Beauty Plus Cosmetics - 1

Beauty Plus Cosmetics - 1

Share

ထိုင်းမော်ဒယ်တွေ လက်စွဲ အကောင်းစားမိတ်ကပ် Beauty Plus

29/07/2024

အမျိုးသမီးတွေ အသက် ၄၀ ကျော်အရွယ်မှာ
ဝိတ်တက်လာရခြင်း အကြောင်းရင်းများ 📍

အမျိုးသမီးတွေအများစုဟာ အသက် ၄၀ ကျော်ပြီးနောက်ပိုင်းမှာ ခန္ဓာကိုယ်အလေးချိန်မြင့်တက်လာလေ့ရှိကြပါတယ်။ ပုံမှန်အားကစားလိုက်စားသူတွေကလွဲလို့ အမျိုးသမီးတော်တော်များများဟာတော့ အသက် ၄၀ နောက်ပိုင်းမှာ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲသွားလေ့ရှိတာကြောင့် ဝိတ်တက်လာရတဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးလိုက် ရပါတယ်။

(၁) ဟော်မုန်းမညီမျှခြင်း
အမျိုးသမီးတွေ သွေးမဆုံးခင်အချိန်ကာလမှာ မမျိုးဥအိမ်ရဲ့ Estogen ထုတ်လုပ်မှု လျော့ကျသွားတဲ့အတွက် ဟော်မုန်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ခန္ဓာကိုယ်ဟာ အဆီကို ထိန်းသိမ်းရပါတော့တယ်။ ဒါကြောင့်မို့လို့လည်း အသက် ၄၀ ကျော်အရွယ်မှာ ကိုယ်အလေးချိန်မြင့်တက်လာရခြင်းပဲ ဖြစ်ပါတယ်။

(၂) အစာစားချင်စိတ်များလာခြင်း
ဟော်မုန်းပမာဏတွေ အပြောင်းအလဲဖြစ်တာကြောင့် ပုံမှန်ထက် အစာစားချင်စိတ်တွေများလာပြီး အစားအစာတွေကို ပိုမိုစားသုံးမိတာကြောင့်လည်း ဝိတ်တက်လာရခြင်းပဲ ဖြစ်ပါတယ်။

(၃) စိတ်ဖိစီးမှုများခြင်း
အသက် ၄၀ ကျော်အမျိုးသမီးအများစုဟာ မိသားစုအရေးကိစ္စတွေကြောင့် စိုးရိမ်ပူပန်မှုများကာ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေဖြစ်ပွားနေချိန်မှာ Cortisol ဟော်မုန်းထုတ်လုပ်မှုများပြီး ကိုယ်အလေးချိန်ကို မြင့်တက်စေတာပဲဖြစ်ပါတယ်။

(၄) ပုံမှန်လေ့ကျင့်ခန်းပြုလုပ်မှုမရှိခြင်း
အိမ်မှုကိစ္စတွေနဲ့ မိသားစုအရေးတွေမှာ လုံးပန်းနေရတာကြောင့် ၄၀ ကျော်အမျိုးသမီးတွေဟာ လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်မရှိတတ်ကြပါဘူး။ ခန္ဓာကိုယ်ဟာ လိုအပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုမရှိရင်လည်း ဝိတ်တက်လာစေနိုင်တာကြောင့် ပုံမှန်လေ့ကျင့်ခန်းတမျိုးမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။

(၅) ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲလာခြင်း
အသက် ၄၀ ကျော်အရွယ်မှာ အမျိုးသမီးတွေဟာ သွေးဆုံးကာနီးကာလကို နီးကပ်လာပြီဖြစ်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေဟာ ပြောင်းလဲနှေးကွေးသွားတာကြောင့် ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲသွားတာလည်း ဖြစ်ပါတယ်။

(၆) ကြွက်သားထုထည် ကျဆင်းလာခြင်း
အသက်အရွယ် ရလာချိန်မှာ ကြွက်သားထုထည် ကျဆင်းလာပါတယ်။ ဒီလိုမျိုး ကြွက်သားထုထည် ကျဆင်းလာတာကလည်း အမျိုးသမီးတွေကို အသက် ၄၀ နောက်ပိုင်းမှာ ဝလာစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။

(၇) အရိုးသိပ်သည်းဆ ကျဆင်းလာခြင်း
အသက် ၄၀ နောက်ပိုင်းက သွေးဆုံး အကြိုကာလ ဖြစ်နေပြီး ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်စေနိုင်သလို အရိုးသိပ်သည်းဆကလည်း ကျဆင်းလာပါ။ ဒီလို အရိုးသိပ်သည်းဆ ကျဆင်းတာက ထိခိုက်လွယ်စေပြီး အမျိုးသမီးတွေကို ကိုယ်လက်လှုပ်ရှားမှု နည်းသွားစေပြီး အထိုင်များတဲ့ နေထိုင်မှုပုံစံ ဖြစ်ကာ ဝလာစေတာပါ။

03/07/2024

မျက်နှာက အဆီပြန်လွန်းလို့ မိတ်ကပ်လိမ်းရမှာ စိတ်ညစ်နေပြီလား??? 😭

မျက်နှာက အဆီပြန်လွန်းလို့ မိတ်ကပ်လိမ်းရမှာ စိတ်ညစ်နေပြီလား။ မနက်ကပဲ မိတ်ကပ် လေး မှုန်မှုန်ညက်ညက်လိမ်းလာတယ်။ နေ့ခင်းကျတော့ မျက်နှာကြီးက အဆီပြန်ပြီး ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ မနက်ကလိမ်းလာတဲ့ မိတ်ကပ်တွေ ဘယ်ရောက်သွားမှန်းမသိ၊ ရုပ်လည်းဆိုးသွားတယ်ဆိုတဲ့ ခံစားချက်မျိုးကို အဆီပြန်တဲ့သူတိုင်း သိကြမှာပါ။

သူများတွေမိတ်ကပ်လေးတွေနဲ့ လှသလို ကိုယ်လည်း လှချင်တာပေါ့။ ခက်တာက အဆီပြန်နေတဲ့ကိုယ့်မျက်နှာအသားအရေကြီးက ခံနေတော့ မိတ်ကပ်ဘယ်လောက်လိမ်းလိမ်း ခဏလောက်ပဲ ခံပြီး တော်ကြာ အဆီပြန်ပြီး ကွက်လာလို့ စိတ်ညစ်နေတဲ့သူတိုင်း ခုပြောပြမယ့် နည်းလေးတွေ လိုက်လုပ်ကြည့်လို့ရပါတယ်။

💫 အဆီပြန်တဲ့ သူတိုင်း သိထားသင့်တဲ့
မိတ်ကပ်လိမ်းနည်း။

မိတ်ကပ်မလိမ်းခင် အရင်ဆုံး လုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းနည်းတွေကတော့

📌 အောက်ခံအသားအရေကောင်းမှ အပေါ်က တင်လိုက်တဲ့မိတ်ကပ်က လှမှာဆိုတော့ ကိုယ့်မျက်နှာပေါ်က ဆဲလ်သေတွေကို တစ်ပတ်တစ်ခါ scrub သုံးပြီး ဖယ်ရှားပေးပါ။ ဒါမှ အဆီပိုတွေကြောင့် ဖြစ်တဲ့ ချွေးပေါက်ပိတ်တာတွေ၊ ဝက်ခြံဖြစ်တာတွေ လုံးဝ မရှိတော့မှာနော်။

📌 ကိုယ်သုံးတဲ့ မျက်နှာသစ်ဆေးကလည်း မျက်နှာပေါ်က ပိုနေတဲ့အဆီတွေကို အနက်ရှိုင်းဆုံး သန့်စင်ပေးနိုင်တာ ဖြစ်ဖို့လိုပါသေးတယ်။

📌 Toner သုံးပါ။ Toner သုံးလိုက်တာကြောင့် အဆီပြန်တာတွေကို သက်သာစေမှာပါ။

📌 မိတ်ကပ်မလိမ်းခင် အရင်ဆုံး moisturizer သုံးပါ။ Moisturizer သုံးထားတော့ မျက်နှာမှာ ရေဓာတ် ရှိနေရင် အဆီတွေ တော်ရုံ ထွက်မလာတော့လို့ အဆီဂလင်းတွေ သိပ်အလုပ် မလုပ်ရတော့ပါဘူး။ ဒါ့ကြောင့် မျက်နှာ အဆီပြန် နေပေမယ့် moisturizer သုံးပေးဖို့ လိုပါတယ်။

မိတ်ကပ်လိမ်းတဲ့အခါ ရွေးချယ်သင့်တာတွေက

💯 Foundation မလိမ်းခင် အရင်ဆုံး Primer လိမ်းပါ။ Primer ဆိုတာ လိမ်းလိုက်တဲ့ မိတ်ကပ်သားကို ညီပြီးမွတ်နေအောင် စွမ်းဆောင်ပေးတဲ့အောက်ခံ မိတ်ကပ်တစ်မျိုးဖြစ်ပြီး မိတ်ကပ်မကွက်အောင် ကူညီပေးနိုင်ပါတယ်။ အဆီပြန်တဲ့သူတွေက အဆီမပါ ပြောင်ပြောင်လေး မဖြစ်စေမယ့် Matte primer အမျိုးအစားကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ Primer လိမ်းတဲ့အခါ မျက်ခွံလေးကိုပါ ပါးပါးလေးလိမ်းပေးဖို့ မမေ့ပါနဲ့။

💯 Concealer ကွန်စီလာသုံးပါ။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တော်တော်များများဟာ ဝက်ခြံပြဿနာနဲ့ မျက်နှာနီမြန်းတဲ့ ပြဿနာတွေရှိတဲ့အတွက်ကြောင့် ကွန်စီလားသုံးပြီး ဖုံးပေးဖို့လိုပါတယ်။ ဒါပေမယ့် ဒီ ကွန်စီလာတွေကြောင့် ဝက်ခြံပိုပေါက်တာ မဖြစ်စေဖို့အတွက် ပါးပါးလေးလိမ်းပြီး အဆီမပါ အရည် ကွန်စီလာ အမျိုးအစား သုံးပေးဖို့လိုပါတယ်။

💯 အောက်ခံမိတ်ကပ် Foundation သုံးတဲ့အခါမှာလည်း အဆီပြန်တဲ့ အသားအရေအတွက်ထုတ်ထားတဲ့ အမျိုးအစားတွေကို ရွေးချယ်ပါ။ Liquid အရည်ပုံစံဖြစ်ရင် ပိုကောင်းပါတယ်။ ဘူးတွေနောက်မှာ oily free, liquid type, mattifying, non-comedogenic ဆိုတဲ့ စာသားလေးတွေ ရှာကြည့်ဖို့တော့ လိုပါလိမ့်မယ်။

💯 နောက်ဆုံး အဆင့်အနေနဲ့တော့ မှုန်ညက်တဲ့ မျက်နှာလေးတစ်ခု ပိုင်ဆိုင်ဖို့အတွက် ပေါင်ဒါလေးနဲ့ အဆုံးသတ်ပါ။ ပေါင်ဒါသုံးရင်လည်း 2 way ပေါင်ဒါတွေအစား loose powder အမှုန့် အမျိုးအစားကို ရွေးချယ်ပါ။

အဆုံးသတ်မှာတော့ အဆီပြန်တာကြောင့် မိတ်ကပ်မကွက်စေဖို့ ပေါင်ဒါဆောင်ထားပါ။ အဆီပြန်လာတိုင်း အဆီစုပ်စက္ကူနဲ့ ဖိသုတ်ပြီး ပေါင်ဒါပြန်ထပ်ပါ။ ဒါဆိုရင် အဆီပြန်လည်း မိတ်ကပ်လေး လိမ်းပြီး လှလို့ရပြီပေါ့။

#အဆီပြန်

upj

Photos from Beauty Plus Cosmetics - 1's post 27/06/2024

Makeup Foundation ရွေးချယ်တဲ့အခါ ကိုယ်နဲ့လိုက်တဲ့ကာလာဖြစ်အောင် ဘယ်လိုရွေးမလဲ ???

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ကိုယ်ဟာ ဘယ်လို မိတ်ကပ် အရောင်တွေနဲ့ လိုက်ဖက်မလဲ ကိုယ့်ရဲ့ Under Tone ကို ဘယ်လိုခွဲမလဲဆိုရင် အခြေခံ ခွဲခြားနည်းလေးတွေရှိပါတယ်

ကိုယ့်ရဲ့ Skin Under Tone ကို ခွဲခြားပြီးမှ ကိုယ်က ဘယ်လို မိတ်ကပ်အရောင်မျိုးကို ရွေးချယ်သင့်လဲဆိုတာကို ဆုံးဖြတ်ရ လွယ်ကူမှာပါ

Skin Color တွေမှာ ယေဘုယျခွဲမယ်ဆို
👉 Light ( အသားဖြူ )
👉 Medium ( အသားလတ် )
👉 Dark ( အသားညို ) ဆိုပြီးရှိမယ်

ဒီထဲမှာ တခုချင်းဆီမှာ Under Tone ( ၃ ) မျိုးဆီပြန်ကွဲပါမယ် လက်ကောက်ဝတ်က Veins သွေးကြောကို ကြည့်ပါ

👉 ( အပြာ / အပြာ + ခရမ်း ) ဖြစ်နေရင်
👉 Cool Under Tone လို့သတ်မှတ်ပါတယ်
ပန်းရောင်သန်းတဲ့ မိတ်ကပ် အရောင်တွေနဲ့ လိုက်ပါတယ်
Light, Medium, Dark ကတော့ ကိုယ့်အသားရောင် ဘယ်ထဲမှာပါသလဲ ကြည့်ပြီး Foundation အရောင်ပြန်ရွေးချယ်ပါ ၊ ငွေရောင် လက်ဝတ်ရတနာ တွေ နဲ့ လိုက်ဖက်တယ်

👉 ( အပြာ + အစိမ်း / အစိမ်းပုတ် ) ရောနေမယ်ဆိုရင်
👉 Neutral Under Tone လို့သတ်မှတ်ပါတယ်
ပန်းရောင်သန်းတဲ့ မိတ်ကပ်အရောင် နဲ့ ပန်းမကျ အဝါမကျ မိတ်ကပ်အရောင်တွေ လိုက်ဖက်ပါတယ်
Light, Medium, Dark ကတော့ ကိုယ့်အသားရောင် ဘယ်ထဲမှာပါသလဲ ကြည့်ပြီး Foundation အရောင်ပြန်ရွေးချယ်ပါ ၊ ငွေရောင် ရွှေရောင် လက်ဝတ်ရတနာတွေ နဲ့ လိုက်ဖက်တယ်

👉 ( အစိမ်း + အစိမ်းပုတ် ) ဖြစ်မယ်ဆိုရင်
👉 Warm Under Tone လို့သတ်မှတ်ပါတယ်
အဝါရောက်ဖောက်တဲ့ မိတ်ကပ်အရောင်တွေ နဲ့သာလိုက်ဖက်ပါတယ် ပန်းရောင်သန်းတာလိမ်းမိရင် ပြာ သွားလေ့ရှိပါတယ်
Light, Medium, Dark ကတော့ ကိုယ့်အသားရောင် ဘယ်ထဲမှာပါသလဲ ကြည့်ပြီး Foundation အရောင်ပြန်ရွေးချယ်ပါ ၊ ရွေရောင် လက်ဝတ်ရတနာတွေနဲ့ လိုက်ဖက်ပါတယ်

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Skin Tone နဲ့ လိုက်ဖက်တာ ရွေးတာတော့ ဟုတ်ပြီဆိုရင်
Skin Type နဲ့ ကိုက်ညီဖို့လည်း ထည့်စဥ်းစားရပါမယ်

တခါတလေ ရာသီဥတုပေါ်မူတည်ပြီး Skin Type က ပြောင်းလဲတတ်ပါတယ် တသားမှတ်တည်းရှိမနေပါ

ကိုယ့် Skin Type က အဆီပြန်တယ်ဆိုရင် Matte ဆိုတဲ့ အမျိုးအစားကိုရွေးနိုင်တယ်

ကိုယ့် Skin Type က အသားခြောက်တာမျိုးဆိုရင် Dewy Finish / Glow ဆိုတာမျိုးကို ရွေးပါ

ခဏခဏ အမျိုးမျိုးမဝယ်ချင်ဘူးဆိုရင် ဘယ်ရာသီဥတုမျိုးအတွက်မဆို အဆင်ပြေတာကတော့ Matte Type အမျိုးအစားပါ

ပူတဲ့အချိန်ဆိုရင် Oil Control Powder နဲ့တွဲသုံးမယ်
အေးတဲ့ အချိန်ဆို Face Oil လေးနဲ့ တွဲသုံးမယ်ဆို
OK ဆိုပြေလို့ပါရှင်

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

အခြေခံအားဖြင့် ဒီလောက်ဆို ခွဲခြားတတ်သွားမယ်ထင်ပါတယ်နော် ပုံလေးတွေကို ကြည့်ရင် ပိုပြီးရှင်းမယ်ထင်လို့ ရှာပြီးထည့်ပေးထားပါတယ်

Vedio Clip လေးက မြန်နေခဲ့မယ်ဆိုရင် Pause လေးလုပ်ပြီးဖတ်နော် File Size ကြီးရင် Upload အခက်ခဲရှိလို့ပါ

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay