PK one- Hair Design
Hair design and beauty salon
02/09/2020
ကိုဗစ်ကာလမှာ ဒီလိုလွင့်ချင်လဲ ရတယ်နော်...
Gray colour....
ကျိုက္ခမီကအဆိုတော် ဆိုင်မှာ လာလွင့်တုန်းက😁
Thank you
ဆံပင်ညှပ်ဆရာတွေပဲ အဲ့ဒီခံစားချက်ကို နားလည်တယ်..
09/08/2020
အိမ်တိုင်ရာရောက် ၀န်ဆောင်မှုအနေနဲ့
အသက်ရွယ်ကြီးတဲ့ အဖိုးအဖွားဒေကို
ဆံပင်သွားရောက်ညှပ်ပေးဖစ်တာက
ကုသိုလ်လဲရ ၀မ်းလဲ၀
ဆိုသလိုပါပဲပေါ့ဗျာ😊
11/07/2020
3 coloursနဲ့ လွင့်ချင်လား....
တစ်ခေါင်းလုံးမဆိုးချင်လို့
High lightလေးနဲ့
လန်းအောင်လုပ်လို့ရတယ်လေ.....
Pink_Violent_Green
💈💈💈💈💈💈💈💈💈
PK One (Hair design)
ဇီဇဝါလမ်း မြို့မရပ်ကွက် ကျိုက္ခမီမြို့
09 793949087
💈💈💈💈💈💈💈💈💈
09/07/2020
ဆံပင်ဆိုတာ လူတယောက်ရဲ့ ဒုတိယအလှပဲလေ....
ဘယ်လောက်တောင် လှနေမလဲ....
ဒါပေမဲ့🙄🙄🤭🤭🤭
01/07/2020
"အရောင်ဆိုးထားတဲ့ဆံသားတွေကို ဘယ်လိုထိန်းသိမ်းမလဲ ❓-
ဆံပင်အရောင်ဆိုးတာဟာ လူကို နုပျိုလှပတဲ့အသွင်ပြင်ဖြစ်စေတယ်ဆိုပေမယ့် အရောင်ကြာအောင် မထိန်းသိမ်းနိုင်ရင် ခဏလေးနဲ့ ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒီကြားထဲ ဆံပင်ဆိုးဆေးတွေကြောင့် ဆံသားထိ ခိုက်ပျက်စီးရင် ပိုဆိုးတာပေါ့။ ဒါကြောင့် ဆံပင်အရောင်ချွတ်ပြီး ဆိုးထားတဲ့သူတွေဟာ ပုံမှန်လူတွေထက်ပိုပြီး ဆံသားကို ဂရုတစိုက်ထိန်းသိမ်းဖို့လိုပါတယ်။ ဒါမှလည်း လှပကျန်းမာပြီး သန်စွမ်းတဲ့ဆံကေသာကို ပိုင်ဆိုင်နိုင် မှာပါ။
💆♀️ခေါင်းလျှော်ခြင်း💆♂️
ဆံပင်ဆိုးပြီးကာစအချိန်ကစလို့ ၇၂ နာရီအတွင်း ခေါင်းမလျှော်ရပါဘူး။ ဆံပင်ဆေးဆိုးပြီးတာနဲ့ သိပ် မကြာခင်မှာတင် ခေါင်းလျှော်ပစ်တတ်ကြတာက လူတွေအများဆုံးမှားတတ်တဲ့အမှားပေါ့။ တကယ်လို့အရောင် ဆိုးပြီးနောက် ပထမဆုံးအနေနဲ့ ခေါင်းလျှော်တဲ့အခါမှာလည်း အပူပေးစက်မသုံးဘဲ သဘာဝအတိုင်းခြောက်စေ သင့်ပါတယ်။ အဲလိုမှမဟုတ်ဘဲ ၇၂ နာရီမပြည့်ခင်လျှော်ရင် အရောင်တွေကျသွားဖို့များပါတယ်။
🧴ဘယ်လို Shampoo နဲ့လျှော်မလဲ 🧴
ရှန်ပူမှာဆိုရင် ဆာလ်ဖိတ် မပါတဲ့ (sulfate-free shampoos ) ခေါင်းလျှော်ရည်မျိုးနဲ့လျှော်ပါ။ ဆံပင် ဆိုးထားသူတွေအတွက် ထုတ်ထားတဲ့ ပျော့ဆေးမျိုးသုံးပါ။ color-treated hair လို့ရေးထားတဲ့ ခေါင်းလျှော် ရည်တိုင်းက ကောင်းတာတော့ မဟုတ်ပါဘူး။ sulfate တွေက ဆံပင်ကို ခြောက်သွေ့ကြွပ်ဆတ်စေတဲ့ အပြင်း စား cleaning agents တွေပါ။ ဆိုးထားတဲ့ဆံပင်အရောင်တွေကိုလည်း မြန်မြန်မှိန်သွားစေတယ်။ ဒါကြောင့် ဆံကေသာကျန်းမာသန်စွမ်းချင်တယ်ဆိုရင် sulfate မပါတဲ့ ပစ္စည်းမျိုးရွေးသုံးဖို့လိုပါတယ်။ sulfate-free လို့ လေဘယ်တပ်ထားတာဖြစ်ဖြစ်၊ တကယ်လို့ မတပ်ထားရင် ပါဝင်ပစ္စည်းစာရင်းကို ဖတ်ကြည့်ပေါ့။
🦄 အရောင်အဆန်းတွေဆိုးထားရင် ⁉️
တကယ်လို့ကိုယ်က ပန်းရောင်၊ အပြာရောင်၊ ခရမ်းရောင်၊ အစိမ်းရောင်တို့လို ပုံမှန်မဟုတ်တဲ့အရောင်တွေ ဆိုးထားရင် ကွန်ဒင်ရှင်နာသုံးတဲ့အခါ ဆိုးဆေးထည့်ပြီးသုံးပေးပါ။ ဘူးကို သေချာလှုပ်ပြီးမှ သုံးပါ။ တခါသုံး တိုင်း ဆိုးဆေးတွေက ဆံသားထဲကို ဝင်သွားပါလိမ့်မယ်။ တခြားသူတွေ မသုံးမိအောင်တော့ ဖယ်ထားပေါ့။ မဟုတ်ရင် သူတို့မှာ ဆံပင်အရောင်တွေ ဖြစ်သွားလိမ့်မယ်။ ဒီလို ဆိုးဆေးနဲ့ ရောသုံးမယ်ဆိုရင် အဖြူရောင် ကွန်ဒင်ရှင်နာပဲ သုံးပါ။ မဟုတ်ရင် တခြားအရောင်ပြောင်းသွားလိမ့်မယ်။ ဥပမာ အဝါရောင်ကွန်ဒင်ရှင်နာထဲ ဆေးအပြာထည့်သုံးရင် ဆံပင်ကအစိမ်းတွေ ဖြစ်ကုန်လိမ့်မယ်။
🚫 ခဏခဏမလျှော်ပါနဲ့🚿
ကွန်ဒင်ရှင်နာသုံးပြီးရင် ဆံပင် သေချာစင်ကြယ် အောင် ဆေးဖို့အရေးကြီးပါတယ်။ အရေးကြီးတာက တစ်ပတ်ကို နှစ်ကြိမ်သုံးကြိမ်ထက် ပိုပြီး ခေါင်းမလျှော်ပါနဲ့။ အမှန်တကယ်လည်း ဒီထက်ပိုလျှော်ဖို့ မလိုအပ်ပါဘူး။ မကြာခဏ ခေါင်းလျှော်ရင် ဆံပင်အရောင်တွေ ဖျော့လာမယ့်အပြင် ဆံသား တွေလည်း ပိုပြီး ခြောက်သွေ့လာပါလိမ့်မယ်။ ရေချိုးရင် ဆံပင်တွေကို တတ်နိုင်သလောက် ရေမစိုအောင် ဂရု စိုက်ပါ။ shower cap ဆောင်းပါ။
ကိုယ့်ဦးရေပြားက အရမ်းအဆီပြန်တတ်တယ်ဆိုရင် dry shampoo သုံးပါ။ ဒါမှမဟုတ်လည်း ဒီအဆီတွေက ဆံသားကို ကျန်းမာစေတော့ အပြင်သွားစရာမရှိရင် ဒီတိုင်းထားစေချင်ပါ တယ်။
🚿ရေပြန်ဆေးတဲ့အခါ
ခေါင်းလျှော်တဲ့အခါ ရေအေး ဒါမှမဟုတ် ကြက်သီးနွေးလေးနဲ့ လျှော်ပါ။ ရေအေးကတော့ အကောင်း ဆုံးပေါ့။ ရေနွေးပူတာနဲ့တော့ မလျှော်ပါနဲ့။ ဆံပင်အရောင်တွေကျတဲ့အပြင် ဆံသားကဖယောင်းလွှာတွေပါ ပွင့်ပြီး အရောင်တွေ ပိုကျပါတယ်။
‼️ တကယ်လို့ ကိုယ်က ရောင်စုံဆိုးထားတယ်ဆိုရင် အရောင်တစ်ခုချင်းစီ ခွဲလျှော်စေချင်ပါတယ်။ အပြာတွေ၊ အစိမ်းတွေ၊ ခရမ်းရောင်တွေလို အရောင်တောက်တောက်တွေ ဆိုးထားရင် ပိုပြီး အရေးကြီးပါတယ်။ တပြိုင်တည်း ရောလျှော်လိုက်ရင် အရောင်တွေ ကူးပြီးရောသွားတတ်ပါတယ်။
🙆♀️ဆံပင်အခြောက်ခံခြင်း
ဆံပင်ရေစိုတွေကို တတ်နိုင်သလောက်သဘာဝအတိုင်း ခြောက်ပါစေ။ မဖြစ်မနေ hair dryer သုံးရရင် လည်း အပူဒဏ်ကာတဲ့ စပရေးဖြန်းပါ၊ ဆံပင်အရင်းကို အဓိကထားခြောက်အောင်မှုတ်ပါ။ ဆံပင်ကို အခြောက် ခံတာဖြစ်ဖြစ်၊ ဖြောင့်တာဖြစ်ဖြစ်၊ ကောက်တာဖြစ်ဖြစ် လုပ်မယ်ဆိုရင် အပူဒဏ်ကာတဲ့စပရေး မဖြစ်မနေ သုံးပေး သင့်ပါတယ်။ တတ်နိုင်သမျှ အပူချိန်နည်းနည်းနဲ့ ပုံသွင်းပေါ့။ အပူချိန်မြင့်ရင် ဆံပင်အရောင်တွေကို ကျွတ်စေ တယ်၊ မှိန်စေတယ်။
ဆံပင်ရေစိုကြီးနဲ့ မအိပ်ပါနဲ့။
ဆံပင်ရေစိုနဲ့အိပ်တာက ဆံသားတွေကို ပျက်စီးစေတယ်၊ ကျိုးကြေစေ တယ်။ ဒါကြောင့် ဆံပင်ခြောက်အောင် အချိန်ပေးပြီးမှ အိပ်ပါ။ နောက်တစ်ခုက ဆံပင်ကို ပိုနီတေးလို ချည်ပြီး မအိပ်မိပါစေနဲ့။ ဒါကလည်း ဆံပင်ကိုထိခိုက်စေပါတယ်။
ဆံပင်ကို ယာယီကောက်တာ၊ ဖြောင့်တာတွေက အပူနဲ့ပဲလုပ်မှရတာမို့ ပွဲလမ်းသဘင်ရှိမှသာ ဒီလိုတွေ လုပ်ဖို့အကြံပေးချင်ပါတယ်။ အပူပြားကြီးတွေနဲ့ လိပ်မယ့်အစား ဆံပင်ရေစိုနေတုန်းမှာ ဆံပင်ကို လိပ်တာ၊ ခွေတာ၊ ပုံသွင်းတာတွေ လုပ်ရင် အပူကြောင့်ဆံသားပျက်စီးတာ သက်သာတာပေါ့။ တတ်နိုင်သမျှ သဘာဝအတိုင်း လှအောင် ဖန်တီးပါ။
ဆံကေသာကျန်းမာအောင် ပေါင်းတင်ခြင်း 🧖♀️
တစ်ပတ်တစ်ကြိမ်တော့ အနည်းဆုံးပေါင်းတင်ပေးပါ။ Hair Mask တွေအပြင် သဘာဝပစ္စည်းတွေဖြစ် တဲ့ အုန်းဆီ၊ သံလွင်ဆီ၊ shea butter၊ ကြက်ဥ စတာတွေသုံးပြီး ပေါင်းတင်ပါ။ bleached or color-treated hair အတွက် ထုတ်ထားတဲ့ Hair Mask တွေ၊ ဆာလ်ဖိတ်မပါတာတွေ သုံးပါ။ hair mask တွေ၊ အုန်းဆီတွေကို အပူနည်းနည်းလောက်ပေးပြီးမှ ပေါင်းတင်ရင် ပိုပြီးထိရောက်တာတွေ့ရတယ်။ ပြီးရင် ရေနွေးစိမ်ထားတဲ့ သဘက်နဲ့ပတ်ပြီး ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ထားပြီးမှ ရေပြန်ဆေးချပါ။
✅ အဲလိုမဟုတ်လည်း ပေါင်းဆေး ထည့်၊ shower cap အုပ်ပြီး dryer နဲ့ အပူပေးပြီးမှ ပြန်ဆေးချလည်း ရပါတယ်။
အပြင်ထွက်ရင် ဆံပင်ကို နေရောင်ဒဏ်မခံရအောင် ဦးထုတ်ဆောင်းပါ၊ ထီးဆောင်းပါ၊ အပြင်မထွက် ခင် UV protection spray ခေါ် နေရောင်ကာစပရေးဖြန်းပါ။ နောက်တစ်ခုက နှစ်ပတ်တစ်ခါလောက် ဆံပင် အောက်အဖြားလေးတွေ တိပေးဖြတ်ပေးပါ။ ဒါက ဆံပင်ကို ကျန်းမာစေပြီး အရှည်လည်း မြန်စေပါတယ်။ ဆံပင်အဖြားမှ ငြိနေ၊ ရှုပ်နေတာတွေရှိရင် မဖြစ်မနေ တိကို တိပေးရတော့မယ်ဆိုတာ သိဖို့လိုပါတယ်။
❌ ဆံပင်အရောင်ချွတ်တာ၊ ဆိုးတာတွေကို ခဏလောက်နားဖို့လိုပါတယ်။ အရောင်ကျသွားတယ်ဆိုပြီး ချက်ချင်းပြန်မဆိုးသေးဘဲ နဂိုသဘာဝအရောင်လေးတွေ ပြန်ထွက်လာဖို့ အချိန်လေးပေးသင့်ပါတယ်။ ဒါမှ မဟုတ်လည်း အရင်းနားလေးတွေလောက်ပဲ ဆိုးချင်ဆိုးပေါ့။
💊 ပြီးရင် ဆံသားနဲ့ ဦးရေပြားကျန်းမာရေးအတွက်ကောင်းတဲ့ ဗီတာမင်စီ၊ ဘိုင်အိုတင်၊ သံဓာတ်၊ ပရိုတင်းဓာတ် စတာတွေပါဝင်တဲ့ ဖြည့်စွက်ဆေးတွေသောက်ပါ။ ဗီတာမင်စီဟာ ချဉ်တဲ့အသီးတွေမှာ ပါဝင်လေ့ရှိပြီး ကြက်ဥအနှစ်၊ ဆယ်မွန်ငါး၊ မုန်လာဥမှာ ဘိုင်အိုတင်ဓာတ်ပါဝင်ပါတယ်။ အသားနဲ့ ဥအမျိုးမျိုးကနေ သံဓာတ်ရရှိနိုင်သလို ဖြည့်စွက်ဆေးတွေ သောက်လည်းရပါတယ်။
ကျန်းမာလှပတဲ့ဆံသားကို ထိန်းသိမ်းနိုင်ပါစေ။
မေတ္တာဖြင့်
ဒေါက်တာစိမ့် (For Your Health For Your Beauty)
Good Health Journal မှ
14/05/2020
ဆံပင်အရှည်လေးကို နှမျောနေမဲ့အစား
အတိုလေးညှပ်ပီး ပိုလှကြည့်ပါလား☺️☺️
30/04/2020
PK one မှာ ဆံပင်ညှပ်ဖူးသူများ ရှဲရန်☺️
26/03/2020
ကဲ....ဆိုင်ရှေ့မှာတော့ ကပ်ထားပီးပီ....
ကိုယ်သိသလောက် တတ်သလောက်တော့ ဆိုင်လာတဲ့လူတွေကို ကျန်းမာရေးအသိလေးတွေ မျှဝေရင်းပေါ့....
Hand gelထားထားပေးရမယ်😁😁
maskတွေ hand gelတွေ
ကျနော့ဆိုင်ကိုလဲ လာလှူလို့ရတယ်ဗျ😁😁😁
We can cross 💪
Telephone
Website
Address
Kyaikkhami
Mawlamyine
MONSTATE
Opening Hours
| Monday | 08:00 - 20:00 |
| Tuesday | 08:00 - 20:00 |
| Wednesday | 08:00 - 20:00 |
| Thursday | 08:00 - 20:00 |
| Friday | 08:00 - 20:00 |
| Saturday | 08:00 - 20:00 |
| Sunday | 08:00 - 20:00 |
Alerts
Be the first to know and let us send you an email when PK one- Hair Design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
