K Family

K Family

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K Family, Health/Beauty, Mawlamyine.

30/04/2024
18/03/2024

👉 #မိမိခန္ဓာကိုယ်ကိုကြည့်ပြီး
ကိုယ်တွင်းရောဂါများအားခန့်မှန်းခြင်း 👈

👉 ၁. မနက်စောစော အိပ်ယာမှ ထရင် ဘေးမစောင်းပဲ ပက်လက်အနေအထားအတိုင်း ထကြည့်လိုက်လို့ မောမယ် မထနိုင်ဘူးဆိုရင်.....အဆုတ် နှလုံး ရောဂါရှိနိုင်သည်

👉၂. မနက်အိပ်ယာထတွင် ခြေလက်များ ထုံကျဉ် သလိုလို လေးလံသလိုလို ဖြစ်နေ ရင်....ဆီးချိုရောဂါ ကျောက်ကပ်ရောဂါ ရှိနိုင်သည်

👉၃. မနက်အိပ်ယာထ ခေါင်းတွေအုံ မျက်စိတွေ ကြည့်မကောင်း အကြောတွေတက် ဖြစ်နေလျင်...သွေးတိုးရောဂါ နှလုံးသွေးကြောကျဉ်းရောဂါ ရှိနိုင်သည်

👉၄. ပူပန်စရာ အထူးမရှိပဲ ညစဉ် အိပ်မပျော်သလို အိပ်ရေးမဝသလို ဖြစ်နေလျင်......အစာအိမ် နှင့် သဲခြေအိတ် ရောဂါရှိနိုင်သည်

👉၅. အမြဲ တခုခုအလိုမကျခြင်း ဒေါသအထွက် မြန်ခြင်း စိတ်တိုခြင်း ဝမ်းနည်းခြင်း ငိုချင်နေခြင်း တို့ဖြစ်နေလျင်......စိတ်ကျရောဂါ အသည်းအားနဲရောဂါ ရှိနိုင်သည်

👉၆. ရင်းသားအရွယ်အစားပုံမှန်ထက်ကြီးသော မိန်းခလေးများ...ရင်သားကင်ဆာ ဖြစ်နိုင်သည်

👉၇. လက်မောင်း ခြေသလုံး ပုံမှန်ထက် တုတ်လွန်း ဝလွန်းသော မိန်းခလေးများ...သားအိမ် အသည်း သရက်ရွက် ရောဂါရှိ နိုင်ပါသည်

👉၈. မျက်လုံးမို့အစ်ခြင်း မျက်နှာ အဆီပြန်လွန်းပါက.....လိင်ပိုင်းဆိုင်ရာရောဂါနှင့် အသည်းအဆီဖုံးရောဂါ ရှိနိုင်ပါသည်

👉၉. ပုံမှန်လက်စွပ်များ ဝတ်မရ ချွတ်မရတော့သည်အထိ လက်ချောင်းပြည့်ဖောင်းလွန်းပါက.... ဂေါက်ရောဂါ ကဲ့သို့ အဆစ်မြစ်ရောင်ရောဂါ ရှိ နိုင်ပါသည်

👉၁၀.သွားများ မျက်စိများ ဝါလာခြင်း လက်သည်း ခြေသည်းခွံများ ဝါလာပါက.....အသည်းရောင် အသားဝါ B ပိုး C ပိုးရှိနိုင်ပါသည်

👉၁၁. မိန်းခလေးများ ဆီးကျဉ်ခြင်း မွေးလမ်းကြောင်း အနံ့အသက်မကောင်းခြင်း ရေအိတ် အလုံး တည်ခြင်းများ ဖြစ်နေပါက....သားအိမ်ကင်ဆာဖြစ်နိုင်ပါသည်

👉၁၂.ယောက်ျားလေးများ ညဘက် ဆီးခဏခဏ သွားခြင်း ဆီးမထိမ်းနိုင် ဖြစ်ပါက....ဆီးကျိတ်ကြီးခြင်း ကျောက်ကပ်နှင့် ဆီးကျတ်ကင်ဆာ ဖြစ်နိုင်သည်

👉၁၃.ထိုင်ရာမှ ထ ရာ၌ မူးခြင်းမိုက်ခြင်း ဖြစ်ပါက....သွေးအားနည်းရောဂါ အဆုတ်ရောဂါ ရှိနိုင်ပါသည်။
crd

09/03/2024

မနက်၆:၀၀မှ ၉:၀၀အတွင်းနေရောင်ခြည် ☀️ ⏰၁၀မိနစ်ခံပါ
သဘာဝရဲ့ ဗီတာမင် D 🙏❤️🙏
၁။ အဆီကျမယ်
၂။ အရိုးသန်မာမယ်
၃။သွား ခိုင်တယ်
၄။ မှတ်ဉာဏ်စွမ်းအားမြင့်မယ်
၅။ တကိုယ်လုံးက အာရုံကြောများအားပြည့်မယ်
၆။အဆုတ်ရဲ့လုပ်ဆောင်ချက်များတိုးတက်စေမယ်
၇။ရာသီအလိုက်နာဖျားတတ်တဲ့ ဝေဒနာမျိုးအတွက် ခုခံအားဖြည့်ပေးတယ်

Credit Khin Chan Myae Thu

09/02/2024

လျှိ့ဝှက်မထားတဲ့လျှို့ဝှက်ချက်💖😊

၁။မနက်၃နာရီပုံမှန်အိပ်ရာထပါတယ်။
၂။မနက်၆နာရီဘရိတ်ဖတ်မှန်းမသိဘာမှန်းမသိ
တစ်ခါဖတ်ပါတယ် (ပုံမှန်)
၃။မနက်၆နာရီခွဲမှ၇နာရီအထိလေရူ၊လမ်းလျှောက်ပါတယ်။
၄။Zumba or exerciseတစ်နာရီ လုပ်ပါတယ်။
၅။မနက်၉နာရီခွဲလောက်ထမင်းနောက်တစ်ကြိမ်
ပြန်စားပါတယ်။
နေ့ခင်းစာနဲ့ညနေစာအလျင်းသင့်သလိုပြန်စားပါတယ်
မလိုအပ်ရင်လုံးဝမစားတော့ပါ။

K family

08/02/2024

လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ခန္ဓာကိုယ်ထိန်းသိမ်းဖို့ လိုက်နာရမည့် အချက် (၈) ချက်

၁. မနက်စာစားပါ
Breakfast က ကျော်မသွားသင့်တဲ့ meal ပါ
မနက်တိုင်း breakfast ပုံမှန်စားပေးခြင်းက တစ်နေ့တာ စားသောက်မှုစနစ်ကို မှန်ကန်စေပြီး အလွန်အကျွံစားသောက်တာမျိုး မဖြစ်အောင် ထိန်းပေးပါတယ်

၂. သကြားဓာတ်လွန်ကဲစွာပါတဲ့အစားအစာတွေကိုရှောင်ပါ
အချိုဓာတ်များပြားခြင်းက ကယ်လိုရီတက်စေတဲ့အတွက် သကြားဓာတ်များလွန်းတဲ့ အအေး၊ မုန့် တွေကိုရှောင်ပေးရပါမယ်

၃. အစားမစားခင် ရေသောက်ပါ
အစားမစားခင် ရေတစ်ခွက်သောက်ပေးခြင်းက ခန္ဓာကိုယ်ကနေ ကယ်လိုရီစုပ်ယူမှုကိုလျော့ကျစေပြီး အလွန်အကျွံစားမိခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်

၄. ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့အစားအသောက်ကိုရွေးချယ်ပါ
အဆီမတက်စေတဲ့ အသီး အနှံ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆံတွေ စားပေးခြင်းက ဗိုက်ဝစေပြီး ဝိတ်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်

၅. အမျှင်ဓာတ်များများစားပါ
Fiber ပါတဲ့အစားအသောက်များများစားခြင်းက ဝမ်းမှန်စေပြီး ခန္ဓာကိုယ်သွယ်လျစေပါတယ်

၆. ဖြည်းဖြည်းချင်းစားပါ
အစားအစာကို ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပါ
အစာကို ကြေညက်အောင်မဝါးရင် ခန္ဓာကိုယ်အလေးချိန်တက်စေပါတယ်

၇. အိပ်ရေးဝအောင်အိပ်ပါ
အိပ်ပျက်ခြင်းက အဝလွန်ခြင်းကိုဖြစ်စေနိုင်တဲ့အတွက် တစ်နေ့ကို အနည်းဆုံး အိပ်ချိန် ၈ နာရီ လုံလုံလောက်လောက် အိပ်ပေးပါ

၈. ကော်ဖီ သောက်ပေးပါ
ကော်ဖီသောက်ခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေလို့ ကော်ဖီသောက်ပေးပါ။

crd

04/02/2024

✨အမှန်တကယ် အဆီကျချင်ရင်✨

1 .အဆီ အဆိမ့် အချို ငန်းလွန်းတဲ့အစားအစာ
ရယ်ဒီမိတ် (အသင့်စား) ခေါက်ဆွဲခြောက်ထုပ်
ဆီကြော်စာ ဆီပြန်ဟင်းအနှစ်တွေ တိရိစ္ဆာန်ရဲ့
ကလီစာနဲ့အရေပြား (တုတ်ထိုး ငါးရေခွံ ကြက်ရေခွံ)
ဗူးချိုရည်အမျိုးမျိုးဥအမျိုးမျိုးရဲ့အနှစ်တွေစတာတွေရှောင်ပါ

2. မနက်စာ နေ့လည်စာ ညနေစာ အချိန်မှန်စားပါ။
မနက်စာလွတ်သွားလို့ နေ့လည်မှပေါင်းစားတာမျိုး ပိန်ချင်လွန်းလို့ ထမင်းဖြတ်တာ ညစာ မစားတာမျိုး ဟာ အဆီကိုပိုတက်စေပါတယ်

3. ညနက်မှအိပ်တာမျိုးရှောင်ပါ အိပ်ယာဝင်ချိန် 11pm ထက်နောက်မကျတာအကောင်းဆုံးပါ တစ်နေ့တာအိပ်ချိန်6နာရီမှ8နာရီကြားရှိရပါမယ်

4. ရေ တစ်ရက် ၂လီတာ အနည်းဆုံးသောက်ပါ
အစားမစားမီ ရေသောက်ပေးပါ

5. အစာစားပြီးပြီးချက်ချင်းရေ / ကော်ဖီ သောက်တာ အသီးအနှံစားတာ ထိုင်တာ အချိုတည်းတာမျိုး ရှောင်ပါ အနည်းဆုံး 45 မိနစ်ခြားပါ

6. အရက်ဆေးလိပ် ဘီယာ ရှောင်ပါ...
သောက်ချင်တာပ ဆိုလည်း တစ်ရက်ကို
အရက် ယောင်္ကျားလေး နှစ်ပတ်
မိန်းကလေး တစ်ပတ် ။ ဘီယာ
ယောင်္ကျားလေး နှစ်ဗူး မိန်းကလေး တစ်ဗူး။
ဝိုင် ဆိုရင် ယောင်္ကျားလေး 300ml
မိန်းကလေး 150 ml ထက်မပိုသင့်ပါ။
(ဒေါက်တာ ညီညီကျော်ပြောထားတာလေးပါ 😁)

7. အားကစားလုပ်ပါ...

8. တစ်ရက်ကို အနည်းဆုံး အသား ဆယ်ကျပ်သားခန့် (ပရိုတင်း လုံလောက်စွာ စားပြီး လေ့ကျင့်ခန်းလုပ်မှ အသားတွဲတာskin fat ကျန်တာတွေမဖြစ်မှာပါနော်)

9. ညနေစာ ထမင်း/ ဂျုံ /ခေါက်ဆွဲ မစားဘဲ အသီးရွက်အသား/ ငါး / ဥ လေးတွေပဲ စားပေးနိုင်ရင်အကောင်းဆုံးပါ

10. အဆီကိုချေဖို့ အဆီ(ကောင်းတဲ့အဆီ)လည်း စား​​ပေးဖို့လိုအပ် ပါတယ်နော် ဥပမာ - ထောပတ်သီးအစေ့အဆံ အခွံမာသီးတွေ ဖြစ်တဲ့ နေကြာစေ့ဗန်နာစေ့ သီဟိုစေ့ ငါးကရတဲ့အဆီ Omega-3တွေကိုလည်း အနည်းငယ် စားပေးပါ(ငါးကြီးဆီ မနက်တစ်လုံး ညတစ်လုံးသောက်ပေးနိုင်ပါတယ် အဆီလည်းကျ နှလုံးအားလည်းကောင်းစေပါတယ်)ငါးကြီးဆီက သုံးလသောက်ပြီးတစ်လနားပေးရပါတယ် ပြီးမှသုံးလဆက်သောက်နှစ်ချီဆွဲ မသောက်သင့်ပါဘူးနော်

ကဲ...ကျန်းကျန်းမာမာနဲ့ အဆီကျဖို့ ဒီ အခြေခံ 10 ချက် ကို
ဘယ်တော့မှမမေ့ပါနဲ့နော်😍😘

03/02/2024

အသက်အရွယ်ရလာလို့
အားငယ်နေလား?
စိတ်ဓာတ်ကျနေလား?
အားအားမနေပဲ
ဝါသနာပါရာ၊စိတ်သန်ရာ
အလုပ်တစ်ခုကိုမဖြစ်မနေ
လုပ်ဖြစ်အောင်လုပ်နေပါ။
ခန္ဓာကျန်းမာစိတ်ချမ်းသာဖို့
ကိုယ်လက်လှုပ်ရှားအားကစား
သင့်တော်ရာတစ်ခုရွေးချယ်ပြီး
အမြဲလှုပ်ရှားနေပါ။
ကောင်းကျိုးတွေသင့်ဆီရောက်လာပါလိမ့်မယ်။

K family

17/01/2024

အစားအသောက်က လူနဲ့တည့်တယ်၊ အစားအသောက်ရှောင်ခိုင်းသူက ရန်သူပဲလို့တွေးနေမိရင်...

အစားတော့မရှောင်နိုင်ဘူး... မသေခင်စားချင်တာစား၊ သောက်ချင်တာသောက်ပြီး လောကစည်းစိမ်အကုန်ခံစားမယ်လို့ တွေးထားသူတွေ...

ပျင်းလို့... စိတ်မပါလို့...
ဘာကိုယ်လက်လှုပ်ရှားမှုမှ မလုပ်ချင်ဘူးလို့တွေးထားသူတွေ...

ဒီလိုလေး ပြန်စဉ်းစားကြည့်ရအောင်ပါ...

သင့်ကို မနာလို၊ အမုန်းထားနေသူ၊ လိုက်ပြိုင်‌နေသူတွေက...

သင်ကျရှုံးတာကို (သေဆုံးသွားတာကို) ကြည့်ဖို့ အသက်တောင်မရှူနိုင်ဘဲ အရိပ်တကြည့်ကြည့် စောင့်ကြည့်နေကြတာပါ...

ဒီတော့... သူတို့ အသက်ရှူရပ်ပြီး...

သူတို့ဖြစ်စေချင်တာတွေ ဖြစ်မလာဘဲ...

မိမိရဲ့ အောင်မြင်၊ ကျန်းမာ၊ လှပ၊ ပျော်ရွှင်စွာ အသက်ရှည်ရှည် နေထိုင်နေတာကြီးကို...

သူတို့တွေ တစ်သက်လုံး မနာလိုဖြစ်သွားလောက်သည်အထိ အပင်ပန်းခံ ကြိုးစားပြီး သက်သေပြလိုက်ကြရ‌
အောင်ပါ။
Crd

15/01/2024

မနက်အိပ်ရာနိုးတာနဲ့ကြည်လင်နေတဲ့သဘာဝစိတ်လေးနဲ့နိုးထပါ။

ကြည်လင်နေတဲ့စိတ်ကိုတခြားစိတ်အနှောက်ဖြစ်စရာ၊မလိုအပ်တဲ့ပူပင်စရာကာလာတွေနဲ့အရောင်မဆိုးဖြစ်ပါနဲ့။

တစ်နေ့တာကိုစိတ်ကြည်လင်ပျော်ရွှင်ပေါ့ပါးစွာနဲ့ဖြတ်သန်းနိုင်ဖို့အနည်းဆုံးနာရီဝက်လောက်သဘာဝကျသောအရာတွေနဲ့ထိတွေ့ခွင့်ရဖို့လေရှူ၊လမ်းလျှောက် စိတ်ဖြေဖျောက်ပါ။

တခဏတာ လှုပ်ရှားမှုလေးတွေကတစ်ဘဝတာ
အတွက်အသုံးဝင်လာပါလိမ့်မယ်။

စေတနာမေတ္တာအပြည့်ဖြင့်
K family

14/01/2024

အသက်အရွယ်လေး နဲနဲရလာတာနဲ့
ကိုယ့်စိတ်ကိုလျှော့ချမပစ်လိုက်ပါနဲ့။

အရင်ဆုံးကျန်းမာရေးကိုဦးစားပေးဂရုစိုက်ပါ။

အလှအပကိုအထူးအလေးထားပါ။

ဖြစ်သလိုနေ၊ဖြစ်သလိုဝတ်တဲ့အကျင့်ကိုပြင်ပါ။

စိတ်ချမ်းသာအောင်နေပါ။

ကိုယ်ဝါသနာပါရာအလုပ်တစ်ခုလုပ်ပါ။

ကိုယ့်မှာလက်ရှိပိုင်ဆိုင်ခွင့်ရထားတာလေးတွေကိုကျေးဇူးတင်လိုက်ပါ။

စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီးဘဝမှာနေထိုင်ရတာပေါ့ပါးလာပါလိမ့်မယ်။

family😘

13/01/2024

❣️အသက်ဘယ်လောက်ကြီးကြီး ဖက်ရှင်ဆိုင်ထဲဝင်သွားပြီးရင် မတော်လို့ပြန်ထွက်လာရတာမျိုးမဖြစ်စေနဲ့❎

❣️အိမ်ထောင်သယ်မို့ ဝ တာဆိုတဲ့အစွဲကိုဖြုတ်📌

💌 အသက်က သူ့ဟာသူကြီးသွားပလေ့စေ ကိုယ့်စိတ်ပါလိုက်မအိုစေနဲ့❣️

အမျိုးသမီးတိုင်း စိတ်ချမ်းသာ၍ ကျန်းမာလှပ ကြပါစေ💌✍️

crd

Want your business to be the top-listed Beauty Salon in Mawlamyine?
Click here to claim your Sponsored Listing.

Category

Website

Address


Mawlamyine
12011