Glowy

Glowy

Share

Glowy provide Cosmetics and Skincare for ladies. We have scrub, soap & lotion. Our Products are mad

Photos from Glowy's post 30/01/2023

Glowy ကိုအရမ်းလဲ marketingမဆင်းပဲ တကယ့် real customer reviewနဲ့ရောင်းခဲ့တာ အခုဆို အတုံး ၃၀၀၀ကျော်သွားပီ🤗🤗

MnL system နဲ့ ဖြန့်မယ်ဆို ဈေးကြီးမယ် ပစ္စည်းပေါက်တာမြန်မယ် သိပေမယ့် ကိုယ့် brandကို branding ကျကျပဲ ဖြစ်စေချင်လို့
Reviewနဲ့ပဲ ရသလောက်ရောင်းခဲ့တယ်

တကယ်တော့ ဒီ brand လေး ​က Bkkမှာ ထုတ်မယ့် စက်ရုံသေချာရွေး ကိုယ်တိုင် သေချာ အထပ်ထပ် sampleတွေကိုစမ်း
Quality A အမြင့်ဆုံးနဲ့ ထုတ်ထားတာရယ်😊😊😊

အဲ့တုန်းကတောင် Thaiနဲ့ အခေျတင်ပြောရသေးတယ် နင့် brand မပေါက်ဘူး မြန်မာတေွ အဲ့လောက်မသုံးနိုင်ဘူးပြောလို့
ငါတို့နိုင်ငံကပဲ နင်တို့ဆီမှာ လာဖြုန်းနေတာ သုံးနိုင်တယ် လာမနှိမ်နဲ့ဆိုပီးရန်ဖြစ်ခဲ့သေးတယ်😁😁

အခုတော့ ငွေဈေးအရမ်းမြောက်သွားတာရယ်
ကိုယ်က အမြတ်နည်းနည်းနဲ့ QA ထုတ်ထားတော့ ဘယ်လိုမှမကိုက်တော့ဘူးရယ်
ဈေးထပ်တကက်ဖို့ကလဲ အရာရာ ခက်ခဲနေတဲ့အချိန်မို့မတက်ရက်ဘူးရယ်😣😣😣

အခုနောက်ဆုံး အတုံး ၂၀၀ကုန်ရင် ဆက်မသွင်းတော့တာမို့ Glowy ချစ်သူများကို အနူးညွတ်တောင်းပန်ရင်း stock clearance ချိန်လေးမှာ အားပေးကြပါဦး Glowiesများကို ရှေ့မျက်နှာ နောက်ထားပီးပဲ တောင်းဆိုပျရစေ😌😌😌

💛💛💛Glow together with Glowy💛💛

30/08/2022

✅Scrub တွေတိုက်နေကြတာ .. ဘယ်သူ့အတွက်လဲ..
ကိုယ့်အတွက် ကိုယ့်အတွက်

✅လှအောင်နေတာ .. ဘယ်သူ့အတွက်လဲ..
ကိုယ့်အတွက် ကိုယ့်အတွက်

✅Diet တွေလုပ်တာ ဘယ်သူ့အတွက်လဲ
ကိုယ့်အတွက် ကိုယ့်အတွက်




💗

29/08/2022

🚨Glowy မကောင်းကြောင်း🚨ကိုယ့်မကောင်းကြောင်း သိချင်ရင် ကိုယ့်လာမေးပါ
ဆိုသလိုပဲ... မင်မင်က Glowy products ကိုသုံးနေတာနှစ်ချီနေပြီဆ်ုတော့ အတင်းလေးနဲနဲအုပ်ချင်တယ် ..😕

↪️အရင်ဆုံး အနံ့- သူ့အနံ့နဲ့သူ တအားကောင်းလွန်းနေတယ်... 🙄
🧡pumpkin ဆိုလည်း fresh ဖြစ်တဲ့အသီးနံ့
💚green tea ဆိုလည်းအခုပဲbubble green tea ပဲထသောက်ရတော့မလို ..
🤍coconut ကလည်း အုန်းသီးပေါင်မုန့်နံ့
ရေချိုးပြီးတာနဲ့ ပြေးပြေးဝယ်ပြီးစားဖြစ်နေတယ်ကွယ်... ☹️

↪️ပီးတော့ texture- scrub ဆိုမှတော့ ကြမ်းရမှာပေါ့
ဘယ့်နှယ်... ခနပဲကြမ်းရှရှဖြစ်ပြီး အနှစ်ပြောင်းသွားတယ်တဲ့လား.. 😤ဒါတင်မကသေးဘူး .. amounts နဲနဲလေးနဲ့ သိသာတဲ့resultထွက်နေတယ် .. 100gတဗူးကို အကြာကြီးသုံးနေရတော့ ကြိုက်ဘူး ကြိုက်ဘူးဟာ.. ခနခနပြောင်းချင်တာကို😏

↪️နောက်တခုရှိသေးတယ် ဘာလဲသိလား ... ?
strawberry soapပဲ.. ရေချိုးခန်းထဲဝင်တာနဲ့မွှေး ချိုးပြီးလည်းမွှေးပြီး လူကတအားလန်းဆန်းပြီးစိတ်ကြည်နေရော .. အ့တော့ အလုပ်လုပ်လို့ကောင်းနေရောပဲ..
အလုပ်လုပ်ရရောပေါ့😫

↪️အဆိုးဆုံးအချက်ကတော့ ရေချိုးခန်းထဲကတော်တေယ်နဲ့မထွက်တော့တာပဲ.. ဇိမ်လုပ်ပြီးတော့ကိုရေချိုးနေတာ ... မင်မင့် မားမားက "ထွက်ပါတော့ ကြာလှနေပြီဆိုပြီး " ခေါ်ရတဲ့အထိပဲ... တအားrelaxဖြစ်နေတာပြောပါတယ် ..

မင်မင်တော့ အတင်းအုပ်လိုက်ပြီ..
Founder မမရေ.. ချိတ်ချိုးနဲ့နော် 😁🙏🏻
အတူတူအတင်းအုပ်ချင်ရင် CB လာခဲ့တော့

☎️+95 09791211230
🏪 Wint Yee store/ကိုးဆူကျောင်းလမ်း/ပုသိမ်မြို့

📮စာတိုက်/royal/ကားဂိတ်ရှိတဲ့မြို့တိုင်းသို့လည်းပို့ဆောင်ပေးပါတယ်ရှင်

26/08/2022

Glowy တို့က matcha green tea က ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ ပေးတယ်ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်.. ဒါပေမဲ့ ဘယ်လောက်အချက်များများပေးနေလဲဆိုတာတော့ သတိမထားမိကြပါဘူး.. Glowy က သိထားရလွယ်တဲ့ လိုရင်းတိုရှင်းလေးတွေ ဝေမျှပေးပါမယ်ရှင်💚

✅Antioxidant မြင့်မားစွာပါဝင်ပါတယ်

✅energy level ကို ပိုတိုးလာစေတယ်

✅စိတ်ခံစားချက်ကို မြှငိ့တင်ပေးတယ်

✅ကိုယ်ခံအားကောင်းမွန်စေတယ်

✅metabolism ဖြစ်ပျက်မှုတွေကိုလည်း လှုံဆော်ပေးတယ်

✅ကိုယ်တွင်း အဆိပ်အတောင်ကင်းစေတယ်

✅အာရုံစိုက်မှုကို တိုးတက်ကောင်းမွန်စေတယ်

✅အသားအရေကို ကြည်လင်ပြီး ကောင်းမွန်စေတယ်
ဝက်ခြံပြသာနာအတော်များများကိုလည်း ဖြေရှင်းပေးတယ်

✅ကိုလက်စထရောကို လျှော့ချပေးတယ်

✅ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးတယ်

💚Matcha Green Tea ကိုအသားအပေါ်ပဲတင်တင်
ကိုယ်တွင်းထဲရောက်အောင် သောက်သုံးတာပဲလုပ်လုပ် ထိရင်ထိတဲ့နေရာတိုင်းကို ကောင်းကျိုးအများကြီးဖြစ်စေပါတယ်..

💚ဒီအချက်တွေထဲက အသားအရေကောင်းစေတယ်ဆိုတဲ့အချက်ပါဝင်နေတဲ့ Glowy Green Tea scrub လေးကို လက်နှေးမနှေးပဲ အခုပဲလှရအောင် လာမှာလိုက်နော် 😉

📞မှာယူမယ်ဆိုရင်တော့.. page cb သို့ 24 နာရီပတ်လုံးလာရောက်မှာယူနိုင်သလို
🏪လာရောက်ဝယ်ယူမယ်ဆိုရင်တော့
Wint Yee store/ကိုးဆူကျောင်းလမ်း/ပုသိမ်မြို့သို့ လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

📮စာတိုက်/royal/ကားဂိတ်ရှိတဲ့မြို့တိုင်းသို့လည်းပို့ဆောင်ပေးပါတယ်ရှင်

💚💚အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင့်💚💚

24/08/2022

Glowy လေးတွေ ဘာတွေတွဲဝတ်ရမလဲလို့ ခေါင်းရှုပ်စရာမလိုရအောင် ...♥️🌝

20/08/2022

Scrub ပုံမှန်လုပ်ပေးသင့်ပါသလား? အကျိုးကျေးဇူးများတယ်လို့ရော ထင်ပါသလား ?

အဖြေကတော့ လုပ်ပေးသင့်ပါတယ်.. တပတ် ၂ကြိမ် အများဆုံးမှ ၃ကြိမ် ပုံမှန်လုပ်ပေးသင့်ပါတယ်..
ပုံမှန် scrub တိုက်ပေးခြင်းကနေ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆ်ုင်ရာရော အကျိုးကျေးဇူးအများကြီးရစေပါတယ်...
✅Dead Cell တွေကို ဖယ်ရှားပေးပါတယ်
Dead cellတွေရှိနေရင် ဘာတွေ ဘယ်လိုပဲထပ်လိမ်းနေနေ ထူးခြားလာမှာမဟုတ်ပါဘူး.. အသားအရေက ကြည်လင်လာမှာ မဟုတ်ပါဘူး.. လိမ်းသမျှက အညစ်အကြေးတွေအဖြစ်သာ အထပ်ထပ်ဖြစ်နေမှာပါ... အသားအရေကြည်လင်လာပြီး လိမ်းသမျှထိရောက်ချင်တယ် ... သိသာတဲ့effect ရချင်တယ်ဆ်ုရင်တော့ scrub ပုံမှန်တိုက်ပေးပါနော်
✅ဝက်ခြံ/အမာရွတ်တွေကို လျော့ပါးသက်သာစေတယ်
မျက်နှာမှာတင်မက ခန္ဓာကိုယ်မှာလည်း ဝက်ခြံတေထွက်တတ်ပါတယ်.. အထူးသဖြင့် ကျောဘက်တွေမှာပါ
ဘယ်လိုမှလည်း ညစ်မရ ကြည့်မရနဲ့... အတော်ဒုက္ခရောက်စေပါတယ်... ပုံမှန်scrub တိုက်ပေးခြင်းအားဖြင့် ဝက်ခြံနဲ့အမာရွတ်တွေဟာ တဖြည်းဖြည်း အရောင်ကျ နီမြန်းတာတွေပျောက်ပြီး လျော့ပါးသက်သာလာမှာဖြစ်ပါတယ်
✅ခန္ဓာကိုယ်ကို ရေဓာတ်ကောင်းကောင်းရစေတယ်
Scrub မလုပ်ဘဲ အထပ်ထပ်လိမ်းနေရင် တဖြည်းဖြည်းချွေးပေါက်တွေပိတ်လာပြီး အသားအရေညစ်လာမှာပါ.. scrub လုပ်ပြီးနောက် ချွေးပေါက်မှာပိတ်နေတဲ့အညစ်အကြေးတွေသန့်စင်သွားတဲ့အတွက် ရေဓာတ်အပြည့်ပါတဲ့moistureပြန်လိမ်းတဲ့အခါ အသားအရေကို သိသိသာသာအကျိုးရှိစေမှာဖြစ်ပါတယ်
✅စိတ်ဖိစီးမှုလျော့ကျစေတယ်
ဆိုင်ရော ဆိုင်ရဲ့လားလို့ တွေးရင်တွေးပါလိမ့်မယ်..
တကယ်စိတ်ဖိစီးမှု လျော့ပါတယ်.. စိတ်ပင်ပန်းတဲ့နေ့တွေမှာ တနေ့တာလုံးဖြစ်ပျက်ခဲ့သမျှ ဘာမှမတွေးပဲ
စိတ်အေးလက်အေးနဲ့ scrub နုနုလေးတွေကို ပွတ်တိုက်ပြီး အနားယူကြည့်ပါ.... စိတ်အဆင်မပြေမှုတွေဟာ ရေချိုးပြီးတာနဲ့ ဘာမှန်းတောင် သိမှာမဟုတ်ပါဘူး..

❌မိုးအေးလို့ scrub အချိန်မပေးဘူး မလုပ်ပါနဲ့နော်
❌မိုးရာသီဟာ အသားအရေကြမ်းတမ်းပျက်စီးလွယ်ပါတယ်
✔️Glowy နဲ့ဆို amount နဲနဲ / အချိန်နဲနဲ / effective များများရစေတာမို့ Glowy ကိုပဲရွေးချယ်လိုကိပါ
✔️showerလည်းပါပြီးသာမို့ အအေးမိမှာ မပူရတော့ဘူးပေါ့

📞မှာယူမယ်ဆိုရင်တော့.. page cb သို့ 24 နာရီပတ်လုံးလာရောက်မှာယူနိုင်သလို
🏪လာရောက်ဝယ်ယူမယ်ဆိုရင်တော့
Wint Yee store/ကိုးဆူကျောင်းလမ်း/ပုသိမ်မြို့သို့ လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

📮စာတိုက်/royal/ကားဂိတ်ရှိတဲ့မြို့တိုင်းသို့လည်းပို့ဆောင်ပေးပါတယ်ရှင်

12/08/2022

💚မိုးအရမ်းရွာနေတဲ့ ဒီရက်တွေမှာ ပိုပြီးrelaxဖြစ်ချင်တာနဲ့
Glowy green teaလေးသုံးဖြစ်နေတယ်..

💚မိုးကြောင့်လာတော့ မသိ ပိုဆွေးလို့ကောင်းပြီး ပိုမွှေးနေသလိုပဲ... တောအုပ်ထဲရောက်နေသလို ခံစားရတယ်

💚ရေချိုးပြီးတဲ့အထိ ကိုယ်ပေါ်မှာ ကိုယ်သင်းနံ့လေးလို
တချက်တချက်ရနေတုန်းပဲ

💚အသားလေးကလည်း အိအိချောချောလေး

💚အများကြီးrelaxဖြစ်စေတာမို့ ဒီရက်တွေသိပ်စိတ်ချမ်းသာတာပဲ

☔️မိုးရွာတဲ့နေ့တွေမှာ Glowy Green Tea လေးမသုံးဖူးသေးရင် သုံးကြည့်နော်.. တနေ့တာပင်ပန်းသမျှရဲ့၂ဆစိတ်ချမ်းသာစေမှာ..

Matcha green tea scrub-8800 ks

11/08/2022

သင်သိပါသလား?
🎃ဈေးကွက်ထဲမှာ ဖရုံသီးနဲ့လုပ်ထားတဲ့ scrub အများကြီးမရှိသလောက်နည်းတယ်ဆိုတာ

သင်သိပါသလား?
🎃ဖရုံသီးဟာ နေလောင်ထားပြီးဘယ်လိုမှပြန်မကောင်းတော့ဘူးဆိုပြီး လက်လျော့ထားရတဲ့အသားအရေးကိုတောင်ပြန်ကောင်းနိုင်တယ်ဆိုတာ

သင်သိပါသလား?
🎃Glowy milk Pumpkin scrub ရဲ့ အနံ့ဟာ အရမ်းfresh ဖြစ်ပြီး က်ုယ်ပေါ်မှာစွဲကျန်ခဲ့တယ်ဆ်ုတာ

သင်သိပါသလား?
🎃Glowy milk Pumpkin scrub ရဲ့ texture ဟာ အရမ်းနူးညံ့လို့ ရေခဲမုန့်လိုပဲဆိုတာ

ဒါတွေမသ်သေးရင်တော့ အောက်ကvd ကိုအမြည်းကြည့်ပြီး cb သာကြွခဲ့ပါရှင်♥️

📞မှာယူမယ်ဆိုရင်တော့.. page cb သို့ 24 နာရီပတ်လုံးလာရောက်မှာယူနိုင်သလို
🏪လာရောက်ဝယ်ယူမယ်ဆိုရင်တော့
Wint Yee store/ကိုးဆူကျောင်းလမ်း/ပုသိမ်မြို့သို့ လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

စာတိုက်/royal/ကားဂိတ်ရှိတဲ့မြို့တိုင်းသို့လည်းပို့ဆောင်ပေးပါတယ်ရှင်❤️

09/08/2022

🌟အသားအရေလှပဖို့ Glowy တို့ဘာတွေစားကြမလဲ.🌟

Glowy တို့က အသားအရေလှဖို့ဆိုရင် အပေါ်ယံအရေပြားက်ုပဲ ဂရုစိုက်နေလို့မရပါဘူး .. ခန္ဓာကိုယ်တွင်းကျန်းမာအောင်ပါဂရုစိုက်သင့်ပါတယ်.. အ့လို ကိုယ်တွင်းကျန်းမာဖို့ဆိုရင် အဓိကအစားအသောက်ကို ဂရုတစိုက်ရှိသင့်ပါတယ် ..
ဒါဆို ဘယ်အစားအသောက်တွေက်ု စားကြမလဲ.. 🤔❓

✅အဆီပါဝင်မှုနှုန်းနည်းတဲ့ နို့/ ဒိန်ချဉ်နဲ့ နို့ထွက်ပစ္စည်းတွေ
နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ ဗီတာမင်အေစစ်စစ် ပါဝင်ပါတယ်.. အဆီမပါ/လျော့နည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ ဝက်ခြံထွက်ခြင်းကိုလည်း သက်သာစေပါတယ်.. အဆီနည်းတဲ့ ဒိန်ချဉ်မှာဆိုရင် ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ဘတ်တီးရီးယားကြွယ်ဝစွာပါဝင်ပါတယ်.. ဒါပေမဲ့ ဗီတာမင်အေကို အလွန်အကျွံလျော့စားခြင်းကလည်း ခန္ဓာကိုယ်ကို ဒုက္ခရောက်စေတာမို့ တန်ဆေးလွန်ဘေး ချင့်ချိန်စားသောက်ပေးသင့်ပါတယ်

✅ဘယ်ရီသီးများ(စတော်ဘယ်ရီ/ဘလူးဘယ်ရီ)
စတော်ဘယ်ရီ / ဘလူးဘယ်ရီသီးတွေမှာ အသားအရေနဲ့ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်.. ဒီပစ္စည်းတွေဟာ နေရောင်ဒဏ်ကိုကာကွယ်ပေးခြင်း/ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးခြင်းကို လုပ်ဆောင်ပေးတာမို့ စားသုံးပေးသင့်ပါတယ် ..

✅ရေ
ခန္ဓာကိုယ်ဟာ ရေဓာတ်ကြီးပဲ 80%လောက်ဖွဲ့စည်းခားပါတယ်... ရေသောက်နည်းခြင်းက အသားအရေကိုရော ကျန်းမာရေးကိုပါ ဆိုးရွာစွာထိခိုက်စေပါတယ်..
ရေများများသောက်ခြင်းဖြင့် အသားအရေ ကို အဆိပ်အတောက်ကင်းစေပြီး စိုပြေကြည်လင်လာစေတဲ့အပြင် သွယ်လျလှပစေပါသေးတယ်.. ဒါကြောင့် တခြားဟာတွေစားသောက်ဖို့ အချိန်မပေးနိုင်ရင်တောင် ရေတော့ များများသောက်သင့်ပါတယ် ..

✅လက်ဖက်စိမ်း(matcha)သောက်ခြင်း/လိမ်းခြင်း
လက်ဖက်စိမ်းကလည်း ဘယ်ရီသီးတွေလိုပါပဲ..
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်ပါတယ်.. လက်ဖက်စိမ်းကို သောက်သုံးတာကလည်း အသားအရေးကို လှပအောင်အကျိုးပြုသလ်ု ကိုယ်ပေါ်မှာလည်း လိမ်းလို့ရပါတယ် ... ခရမ်းလွန်ရောင်ခြည်ကိုလည်း ကာကွယ်ပေးပါတယ်..

Glowy ဖတ်ထားသမျှကို ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်... ချစ်ခြင်းအပြည့်ဖြင့် ရေးတဲ့စာမို့ အမှားတစ်စုံတရာပါခဲ့ရင် ချစ်တဲ့စိတ်နဲ့ဖတ်ရှ့ပေးပါရှင်♥️

Telephone

Website

Address


No 24, Koesukyaung Street Pathein, Ayeyarwady Region
Mawlamyine
10011

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Alerts

Be the first to know and let us send you an email when Glowy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mawlamyine.