသက်နဲ့ သင့်မိသားစုအသက်အန္တရာယ်ကို ကာကွယ်နိုင်ဖို့

💠ဒီအချက် (၆) ချက်ကို မေ့မထားပါနဲ့။👇

🍒(၁) အိပ်ရာထထချင်း ချက်ချင်းမထပါနဲ့... 🍒

အေးတဲ့အချိန်မှာ နိုးတာနဲ့ စောင်ကိုဖယ်ပြီး ဝုန်းခနဲ ထလိုက်တာမျိုး ရှောင်ပါ။

ခဏလောက် မှေးပြီးမှ ဖြည်းဖြည်းချင်းထပါ။

ထပြီးတာနဲ့ အနွေးထည်ဝတ်ပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပါ။

ဒါမှ သွေးကြောတွေရုတ်တရက်ကျုံ့သွားမယ့် အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။

🤦(၂) မျက်နှာသစ်ရင် "ရေနွေး" သုံးပါ...🤦‍♀️

ခဏလေးပဲဆိုပြီး ရေအေးနဲ့ မျက်နှာမသစ်လိုက်ပါနဲ့။

မျက်နှာက သွေးကြောတွေ ရေအေးကြောင့်ရုတ်တရက် ခဲ သွားနိုင်ပါတယ်။

💧(၃) ရေချိုးပြီးရင် ချက်ချင်းသုတ်ပါ..💧

ရေနွေးစိမ်/ရေချိုးပြီးတာနဲ့ ကိုယ်ပေါ်က ရေစက်တွေကို တဘက်နဲ့ ခြောက်အောင် ချက်ချင်းသုတ်ပါ။

ရေစက်တွေက လေအေးနဲ့တွေ့ရင် ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်ပါတယ်။

👂(၄) "လည်ပင်း နဲ့ နားရွက်" ကို အထူးဂရုစိုက်ပါ..👂

ရုတ်တရက်ဆုံးပါးသွားသူအများစုက ဒီနေရာတွေကို နွေးအောင်မထားကြပါဘူး။

လည်ပင်းဟာ ဦးနှောက်နဲ့ခန္ဓာကိုယ်ကို ဆက်သွယ်ထားတဲ့အဓိကသွေးကြောမကြီးတွေ ရှိတဲ့နေရာပါ။

ဒါကြောင့် လည်ပင်းနဲ့နားကို လုံအောင်၊ နွေးအောင် အမြဲထားပါ။

🎽(၅) အဝတ်အစားကို စနစ်တကျ ဝတ်ဆင်ပါ... 🙋‍♂️

အေးရင် တွေ့ကရာကောက်ဝတ်တာထက်
ဒီအစီအစဉ်အတိုင်း ဝတ်တာ အကောင်းဆုံးပါပဲ။

အတွင်းဆုံး - ချည်သားလက်ရှည်

အလယ် - သိုးမွေးလက်ရှည်

အပြင်ဆုံး - လေကာ အနွေးထည်

🏃‍♂️(၆) သွေးပူလေ့ကျင့်ခန်း မမေ့ပါနဲ့...⛹️‍♂️

အားကစားလုပ်နေချိန်မှာ

နှလုံးက ပုံမှန်ထက် (၆)ဆ ကနေ (၁၇)ဆလောက် ပိုအလုပ်လုပ်ရပါတယ်။

သွေးစီးဆင်းမှုကလည်း ၂၅ ဆလောက် မြန်နေတတ်ပါ တယ်။

ဒါကြောင့် မလုပ်ခင်မှာ Warm up (သွေးပူလေ့ကျင့်ခန်း) သေချာလုပ်ပြီးမှ စတင်ပါ။

ဒီအချက်လေးတွေက ရိုးရှင်းပေမယ့် အသက်တစ်ချောင်းကို ကယ်တင်နိုင်ပါတယ်။

ကိုယ်ချစ်ရတဲ့သူတွေ သိအောင် လက်ဆင့်ကမ်း မျှဝေ ပေးလိုက်ကြပါဦးနော်။

#ကျန်းမာရေးဗဟုသုတ

23/01/2026

🍒သားအိမ်နံရံပါးခြင်း (Thin Endometrium) ဆိုတာ သားအိမ်အတွင်းပိုင်းအလွှာ (Endometrium) ဟာ သန္ဓေသားတွယ်ကပ်ဖို့အတွက် လုံလောက်တဲ့အထူ (ပုံမှန် အားဖြင့် ၈ မီလီမီတာနှင့်အထက်) မရှိတဲ့ အခြေအနေကို ဆိုလိုတာပါ။

ဒီအခြေအနေက ကိုယ်ဝန်ရနိုင်ခြေကို လျော့ကျစေနိုင်သလို ကိုယ်ဝန်ပျက်ကျခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

🍒၁။ သားအိမ်နံရံပါးရခြင်း၏ အကြောင်းရင်းများ သားအိမ်နံရံပါးရတဲ့ အဓိကအကြောင်းရင်းတွေကတော့-အီစထရိုဂျင် (Estrogen) ဟော်မုန်းနည်းခြင်း: သားအိမ်နံရံ ထူလာဖို့အတွက် အီစထရိုဂျင်ဟော်မုန်းက အဓိက လိုအပ်ပါ တယ်။

သွေးလှည့်ပတ်မှု မကောင်းခြင်း: သားအိမ်ဆီကို သွေး ရောက်ရှိမှုနည်းရင် နံရံဟာ ကောင်းကောင်းမဖွံ့ဖြိုးနိုင်ပါဘူး။
သားအိမ်တွင်း အမာရွတ်ရှိခြင်း: အရင်က သားအိမ်ခြစ်ဖူး တာ ဒါမှမဟုတ် ပိုးဝင်ဖူးတာကြောင့် အမာရွတ်ဖြစ်ပြီး နံရံမ ထူလာတာမျိုး ဖြစ်နိုင်ပါတယ်။

ဆေးဝါးအချို့၏ ဘေးထွက်ဆိုးကျိုး: ဥပမာ- သားဥ ကြွေဆေး (Clomiphene) အချိန်ကြာမြင့်စွာ သုံးစွဲခြင်း။ သားအိမ်အတွင်းပိုင်း ရောင်ရမ်းခြင်း သို့မဟုတ် ပိုးဝင်ခြင်း။

🍒၂။ လက္ခဏာများ သားအိမ်နံရံပါးတဲ့အခါ အပြင်ပန်းလက္ခဏာ သိပ်မပြတတ်ပေမဲ့ အောက်ပါတို့ ဖြစ်လေ့ရှိပါတယ်-ရာသီလာစဉ် သွေးဆင်းနည်းခြင်း။
ရာသီလာချိန် မမှန်ခြင်း။
ကလေးရရန် ခက်ခဲခြင်း (သို့မဟုတ်) ခဏခဏ ကိုယ်ဝန်ပျက်ခြင်း။

🍒၃။ ဘယ်လိုကုသမလဲ?

သားအိမ်နံရံ ပြန်ထူလာအောင် ဆရာဝန်တွေက
များသောအားဖြင့် အောက်ပါနည်းလမ်းတွေနဲ့ ကုသပေးလေ့ရှိပါတယ်-
ဟော်မုန်းဆေးများ: အီစထရိုဂျင်ကို ဆေးလုံး၊ ကပ်ခွာ
(သို့မဟုတ်) ဂျဲလ် အနေနဲ့ ပေးခြင်း။
သွေးလည်ပတ်မှုကောင်းစေသော ဆေးများ: သားအိမ်ဆီသွေးစီးဆင်းမှု ကောင်းအောင် Aspirin သို့မဟုတ် အခြားဆေးများ ပေးခြင်း။

ဖြည့်စွက်စာများ: Vitamin E နှင့် L-arginine တို့က သားအိမ်နံရံထူဖို့ အထောက်အကူပြုနိုင်ပါတယ်။

ခွဲစိတ်ကုသခြင်း: အကယ်၍ သားအိမ်အတွင်း အမာရွတ် ကြောင့်ဆိုရင် မှန်ပြောင်းကြည့်ခွဲစိတ်မှု (Hysteroscopy) နဲ့အမာရွတ်ဖယ်ရှားခြင်း။

🍒၄။ အကြံပြုချက်

အကယ်၍ သင့်မှာ ဒီပြဿနာရှိနေတယ်လို့ သံသယရှိရင် ဒါ မှမဟုတ် ကလေးရဖို့ ခက်ခဲနေရင် သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ ပြသပြီး TVS Ultrasound (သားအိမ်အတွင်း ပိုင်း အာလ်ထရာဆောင်း) ရိုက်ကြည့်ဖို့ အရေးကြီးပါတယ်။



#ကျန်းမာရေးဗဟုသုတ
#အမျိုးသမီးကျန်းမာရေး

15/12/2025

ခန္ဓာကိုယ်မှပြောသော ရောဂါလက္ခဏာ ၁၆ မျိုး

၁။ မကြာခဏ"သမ်း"ရင် သွေးတွင်းအောက်ဆီဂျင်ပမာဏ နည်းခြင်းဖြစ်တယ်။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာများ၊ အနီရောင်ရှိတဲ့အသား၊ ကြက်သား၊ ပဲနှင့် ဟင်းနုနွယ်ရွက် တို့ကို စားပေးခြင်းဖြင့် သွေးတွင်းအောက်ဆီဂျင် သယ်ယူ ပို့ဆောင်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။

၂။ ခံတွင်းနံ့ဆိုးရင် အူလမ်းကြောင်းမှာ ပြဿနာဖြစ် နေလို့ပါ။ အမျှင်ဓာတ်ကြွယ်ဝသော အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်များအပြင် ဒိန်ချဉ် နှင့် ကင်ချီကဲ့သို့သော အချဉ်ဖောက်ထားတဲ့ အစားအစာ များကို စားသုံးခြင်းက အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

၃။ နားအဆက်မပြတ် အူ (အသံမြည်) နေမယ်ဆိုရင် သွေးတိုးနေလို့ပါ၊ ဆိုဒီယမ် (ဆား) လျော့စားပါ။ ပိုတက်စီယ မ်၊ မဂ္ဂနီဆီယမ်နှင့် ကယ်လ်စီယမ်များသော အစားအစာတွေ ဖြစ်တဲ့ ငှက်ပျောသီး၊ အာလူးနှင့် အရွက်စိမ်းများကို စားသုံး ပေးပါက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

၄။ ဆံပင်ကျွတ်တာများရင် သံဓာတ်ချို့တဲ့လို့ပါ။ သံဓာတ်မြင့်မားစွာ ပါဝင်တဲ့ အစားအစာတွေက အနီရောင်ရှိသော အသား၊ ပဲအမျိုးမျိုးနှင့် အစေ့အဆန်များ ကို စားသုံးပေးပါ။

၅။ ခြေထောက် ဖောရောင်နေရင် မဂ္ဂနီဆီယမ်ဓာတ် နည်း တဲ့အတွက်ကြောင့် နှလုံးနှင့် ကျောက်ကပ်မှာ ပြဿနာရှိပြီး အခွံမာသီး၊ အစေ့များနှင့်၊ အရွက်စိမ်းများကို စားသုံးပေးပါ။

၆။ ညဘက် ကြွက်တက်တတ်တာဆိုရင် မဂ္ဂနီဆီယမ် အားနည်းလို့ပါ။ မဂ္ဂနီဆီယမ်ပါဝင်တဲ့ အစားအစာတွေက အခွံမာသီး၊ အစေ့များ၊ အရွက်စိမ်းများနှင့် ကောက်နှံစေ့တို့ပဲ ဖြစ်ပါတယ်။

၇။ အချိုစားချင်စိတ်ဖြစ်တာဆိုရင် မဂ္ဂနီဆီယမ် အားနည်း လို့ပါ။ မဂ္ဂနီဆီယမ်ပါဝင်တဲ့ အစားအစာတွေက အခွံမာသီး၊ အစေ့များ၊ အရွက်စိမ်းများနှင့် ကောက်နှံစေ့တို့ပဲ ဖြစ်ပါ တယ်။

၈။ လက်တွေ ထုံကျင်နေရင် ဗီတာမင် B 12 ချို့တဲ့လို့ပါ၊ ဗီတာမင် B12 ကို အသား၊ ငါး၊ ကြက်ဥနှင့် နို့ထွက်ပစ္စည်း များ အပါအဝင် တိရ စ္ဆာန်ထွက် ပစ္စည်းများမှ ရရှိနိုင်ပါ တယ်။

၉။ ခေါင်း မကြာခဏကိုက်ရင် ရေဓာတ်ခမ်းခြောက်လို့ပါ။ ရေကို တစ်ရက် ၃ လီတာနှင့်အထက် သောက်ပေးပါ။ ဒါမှ မဟုတ် သခွားသီး၊ ဖရဲသီးနှင့် ဆလရီကဲ့သို့သော ရေဓာတ် ကြွယ်ဝတဲ့ အစားအစာများကို စားသုံးခြင်းဖြင့်လည်း ရေ ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

၁၀။ ခြေလက်တွေ အေးစက်နေရင်၊ သွေးလည်ပတ်မှု အားနည်းလို့ပါ။ သွေးလည်ပတ်မှု ကောင်းမွန်ဖို့အတွက် အဓိကလိုအပ်တာက နှလုံးကျန်းမာစေတဲ့အစားအစာကို စား သုံးပေးရပါမယ်။ နှလုံးက သွေးလည်ပတ်မှုကောင်းမှသာ ခန္ဓာကိုယ်အနှံ့ သွေးစီးဆင်းမှု ကောင်းမွန်မှာပါ။ စားပေးရမှာ က ငါး၊ အရွက်စိမ်းများနှင့် ဗီတာမင် C ကြွယ်ဝသော အသီး များပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးကြောများကို ကျယ်စေ ပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေရန်အတွက် နိုက်ထရိတ် ပါဝင်တဲ့ ဥပမာ- သကြားမုန်လာဥ (beets)၊ အိုမီဂါ-၃ပါဝင် တဲ့ ဥပမာ- သစ်ကြားသီး (walnuts) နှင့် antioxidants ဖြစ်တဲ့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီတို့ကို စားသုံးပါ။ ရေ ကို လုံလောက်စွာ သောက်ပြီး ပေါ့ပါးတဲ့ လေ့ကျင့်ခန်း လုပ် ပေးပါ။

၁၁။ လျှာနာ/ကွဲနေရင် ဗီတာမင် B ချို့တဲ့လို့ပါ၊ ကောက်နှံ စေ့များ၊ အသား၊ ကြက်ဥ၊ နို့ထွက်ပစ္စည်းနှင့် အရွက်စိမ်းများ စားသုံးပေးပါ။

၁၂။ အနံ့ခံအာရုံ လျော့နည်းလာရင် ဇင့်ဓာတ်ချို့တဲ့လို့ပါ။ ဇ င့်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေက ကမာကောင်များ၊ အနီရောင်အသား၊ ကြက်၊ ပဲနှင့် အခွံမာသီးများကို စားသုံး ပေးပါ။

၁၃။ သွားဖုံးသွေးထွက်ရင် ဗီတာမင် C ချို့တဲ့လို့ပါ။ မာလကာသီး၊ သံပုရာသီး၊ ငရုတ်ပွ၊ ဘရိုကိုလီနှင့် စတော်ဘယ်ရီသီးများကို စားသုံးပေးပါ။

၁၄။ အမြဲတမ်းလိုလို ပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားရရင် ဗီတာမင် D ချို့တဲ့လို့ပါ။ ဗီတာမင် D ကို နေရောင်ခြည်ခံ ခြင်းဖြင့် ရရှိနိုင်သလို နေရောင်သိပ်မရတဲ့ အရပ်ဒေသမှာ နေထိုင်သူ သို့မဟုတ် နေရောင်ခြည်နဲ့ ထိတွေ့မှု နည်းပါးတဲ့ သူတွေအတွက် ဆယ်လ်မွန်ငါး၊ နို့နှင့် ကြက်ဥကို စားသုံးပေးပါ။

၁၅။ ခေါင်းမူးနေတယ်ဆိုရင် သွေးတွင်းသကြားဓာတ် လျော့နည်းလို့ပါ။ သွေးတွင်းသကြားဓာတ်နည်းခြင်းကို ထိန်းချုပ်ဖို့အတွက် ကာဗိုဟိုက်ဒရိတ်ဖြစ်တဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ ပဲနှင့် ပရိုတင်းတို့ကို မျှတစွာ စားသုံးပေးပါ။

၁၆။ မျက်လုံးဝါနေရင် အသည်းမှာ ပြဿနာရှိလို့ပါ။ပြုပြင် ထားသော အသင့်စား အစားအစာများ၊ အရက်နှင့် သကြား အလွန်အကျွံ စားသုံးခြင်းကို ရှောင်ပါ။





#ဗဟုသုတ

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay