Mi Mi Natural Bird's Nest
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mi Mi Natural Bird's Nest, Health/Beauty, အမှတ် ၃၅၅ အောင်ချမ်းသာလမ်း, ရေပုန်းရပ် မြိတ်မြို့, Myeik.
အကောင်းဆုံးသဘာဝငှက်သိုက်စစ်စစ်ကို ဝယ်ယူချင်တယ်ဆိုရင်တော့ Mi Mi Natural Bird's Nest ကိုသတိရလိုက်ပါ
သဘာဝငှက်သိုက်ကုန်ကြမ်းများကို ဂရုတစိုက်သန့်စင်ပြီး ပေါင်းရန်အသင့် ငှက်သိုက်ခြောက်နှင့် Ready-to-Drink ငှက်သိုက်ပေါင်းရည်များ ထုတ်လုပ်ရောင်းချပါတယ်။
12/07/2026
🔸ကျန်းမာရေး ကောင်းမွန်စေနိုင်တဲ့ လျှို့ဝှက်ချက်များ-
၁ ။ သကြားကိုရက်ပေါင်း ၃၀ လောက် လုံးဝရှောင်ကြဉ်လိုက်ရုံနဲ့ သင်ခံစားနေရတဲ့ ဝေဒနာ ၈၀ % ပျောက်ကင်းနိုင်ပါတယ်။
၂ ။ ဗီတာမင် D ကိုနေ့စဉ် ၁၀၀၀ IU သောက်ရုံနဲ့ ဆေးခန်းသွားပြရတဲ့ အကြိမ်ရေ နည်းပါးနိုင်ပါတယ်။
၃ ။ အိုမီဂါ-၃ ဖက်တီးအက်စစ်ကို နေ့စဉ်မှီဝဲရုံနဲ့ ကိုယ်တွင်းမှ ရောင်ရမ်းမှုတွေ သိသိသာသာ လျော့နည်းသွားနိုင်ပါတယ်။
၄ ။ အိပ်စက်ချိန်ကို အပြည့်အဝရအောင် ပြုပြင်ရုံနဲ့ သင့်ကျန်းမာရေး ပြဿနာ ထက်ဝက်လောက်ပျောက်ကင်းသွားနိုင်ပါတယ်။
၅ ။ ပင်ပန်းနွမ်းနယ်နေတာ အများစုက ရေဓာတ်ချို့တဲ့နေတာကြောင့်ပါ။
၆ ။ ပရိုတင်းရရှိမှုနည်းပါးတာကြောင့် ခုခံအားလျော့နည်းတာ၊ ဆံပင်ကျွတ်တာနဲ့ အနာကျက်နှေးတာဖြစ်နိုင်ပါတယ်။
၇ ။ လူအများစု မောပန်းနေကြတာက စိတ်ဖိစီးမှုကြောင့် မဟုတ်ပါဘူး။ သံဓာတ်ချို့တဲ့နေတာကြောင့်ပါ။
၈ ။ ထုံကျဉ်တာ၊ အမေ့ထူတာနဲ့အားနည်းနေတာက ဗီတာမင် B12 ချို့တဲ့နေတာကြောင့်ပါ။
၉ ။ နေရောင်ခြည်နဲ့ နေ့စဉ် ၁၀-၁၅ မိနစ်လောက်ထိတွေ့တာက အားဖြည့်ဆေး အများစုကို အစားထိုးနိုင်ပါတယ်။
#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ။
*လေးစားစွာဖြင့်-
-ဒေါက်တာခင်မိုးမိုး
11/07/2026
အနက်ရောင် အစားအစာများကို စားသုံးသင့်တဲ့ အကြောင်းရင်းများ
—————
၁။ ကောက်ညှင်းငချိတ်
သံဓါတ်၊ အမျှင်နဲ့ အန်သိုစိုင်ရာနင် ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။
အကျိုးကျေးဇူး။
ဓာတ်တိုးပစ္စည်းဆန့်ကျင်နိုင်တဲ့ အထောက်အပံ့၊ နှလုံးကျန်းမာရေး၊ သွေးတွင်းသကြားပမာဏကို ထိန်းချုပ်အား ပိုမိုကောင်းမွန်တာနဲ့ အူကျန်းမာရေး ကောင်းမွန်နိုင်ပါတယ်။
၂ ။ နှမ်းနက်စေ့
ကယ်လ်ဆီယမ်၊ သံဓာတ်နဲ့ ကျန်းမာရေးကောင်းမွန်တဲ့ အဆီတွေ ပါဝင်ပါတယ်။
အကျိုးကျေးဇူး။
အရိုးသန်မာနိုင်ပါတယ်။ ဆံသားနဲ့ အသားအရေကို အထောက်အပံ့ပေးပြီး ဟော်မုန်းညီမျှအောင် ကူညီနိုင်ပါတယ်။
၃ ။ ပဲမည်း
ပရိုတင်း၊ အမျှင်နဲ့ မဂ္ဂနီဆီယမ်ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။
အကျိုးကျေးဇူး။
သွေးတွင်းသကြားပမာဏ တည်ငြိမ်စေနိုင်ပါတယ်။ အစာခြေစနစ်ကို အထောက်အပံ့ပေးပြီး ကိုလက်စတရောကျဆင်းနိုင်ပါတယ်။
၄ ။ အချဉ်ဖောက်ထားတဲ့ ကြက်သွန်ဖြူ ( အမဲရောင်)
အချဉ်ဖောက်ထားတဲ့အတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း မြင့်မားစွာ ပါဝင်ပါတယ်။
အကျိုးကျေးဇူး။
နှလုံးကျန်းမာရေး၊ ခုခံအားနဲ့ သွေးဖိအားပုံမှန်ဖြစ်ဖို့ အထောက်အကူပေးပါတယ်။
၅ ။ ဘလက်ဘယ်ရီ Blackberries
ဗီတာမင် စီနဲ့ အန်သိုဆိုင်ရာနင်းပေါကြွယ်ဝစွာ ပါဝင်ပါတယ်။
အကျိုးကျေးဇူး။
ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ဦးနှောက်ကို အထောက်အပံ့ပေးပြီး အူကျန်းမာရေးကို အထောက်အကူပြုပါတယ်။
၆ ။ ချီယာစေ့ ( အမဲ)
အိုမီဂါ-၃ ဖက်တီးအက်စစ်နဲ့ အမျှင် ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။
အကျိုးကျေးဇူး။
နှလုံးကျန်းမာရေး၊ အစာခြေစနစ်အတွက် အကျိုးရှိပြီး အချိန်အကြာကြီး ဝမ်းဗိုက်ပြည့်တင်းမှု ရရှိနိုင်ပါတယ်။
၇ ။ စပျစ်သီး( အမဲရောင်)
ရီဗာရက်တရော Resveratrol ပါဝင်ပါတယ်။
အကျိုးကျေးဇူး။
နှလုံးကိုကာကွယ်နိုင်ပြီး ရောင်ရမ်းမှုကို တွန်းလှန်နိုင်ကာ အရေပြားအတွက် အထောက်အပံ့ပေးပါတယ်။
၈ ။ လက်ဖက်ရည်( အချို)
ပေါ်လီဖီနော ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။
အကျိုးကျေးဇူး။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းကာကွယ်မှုကို ရရှိနိုင်ပါတယ်။ နှလုံးကို အထောက်အပံ့ပေးပြီး တက်ကြွမှု ပိုမို ရရှိနိုင်ပါတယ်။
၉ ။ အညိုရင့်ရောင်ချော့ကလက်( ၈၀%+ )
ဖလေဖနွိုက်ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။
အကျိုးကျေးဇူး။
စိတ်ခံစားချက်ကောင်းမွန်နိုင်ပါတယ်။ သွေးလှည့်ပတ်မှုကို အထောက်အပံ့ပေးပြီး နှလုံးအတွက် အကျိုးရရှိပါတယ်။
#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး
ရေသန့်တစ်မျိုးတည်းထုတ်လုပ်ဖြန့်ချိပေးနေတဲ့မီမီသဘာဝငှက်သိုက်👇
08/07/2026
ကျွန်တော်တို့ရဲ့ပေါင်းရည်ကိုအမြဲတမ်းမှာယူအားပေးကြလို့ ကျေးဇူးအထူးပါခင်ဗျား🙆
မှာယူလိုပါက
☎️0943053615
07/07/2026
ဆီးချိုရှိသူတွေ ပြုပြင်သင့်သော ရောဂါအတွက် အဆိုးဆုံးအမူအကျင့်များ
————-
၁ ။ အစာနပ်ရှောင်ခြင်း။
နပ်ရှောင်တာကြောင့် သွေးတွင်းသကြားပမာဏ ကျဆင်းသွားနိုင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းအစာနပ်ပြန်စားတဲ့အခါမှာ သွေးတွင်းသကြားပမာဏအလွန်မြင့်တက်သွားနိုင်ပါတယ်။
၂ ။ ကျန်းမာရေးကောင်းမွန်တဲ့ ဖျော်ရည်တွေသောက်ခြင်း။
သစ်သီးဖျော်ရည်၊ စမူတီ smoothies နဲ့ စွမ်းအားဖြည့်ဖျော်ရည်တွေက ဂလူးကိုစ်အမြန် မြင့်တက်နိုင်ပါတယ်။
၃ ။ ဖြူဖွေးဥအောင် ဖွပ်ထားတဲ့ ကာဗိုဟိုက်ဒရိတ်ကို စားသုံးခြင်း။
ထမင်းဖြူ၊ ပေါင်မုန့်၊ ပါစတာ၊ ကိတ်မုန့်စတဲ့ အစားအစာတွေက သကြားကိုအမြန်ဆုံးထုတ်လွင့်ပေးနိုင်ပါတယ်။
၄ ။ ဆေးဝါးတွေကိုသာ အားကိုးခြင်း။
အစားအစာမရှောင် နဲ့ လေ့ကျင့်ခန်းမလုပ်ရင် အင်ဆူလင်ကိုခုခံနိုင်အားက မြင့်တက်နေအုန်းမှာပါ။
၅ ။ အိပ်ရေးမဝခြင်း။
အိပ်ချိန် ၇ နာရီထက် နည်းပါးပြီးအိပ်တာကြောင့် ကော်တီစောမြင့်မားလာပြီး တစ်နေ့တာလုံး သွေးတွင်းသကြားပမာဏ မြင့်တက်နိုင်ပါတယ်။
၆ ။ အစားအစာစားအပြီး လမ်းမလျှောက်ခြင်း။
၅-၁၀ မိနစ်လောက် လမ်းလျှောက်ရင်တောင် သွေးတွင်းသကြားပမာဏအလွန်မမြင့်တက်သွားအောင် ကာကွယ်နိုင်ပါတယ်။
၇ ။ ညဖက် အစာလွန်ကျူးခြင်း။
ညစာကို နောက်ကျပြီးစားရင် သွေးတွင်းသကြားကိုထိန်းချုပ်နိုင်အားကျဆင်းပြီး မနက်ပိုင်း သွေးတွင်းသကြားပမာဏ မြင့်တက်နိုင်ပါတယ်။
၈ ။ ပရိုတင်းနဲ့ အမျှင်တွေကို လျစ်လျူရှုထားခြင်း။
ပရိုတင်းပါဝင်မှုနည်းပါးတဲ့ အစားအစာကြောင့် သွေးတွင်းသကြားပမာဏအမြန်မြင့်တက်နိုင်ပါတယ်။
#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး
ဒီနေ့ကစပြီးအနာဂတ်မှာ👇
05/07/2026
လျစ်လျူမရှုသင့်သော ထူးဆန်းစွာပြသတဲ့ ခန္ဓာကိုယ်လက္ခဏာများ
———————
၁ ။ အရေပြားမှာ အဖုအပိမ့်မပေါက်ပဲ ယားယံနေခြင်း။
သင်ထင်မှတ်နေတာက ။ အရေပြားခြောက်သွေ့နေလို့
ဖြစ်နိုင်တာက ။ သင်ထိမိတဲ့အရာ ဒါမှမဟုတ် စားလိုက်တဲ့အစာနဲ့ ဓာတ်မတည့်မှုဖြစ်တာကြောင့် ဒါမှမဟုတ် သိုင်းရွိုက်/ အသည်းပြဿနာကြောင့်ပါ။
၂ ။ သင့်လျှာက နီရဲ ဒါမှမဟုတ် တောက်ပနေခြင်း။
သင်ထင်မှတ်နေတာက ။ ပူလောင်တဲ့အစားအစာကို စားမိလို့ လျှာအပူလောင်တာလို့
ဖြစ်နိုင်တာက ။ ဗက်တီးရီးယားပိုးကူးစက်ခံရတာ၊ ဗီတာမင် B12 ချို့တဲ့တာ ဒါမှမဟုတ် အစာအိမ်အက်စစ်ဆန်တက်တာကြောင့်ပါ။
၃ ။ အမြဲတမ်းလေပွနေခြင်း။
သင်ထင်မှတ်နေတာက ။ မတည့်တဲ့ အစာတွေကို အမှတ်သညာ မရှိပဲစားမိလို့
ဖြစ်နိုင်တာက ။ ဂလူတင် ဒါမှမဟုတ် လက်တို့စ်ကို ခံနိုင်ရည်မရှိလို့ ဒါမှမဟုတ် အစာခြေလမ်းကြောင်း ပြဿနာကြောင့်ပါ။
၄ ။ တုပ်ကွေး ဒါမှမဟုတ် အအေးမိခြင်း မရှိပဲ အဆက်မပြတ် ချောင်းဆိုးနေခြင်း။
သင်ထင်မှတ်နေတာက ။ လည်ချောင်းယားနေတာ ဒါမှမဟုတ် ဖုန်ရှူမိလို့
ဖြစ်နိုင်တာက ။ အစာအိမ်အက်စစ်ဆန်တက်တာ၊ ဖုန်/ ဆေးလိပ်ငွေ့နဲ့ ဓာတ်မတည့်တာ ဒါမှမဟုတ် အဆုတ်ပြဿနာကြောင့်ပါ။
၅ ။ ရေများများ မသောက်ပဲနဲ့ မကြာခဏဆီးသွားခြင်း။
သင်ထင်မှတ်နေတာက ။ အရည်များများသောက်မိလို့
ဖြစ်နိုင်တာက ။ ဆီးလမ်းကြောင်းပိုးဝင်တာ၊ ဆီးချိုရောဂါ ဒါမှမဟုတ် ဆီးအိမ်ပြဿနာကြောင့်ပါ။
၆ ။ ပူနွေးတဲ့ရာသီမှာတောင် ခြေဖျားအေးနေခြင်း။
သင်ထင်မှတ်နေတာက ။ သွေးလှည့်ပတ်မှုမကောင်းလို့
ဖြစ်နိုင်တာက ။ ရေးလ်နော့ရောဂါ ( Raynaud’s disease ) သွေးတွင်းကိုလက်စတရောပမာဏများနေတာ ဒါမှမဟုတ် နှလုံးပြဿနာကြောင့်ပါ။
၇ ။ ခြေခုံ၊ လက်ခုံ ဖောယောင်နေခြင်း။
သင်ထင်မှတ်နေတာက ။ အချိန်အကြကြီး မတ်တပ်ရပ်နေလို့ / ထိုင်နေလို့
ဖြစ်နိုင်တာက ။ သွေးတိုးရောဂါ၊ ကျောက်ကပ်ပြဿနာ ဒါမှမဟုတ် ပြန်ရည်ကြောစနစ်လှည့်ပတ်မှု မကောင်းတာ( poor lymphatic circulation) ကြောင့်ပါ။
#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး
04/07/2026
ကျွန်တော်တို့ရဲ့ထုတ်ကုန်များကို ကိုယ်တိုင်ဝယ်ယူလိုပါက👇
ပွင့်ထက်ကုန်စုံဆိုင် ၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကင်းစင်တာအနီး၊ ရန်ကုန်မြို့။
ဖုန်း - 0943053615
အမှတ်(၃၅၅)၊ အောင်ချမ်းသာလမ်း၊ ရေပုန်းရပ်၊ မြိတ်မြို့။
ဖုန်း - 09 787 485844
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
အမှတ် ၃၅၅ အောင်ချမ်းသာလမ်း, ရေပုန်းရပ် မြိတ်မြို့
Myeik
14051
