SME-Makeup Studio

SME-Makeup Studio

Share

DM for bookings!

💄 Elevating your natural beauty through professional artistry.
🌟 Services: SFX / Beauty & Creation / Eye Brow Tattoo / BB Glow
✨ Let your beauty shine from within.

Photos from SME-Makeup Studio's post 03/08/2026

🌙 Beauty Basics Ep.11 📚 Series 1

ည Skincare Routine အဆင့်လိုက်

Photos from SME-Makeup Studio's post 03/08/2026

Beauty Basics Ep.10 📚 Series 1

🌞 မနက် Skincare Routine အဆင့်လိုက်

Photos from SME-Makeup Studio's post 02/08/2026

💙 Beauty Basics Ep.9 📚 Series 1

Skin Type နဲ့ Skin Concern မတူဘူး

“ငါ့မှာ ဝက်ခြံရှိလို့ Oily Skin ပဲလား?”
“မျက်နှာခြောက်နေလို့ Dry Skin ပဲလား?”

ဒီလိုမျိုး ထင်ဖူးရင် ဒီ Post လေးက နင့်အတွက်ပါ။ 🤍

လူအများစုက Skin Type နဲ့ Skin Concern ကို အတူတူလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် တကယ်တော့ နှစ်ခုက လုံးဝမတူပါဘူး။

✨ Skin Type က မွေးရာပါ အသားအရေအမျိုးအစား ဖြစ်ပြီး…

✨ Skin Concern ကတော့ လက်ရှိကြုံတွေ့နေရတဲ့ အသားအရေပြဿနာ ဖြစ်ပါတယ်။

ဒါကြောင့် ဝက်ခြံရှိတိုင်း Oily Skin လို့ မဆိုလိုသလို၊ အသားခြောက်တိုင်းလည်း Dry Skin လို့ မသတ်မှတ်နိုင်ပါဘူး။

ကိုယ့် Skin Type နဲ့ Skin Concern ကို သေချာသိထားမှ…
✔️ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ Product ကို ရွေးချယ်နိုင်မယ်။
✔️ ငွေကုန်ပြီး မတည့်တဲ့ Product တွေ ဝယ်မိတာကိုလည်း လျှော့ချနိုင်မယ်။

ဒီနေ့ Post လေးက Beginner တွေအတွက် အခြေခံအကျဆုံး Knowledge တစ်ခုပါ။ 🤍

💬 အရင်က Skin Type နဲ့ Skin Concern ကို တူတယ်လို့ ထင်ဖူးလား? Comment မှာ ဖြေပေးခဲ့နော်။

📌 အသုံးဝင်တယ်ဆိုရင် Save လုပ်ထားဖို့မမေ့နဲ့နော်🥰

Photos from SME-Makeup Studio's post 29/07/2026

💙 Beauty Basics Ep.8 ( Series 1 ) 📚

Dehydrated Skin နဲ့ Dry Skin ကွာခြားချက်

“ငါ့အသားအရေ ခြောက်နေတယ်… Dry Skin ပဲထင်တယ်။”

တကယ်တော့ အသားခြောက်တိုင်း Dry Skin မဟုတ်ပါဘူး။ တချို့လူတွေက ရေဓာတ်နည်းတာကြောင့်ဖြစ်ပေါ်တဲ့ (Dehydrated Skin) ဖြစ်နိုင်ပါတယ်။

ဒီ Post မှာတော့—

✨ Dry Skin ဆိုတာ ဘာလဲ?

✨ Dehydrated Skin ဆိုတာ ဘာလဲ?

✨ ဘယ်လိုကွာခြားလဲ?

ဆိုတာကို နားလည်လွယ်အောင် ရှင်းပြထားပါတယ်။

💬 ဒီနေ့မှ ဒီနှစ်ခု မတူဘူးဆိုတာ သိလိုက်ရလား? Comment မှာ ပြောခဲ့နော်။

📌 အသုံးဝင်တယ်ဆိုရင် Save & Share လုပ်ပြီး Beauty Basics Series ကို Follow လုပ်ထားဖို့ မမေ့နဲ့
အုန်းနော်🥰

Photos from SME-Makeup Studio's post 28/07/2026

💙 Beauty Basics Ep.7 ( Series 1 )📚

Sensitive Skin က ဘာကြောင့် ဖြစ်တာလဲ?

Skincare Product တစ်ခုလိမ်းလိုက်တာနဲ့ မျက်နှာနီလာတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ယားယံလာတာတွေ ကြုံဖူးလား?

ဒါက Sensitive Skin ရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

ဒီ Post မှာတော့ Sensitive Skin ဆိုတာ ဘာလဲ၊ ဘာကြောင့် ဖြစ်နိုင်လဲ၊ ဘယ်လိုဂရုစိုက်သင့်လဲ ဆိုတာကို အလွယ်တကူ နားလည်နိုင်အောင် မျှဝေပေးထားပါတယ်။

💬 နင့်အသားအရေက Product အသစ်နဲ့ လွယ်လွယ်တုံ့ပြန်တတ်လား? Comment မှာ ပြောခဲ့နော်။

📌 အသုံးဝင်တယ်ဆိုရင် Save & Share လုပ်ပြီး Beauty Basics Series ကို Follow လုပ်ထားဖို့ မမေ့နဲ့အုန်းနော် 🥰

Photos from SME-Makeup Studio's post 27/07/2026

💜 Beauty Basics Ep.5 ( Series 1 ) 📚

Combination Skin ကို နားလည်ရအောင်

မျက်နှာတစ်ခုလုံး အဆီပြန်နေတာလည်း မဟုတ်၊ ခြောက်နေတာလည်း မဟုတ်ဘူးဆိုရင်…

Combination Skin ဖြစ်နိုင်ပါတယ်။

ဒီ Post မှာတော့ Combination Skin ဆိုတာ ဘာလဲ၊ ဘယ်လိုသိနိုင်လဲ၊ ဘယ်လိုဂရုစိုက်သင့်လဲ ဆိုတာကို အလွယ်တကူ နားလည်နိုင်အောင် ရှင်းပြထားပါတယ်။

💬 နဖူးနဲ့ နှာခေါင်းပဲ အဆီပြန်ပြီး ပါးနှစ်ဖက်က ပုံမှန်ဖြစ်နေဖူးလား? Comment မှာ မျှဝေပေးခဲ့အုန်းနော်။🥰

📌 အသုံးဝင်တယ်ဆိုရင် Save & Share လုပ်ပြီး Beauty Basics Series ကို Follow လုပ်ထားဖို့ မမေ့အုန်းနဲ့။

Photos from SME-Makeup Studio's post 27/07/2026

💙 Beauty Basics Ep.5 ( Series 1 )📚

Oily Skin ရဲ့ အဖြစ်များတဲ့ ပြဿနာ (၅) ခု

Oily Skin ရှိသူတိုင်း အဆီပြန်တာတစ်ခုတည်းကိုပဲ ကြုံရတာ မဟုတ်ပါဘူး။

ဝက်ခြံထွက်လွယ်တာ၊ ချွေးပေါက်ကျယ်တာ၊ Makeup မခံတာ စတဲ့ ပြဿနာတွေကိုလည်း ကြုံတွေ့နိုင်ပါတယ်။

ဒီ Post မှာတော့ Oily Skin ရှိသူတွေ အများဆုံးကြုံရတဲ့ ပြဿနာ (၅) ခုကို အလွယ်တကူ နားလည်နိုင်အောင် စုစည်းပေးထားပါတယ်။

💬 ဒီ (၅) ချက်ထဲက ဘယ်အချက်နဲ့ ကိုက်ညီလဲ? Comment မှာ မျှဝေပေးခဲ့အုန်းနော်။

📌 အသုံးဝင်တယ်ဆိုရင် Save & Share လုပ်ပြီး Beauty Basics Series ကို Follow လုပ်ထားဖို့ မမေ့နဲ့အုန်းနော်🥰

Photos from SME-Makeup Studio's post 24/07/2026

🌸 Weekend Self Care ✨

ဒီနေ့က သောကြာနေ့ဆိုတော့… နောက်ရက်ဆို ပိတ်ရက်ရောက်ပြီနော် 🤍

ပိတ်ရက်မှာ ဘာတွေလုပ်ဖို့ စဉ်းစားထားကြလဲ? 🫶

Photos from SME-Makeup Studio's post 24/07/2026

🧡 Beauty Basics Ep.4 ( Series 1 )📚

Dry Skin ရဲ့ အဖြစ်များတဲ့ ပြဿနာ (၅) ခု

Dry Skin ဆိုတာ အသားခြောက်တာတစ်ခုတည်း မဟုတ်ပါဘူး။

အသားတင်းတာ၊ အဖတ်လန်တာ၊ Makeup ကွက်တာ၊ ယားယံတာ စတဲ့ ပြဿနာတွေကိုလည်း ကြုံတွေ့နိုင်ပါတယ်။

အခုဒီမှာတော့ Dry Skin ရှိသူတွေ အများဆုံးကြုံရတဲ့ ပြဿနာ (၅) ခုကို အလွယ်တကူ နားလည်နိုင်အောင် စုစည်းပေးထားပါတယ်။

💬 ဒီ (၅) ချက်ထဲက ဘယ်အချက်နဲ့ ကိုက်ညီလဲ? Comment မှာ မျှဝေပေးခဲ့နော်။

📌 အသုံးဝင်တယ်ဆိုရင် Like & Share လုပ်ပြီး Beauty Basics Series ကို Follow လုပ်ထားဖို့ မမေ့နဲ့အုန်းနော် 🥰

Photos from SME-Makeup Studio's post 21/07/2026

💙 Beauty Basics Ep.3 ( Series 1 )📚

Skin Barrier ဆိုတာ ဘာလဲ?

Skincare Product အများကြီးသုံးနေပေမယ့် အသားအရေက မကောင်းသေးဘူးဆိုရင် Skin Barrier အားနည်းနေတာလည်း ဖြစ်နိုင်ပါတယ်။

Skin Barrier က အသားအရေကို ပြင်ပအန္တရာယ်တွေကနေ ကာကွယ်ပေးပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့ အရေးကြီးတဲ့ အလွှာတစ်ခုပါ။

ဒီ Post မှာ Skin Barrier ဆိုတာ ဘာလဲ၊ ဘာကြောင့် အရေးကြီးလဲဆိုတာကို အလွယ်တကူ နားလည်နိုင်အောင် မျှဝေပေးထားပါတယ်။ ✨

Want your business to be the top-listed Beauty Salon in Maymyo?
Click here to claim your Sponsored Listing.

Category

Telephone

Address


Pyin Oo Lwin
Maymyo

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00