Taung Oo mob
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taung Oo mob, Health/Beauty, Meiktila.
22/10/2020
အမေခေါ်မှားတဲ့ သားသ္မီးတွေ
ကောင်းရာသို့ လားကြပါစေ့....
ကြားသိစေ ညွှန်းလို့...
ခွန်းဟနှုတ်ခြွေ သည်..
နားနှင့်လည်း ကြားစေ...
နှလုံးသားနှင့်လည်း အဖြေထုတ်ကြ။
အိမ်အဝမှာ ရင်မကာဖြင့်
စောင့်နှင့်ရှာတဲ့ သင့်အမေ..
ရတတ်ပွေ ဗျာပါဒနဲ့
ကျမျက်ရည် မြေမခ ခင်မှာလ...
သူသည်သာ ငါ့ အမိ
သူသည်သာ ငါ့မာတာ...
မမေ့သာ အနန္တဂိုဏ်း ....မို့
ကိုင်းညွှတ် ကန်တော့။
သူစိမ်းကို မေမေခေါ်
လျှပ်ပေါ်တဲ့ အသိ...
အဝိဇ္ဇာ စိတ်မှာဖုံးလို့ 
ဘဘုန်းကို ကတုံးခေါ်
ပြုံးပျော် ဟားတိုက်
အသိမိုက်ဆက်လှော်ရင်...
သင့်ရှေ့မှာ ချောက်။
19/10/2020
"သူခိုးဖမ်းမယ်"
==========
"ကျနော်တို့ မခိုးရပါဘူးအုပ်ချုပ်ရေးမှူးရယ်.."
"ဘုရားပေးပေး ကျမ်းပေးပေးပါ
ကျမတို့ ဒါမျိုးအကျင့်လည်းမရှိရပါဘူးရှင်.."
"ကဲ..ဟုတ်ပီ ကိုတင်လှ
ခင်များကြက်ကို သူတို့လင်မယားခိုးပါတယ်လို့စွပ်စွဲရအောင်
ခင်များ က ဘာအထောက်အထားနဲ့စွပ်စွဲရတာလဲ.."
"ရှိပါတယ်ဆြာ..
အင်မတန်ကိုခိုင်လုံပါတယ်
ဒီသတင်းက အတွင်းလူယုံကနေတဆင့်ပေါက်ကြားတာပါ
ထောင်ချောက်ဆင်ဖမ်းတာလည်းမဟုတ်ရပါဘူး.."
အရေးထဲဒင်းကတမှောင့်ချဲ့ကားနေသေးတယ်
"ကဲပါ လိုရင်းပဲပြောဗျာ
ခင်ဗျားဘယ်လိုသိတာလဲ.."
"အဟမ်း..ဒီလိုပါ
မနေ့ညက ကျနော့် တိုက်ကြက်ဖကြီး အိပ်တန်းမဝင်တာနဲ့ကျနော်တစ်ညလုံး
တိတ်တဆိတ်လိုက်လံပြီးလျို့ဝှက်စုံစမ်းပါတယ်
ဒါပေမယ့်
သတင်းအစအနတောင်မရခဲ့ပါဘူး.."
"ဒါနဲ့များကွာ.."
"အဲ ကျနော်စကား မဆုံးသေးပါဘူးဆြာ"
"ကဲ ပြောဗျာ လိုရင်းကိုပြော.."
"ဟုတ်ကဲ့ ပြောပါ့မယ်
မနက်မိုးလင်းတော့ကျနော် အိမ်နီးနားဝန်းကျင်မှာ
စုံစမ်းနေတုန်း သူတို့ရဲ့သား အငယ်ဆုံးလေး
နဲ့လမ်းမှာတွေ့တော့
"ဘဘဘာတွေရှာနေတာလဲ.." လို့မေးပါတယ်
"ဒါနဲ့ကျနော်လည်း ညကကြက်ကိုသူခိုး ခိုးစားလို့
လိုက်ရှာနေတာသားရယ် လို့ပြောလိုက်တယ်..
အဲလိုပြောလိုက်တော့ ခလေးမျက်နှာပျက်သွား
တာကိုချက်ခြင်း ရိပ်မိလိုက်တယ်ဆြာ...
ဒါနဲ့ ကျနော်က သားသိရင်ပြောပြပါလား
ဆိုတော့ မပြောဘူးဗျ...
ဘယ်ရမလဲကျနော်ကလူပျိုကြီးဆိုပေမယ့်
ခလေးတွေရဲ့အထာကိုသိပြီးသားလေ...
အိပ်ကပ်ထဲကတစ်ထောင်တန်ထုတ်ပြီး
သားမူန့်ဖိုးယူ..သားကို ဘဘကချစ်လို့ပေးတာ
သားသိရင်ပြောပြပါလားဆိုတော့မှ
သားသိတော့မသိဘူး ညက အဖေကအမေ့ကို
ပြောသံတော့ကြားလိုက်တယ် တဲ့.."
"အင်း ဟုတ်ပြီ..ဒါသဲလွန်စရတာ
ခလေးကဘယ်လိုကြားတာတဲ့လဲ.."
"အဲ..ဘယ်လိုပြောလဲဆိုတော့
အမေကြီးရေ တို့ ဒီည ခလေးအိပ်ရင်
ခိုးစားကြရအောင်"..တဲ့
"ဟေ.."
😜😜😖
23/08/2020
အဲ့မှာစတွေ့တာဘဲ
ကြမ်းကုန်ကြပီလေ။ ပိုဆံပေးဖို့ဆို မလာဘူး၊ ပိုက်ဆံတောင်းဖို့ဆိုလာတယ်ဆိုပီး အမတ်မင်းကို ရ ကြမ်းကုန်ကြပီလေ။ ပိုဆံပေးဖို့ဆို မလာဘူး၊ ပိုက်ဆံတောင်းဖို့ဆိုလာတယ်ဆိုပီး အမတ်မင်းကို ရွာသားများမောင်းထု....
18/06/2020
❄" #သရဏဂုံ_တည်သောသူ "❄
💫💫💫💫💫💫💫 %
🌟ည အိပ်ယာ မဝင်ခင်
သရဏဂုံတည်ပြီးမှ အိပ်ကြပါ။
🔜သရဏဂုံတည်သောသူသည်
ထိုဘဝမှ စုတေသောအခါ တစ်ဘဝတာ
တည်ခဲ့သော သရဏဂုံ ကုသိုလ်ကြောင့် ……
⏩(၉၁)ကမ္ဘာ အပါယ်လေးပါးသို့
မကျရောက်ရခြင်း။
⏩အကြိမ်(၈၀) သိကြားမင်းဖြစ်ရခြင်း။
⏩(၇၅)ကြိမ် စကြာမင်းဖြစ်ရခြင်း။
⏩ရိုးရိုးပဒေသရာဇ် ဧကရာဇ်ဘုရင်အဖြစ်
အကြိမ်ကြိမ်ဖြစ်နေခြင်း။
⏩အဆုံးဘဝတွင်
မြတ်စွာဘုရားသာသနာ၌
(၇)နှစ်သားအရွယ်မှာပင် ရှင်သာမဏေအဖြစ် ခံယူ၍ သရဏဂုံအဆုံး၌ ရဟန္တာဖြစ်ခြင်း။
▶ဈေးဝယ်သောအခါ တစ်ပိဿဿာ ဝယ်လျှင်
တစ်ပိဿာရ၏။ဈေးသည်က တစ်ပိဿာ
အပြည့်အပြင် မေတ္တာလက်ဆောင်
ထည့်ပေးလျှင် အဆစ်ပါရ၏။
▶ထို့အတူ သရဏဂုံတည်လျှင် အကျိုးရင်း
အကျိုးဖျားဟူ၍ နှစ်မျိုးရ၏။
ယခုဖော်ပြပြီးသည်တို့ကား အကျိုး အရင်းဖြစ်၏။
တစ်ပိဿာဝယ်၍ တစ်ပိဿာရခြင်းမျိုး
တစ်ရာဖိုးဝယ်၍ တစ်ရာဖိုးရခြင်းမျိုးပင်
ဖြစ်၏။
▶အဆင့်နှင့်တူသည့် အကျိုးများဟုခေါ်သော
ကောင်းကျိုး(၈)မျိုးကိုလည်း ဘဝဆက်တိုင်း
ရနိုင်သေး၏။
▶ထိုကောင်းကျိုး(၈)မျိုးကိုလည်း
အပါဒါန်ပါဠိတော်မှာ ဟောတော်မူထား၏။
⏩သရဏဂုံတည်ခဲ့သူသည်
လူ နတ် ဗြဟ္မာ မည်သည့်ဘဝသို့
ရောက်ရောက် ……………
၁။ လူအများ၏ ပူဇော်ခံရခြင်းကို ခံယူရသည်။
၂။ ထူးထူးခြားခြား သူတကာထက်
ဥာဏ်ကောင်းသည်။
၃။ သူ၏အလိုသို့ အများက လိုက်ပါရသည်။
၎။သတ္တဝါအားလုံးက နှစ်သက်သည်။
၅။ သတ္တဝါအားလုံးက ချစ်ခင်သည်။
၆။ ရွှေအဆင်းကဲ့သို့ လှပသည်။
၇။ ကျော်စောထင်ရှားသည်။
၈။ စည်းစိမ်များပြားသည်။
---------------------------------
⏪သာယာချမ်းမြေ့ကြပါစေ⏩
🌟သစ္စာနီ🌟
◀တစ်ဆင့် မျှဝေ ကုသိုလ်ပြုပါသည်။▶
❄❄❄❄❄❄❄
မေတ္တာဖြင့်...
13/06/2020
ကျောက်ပန်းတောင်းမြို့နယ်
တောင်ဦးကျေးရွာအုပ်စု
တောင်ဦးကျေးရွာ
ရွာလယ်လမ်းကွန်ကရစ်
ခင်းကျင်ခဲ့တာ တောင်ဘက်
တံခါးမကြီးထိ
ပေ600-6"ပြီးစီးပါပြီ။
07/06/2020
အရိပ်အယောင်
-----------------------
"ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွတ်သည့် အဘိုးအို
ဟော ကြည့်ပါဆို
ဆိုသာဆို ပိုမိုသည့်စကား
ကလေး အငိုတိတ်အောင်
အရိပ်အယောင်ပြတယ်
ဖိုးလနတ်သား.."
ငယ်ငယ်က လူကြီးသူမတွေ
ဆိုပြခဲ့ဖူးတယ်
ကလေးတွေ မှတ်သားခဲ့ကြတယ်
မိုးပေါ်က ဖိုးလမင်းကြီးထဲမှာ
ယုန်လေး ရှိနိုးနိုးနဲ့ ရှာဖွေခဲ့ကြဖူးတယ်
တကယ်တော့
လမင်းကြီးထဲမှာ
အဘိုးအိုလည်း မရှိသလို
ယုန်လေးလည်း မရှိပါဘူး
ဆန်ဖွတ်တဲ့ မောင်းကြီးဆိုတာလည်း မရှိပါဘူး
လမင်းကြီးထဲမှာ ဘာမှမရှိသလို
လူ့လောကကြီးမှာလည်း
တကယ်မရှိဘဲ ရှိသယောင်ယောင်နဲ့
ထင်ယောင်ထင်မှား အရာတွေ အများကြီးပါ
မိတ်ဆွေစစ်လို့ ထင်ရပြီး အရေးကြုံမှ ရှောင်ခွာတဲ့ လူ
မေတ္တာစစ်တွေလို့ ထင်ရပေမယ့် သံယောဇဉ်တောင် မရှိတဲ့
ခင်မင်ပတ်သက်မှုတွေ ဆိုတာ
ရွှေလမှာ ယုန်ဝပ်သလိုပါပဲ
ဖြူစင်ရိုးသားမှုကို
ယုံကြည်မှုရအောင် အယုံသွင်းပြီး
အနေအထားတစ်ခုကို
ပြောင်းတတ်ကြတဲ့ လူတစ်ချို့ကြောင့်
စိတ်ဒဏ်ရာတွေလည်း ရတတ်ကြပါတယ်
သို့ပေမယ့်
ဖိုးလနတ်သား ကဗျာလေးကတော့
ခုထိ အသက်ဝင်လျက်ပါ
ကလေးတိုင်းလည်း
ယုန်လေးနဲ့အဘိုးအိုကို ရှာဖွေနေစဲပါ
လောကကြီးထဲက
အထူးသဖြင့်
အဆိုးတွေထဲက ကောင်းတဲ့အရာတွေကိုလည်း
ရှာဖွေနေတုန်းပါ
အမှားထဲက အမှန်တရားတွေကိုလည်း ရှာဖွေလျက်ပါ
အတုထဲက အစစ်တွေကိုလည်း ရှာဖွေနေတုန်းပါ
အချိန်တွေ ရွေ့လျားနေတိုင်း
လမင်းကြီးကလည်း ပုံမှန်အလင်းရောင်တွေ
ပေးနေတုန်းပါပဲ
04/06/2020
🚶ကိုယ့် တန် ဖိုး ဆို တာ
ကိုယ် က သတ် မှတ် တဲ့ အ ရာ ပဲ🚶
☂️ ☂️ ☂️ ☂️ ☂️ ☂️ ☂️ ☂️
✍️ကားပေါ်ကလူက
ကားအောက်ကလူကို အထင်သေးတယ်
ဝတ်ကောင်း စားကောင်းနဲ့လူတွေက
အခြေမဲ့အနေမဲ့ ဘဝသမားကို
အထင်မကြီးဘူး လူရာမသွင်းချင်ဘူး
ငါတို့နေတဲ့ လောကဆိုတာ
အဲ့လို အဆင့်အတန်းတွေနဲ့။
✍️အသပြာရှိတဲ့လူက
အချစ်နဲ့ လူနေမှုတံတိုင်းကို
ငွေနဲ့ပဲ တိုင်းတယ်
အာဏာရှိတဲ့လူမှာ နေရာမရှားဘူး
ဆင်းရဲသား လူ့ငမွဲမှာကျတော့
အမှန်တရားလည်း ပျောက်ရတယ်
လောကဓံကိုလည်း ကြောက်ရတယ်
လက်လှုပ်မှ ပါးစပ်လူပ်ရတဲ့ဘဝက
နည်းနည်းတော့ ခါးတယ်
ငါတို့နေတဲ့လောက ဆိုတာ
အဲ့လို ခွဲခြားဆက်ဆံမှုတွေနဲ့။
✍️တန်ဖိုးဆိုတဲ့စကားကိုတော့
လူတွေ သိပ်ပြောကြတာပဲ
တစ်ချို့က ပညာတတ်မှ
တစ်ချို့က ပိုတ်ဆံရှိမှ
တစ်ချို့က ရုပ်ရည် အသိုင်းအဝိုင်း
အလုပ်အကိုင် ရာထူးအာဏာ
ဒီလို အမျိုးမျိုး တိုင်းတာတတ်ကြတာပဲ။
✍️တကယ်တော့ ဓမ္မနီတိမှာ
တန်ဖိုးဆိုတာကို
"အသုံးဝင်မှု" လို့ ဖွင့်ဆိုထားတယ်
ကို်ယ်ကတော့ ဒါကို သဘောကျတယ်။
✍️ဘယ်လို အသုံးဝင်မှုလည်း?
ကိုယ်ဟာ မိသားစုအတွက်
ဆွေမျိုးအသိုင်းဝိုင်းအတွက်
ကို်ယ်နေတဲ့ ကျေးရွာ ရပ်ကွတ်နဲ့
ဘာသာ သာသနာ လောကကြီးအတွက်
ကိုယ်ဟာ တစ်နေရာရာမှာ
အသုံးဝင် အသုံးကျ အသုံးတည့်ဖို့လိုတယ်။
✍️ပြောချင်တာက👉
ကိုယ်ဟာ တစ်နေရာရာမှာ
အသုံးဝင်တယ်ဆိုရင် တန်ဖိုးရှိတဲ့သူပဲ။
✍️အဲ့တော့ တန်းဖိုးရှိချင်ရင်
အသုံးဝင်အောင် လုပ်
တန်ဖိုးရှိချင်ရင် သိက္ခာရှိအောင်နေ
တန်ဖိုးရှိချင်ရင် စာရိတ္တမပျက်စေနဲ့
တန်ဖိုးရှိချင်ရင် လောကကောင်းကျိုးလုပ်
တန်ဖိုးရှိချင်ရင် မိဘကျေးဇူး ဆပ်
တန်ဖိုးရှိချင်တယ်ဆိုရင်
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား
သူများက လာထားတဲ့ တန်ဖိုးဆိုတာ
အဆင့်မမှီတဲ့ အရည်အသွေးမမြင့်ဘူ။
✍️ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိချင်တဲ့သူဟာ
သူများပြောတဲ့ ပုတယ် ဝတယ်
ဖြူတယ် မည်းတယ်
ဆင်းရဲတယ် ချမ်းသာတယ်
ကောင်းတယ် ဆိုးတယ်ဆိုတဲ့
အထင်အမြင်တွေကို ဂရုမစိုတ်ဘူး
လိုတ်ပြီးတော့လည်း ခံစားမနေဘူး။
✍️ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့သူဟာ
အချိန်မဖြုန်းဘူး အပျင်းမကြီးဘူး
ရန်မဖြစ်ဘူး အနိုင်ရဖို့ တုမငြင်းဘူး
အရေးမကြီးတာတွေကို အရေးမပေးဘူး
သူများပြောတာတွေကို လိုတ်မခံစားဘူး
အချစ်ရေးနဲ့ အပျော်အပါးကိစ္စတွေကို
ဘဝရဲ့ အဓိကနေရာမှာ မထားဘူး။
✍️ကို်ယ့်ကိုယ်ကိုယ်တန်ဖိုးထားတဲ့သူဟာ
ကိုယ့်အခြေအနေကို
သူများနဲ့ သွားမနှိုင်းဘူး
ကိုယ့်အရည်အချင်းကို လျော့မတွတ်ဘူး
ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိတယ်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတယ်။
✍️မင်းဘာကောင်လည်း
ငါဘာကောင်လည်း လုပ်မနေနဲ့
အားလုံး သေရမဲ့မသာကောင်တွေချည်းပါပဲ
ဘယ်သူတွေက လာနှိုင်းနှိုင်း
ဘယ်သူတွေက လာရိုင်းရိုင်း
ဘယ်သူတွေ လာမြှောက်မြှောက်
ဘယ်သူတွေ လာခြောက်ခြောက်
တ ကယ် တော့👉👉
ကိုယ့် တန် ဖိုး ဆို တာ
ကိုယ် က သတ် မှတ် ထား တဲ့ အ ရာ ပဲ။
❤️ ❤️ ❤️ ❤️ ❤️ ❤️ ❤️ ❤️ ❤️
#အရှင်ဇဝန(ရွှေလင်းယုန်)ကိုယ်ပိုင်စာစုများ။
{ရွှင်လန်းချမ်းမြေ့ကြပါစေ/လေးစားလျှက်}
01/06/2020
#တောင်ဦး ရွာလယ်လမ်းမကြီး ခင်းကျင်းနေပုံ
လုပ်အားပေးများ ပက်ပက်စက်စက် လိုနေပါသည်
လာရောက်ကုသိုလ်ယူကျပါအုံးလို့
25/05/2020
" ဟဲ့ ငချွန် ။ နင် လမ်းသွားရင်း..နှောက်ချေးပုံလေး ဘာလေး တွေ့ရင်.. အရီးလေးကို ကျုံးပေးခဲ့စမ်းပါ ''
" ဘာလုပ်ဖို့လဲ အရီးလေးရ''
" မြေသြဇာ ထည့်ချင်လို့..။ နောက်မှာ အရီးလေး သံပုရာပင်လေး တစ်ပင် စိုက်ထားတာ..သီးချိန်တန်နေတာကို မသီးလို့. ။ အဲ့ဒါ သူများတွေက..နောက်ချေး ထည့်ပေးရတယ် ဆိုလို့..''
" အရီးလေးရယ်..ဒီလို မြို့ကြီးထဲမှာ ဘယ်က နှောက်ချေးပုံက ရှိမှာလဲ ။ နှောက်ချေး မပြောနဲ့..နွားတောင် ဘယ်ရှာရမှန်း မသိဘူး ''
" ရှိမှာပါ ငချွန်ရယ် ''
" ဪ..မရှိပါဘူးဆို အရီးလေးရယ် ။ ဟို စိုက်ပျိုးရေးဆိုင်တွေမှာ ရောင်းတဲ့ အသီးအပွင့်အားဆေးတွေ ဘာတွေ ဝယ်ထည့်ကြည့်ပါလား ''
" အမလေးတော်..သံပုရာပင်လေး တစ်ပင်ကို..သက်သက် ပိုက်ဆံအကုန်ခံ ဝယ်ထည့်စရာလား ။ ပြီးတော့ အဲ့ဆေးတွေက အပြည့်အဝ ယုံကြည်ရတာလည်း မဟုတ်ဘူး ။ မရလည်း နေတော့အေ ။ ငါ့ဟာငါ ကြည့်လုပ်မယ် ''
အရီးလေးက
ပြောပြီး အိမ်ထဲ ဝင်သွားပါတော့တယ်..
စိတ်ဆိုးသွားတယ် ထင်ပ
တတ်နိုင်ဘူးလေ
နှောက်ချေးကို ဘယ်နား သွားရှာလို့ ရပါ့မလဲ..
ညရောက်တော့..။
စိတ်ဆိုးသွားတဲ့ အရီးလေးကို
ပြန်ချော့ရအောင်..
သူကြိုက်တတ်တဲ့
ပုဇွန်ဟင်းခွက်လေး တစ်ခွက် ယူပြီး
အရီးလေးဆီ လာခဲ့တာပေါ့..
" အရီးလေးရေ....အရီးလေး ''
အိမ်ထဲ
မီးတွေ ထွန်းထားပေမယ့်
အရီးလေးကို မတွေ့လို့..
ခြံနောက်ဖက်ကို ဆင်းခဲ့လိုက်တယ်..
" အရီးလေး...လေး..''
" အမလေးး....''
" ဟဲ့..ဘာတုန်း..''
လူကို လိပ်ပြာ လွင့်မတတ်ပဲ.
" လန့်ထှာ..အရီးလေးရာ..''
အရီးလေးက
မှောင်နဲ့မဲမဲ..
ခြံထဲက သံပုရာပင်အောက်မှာ
ဆေးလိပ်မီးကို ရဲနေအောင် ဖွာပြီး
ဆောင့်ကြောင့်ကြီး ထိုင်နေတာ..
" ဘာလုပ်နေတာလဲ အရီးလေးရ ''
ထိုအခါ
အရီးလေးက
ထိုင်ရာက ထ..
သံပုရာပင်ကို မြေကြီးတွေ
ယက်ဖို့လိုက်ပြီး..
" နင့်ကို နှောက်ချေး ရှာခိုင်းတာ ရမှ မရတာ..''
" အဲ့တော့..''
" အဲ့တော့.. ကွကို နွားမကြီး လုပ်နေရတာပေါ့ဟဲ့..''
" တိန်''
😁😁😁😁😁😁
ကြံကြီးစည်ရာဗျာ
နှောက်ချေး မရလို့တဲ့
အပင်ကို ကွကိုယ် ယိုထည့်နေတာ..😁
ပြောလိုက်သေးတယ်
သီးရင်
လာပေးအုံးမတဲ့..😁😁
မှားပါတယ် အရီးလေးရယ်..
----------------------------------------
Category
Website
Address
Meiktila
Alerts
Be the first to know and let us send you an email when Taung Oo mob posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
