Zyan

Zyan

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zyan, Health/Beauty, Pyin Oo Lwin, Maymyo.

11/08/2023

😢

11/08/2023

တစ်ချို့လူတွေက
ထစ်ကနဲ့ ဆိုမျက်ရည်လွယ်တယ်
အဲ့ဒီအခြေအနေကို
စိတ်ဓာတ်ပျော့ညံ့တယ်လို့
မထင်လိုက်နဲ့…

စိတ်ခံစားချက်ပြင်းပြတယ်လို့လည်း
မတွေးနဲ့
သူတို့ ချစ်တဲ့ ပတ်ဝန်းကျင်ကို
မထိခိုက်စေချင်လို့
ဒေါသ ကိုမျက်ရည်နဲ့ ဖျော်ချ လိုက်တာ။

အဲ့ဒီ လူတွေ ဟာအရာရာကို
ရင်ဘက်နဲ့ ပဲ ပေါင်းသင်းတတ်တယ်
အကယ်၍ သူတို့ မျက်ရည်မကျတော့ဘူးဆိုရင်
သေချာတယ် အဲ့ဒီ လူဟာ
သူချစ်တဲ့ ပတ်ဝန်းကျင်သို့မဟုတ်
သူမြတ်နိုးတဲ့ အရာတွေအပေါ်မှာ
အရာရာကို ဘေးဖယ်ထားလိုက်ပြီလို့
သတ်မှတ်လို့ရတယ် ။

တနည်းပြောရရင်တော့
လစ်လျူရူဖို့ကြိုးစားလိုက်တာ
ဥပေက္ခာ ပြုဖို့ ဆုံးဖြတ်ချက်ချလိုက်တာပဲ ။

ဒါကြောင့် မျက်ရည်လွယ်တဲ့သူတွေဟာ
စိတ်ဓာတ်ပျော့ညံ့တာမဟုတ်ဘူးလို့ပြောပြချင်တယ် ။

08/08/2023

ကိုယ့်မှာ မင်းကလွဲပြီး
ရွေးချယ်စရာတွေ များများစားစား မရှိပါဘူး
ရှိရင်လည်း ရှိမယ်ပေါ့....။
ဒါပေမဲ့ မင်းဟာ ကိုယ်ထပ်တလဲလဲ
ရွေးချယ်ချင်မိတဲ့ အသက်ဓာတ်လေးပဲ...။
.......

#ခက်နှောင်

08/08/2023

သဘောကျမိတဲ့ အကြောင်းပြချက်ရှိလားဆိုရင်
'ဟင့်အင်း'
ဒီအတိုင်းလေး သဘောကျနေတာ ။
သူ့ရဲ့ဖြစ်တည်မှုလေးကိုက တန်ဖိုးရှိနေတာ ။
ဘာတွေပဲဖြစ်နေဖြစ်နေပေါ့ကွယ်
နောက်ထပ်လည်း သေချာပေါက်
သဘောကျနေမိအုံးမယ် ထင်ပါတယ် ။

#ခက်နှောင်

08/08/2023

ပင်ပန်းစရာတွေ ပိုလာတဲ့အခါ
မင်းကိုပဲ အရင်ဆုံး သတိရတယ်
အသိပေးချင်တယ် ။
မျှဝေခံစားပေးစေချင်တာမျိုးမဟုတ်ဘဲ
မင်းရှိနေရင် ပင်ပန်းစရာတွေ မေ့ထားလို့ရတယ်
ပြေပျောက်ရတယ် နွေးထွေးရတယ် ။
အဲ့ဒီခံစားချက်လေးကို ကိုယ်လည်း သိသလို
မင်းလည်း သိမယ် ထင်ပါတယ် ။

#ခက်နှောင်

08/08/2023

💔

Category

Website

Address


Pyin Oo Lwin
Maymyo

Alerts

Be the first to know and let us send you an email when Zyan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Maymyo.