Aura Yoga
စနစ်ကျသော သင်ကြားမူ စေတနာပါသော ဝန်ဆောင်မှု
03/09/2026
✨ From 3 Dimension to 4 Dimension
နေ့စဉ်ဖြတ်သန်းနေရတဲ့ 3D World ရဲ့ အတ္တနဲ့ ပြိုင်ဆိုင်မှု လှိုင်းတွေကြောင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဘယ်လောက်ပဲ ပြည့်စုံပါစေ၊ ရင်ထဲမှာ စိတ်မအေးချမ်းဘဲ ဘဝရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို ရှာဖွေနေရပြီလား…?
ဒီလို ပိတ်လှောင်မှုတွေကနေ ရုန်းထွက်ပြီး စိတ်ငြိမ်းချမ်းမှုနဲ့ ပြည့်စုံကြွယ်ဝမှုတွေ ရှိရာ Dimension အသစ်တစ်ခုဆီ ကူးပြောင်းနိုင်ဖို့ Aura Wellness Center မှ “From 3 Dimension to 4 Dimension” အထူးမျှဝေပွဲကို Aura’s CSR Program အနေနဲ့ မေတ္တာဖြင့် စီစဉ်ထားပါတယ်ရှင်။
ဒီပွဲလေးမှာ Spiritualism ဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခဒေါက်တာဂျော်နီကျော်မိုး (Doctor of Spiritualism .PhD . Master Coach, Trainer, Healer) ကိုယ်တိုင် အောက်ပါ စိတ်ဝင်စားဖွယ် ခေါင်းစဉ်တွေကို ဆွေးနွေးမျှဝေပေးသွားမှာ ဖြစ်ပါတယ်-
• လိုင်းပေါ်လိုင်းအောက် နေထိုင်နည်းနှင့် ရေစုန်ရေဆန်ဘဝ ရွေးချယ်နည်း
• ဦးနှောက်နဲ့ နှလုံးသားရဲ့ အသံကို ကွဲကွဲပြားပြား နားလည်ရွေးချယ်တတ်ဖို့
• 1 Dimension မှ 4 Dimension သို့ အသိဉာဏ်ကူးပြောင်းခြင်း
• Universe (စကြဝဠာ) နဲ့ ချိတ်ဆက်ပြီး မိမိလိုချင်တာကို အလိုလို ဆွဲဆောင်နိုင်မယ့် နည်းလမ်းများ
• Energy, Frequency, Vibration တို့၏ သဘောတရားကို အသုံးပြုပြီး ငွေကြေးအပေါ် ထားရှိတဲ့ စိတ်နေစိတ်ထား (Money Mindset) နှင့် ငွေကြေးဆိုင်ရာ စိုးရိမ်မှုများကင်းဝေးပြီး စီးပွား/ဥစ္စာ စီးဆင်းမှုကို ဆွဲဆောင်နိုင်မည့် လျှို့ဝှက်ချက်များ။
လူ (၃,၀၀၀) ကျော်ရဲ့ ဘဝပြဿနာများကို ကူညီဖြေရှင်းပေးခဲ့သည့် အတွေ့အကြုံများဖြင့် မိမိရဲ့ဘဝ တိုးတက်မှုကို တားဆီးနေတဲ့ စိတ်တွင်း ပိတ်ဆို့မှုများ (Inner Blockages) ကို ဆန်းစစ်ကာ အမှန်ကန်ဆုံး ဘဝလမ်းညွှန်ချက်များကို ဆရာနဲ့ ချက်ချင်းစစ်ဆေးဖော်ထုတ်နိုင်မယ့် အခွင့်အရေးဖြစ်လို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်..။
📅 နေ့ရက်: 13/9/2026 (Sunday)
⏰ အချိန်: 1:00 PM မှ 3:00 PM အထိ
📍 နေရာ: Aura Wellness Center (40A 54/55 Yemontaung, Mandalay)
🔗 Registration Form :
https://forms.gle/ZoDvynqHi4Pq5eWL7
Aura’s CSR Program
— A space to pause, reconnect & discover within. 🌿
02/09/2026
🌧️ မိုးရာသီ Special Promotion 🌿
၃ လစာဝယ်ပြီး ၁ လစာ လက်ဆောင်ရယူလိုက်ပါ! ✨
💳 Buy 3 Member Cards
🎁 Get 1 Member Card FREE
8 Sessions / 12 Sessions / 16 Sessions / 24 Sessions
ကြိုက်နှစ်သက်ရာ Member Card ကို ၃ ကဒ်ဝယ်ယူပါက
ဝယ်ယူထားတဲ့ Sessions အတိုင်း Member Card ၁ ကဒ် လက်ဆောင် ရရှိမှာဖြစ်ပါတယ်။ 💚
ဥပမာ —
✨ 8 Sessions Card × 3 → 8 Sessions Card × 1 FREE
✨ 12 Sessions Card × 3 → 12 Sessions Card × 1 FREE
✨ 16 Sessions Card × 3 → 16 Sessions Card × 1 FREE
✨ 24 Sessions Card × 3 → 24 Sessions Card × 1 FREE
📅 Promotion ကာလ — September လကုန်အထိ
ဒီမိုးရာသီမှာ Yoga & Wellness Journey ကို ပိုတန်တန်နဲ့ ဆက်လက်လေ့ကျင့်လိုက်ပါ။ 🌧️🧘🏻♀️
📩 Promotion အသေးစိတ်သိရှိလိုပါက Aura Wellness Center Page Chat Box မှာ စုံစမ်းနိုင်ပါတယ်။
01/09/2026
မိုးရာသီရောက်လာပြီဆိုတော့ ကိုယ့်အတွက် အချိန်လေးပေးပြီးကိုယ်ခန္ဓာနဲ့ စိတ်ကို ပြန်လည်ဂရုစိုက်ဖို့ အချိန်ကောင်းလေးပါ။ 🤍
ဒီလအတွက် Aura Wellness Center & Aura Yoga ရဲ့ Class Timetable လေးတွေကို တင်ပေးလိုက်ပါပြီရှင်။ 🧘🏻♀️
ပြီးတော့ 👀🌧️
ဒီလအတွက် Rainy Season Special Promotion လေးလည်း စီစဉ်ထားပါတယ်။
မကြာခင်မှာ Promotion အသေးစိတ်လေးကို ထပ်မံကြေညာပေးသွားပါမယ်။
Stay tuned with Aura. 🌿✨
29/08/2026
💞 အားလုံးစောင့်မျှော်နေကြတဲ့ 💞
9 days Yoga Foundation RETREAT
~~~~~~~~~~~~~~~~
🍀 Batch 81 🍀
@ Aura Wellness Centre
~~~~~~~~~~~~~~~~
Date: September 21 ~ Oct 1
Time: 9:30 am ~ 11:30 am
Place: 40A, Bet 54 x 55, ရဲမွန်တောင်, မန္တလေး
Investment : 250000 kyats
~~~~~~~~~~~~~~~
Yoga Trainer & Program Facilitator :
Tr. Khaing Nyein နဲ့အတူ
💕 မိမိရဲ့အတွင်းစိတ်ကို လက်ရှိအရှိတရားကနေ ပိုပြီကောင်းမွန် မြင့်မားတဲ့ အသိတရားရရှိနိုင်ဖို့ နဲ့ သိစိတ်ရှိရှိ ရှင်သန်နိုင်ဖို့
💕 ကိုယ့်မှာရှိတဲ့ တောက်ပတဲ့အလင်းရောင် ကို ကိုယ်တိုင်ရှာဖွေနိုင်မှသာလျှင် အခြားသူတွေရဲ့ အလင်းရောင်ကို အသိအမှတ်ပြုပေးတတ်လာပြီး ဘဝကို အဆင်ပြေပြေလျှောက်လှမ်းနိုင်မှာဖြစ်တဲ့အတွက် ….. ဒီ ၉ရက်သင်တန်းက ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ပန်တိုင်ထိ မှန်ကန်တဲ့ အသိအမြင်ဖြစ်ဖို့ မှန်ကန်တဲ့ လမ်းကြောင်းဖြစ်ဖို့ စိတ်အလေ့အကျင့်တွေ လက်တွေ့ရှာဖွေနိုင်မယ့် အခွင့်အရေးပါ။
🍀 နေ့စဉ်ဘဝရှင်သန်မှုမှာလည်း မှန်ကန်တဲ့ဘဝနေနည်းနဲ့အတူ ဘဝရဲ့အနှစ်သာရတွေ ရရှိစေဖို့ အထောက်အပံ့ကောင်းတွေဖန်တီးနိုင်မှာပါ။
~~~~~~~~~~~~~~~~~~~~
🧘♀️ ယောဂကျင့်စဉ်ကို အခြေခံကျကျ
နားလည်ပြီး ယောဂရဲ့အနှစ်သာရကို ကိုယ်တိုင်ရှာဖွေ ခံစား လေ့ကျင့်လိုသူများ၊ ယောဂပညာကို ပြန်မျှဝေနေသူများ
💚မိမိအတွက်အချိန်သီးသန့်ပေးပြီး မိမိစိတ်ကိုမိမိကိုယ်တိုင် လေ့လာချင်သူများ
♥️ မှန်ကန်တဲ့ စိတ်ထားတွေနဲ့ စိတ်၏ ငြိမ်းချမ်းမှုကို တည်ဆောက်ရန် ရည်ရွယ် ထက်သန်သူများ ၊
❤️ ကိုယ့်ဘဝကို ကိုယ်တိုင်ကုစားရင်း အခြားသူများကို ကူချင်သူများ
❤️ဘဝရဲ့ စိတ်ပိုင်းဆိုင်ရာ အသိတွေ ကို အကျင့်တရားထိပြောင်းပြီး လေ့ကျင့်လိုသူများ ...
🧘♀️Yoga ပညာရပ် ကို လေ့လာလိုသူများနဲ့ မိမိခန္ဓာကိုယ်စောင့်ရှောင်ခြင်းဖြင့် မိမိစိတ်ကို စောင့်ရှောက်လိုသူများအတွက် ……
ရည်ရွယ်ထားတဲ့ ယောဂ ကျင့်စဉ် ကိုအခြေခံပြီး မိမိကိုယ်ကို အချိန်ပေးနားထောင် သွားမယ့် သင်တန်းဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~
To Register >>> CB
~~~~~~~~~~~~~~~~~~~~~~~
🌿🕊️ ၉ ရက် ခရီးစဉ် 🌿🕊️
Day 1 ~ What is Yoga?
Day 2 ~ What is Asana?
Day 3 ~ Uncovering your true nature.
Day 4 ~ Social Ethics
Day 5 ~ Personal Practices
Day 6 ~ Power of Thoughts & Transformation
Day 7 ~ 7 Chakras
Day 8 ~ 8 Limbs of Yoga
Day 9 ~ Essence of Yoga
~~~~~~~~~~~~~~~~~~~~~~~~~
အတွေ့အကြုံသစ်/အတွေးအမြင်သစ်/ရှုထောင့်သစ် တစ်ခုဆီကို 🍀 ရောက်ပြီးတဲ့ စိတ်🍀တစ်ခု ဟာ ရှုထောင့်ဟောင်း/ အတွေးအမြင်ဟောင်း တွေဆီ ဘယ်တော့မှ ပြန်မသွားတော့ဘူး...။
~~~~~~~~~~~~~~~~~~~
" A mind that is stretched by a new experience can never go back to its old dimensions. "
~ Oliver Wendell Holmes
~~~~~~~~~~~~~~~~~~~~
Pilates ကို ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ Training အဖြစ်ပိုမိုထိရောက်စွာ လေ့ကျင့်ချင်သူများအတွက် 🤍
Aura Wellness Center ရဲ့ Private Pilates Class မှာPersonal Goals နဲ့ Body Condition အလိုက်တစ်ဦးချင်း သီးသန့်အာရုံစိုက်ပြီး လေ့ကျင့်ပေးနေပါပြီ။
Body Shape ကို ပိုမိုကောင်းမွန်စေချင်သူများ၊ကြွက်သားတွေကို တင်းရင်းသန်မာစေချင်သူများအတွက်လည်း သင့်တော်ပါတယ်။ ✨
မိမိနဲ့အဆင်ပြေမယ့် Time Slot ကို စိတ်ကြိုက်ရွေးချယ်ပြီးသီးသန့်၊ သက်သောင့်သက်သာ လေ့ကျင့်နိုင်ပါတယ်။
Book your Private Pilates Class with us now. 🤍
📩 အသေးစိတ်စုံစမ်းရန်နှင့် သင်တန်းအပ်နှံရန် DM မှာ ဆက်သွယ်နိုင်ပါသည်။
10/08/2026
🧘🏻♀️ Ashtanga Yoga ကို တကယ်စနစ်တကျ လေ့ကျင့်ကြည့်ချင်လား?
မန္တလေးမှာ Ashtanga Yoga ကို စတင်လေ့လာချင်သူတွေအတွက်
Tr. Haymar ရဲ့ Ashtanga Class ကို ဒီ August မှာ စတင်ဖွင့်လှစ်ပေးတော့မယ်။ 🌿
Ashtanga Yoga ဆိုတာ Yoga Pose တွေ လုပ်ရုံတင်မဟုတ်ဘဲ
Movement • Breath • Focus • Discipline တွေကို တစ်ဆင့်ချင်းစီ လေ့ကျင့်သွားရတဲ့ Practice တစ်ခုပါ။ 🪷
ကိုယ့်ရဲ့ Yoga Practice ကို ပိုတိုးတက်အောင်လုပ်ချင်သူ၊
Yoga ကို အစကနေ စနစ်တကျ လေ့လာချင်သူ၊
ဒါမှမဟုတ် Ashtanga Primary Series ကို သေချာလေ့ကျင့်ချင်သူ ဆိုရင် ဒီအတန်းက စတင်ဖို့ အချိန်ကောင်းတစ်ခုပါ။ 🤍
ဒီတစ်ခေါက်မှာတော့ Tr. Haymar နဲ့အတူ Ashtanga Practice ကို တစ်ဆင့်ချင်း လေ့ကျင့်ပြီး ကိုယ့်ရဲ့ Practice ကိုယ် တည်ဆောက်သွားနိုင်အောင် လေ့ကျင့်ပေးသွားမှာပါ။
🎁 August Opening Special
🌿 ပထမဆုံး စာရင်းပေးသွင်းသူ (၁၀) ဦး — 10% OFF
🌿 သင်တန်းဖွင့်နေ့မှာ 1 Month Free Class ကံစမ်းမဲ
🌿 Tr. Haymar’s Ashtanga Primary Series Towel လက်ဆောင်
✨ ဒီ August မှာ ကိုယ့်ရဲ့ Ashtanga Journey ကို စတင်လိုက်ရအောင်။
👉 Start Date – 18 August 2026
👉 Day – Tuesday, Wednesday & Thursday
👉 Time – 9:30 AM – 10:45 AM
📍 Aura 2
🪷 Aura Yoga Studio
📲 09 940 664 555
📍 27 Street, Between 73rd–74th Streets, Thirimingalar Condo, Chan Aye Tharzan Township, Mandalay.
03/08/2026
🧘♀️ မန္တလေးမြို့မှာ 𝐀𝐬𝐡𝐭𝐚𝐧𝐠𝐚 𝐘𝐨𝐠𝐚 ကျင့်စဉ်တွေနဲ့ ထိတွေ့ပြီး စိတ်ရောကိုယ်ပါ ပြောင်းလဲတိုးတက်ချင်တဲ့ ယောဂီတွေအတွက် August လမှာ ဖွင့်လှစ်မယ့် 𝐓𝐫. 𝐇𝐚𝐲𝐦𝐚𝐫 ရဲ့ 𝐀𝐬𝐡𝐭𝐚𝐧𝐠𝐚 𝐂𝐥𝐚𝐬𝐬 လေးကို အခုကတည်းက စာရင်းပေးသွင်းနိုင်ပါပြီ။ 📍✨
𝐀𝐬𝐡𝐭𝐚𝐧𝐠𝐚 𝐘𝐨𝐠𝐚 လို့ ပြောလိုက်တာနဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုပဲ မြင်မိကြပေမယ့် တကယ်တော့ ဒီကျင့်စဉ်တွေက ကိုယ်ခန္ဓာကိုသာမက စိတ်ကိုပါ ညင်သာစွာ ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ Yoga Practice တစ်ခုပါ။ 🌿
• နေ့စဉ်ဘဝရဲ့ ဖိအားတွေနဲ့ စိတ်ဖိစီးမှုတွေကြားမှာ ပင်ပန်းနွမ်းနယ်နေပြီလား?
• စိတ်တည်ငြိမ်ပြီး အာရုံစူးစိုက်မှု ပိုကောင်းချင်ပါသလား?
• စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းပြီး ကိုယ်အလေးချိန်ကိုလည်း စနစ်တကျ ထိန်းသိမ်းချင်ပါသလား?
✨ 𝐀𝐬𝐡𝐭𝐚𝐧𝐠𝐚 𝐘𝐨𝐠𝐚 ရဲ့ စနစ်တကျကျင့်စဉ်တွေက ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်သည်းခံတတ်ဖို့၊ စည်းကမ်းရှိရှိ နေထိုင်တတ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုမိုနားလည်လာဖို့ လေ့ကျင့်ပေးပါတယ်။
✨ ပုံမှန်လေ့ကျင့်ပေးခြင်းအားဖြင့် ကိုယ်ခန္ဓာနဲ့ စိတ်ကို ထိန်းချုပ်နိုင်စွမ်းတွေ တိုးတက်လာပြီး နေ့စဉ်ဘဝမှာလည်း ပိုမိုတည်ငြိမ်အေးချမ်းတဲ့ စိတ်အခြေအနေကို ရရှိလာနိုင်ပါတယ်။
🎁 August Opening Special
🌿 ပထမဆုံး စာရင်းပေးသွင်းသူ (၁၀) ဦးကို 10% Discount
🌿 သင်တန်းဖွင့်နေ့တွင် (၁) လ Free Class ကံစမ်းမဲ အစီအစဉ်
🌿 Tr. Haymar မှ Ashtanga Primary Series Towel လက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ပါသည်။
အခုအချိန်ကစပြီး 𝐀𝐬𝐡𝐭𝐚𝐧𝐠𝐚 𝐘𝐨𝐠𝐚 နဲ့အတူ စိတ်ရောကိုယ်ပါ ဟန်ချက်ညီတဲ့ ဘဝကို စတင်တည်ဆောက်ချင်တယ်ဆိုရင်တော့ 𝐓𝐫. 𝐇𝐚𝐲𝐦𝐚𝐫 ရဲ့ အတန်းလေးမှာ အတူတူ Join ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤍
👉 Start Date – 18 August 2026
👉 Time – 9:30 AM – 10:45 AM
👉 Day – Tuesday, Wednesday & Thursday
📍 Location – Aura 2
🪷 Aura Yoga Studio
📲 09 940 664 555
📍 27 Street, Between 73rd–74th Streets, Thirimingalar Condo, Chan Aye Tharzan Township, Mandalay.
27/07/2026
လာမည့် July 29 ရက်နေ့တွင် ကျရောက်မည့် ဓမ္မစင်္ကြာနေ့ (ဝါဆိုလပြည့်နေ့) အထိမ်းအမှတ်အဖြစ် Aura Wellness Center နှင့် Aura Yoga Studio တို့အား တစ်ရက်တာ ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။❤️
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ။🙏🏻
23/07/2026
🌿 July Community Awareness Program
Aura Wellness Center မှ မျှဝေတင်ဆက်သော CSR Wellness Sharing Program
Headline - The Space
Speaker - Zeya Moe Myint (HypnoCoach)
လျှောက်နေတဲ့ ခြေထောက်ရဲ့ ထောက်ရာ။ တည်ရာ။ လွတ်မြောက်ရာ။
တစ်ခါတစ်ရံ…
ဘဝကို ပြောင်းလဲစေတဲ့အရာက လမ်းအသစ်တစ်ခု မဟုတ်ပါဘူး။
ရပ်တန့်ပြီး သတိထားမိနိုင်တဲ့ “Space” လေးတစ်ခု ဖြစ်နိုင်ပါတယ်။
The Space ဆိုတာ အဖြစ်အပျက်တစ်ခုနဲ့ မိမိရဲ့တုံ့ပြန်မှုကြားက အလွန်တိုတောင်းတဲ့ အခိုက်အတန့်လေး။
အဲဒီအခိုက်အတန့်ထဲမှာ…
✨ ရွေးချယ်ခွင့် ရှိတယ်။
✨ ငြိမ်းချမ်းမှု ရှိတယ်။
✨ ကိုယ့်ဘဝကို ကိုယ်ပိုင်အုပ်ချုပ်နိုင်တဲ့ အတွင်းစွမ်းအား ရှိတယ်။
ဒီ CSR Wellness Sharing Program မှာ—
🌱 ထောက်ရာ — သတိရှိစွာ ရပ်တည်နိုင်ခြင်း
🌱 တည်ရာ — မည်သူမျှ မလုယူနိုင်တဲ့ ကိုယ့်အတွင်းက တည်ငြိမ်မှုနဲ့ အချုပ်အခြာအာဏာကို ပြန်လည်တွေ့ရှိခြင်း
🌱 လွတ်မြောက်ရာ — အလေ့အကျင့်ဟောင်းများ၊ အသိမဲ့တုံ့ပြန်မှုများမှ နိုးထပြီး လွတ်လပ်စွာ ရွေးချယ်တုံ့ပြန်နိုင်ခြင်း
🌱 Just Notice — နေ့စဉ်ဘဝမှာ ချက်ချင်းအသုံးချနိုင်တဲ့ လက်တွေ့ကျင့်စဉ်များ
တို့ကို အတူတကွ လေ့လာမျှဝေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
📅 Date: 31 July 2026 (FRIDAY)
⏰ Time : 10:00Am to 12:00Pm
📍 Venue: Aura Wellness Centre, Mandalay
📝 Registration Form : https://forms.gle/E2PPeXTbucW2nQR27
💚 မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။
တစ်ခါတစ်ရံ…
ဘဝကို ပြောင်းလဲဖို့
လမ်းအသစ်တစ်ခု မလိုပါဘူး။
ရပ်တန့်နိုင်တဲ့ Space လေးတစ်ခုသာ လိုပါတယ်။
🌿 July Community Awareness Program
Aura Wellness Center မှ မျှဝေတင်ဆက်သော CSR Wellness Sharing Program
Headline - The Space
Speaker - Zeya Moe Myint (HypnoCoach)
လျှောက်နေတဲ့ ခြေထောက်ရဲ့ ထောက်ရာ။ တည်ရာ။ လွတ်မြောက်ရာ။
တစ်ခါတစ်ရံ…
ဘဝကို ပြောင်းလဲစေတဲ့အရာက လမ်းအသစ်တစ်ခု မဟုတ်ပါဘူး။
ရပ်တန့်ပြီး သတိထားမိနိုင်တဲ့ “Space” လေးတစ်ခု ဖြစ်နိုင်ပါတယ်။
The Space ဆိုတာ အဖြစ်အပျက်တစ်ခုနဲ့ မိမိရဲ့တုံ့ပြန်မှုကြားက အလွန်တိုတောင်းတဲ့ အခိုက်အတန့်လေး။
အဲဒီအခိုက်အတန့်ထဲမှာ…
✨ ရွေးချယ်ခွင့် ရှိတယ်။
✨ ငြိမ်းချမ်းမှု ရှိတယ်။
✨ ကိုယ့်ဘဝကို ကိုယ်ပိုင်အုပ်ချုပ်နိုင်တဲ့ အတွင်းစွမ်းအား ရှိတယ်။
ဒီ CSR Wellness Sharing Program မှာ—
🌱 ထောက်ရာ — သတိရှိစွာ ရပ်တည်နိုင်ခြင်း
🌱 တည်ရာ — မည်သူမျှ မလုယူနိုင်တဲ့ ကိုယ့်အတွင်းက တည်ငြိမ်မှုနဲ့ ရွေးချယ်နိုင်တဲ့ လွတ်လပ်မှုကို ပြန်လည်တွေ့ရှိခြင်း
🌱 လွတ်မြောက်ရာ — အလေ့အကျင့်ဟောင်းများ၊ အသိမဲ့တုံ့ပြန်မှုများမှ နိုးထပြီး လွတ်လပ်စွာ ရွေးချယ်တုံ့ပြန်နိုင်ခြင်း
🌱 Just Notice — နေ့စဉ်ဘဝမှာ ချက်ချင်းအသုံးချနိုင်တဲ့ လက်တွေ့ကျင့်စဉ်များ
တို့ကို အတူတကွ လေ့လာမျှဝေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
📅 Date: 31 July 2026 (FRIDAY)
⏰ Time : 10:00Am to 12:00Pm
📍 Venue: Aura Wellness Centre, Mandalay
📝 Registration Form : https://forms.gle/E2PPeXTbucW2nQR27
💚 မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။
တစ်ခါတစ်ရံ…
ဘဝကို ပြောင်းလဲဖို့
လမ်းအသစ်တစ်ခု မလိုပါဘူး။
ရပ်တန့်နိုင်တဲ့ Space လေးတစ်ခုသာ လိုပါတယ်။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
26thx27th Street, Bet 73thx74th Streets, , • Chan Aye Thar Zan Township, Mandalay. , Mandalay, Myanmar
Mandalay
05021
