Pyone Dental Clinic
Dental Clinic
09/05/2026
ရယ်လိုက်တိုင်း လက်ဝါးလေး ကာကာနေရတဲ့ ဒုက္ခကနေ ချက်ချင်း ကင်းဝေးသွားစေမယ့် နည်းလမ်း! 🤩
ရှေ့သွားလေးတွေ ပဲ့နေ၊ ဆွေးနေလို့ လူတောထဲသွားရင် ယုံကြည်မှုပျောက်နေလား? 🥺
ဒီနေ့ လုပ်ပေးဖြစ်ခဲ့တဲ့ ရှေ့သွားအလှဖာ (Aesthetic Filling) Before & After ပုံလေးကိုသာ ကြည့်လိုက်ပါတော့နော်...
ပုံထဲက Patient လေးဆိုရင် ရှေ့သွားနှစ်ချောင်းလုံး သိသိသာသာ ဆွေးပြီး ပဲ့ထွက်နေလို့ တော်တော်လေး စိတ်ညစ်ခဲ့ရတာပါ။
ဒါပေမယ့် ဆေးခန်းကိုရောက်လာတဲ့အခါမှာတော့ ဆရာဝန်က နဂိုသွားအရောင်နဲ့ တစ်ထပ်တည်းကျအောင် သေသေချာချာလေး ပြန်လည်ပြုပြင် ဖန်တီးပေးလိုက်ပါတယ်။ အခုဆိုရင် ဖာထားမှန်းတောင် လုံးဝမသိသာတော့ဘဲ သဘာဝကျကျလေးနဲ့ ပြန်လှသွားပြီပေါ့ 😍
ဒီလို ရှေ့သွားအလှဖာတာရဲ့ အားသာချက်တွေကတော့ -
✨ ကြွေသွားစွပ်စရာမလိုဘဲ အချိန်တိုအတွင်းမှာ ချက်ချင်းလှသွားမယ်။
✨ ကိုယ့်ရဲ့ မူလသွားအရောင်အတိုင်း သေသေချာချာ ချိန်ညှိပေးလို့ သဘာဝကျပြီး ဖာထားမှန်း လုံးဝမသိသာဘူး။
✨ အရင်လို ရှက်စရာ၊ စိတ်ညစ်စရာမလိုတော့ဘဲ ယုံကြည်မှုရှိရှိ ပြုံးနိုင်၊ ရယ်နိုင်သွားမယ်။
ကိုယ့်မှာလည်း ဒီလိုမျိုး သွားလေးတွေ ပဲ့နေတာ၊ ဆွေးနေတာ၊ ကြားဟနေတာလေးတွေရှိလို့ ပြန်ပြင်ချင်တယ်ဆိုရင်တော့ အချိန်မဆွဲပါနဲ့တော့နော်။ သွားလေးတွေ လှသွားတာနဲ့ မျက်နှာလေးပါ ပိုလင်းသွားမှာ အသေအချာပါပဲ 💯
အသေးစိတ်ကို ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ Pyone Dental Clinic ကိုခုပဲလာခဲ့လိုက်တော့နော် 💌
#သွားကျန်းမာရေး #ယုံကြည်မှုရှိသောအပြုံး
05/05/2026
🦷 အပြုံးလှလှလေးကနေ ရရှိတဲ့ ယုံကြည်မှု
"လူတစ်ယောက်ရဲ့ ပထမဆုံး အထင်ကြီးမှုကို ဖန်တီးပေးတာက 'အပြုံး' ပါ။"
သွားမှာ အက်ရာ၊ ပဲ့ရာ ၊ သွားပိုးစားနေတာတွေရှိရင် အပြုံးက မလှပ သလို ခံစားရတတ်ပါတယ်။ ဒီနေ့ case ကတော့ ရှေ့သွားကြားက ပိုးစားနေတဲ့နေရာကို Aesthetic Composite (သွားအလှဖာခြင်း) ဖြင့် ပြုပြင်ထားတာပါ။ နာကျင်မှုမရှိ၊ အချိန်မကြာဘဲ သဘာဝသွားအရောင်နဲ့ ကွက်တိကျအောင် ပြုလုပ်ပေးထားပါတယ်။
သင်လည်း ဒီလိုပြဿနာမျိုး ကြုံနေရရင် Pyone Dental Clinic ကို လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
27/02/2024
"ပြုံး"သွားနှင့်ခံတွင်းဆေးခန်း တစ်နှစ်ပြည့်စတုဒီသာအလှူ
"ပြုံး"သွားနှင့်ခံတွင်းဆေးခန်းကို ယုံကြည်စိတ်ချစွာ လာရောက် ကုသ ကြတဲ့ မိတ်ဆွေသူငယ်ချင်းများ မိဘညီအစ်ကိုမောင်နှစ်မများရဲ့ကျေးဇူးကြောင့် "ပြုံး"ဆေးခန်းတစ်နှစ်ပြည့်ခဲ့ပါပီခင်ဗျ။
အားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများ မိဘညီအစ်ကိုမောင်နှစ်မများရဲ့အလှူလည်းဖြစ်ပါတယ်ခင်ဗျ
ဝမ်းမြောက်သာဓုခေါ်နိုင်ဖို့ အလှူပုံရိပ်တွေမျှဝေပေးလိုက်ပါတယ်ခင်ဗျ😍😘
08/09/2023
သွားအစွပ်စွပ်လိုက်တော့မှ သွားတုကြီးတပ်ထားတယ်ဆိုပြီးလည်း အထင်ခံရမှာကြောက်တယ်...😣
လုပ်လိုက်ပြီးမှ တလွဲကြီးဖြစ်မလား? အဆင်မပြေဖြစ်လား? စတဲ့ မေးခွန်းတွေနဲ့သွားအစွပ်တပ်ဖို့ တွေဝေနေပြီဆိုရင်တော့ Pyone Aesthetic & Digital Dental Center ကိုသာ လှမ်းလာခဲ့လိုက်ပါ 💁♀️
Pyone Aesthetic & Digital Dental Center မှာဆိုရင်တော့ ဒီလိုတွေစိုးရိမ်စရာမလိုပါဘူး🥰
🦷သွားပုံစံကို သဘာဝအတိုင်း အစစ်နဲ့ခွဲမရအောင်ရရှိစေဖို့ Digital နည်းပညာနဲ့ Computer-aided Design and Computer-aided manufacturing (CAD/CAM ) ကို အသုံးပြုပြီး ကုသပေးနေပါပြီ
🦷ဒါ့အပြင် သွားအရောင်ကိုလည်း ပုံမှန်မဟုတ်တဲ့ အရမ်းဖြူလွန်းတာမျိုး၊ သဘာဝအတိုင်းမရရှိမှာလည်း မစိုးရိမ်နဲ့နော Shade Guide လေးနဲ့ သေချာချိန်တိုင်းပြီး ပြုလုပ်ပေးလို့ မူလသွားအရောင်နဲ့ တစ်ထပ်တည်းရရှိစေမှာပါ 😍
သွားအစွပ်စွပ်ဖို့ တွေဝေနေပြီဆိုရင်တော့ အစစ်အတိုင်း အရောင်၊ပုံစံတွေကို တထပ်တည်းရစေမယ့် Pyone Aesthetic & Digital Dental Center ရှိနေပါပြီ 💁♀️
Pyone Aesthetic & Digital Dental Center
☎️Contact Us: 09 - 773 398 523, 09 - 255 401 075
🏡Address: အမှတ် (၅၈)၊ မြို့ပတ် (၂)လမ်း နှင့် အေးရိပ်မွန်လမ်းထောင့်၊ အောင်သုခရပ်၊ မြိတ်မြို့။
&DigitalDentalCenter #သွား #သွားအစွပ်စွပ်ခြင်း
31/08/2023
🦷သွားဝါတာ၊ မညီညာတာ၊ ပဲ့နေတာ၊ ကျဲနေတာ စတဲ့ လိုအပ်ချက်တွေကို စိတ်တိုင်းကျပြန်လည်ဖြည့်ဆည်းပေးပြီး မူလသွားအကောင်းပကတိအတိုင်းပြန်လည်ရရှိစေမယ့် သွားအစွပ် Crown တပ်ဆင်ခြင်းကို Pyone Aesthetic & Digital Dental Center မှာ ကုသမှုခံယူနိုင်ပါပြီ
🦷သွားအစွပ် Crown တွေကို Digital နည်းပညာနဲ့ Computer-aided Design and Computer-aided manufacturing (CAD/CAM ) ကို အသုံးပြုထားတာကြောင့် ကိုယ့်ရဲ့မူရင်းသွားတွေလို သဘာဝအတိုင်း အစစ်နဲ့ ခွဲမရအောင်ရရှိစေမှာပါ
အပြုံးပန်းတွေ အမြဲလန်းနေဖို့ သွားအစွပ် Crown တပ်တော့မယ်ဆို
1.Metal Crown (သတ္တုသွား)
• ပုံမှန် သွားအမျိုးစားထဲတွင် ခိုင်ခံ့မှု အကောင်းဆုံး အမာဆုံးသွားအမျိုးစားဖြစ်ပါတယ်
• စျေးနှုန်းသင့်လျော်ပြီး သတ္တုအရောင်ဖြစ်တဲ့အတွက် အံသွားစိုက်ရာမှာ အသုံးပြုကြပါတယ်
2.Porcelain Fused Metal (သတ္တုစပ်ကြွေသွား)
• သတ္တုသွားကိုမှအပေါ်က ကြွေအုပ်ထားတဲ့ကြွေသွားအမျိုးစားဖြစ်ပြီး စျေးနှုန်းအသင့်လျော်ဆုံးနဲ့ အကြမ်းလည်းခံတာမလို့ တွင်တွင်ကျယ်ကျယ် အသုံးပြုကြတဲ့ ကြွေသွားအမျိုးအစားဖြစ်ပါတယ်
• မိမိသွားအရောင်နှင့် ၈၀% လောက်ထပ်တူတည်းကျပြီး ၅ နှစ်မှ ၁၀ နှစ်ဝန်းကျင်ထိ အသုံးပြုလို့ရပါတယိ
3.Zirconia Crown ( ကြွေသီးသန့်အစွပ်)
• သတ္တု မပါဘဲ ကြွေသွားသီးသန့်ဖြစ်တာကြောင့် သဘာဝသွားလို လှပပြီး ဘေးသွားအရောင်နှင့် တူညီပါတယ်
• အလွန်မာကြော ခိုင်ခံ့ပြီး ရေရှည် အသုံးပြုလို့ရသလို သတ္တုမပါလို့ သွားအရောင်နီးပါရရှိလို့ ရှေ့သွားတွေစွပ်တဲ့အခါမှာ အသုံးပြုလို့ရပါတယ်
4.Porcelain Fused Zirconia( ကြွေနှစ်မျိုးစပ် သွား)
•ကြွေသွားသီးသန့်ကိုမှ အပေါ်ကနေထပ်ပြီး ကြွေ layer လေးတင်ပြီးပြုလုပ်ထားတာဖြစ်လို့ ခွဲမရအောင်ထိအစစ်တိုင်းကိုရရှိစေမယ့် ကြွေသွားအမျိုးအစားဖြစ်ပါတယ်
•သွားအစစ်ထက် ပိုမိုမာကြောခိုင်ခံပြီး အကြမ်းလည်းခံပါတယ်
5.Lithium Disilicate(LiSi Crown) ကြွေသီးသန့်သွား
Digital design and manufacture ဖြစ်လို့တိကျြပီးပြုလုပ်ရာမှာလည်းမြန်ဆန်ပါတယ်
မာကျော ကျွတ်ဆတ်တာဖြစ်လို့ အတွဲလိုက်သွားစိုက်တာတွေအတွက်တော့ အဆင်မပြေပါဘူး
ဒီအမျိုးအစားတွေထဲကမှ ကြိုက်နှစ်သက်ရာကို ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး စိတ်တိုင်းကျ တပ်ဆင်နိုင်ပါပြီ
သွားအစွပ် Crown နဲ့သာဆို ပြုံးပြနှုတ်ဆက်ဖို့လည်း မဝံ့မရဲဖြစ်နေစရာမလိုတော့ဘူးနော်
Pyone Aesthetic & Digital Dental Center
☎️Contact Us: 09 - 773 398 523, 09 - 255 401 075
🏡Address: အမှတ် (၅၈)၊ မြို့ပတ် (၂)လမ်း နှင့် အေးရိပ်မွန်လမ်းထောင့်၊ အောင်သုခရပ်၊ မြိတ်မြို့။
&DigitalDentalCenter #သွား #သွားအစွပ်စွပ်ခြင်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Myeik
11071
