THU THU - Beauty Expert

THU THU - Beauty Expert

Share

"အရဟံ သိဒ္ဒိ ဘဂဝါ အောင်"

☎️09-699178819/09762095413

06/08/2026

မနက်လင်းပြီဆိုတာနဲ့ အလုပ်သွားဖို့၊ ကျောင်းသွားဖို့ ပြင်ဆင်ရတာနဲ့တင် အချိန်တွေ လုနေရပြီမလား ...?

ဒါဆိုရင် မနက်ခင်းပိုင်းမှာ ကိုယ့်ရဲ့ မျက်နှာလေး တစ်နေ့တာလုံး ကျန်းမာ စိုပြည် နေစေဖို့ Skincare လိမ်းတဲ့အခါ အချိန်ဘယ်လောက်တောင် ပေးဖြစ်လဲဆိုတာလေးကို အချင်းချင်း မျှဝေကြည့်ရအောင်နော် ... 💁‍♀️

⏰ (၅) မိနစ် Team
မနက်အိပ်ရာထ နောက်ကျလို့ပဲဖြစ်ဖြစ်၊ အချိန်သိပ်မရှိလို့ပဲဖြစ်ဖြစ် မျက်နှာသစ်၊ Toner လေးပုတ်၊ Moisturizer နဲ့ Sunscreen လေးကို ကမန်းကတန်း လိမ်းပြီး (၅) မိနစ်အတွင်း အမြန်အပြီးသတ်ရတဲ့ သူလေးတွေလား ...?

⏳ (၂၀) မိနစ် Team
ဒါမှမဟုတ် မနက်စောစောထ၊ အေးအေးဆေးဆေး အချိန်ယူပြီး Cleanser, Toner, Essence, Cream နဲ့ Sunscreen အစရှိတဲ့ ကိုယ့်ရဲ့ Skincare Routine အဆင့်ဆင့်ကို ဖြည်းဖြည်းချင်း အသားထဲစိမ့်ဝင်အောင် မိနစ် (၂၀) လောက် အချိန်ပေးပြီး သေချာလိမ်းတတ်တဲ့ သူလေးတွေလား ...?

ကဲ ... သဲလေးတို့ကရော ဘယ် Team ထဲမှာ ပါလဲဆိုတာကို ဒီ Post ရဲ့ Comment မှာ ဝင်ရောက် ဆွေးနွေးပေးသွားကြပါဦးနော် ... 💁‍♀️

အချိန်တိုတိုနဲ့ ထိရောက်မှုရှိချင်တဲ့ သူတွေအတွက်ပဲဖြစ်ဖြစ်၊ အချိန်ယူပြီး သေချာလေး ပြုစုယုယချင်တဲ့ သူတွေအတွက်ပဲဖြစ်ဖြစ် 𝐇𝐌 𝐒𝐊𝐈𝐍𝐂𝐀𝐑𝐄 𝐌𝐘𝐀𝐍𝐌𝐀𝐑 မှာ ကိုယ့်ရဲ့ အသားအရေနဲ့ အကိုက်ညီဆုံးဖြစ်မယ့် သဘာဝ Product လေးတွေ အစုံအလင် ရှိနေပါတယ်ရှင်။ ✨

ကိုယ့်ရဲ့ လက်ရှိ Skin Type နဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် Skincare Routine လေးတွေကို သေချာ ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ 𝐇𝐌 𝐒𝐊𝐈𝐍𝐂𝐀𝐑𝐄 𝐌𝐘𝐀𝐍𝐌𝐀𝐑 ရဲ့ Page Messenger မှာ အချိန်မရွေး လာရောက် အခမဲ့ ဆွေးနွေးတိုင်ပင်လို့ ရပါတယ်ရှင်။ 💌

06/08/2026
06/08/2026

အသက်မကြီးသေးဘဲ မျက်နှာမှာ အရေးအကြောင်းတွေ စပေါ်လာပြီလား ...? 🥺

ဒီလို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ ဆိုတာကို 𝐇𝐌 𝐒𝐊𝐈𝐍𝐂𝐀𝐑𝐄 𝐌𝐘𝐀𝐍𝐌𝐀𝐑 ကနေ မျှဝေပေးလိုက်ပါတယ်နော်။ 💁‍♀️

☀️ အိုမင်းရင့်ရော်ခြင်းရဲ့ အဓိက တရားခံကတော့ ခရမ်းလွန်ရောင်ခြည်တွေပါပဲ။ အပြင်သွားတိုင်း နေပူပူ မပူပူ Sunscreen ကို မဖြစ်မနေ လိမ်းပေးတာက အရွယ်မတိုင်ခင် အရေးအကြောင်းတွေနဲ့ အမဲစက်တွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

💧 အသားအရေ ခြောက်သွေ့တဲ့အခါ အရေးအကြောင်းတွေ ပိုပြီး ထင်ရှားလာတတ်ပါတယ်။ ဒါကြောင့် ရေလုံလောက်အောင် သောက်ပေးဖို့ လိုအပ်သလို၊ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ Moisturizer ကို သေချာ သုံးပေးခြင်းအားဖြင့် အသားအရေကို အမြဲတမ်း ကြည်လင် စိုပြည် နေစေမှာပါ။

🥗 အချိုကဲတဲ့ အစားအစာတွေနဲ့ အကြော်အလှော်တွေကို လျှော့စားပါ။ ဗီတာမင်စီနဲ့ Antioxidants ကြွယ်ဝတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို များများ စားသုံးပေးတာက အရေပြားဆဲလ်လေးတွေကို ပြန်လည် နုပျိုကျန်းမာလာစေပါတယ်။

💤 ညဘက် အိပ်စက်နေချိန်ဟာ အသားအရေက သူ့အလိုလို ပြန်လည်ပြုပြင်တဲ့ အချိန်ဖြစ်လို့ တစ်နေ့ကို အနည်းဆုံး (၇) နာရီလောက် အိပ်ရေးဝဝ အိပ်ဖို့ အရမ်းအရေးကြီးပါတယ်။ စိတ်ဖိစီးမှုတွေကလည်း အသားအရေကို မွဲခြောက်စေလို့ တတ်နိုင်သမျှ စိတ်ကို ပေါ့ပေါ့ပါးပါးထားပေးပါ။

✨ အသက် (၂၅) ဝန်းကျင်ကစပြီး အသားအရေရဲ့ Collagen ထုတ်လုပ်မှုက တဖြည်းဖြည်း လျော့ကျလာတတ်ပါတယ်။ ဒါကြောင့် အသားအရေ တင်းရင်းစေဖို့ အထောက်အကူပြုတဲ့ Anti-aging Skincare လေးတွေကို စတင် ရွေးချယ် အသုံးပြုပေးသင့်ပါပြီ။

ဒီအချက်လေးတွေကို နေ့စဉ် ပုံမှန်လေး ဂရုစိုက်သွားပေးမယ်ဆိုရင်တော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို အကောင်းဆုံး တားဆီးနိုင်ပြီး အမြဲတမ်း နုပျိုနေတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။ 💁‍♀️

ကိုယ့်ရဲ့ လက်ရှိ အသားအရေနဲ့ အကိုက်ညီဆုံးဖြစ်မယ့် Skincare လေးတွေကို ရွေးချယ်ချင်တယ်ဆိုရင်တော့ 𝐇𝐌 𝐒𝐊𝐈𝐍𝐂𝐀𝐑𝐄 𝐌𝐘𝐀𝐍𝐌𝐀𝐑 ရဲ့ Page Messenger မှာ အချိန်မရွေး လာရောက် ဆွေးနွေးတိုင်ပင်လို့ ရပါတယ်ရှင်။ 💌

31/07/2026

ပါးတွဲကျနေသူအတွက်လေ့ကျင့်ခန်း

08/07/2026

Sunscreen လိမ်းတာတောင် အမဲစက်တွေ ထွက်လာပြီး အသားအရေ ညိုညစ်လာတယ်ဆိုရင် တစ်ခုခုတော့ မှားနေပါပြီ ... 🤔

နေလောင်ဒဏ်ကနေ ကာကွယ်ဖို Sunscreen လိမ်းဖို အရေးကြီးတယ်ဆိုတာ အားလုံးသိကြပေမဲ့၊ ဘယ်လောက် ပမာဏ လိမ်းရမလဲဆိုတာကိုတော့ သတိမထားမိတတ်ကြပါဘူး။

တကယ်တော့ Sunscreen ကို နည်းနည်းလေးပဲ လိမ်းမယ်ဆိုရင် ဘူးမှာရေးထားတဲ့ SPF အာနိသင်ကို အပြည့်အဝ မရနိုင်ပါဘူး။

ဒါကြောင့် အရေပြားဆရာဝန်တွေ အထူးအကြံပြုထားတဲ့ Two Fingers Method ကို သုံးဖို လိုအပ်တာပါ။ 💁‍♀️

Two Fingers Method ဆိုတာ လက်ညှိးနဲ့ လက်ခလယ် နှစ်ချောင်းပေါ်မှာ Sunscreen ကို အရင်းကနေ အဖျားအထိ အပြည့်ညှစ်တင်လိုက်တဲ့ ပမာဏကို ဆိုလိုတာပါ။

ဒီလို လိမ်းပေးဖို ဘာကြောင့် အရေးကြီးတာလဲ ဆိုရင်တော့ ...

☀️ Sunscreen တွေကို စမ်းသပ်တဲ့အခါ သတ်မှတ်ထားတဲ့ ပမာဏ (2mg/cm²) နဲ့ စမ်းသပ်ထားတာ ဖြစ်ပါတယ်။ အနည်းငယ်ပဲ လိမ်းမယ်ဆိုရင် SPF 50 ပါတဲ့ Sunscreen က SPF 10 လောက်ပဲ အာနိသင်ရနိုင်လို ခရမ်းလွန်ရောင်ခြည်ကို သေချာမကာကွယ်နိုင်တော့ပါဘူး။

☀️ လက်နှစ်ချောင်းစာ ပမာဏဟာ မျက်နှာတစ်ခုလုံးအပြင် လည်ပင်းနဲ့ နားရွက်တွေပါ မကျန် သေချာ လိမ်းနိုင်ဖိုအတွက် အသင့်တော်ဆုံး ပမာဏ ဖြစ်ပါတယ်။

☀️ လုံလောက်တဲ့ Sunscreen ပမာဏကသာ နေရောင်ကြောင့်ဖြစ်မယ့် အမဲစက်၊ တင်းတိပ်နဲ့ အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ်ပေါ်ခြင်းတွေကို အသေချာဆုံး ကာကွယ်ပေးနိုင်ပါတယ်။

HM ကနေ ထုတ်လုပ်ထားတဲ့ Sunscreen လေးက အသားထဲ ချက်ချင်း စိမ့်ဝင်လွယ်တဲ့အပြင် အဖြူကွက် လုံးဝ မကျန်ခဲ့တဲ့အတွက် လက်နှစ်ချောင်းစာ အပြည့်လိမ်းရင်တောင် မျက်နှာပေါ်မှာ စေးကပ်မနေဘဲ တစ်နေကုန် သက်တောင့်သက်သာ ရှိစေမှာပါ။ ✨

အခုပဲ ကိုယ့်ရဲ့ Sunscreen လိမ်းတဲ့ ပမာဏလေးကို ပြင်ဆင်ပြီး အသားအရေကို အပြည့်အဝ ကာကွယ်ဖို HM Sunscreen လေးကို ဝယ်ယူချင်တယ်ဆိုရင်တော့ 𝐇𝐌 𝐒𝐊𝐈𝐍𝐂𝐀𝐑𝐄 𝐌𝐘𝐀𝐍𝐌𝐀𝐑 ရဲ့ Page Messenger မှာ အချိန်မရွေး လာရောက် မေးမြန်းနိုင်ပါတယ်နော်။ 💌

08/07/2026

ကမ္ဘာပေါ်မှာ မိန်းကလေး (၂) မျိုးပဲ ရှိတယ် ... မနက်ပိုင်း Skincare တဲ့သူနဲ့ ညဘက်မှာ Skincare တဲ့သူ ...🙄

တချို့က မနက်အိပ်ရာထတာနဲ့ မျက်နှာလေးသစ်၊ Skincare လေး သေချာလိမ်းပြီးမှ တစ်နေ့တာကို လန်းလန်းဆန်းဆန်း စတင်ရတာကို သဘောကျတတ်ကြပါတယ်။

တချို့ကျတော့လည်း တစ်နေ့လုံး ပင်ပန်းသမျှကို ညအိပ်ရာဝင်ခါနီးလေးမှာ အေးအေးဆေးဆေး Skincare လိမ်းရင်း အမောဖြေရတာကို ပိုနှစ်သက်တတ်ကြပါတယ်။ 💁‍♀️

ဒါဆိုရင် HM Skincare ချစ်သူတွေကရော ဘယ် Team ထဲမှာ ပါမလဲ ရွေးကြည့်ရအောင် ...

☀️ အလုပ်သွား၊ ကျောင်းသွားခါနီး အသားအရေလေး ကြည်လင်စိုပြေနေဖို့ Toner, Essence, Soft Cream နဲ့ မပါမဖြစ် Sunscreen လေးကို အပြည့်အစုံ လိမ်းရမှ စိတ်ချမ်းသာတဲ့သူတွေလား ?

🌙 မနက်ပိုင်း အချိန်မရလို့ အမြန်လုပ်ရပေမဲ့ ညဘက်ရောက်ရင်တော့ Double Cleansing သေချာလုပ်၊ ကိုယ့်အသားအရေအတွက် လိုအပ်တဲ့ Skincare တွေကို အေးအေးဆေးဆေး စိတ်ရှည်လက်ရှည် လိမ်းပေးရမှ အိပ်ပျော်တဲ့သူတွေလား ?

ကဲ... ကိုယ်က "Team A" ထဲကလား ဒါမှမဟုတ် "Team B" ထဲကလား ဆိုတာ အောက်က Comment မှာ ဝင်ရောက်ဖြေဆိုပေးသွားကြပါဦးနော် ... 👇

08/07/2026

မျက်ကွင်းညိုလွန်းလို့ မှန်ကြည့်တိုင်း ပန်ဒါလေး တစ်ကောင်လို ဖြစ်နေပြီလား ... 🐼

မျက်ကွင်းညိုတာက လူကို အမြဲတမ်း ပင်ပန်းနွမ်းနယ်နေတဲ့ ပုံပေါက်စေသလို၊ အသက်ထက်လည်း ပိုကြီးသွားသယောင် ထင်ရစေပါတယ်။

တချိုက မျက်ကွင်းညိုတာ အိပ်ရေးမဝလို တစ်ခုတည်းကြောင့်လို ထင်တတ်ကြပေမဲ့ တကယ်တမ်းက တခြား အကြောင်းရင်းတွေလည်း ရှိနေပါသေးတယ်။

ဒီတော့ ပန်ဒါမျက်ကွင်းလေးတွေ ဖြစ်စေတဲ့ အဓိက တရားခံတွေက ဘာတွေလဲ ဆိုတာ လေ့လာကြည့်လိုက်ရအောင် ... 💁‍♀️

❗️ အိပ်ရေးမဝခြင်း
ညဘက်တွေ နောက်ကျမှ အိပ်တာ၊ အိပ်ရေးမဝတာတွေ ဖြစ်တဲ့အခါ သွေးလည်ပတ်မှု မကောင်းတော့ဘဲ မျက်လုံးအောက်က သွေးကြောလေးတွေ ကျယ်လာပါတယ်။ မျက်လုံးအောက်က အရေပြားဟာ မျက်နှာရဲ့ တခြားနေရာတွေထက် အများကြီး ပိုပါးလွှာတဲ့အတွက် အဲဒီလို ကျယ်လာတဲ့ သွေးကြောတွေက အပြင်ကို အမည်းရောင် (သို) အပြာရောင် အနေနဲ့ ထင်ထင်ရှားရှား ပေါ်လာရတာပါ။

❗️ ဖုန်းနဲ့ ကွန်ပျူတာ အကြည့်များခြင်း
ဖုန်းတွေ၊ ကွန်ပျူတာတွေကို အချိန်ကြာကြာ စိုက်ကြည့်တဲ့အခါ မျက်လုံးကို အလွန်အမင်း အလုပ်လုပ်စေပြီး ညောင်းညာစေပါတယ်။ အဲဒီအခါ မျက်လုံးပတ်လည်က သွေးကြောတွေဆီကို သွေးပိုရောက်လာပြီး သွေးကြောတွေ ကြီးလာတဲ့အတွက် မျက်ကွင်းညိုတာကို သိသိသာသာ ပိုဆိုးစေပါတယ်။

❗️ အသက်အရွယ် ရလာခြင်း
အသက်အရွယ် ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က Collagen နဲ့ အဆီဓာတ် ထုတ်လုပ်မှု လျော့ကျလာပြီး မျက်လုံးတစ်ဝိုက်က အရေပြားလေးတွေက ပိုပိုပြီး ပါးလွှာလာပါတယ်။ အရေပြား ပါးလာတဲ့အတွက် အတွင်းပိုင်းက သွေးကြောမည်းမည်းလေးတွေကို ပိုမြင်ရလွယ်လာပြီး မျက်ကွင်းညိုသယောင် ဖြစ်လာတာပါ။

ဒါကြောင့် ပန်ဒါမျက်ကွင်းလေးတွေကနေ အမြန်ဆုံး ကင်းဝေးဖိုဆိုရင် အိပ်ရေးဝဝအိပ်တာ၊ ဖုန်းကြည့်ချိန် လျှော့တာတွေအပြင် မျက်လုံးတစ်ဝိုက်က အသားအရေကို ရေဓာတ်ပြည့်ဝအောင် အမြဲဂရုစိုက်ပေးဖို 𝐇𝐌 𝐒𝐊𝐈𝐍𝐂𝐀𝐑𝐄 𝐌𝐘𝐀𝐍𝐌𝐀𝐑 က တိုက်တွန်းလိုက်ပါရစေနော်။ 💌



Crd

08/07/2026

Skincare အသစ်တစ်ခု ပြောင်းသုံးတိုင်း ကိုယ့်အသားအရေနဲ့ တည့်ပါ့မလား ဆိုပြီး စိတ်ပူနေရလား ❓

အသားအရေ ခြောက်သွေ့သူတွေ၊ အဆီပြန်တတ်သူတွေနဲ့ အထူးသဖြင့် Sensitive ဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ကိုယ်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် Skincare မျိုး ရှာရတာ တကယ်ကို မလွယ်ကူပါဘူး ...

ဒီလို ပြဿနာတွေအတွက် စိတ်ပူစရာမလိုဘဲ Skin Type မရွေး ယုံယုံကြည်ကြည်နဲ့ ရွေးချယ်နိုင်တဲ့ Brand လေးကတော့ HM Skincare ပဲ ဖြစ်ပါတယ်။ ✨

ဘာကြောင့် HM Skincare ကို အသားအရေ အမျိုးအစားမရွေး စိတ်ချလက်ချ အသုံးပြုနိုင်တာလဲ ဆိုရင် ...

HM ရဲ့ Product တိုင်းကို ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေ ကင်းစင်ပြီး အသားအရေကို အကျိုးပြုစေမယ့် သဘာဝ ပါဝင်ပစ္စည်းတွေ၊ Amino Acid တွေနဲ့သာ အဓိက ဖန်တီးထုတ်လုပ်ထားလိုပါပဲ။

ဒါကြောင့် ...

💧 Dry Skin သမားတွေအတွက် လိုအပ်တဲ့ ရေဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးပြီး အသားအရေကို တစ်နေကုန် စိုပြည်ဝင်းပစေပါတယ်။

✨ Oily Skin သမားတွေအတွက်လည်း လိမ်းလိုက်ရင် စေးကပ်တာမျိုး လုံးဝမဖြစ်စေဘဲ အသားထဲကို ချက်ချင်း စိမ့်ဝင်လွယ်စေပါတယ်။

🌿 Sensitive Skin သမားတွေအတွက်ကိုတော့ Skin Barrier ကို ပြန်လည်ပြုပြင်တည်ဆောက်ပေးပြီး အနူးညံ့ဆုံး ဖန်တီးပေးထားလို နီမြန်းယားယံတာမျိုး လုံးဝ မဖြစ်စေဘဲ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

Cleanser, Toner ကနေစလို Essence, Soft Cream နဲ့ Sunscreen အထိ HM ရဲ့ Skincare အားလုံးက အသားအရေကို ကျန်းမာလှပအောင် အထိရောက်ဆုံး ကူညီပေးနိုင်မှာ အသေအချာပါပဲ။ ✨

Quality ကို အဓိကထားပြီး ဖန်တီးထားတဲ့ HM Skincare တွေနဲ့ အတူတူ ကြည်လင်ကျန်းမာတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်ပါစေရှင့်


— crdwith Myint Myint Htay.

Want your business to be the top-listed Beauty Salon in Myaungmya?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Myaungmya