ZRL Palaw Zhulian

ZRL Palaw Zhulian

Share

zhulian

Photos from Zhulian Marketing's post 11/03/2024
Photos from ZRL Palaw Zhulian's post 26/12/2021
26/09/2021

မင်္ဂလာပါခင်ဗျာ

Photos from ZRL Palaw Zhulian's post 30/08/2021

ကါကွယ်ဖို့လိုအပ်ပါသလာကျန်းမာရေးကော်ဖီများမှာယူနိုင်ပါပြီးခင်ဗျာ
သောက်ရတဲအကျိုးကျေးဇူးကCBမှာဆွေးနွေးနိုင်ပါတယ်

Photos from ZRL Palaw Zhulian's post 29/08/2021

မိသားစုအတွက်ကျန်းမာရေးလျှပ်စက်မီးသုံးစရာမလို
ကမ္ဘာ့ပဉ္ဇမမြောက်အကောင်းဆုံးရေသန့်
စက်ဖြစ်ပါတယ်မိသားစုတစ်စုဒီလိုရေသန့်စက်
တစ်လုံးသာတပ်ဆင်ထားမယ်ဆိုရင်မိသားစုထဲမှာ
ဆရာဝန်တစ်ယောက်ဆင်သင့်ရှိနေသလိုမျိုး
ရေသောက်ရတဲအကျိုးကါကွယ်ပီးသာဖြစ်ပါတယ်ခင်ဗျာ
တကယ်လို့များဒီစက်ကထွက်လာတဲသဘာဝရေကောင်ရေသန့်ကိုသောက်သုံးလို့အသက်ဘေးထွက်ဆိုးကျိုးနဲကြုံပါက
US...1000000အာမခံချက်ရှိပါတယ်ခင်ဗျာရေသောက်ရတဲ့ရလာမဲအကျိုးကျေးဇူးကိုတော့သေးစိတ်CB မှာဆက်လက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ

23/08/2021

တခါက ငါးကလေး ငါးကောင်သည် မြစ်ပြင်ကျယ်ထဲတွင် ပျော်ရွှင်စွာ ကူးခတ် နေကြလေသည် ။ ကူးခတ်ရင်း အစာရှာရင်း ၎င်းတို့ နေထိုင် ကျက်စားရာ နေရာနှင့် အလွန်ဝေးကွာသည့် နေရာသို့ ရောက်လာကြ၏ ။ အိမ်ကိုပြန် ကြသည့် အချိန်တွင် မြစ်ခွဲတစ်ခုသို့ စီးဆင်း နေသော ရေစီးတစ်ခုကို ဖြတ်ရဖို့ ဖြစ်လာကြသည်။

သူတို့ထဲမှ အကြီးဆုံး ငါးတစ်ကောင်က အရွယ်အစား အသေဆုံး ငါးလေးအား စိတ်မကောင်းသော မျက်ဝန်းများနှင့် ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည် ။

" အသေးဆုံး ငါးကလေးရေ ။ ငါတောင် ဒီရေစီးကို တိုးပြီး မနည်းဖြတ်ရမှာ မင်းတော့ ဖြတ်ဖို့ မဖြစ်နိုင်ဘူး။ ဒီနေရာမှသာ နေခဲ့ပြီး ကျက်စားပါတော့ "

" ဟုတ်တယ်ငါးလေး မင်းရဲ့ ခန္ဓာကိုယ် သေးသေးလေးနဲ့ ဖြတ်ရင် ရေစီးနဲ့ ပါသွားလိမ့်မယ် ”

" နှုတ်ဆက်ပါတယ် သူငယ်ချင်းရယ် "

" ဘိုင့်ဘိုင် "

" မင်းကြိုးစားလည်း အပိုပဲ သူငယ်ချင်း ။ ဘုရားသခင် ကြားအောင် ဆုတောင်းနေတော့ကွာ ။ တာတာ့ "

ငါး အငယ်ဆုံးလေးထက် အရွယ်အစား ကြီးသော ငါးတွေက တစ်ကောင် တစ်ပေါက် ဝင်ပြောကြပြီး ရေစီးကို အားမာန် အပြည့်နှင့် တိုးဝင် ဖြတ်ကျော် သွားကြ၏ ။ ငါးငယ်လေးက ကြူကြူ ပါအောင် ငိုရင်း ရေစီးနှင့် မလှမ်းမကမ်းတွင် ကူးခတ်နေ မိသည်။ သိပ်မကြာခင်မှာ လိပ်ကြီး တစ်ကောင်က ငါးငယ်လေးနားသို့ ရောက်လာလေသည်။

" ငါးလေး ဘာလို့ ငိုနေတာလဲ ။ ခုနက တွေ့တဲ့ မင်းအဖော် ငါးတွေရော ဘယ်ရောက်သွားလဲ "

" သား အိမ်ကို ပြန်လို့ မရတော့လို့ပါ ။ သူတို့က ပြန်သွားကြပြီ "

လိပ်ကြီးက ငါးငယ်လေးနားသို့ ကူးခတ်လာရင်း ဆက်မေးလိုက်သည်။

" ဘာလို့ မင်းက ပြန်လို့ မရတာလဲ "

" သား ရှေ့က ရေစီးကို ဖြတ်လို့ မရလို့ "

" ဒါဆို သားရဲ့ အဖော်တွေကရော "

" သူတို့က ဒီရေစီးကို ဖြတ်ပြီး ပြန်သွားကြပြီ "

" သားက ဘာလို့ မဖြတ်တာလဲ "

ငါးငယ်လေးက တရှုံ့ရှုံ့ ငိုရင်း..

" သားမှ မဖြတ်နိုင်တာဗျ "

" သားကို မဖြတ်နိုင်ဘူးလို့ ဘယ်သူကပြောလဲ "

" သား သူငယ်ချင်းတွေ ပြောတာ ၊ နောက်ပြီးတော့ သား ခန္ဓာကိုယ်က သေးသေးလေး "

လိပ်ကြီးက သူ့ခေါင်းကို ပြူတစ် ပြူတစ် လုပ်ရင်း..

" သား ဒီရေစီးကို ဖြတ်ဖို့ ကြိုစားကြည့် ပြီးပြီလား "

" ဟင့်အင်း.. သား ရေထဲ မျှောပါသွားရင် ဘယ်လို လုပ်မလဲ "

" ဟ.. မင်းက ငါးပဲလေ ၊ ရေထဲ ပါသွားလည်း ပြန်လည် ကူးခတ်ပေါ့ကွ ။ သေသွားမှာမှ မဟုတ်တာ ။ ကဲ ငိုတာ အခုရပ် ။ ဒီရေစီးကို ဖြတ်ဖို့ ကြိုးစား ။ သား အနေနဲ့ ဖြတ်ကို ဖြတ်နိုင်ရမယ်လို့ ယုံကြည်ထား "

" သား ကြောက်တယ် ဦးလိပ်ကြီး "

ငါးလေးက တုန်တုန်ယီယီနှင့် ရေစီးကို လှမ်းကြည့်၏ ။

" အလုပ် တစ်ခုကို လုပ်ကြည့်ဖို့ မကြိုးစားဘဲ ဒါမှမဟုတ် လုပ်ဖို့ အခွင့်အရေး မပေးဘဲ ဒီကောင် မလုပ်နိုင်ဘူးလို့ ထင်နေတွေးနေရင် ဘာမှ ဖြစ်မလာဘူး ငါးလေး။ မင်းဆီမှာ ခွန်အားတွေ ရှိတယ်။ ရေစီးထဲ တိုးမထွက်နိုင် ရင်တောင် ရေထဲမှာ အလိုက်သင့် ပါသွားအောင် ထိန်းကျောင်းပေးမဲ့ ဉာဏ်ရည်တွေ ရှိနေတာပဲ ။ ကဲ.. အခု ကူးလိုက်တော့ "

ငါးလေးဟာ တစ်စုံတစ်ခုကို တွေးနေပြီး တွေတွေကြီး ရပ်နေသည်။

" ကဲကွာ ငါ ရေစီးအောက်က စောင့်နေပေးမယ်၊ မင်း ရေစီးထဲ လွှင့်ပြီးပါလာရင် ငါကယ်ပေးမယ် ။ ဟုတ်ပြီလား "

" တကယ်နော် ဦးလိပ်ကြီး "

" တကယ်ပေါ့ကွ ။ အသက် ဝဝ ရှူ ငါ ဖြတ်နိုင်ရမယ် လို့ ယုံကြည် 1 2 3.. "

ငါးလေးဟာ အားသွန်ခွန်စိုက် နှင့် ရေစီးထဲသို့ တိုးဝင် လိုက်သည် ။ တိုးဝင်ခါစမှာ ရေစီးကြောင့် တစ်ချက်ယိုင်သွားသော အချိန် လိပ်ကြီးဆီက စကားသံ ကြားလိုက်ရသည်။

" မင်း လုပ်ကို လုပ်နိုင်ရမယ် ငါးလေးရေ ။ ငါ ရေစီးအောက်မှာ စောင့်နေတယ် ။ အားတင်းပြီး ကူးပါ "

ငါးလေးဟာ ယိုင်သွားသော ခန္ဓာကိုယ်ကို ချက်ချင်း ပြန်တည့်ပြီး အားသွန် ခွန်စိုက် ကူးကာ ရေစီးကို ဖြတ်ကျော်နိုင်ခဲ့လေသည်။

" ဗျို့ ဦးလိပ်ကြီး သား ဖြတ်နိုင်ခဲ့ပြီဗျ ။ ကျေးဇူးပဲ ဗျို့ ၊ တစ်နေ့ ကျေးဇူးပြန်ဆပ် ပါရစေ "

လိပ်ကြီးက ဝမ်းသာစွာ ပြုံးရင်း ငါးလေးကို အော်ပြောလိုက်သည်။

" ငါ့ကို ကျေးဇူး ဆပ်ချင်ရင် မင်းရဲ့ ဘဝမှာ အလုပ်တစ်ခုကို လုပ်ဖို့ ကြိုးစား မကြည့်ဘဲ ဒါမှမဟုတ် လုပ်ဖို့ အခွင့် အရေး မပေးဘဲ မလုပ်နိုင်ဘူးလို့ ထင်နေတဲ့ကောင် တစ်သက်လုံး မဖြစ်စေနဲ့ ။ နောက်ပြီး ရေဆန်ကို မဖြတ်နိုင်ရင်တောင် ရေစုန်မှာ အလိုက်သင့်စွာ နေတတ်ပါစေ ငါးလေးရေ "

( လိပ်ကြီးလို လူတွေ ပေါများပါစေ

Photos from ZRL Palaw Zhulian's post 14/08/2021

ကိုးရီးယားဂျင်းဆင်းအသက်တမ်း
၆နှစ်ရှိကျန်းမာရေးထောက်ကူပေး
တဲ့ခန္ဒာကိုယ်အတွက်ဆီဆိတ်တောက်
တွေကိုဖယ်ရှားပေးနိုင်ပြီးတစ်မူထူးခြားပြီးကိုယ်ခံံအားအပြည့်ဝရရှိစေမှာဖြစ်ပါတယ် ကိုးရီးယားဂျင်ဆင်းကော်ဖီဖြစ်ပါတယ်/////
မှာယူနိုင်ပါတယ် ၀၉၂၅၀၃၃၆၆၃၆/ဈေးနုန်း၆၀၆၀၀ကျပ်

Photos from ZRL Palaw Zhulian's post 10/07/2021

"ယုံကြည်ပါ မင်း လုပ်နိုင်တယ်ဆိုတာ"
------------------

နောက်မှာရှိတာက ကျန်ခဲ့ပြီမို့လား
ဒါဆို ရှေ့ကိုပဲ လျှောက်ဖို့ ပြင်

အတိတ်မှာ ငိုခဲ့ဖူးပြီမဟုတ်လား
ဒါဆို ရင့်ကျက်ဖို့ပဲ ကြိုးစားတော့

ဒီနေ့က မလွယ်ကူဘူး
မနက်ဖြန်မှာ ပိုခက်ခဲနိုင်တယ်

အခု ဒုက္ခရောက်နေတယ်
နောက်နေ့လဲ အဆင်ပြေဖို့ မသေချာဘူး

အကောင်းဆုံးတွေကိုပဲ မျော်နေခြင်းက
အဆိုးတွေကို ပိုဆိုးစေနိုင်ပြီးတော့

အဆိုးဆုံးအခြေအနေကို လက်ခံနိုင်ခြင်းဟာ
အကောင်းဆုံးတွေကို ဖန်တီးနိုင်ခြင်းပဲ

နိမ့်ချတယ်ဆိုပြီး အထင်သေးစရာ မလိုဘူး
အဲ့ဒါ ယဉ်ကျေးတယ်လို့ ခေါ်တယ်

ဘဝင်မြင့်နေတယ်ဆိုပြီး ကဲ့ရဲ့စရာ မလိုဘူး
အဲ့ဒါ ယူတတ်ရမယ့် သင်ခန်းစာလေ

ဘဝထဲမှာ
သူက ထွက်သွားတာ ရှိသလို
ကိုယ်က ထွက်လာတာလဲ ရှိမယ်

ကိုယ်မပါလဲ သူဆက်လျှောက်ရမှာဖြစ်သလို
သူမပါလို့ဆိုပြီး ကိုယ်ရပ်နေလို့မှ မရတာ

လူအသစ်တွေ ဘဝထဲ ဝင်လာလိမ့်မယ်
အလုပ် အသစ်တွေ လုပ်ရလိမ့်မယ့်
ပတ်ဝန်းကျင်အသစ်မှာ အခြေချရမယ်
အခက်အခဲမျိုးစုံ ကြုံတွေ့ရနိုင်တယ်

ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ်
စိတ်ဓာတ်မကျဖို့နဲ့ ရင်ဆိုင်နိုင်ဖို့
ကိုယ့်ဘက်က အကောင်းဆုံး ပြင်ဆင်ထားရမယ်

ခဏခဏ တွေ့ဆုံရမယ်
ပြီးရင် ခဏခဏ လမ်းခွဲရမယ်

ဒီစိတ်ကူးတွေ ပျက်သွားရင်
နောက်စိတ်ကူးတွေနဲ့ မျော်လင့်ကြဦးမယ်

အလားတူပဲ
နောက်ထပ်အကြိမ်များစွာ နာကျင်ရဦးမယ်

ဟာသတွေကို နှစ်ခါ ပြန်မရယ်သလို
ရင်နာစရာတွေအတွက် နှစ်ခါပြန်မငိုပါနဲ့

အမှတ်တရတွေကို ပြန်တွေးပြီး
ဒဏ်ရာတွေကို အရောင် မတင်ချင်ပါနဲ့

တစ်ယောက် အလုပ် လုပ်လို့
တစ်အိမ်လုံး ဗိုက်မပြည့်တဲ့အခါ
အချစ်က ဘဝမဟုတ်မှန် သိလာလိမ့်မယ်

အမှားတွေကို အမှန်ထင်
အတုတွေကို အစစ်လို ထင်လာတဲ့အခါ
ဘွဲ့လက်မှက်က ပညာမဟုတ်မှန်သိလိမ့်မယ်

စိတ်ဖီစီးမှု အများဆုံးဖြစ်နေတဲသူတွေဟာ
အောင်မြင်နေသူတွေပဲလို့ သိလာတဲ့အခါ
အောင်မြင်မှု အစစ်ဆိုတာ
ကျန်းမာပျော်ရွှင်မှုပဲလို့ သိလာလိမ့်မယ်

ကောက်ကျစ်မှုတွေကို မင်းမုန်းလာတဲ့နေ့
ရိုးသားမှုနဲ့ လူဖြစ်ခွင့်ရတာဟာ
ဘယ်လောက်အဖိုးတန်မှန် သိလာလိမ့်မယ်

ဘဝက ခရောင်းလမ်း မဟုတ်ဘူး
တစ်ခါတလေ ဆူးခင်လမ်းလဲ လျှောက်ရတယ်
ခလုတ်တိုက်မှာဆိုးလို့ မလျှောက်ဘူးဆိုရင်တော့
မင်းခြေထောက်တွေ သန်မာလာမှာ မဟုတ်ဘူး

အချိန်နာရီတွေနဲ့ မဆိုင်ဘူး
မင်းဘဝ ပြောင်းလဲလာဖို့ဆိုတာ
မင်းကိုယိတိုင် ပြောင်းလဲချင်စိတ်ရှိမှ ဖြစ်တာ

အောက်ခြေမခိုင်ရင် ပြန်ပြုတ်ကျတတ်တာမို့
အရည်အချင်းမရှိဘဲနဲ့ အမြင့်ကိုမတတ်ချင်ပါ

ဘယ်မှ မရောက်ဘူးလို့ မပြောပါနဲ့
နည်းနည်းတော့ လျှောက်ကြည့်လိုတ်ပေါ့
❣️❣️❣️

Photos from ZRL Palaw Zhulian's post 06/07/2021

Smile onလိုသလောက်ရမယ်ခင်ဗျာ

26/06/2021

လောကကြီးရဲ့ လျှို့ဝှက်ချက် တစ်ချို့များ
▬▬▬▬▬▬▬▬▬▬▬▬▬

လူတစ်ယောက်ရဲ့ ဘဝမှာ စိတ်ဓာတ်က
အရေးကြီးဆုံးပဲ။

စိတ်ဓာတ်ကျသွားပြီဆိုတာနဲ့
လောကဓံတရားကို လက်မြှောက် အရှုံး
ပေးလိုက်တာနဲ့ အတူတူပါပဲ။

ဒါကြောင့် သင့်ဘဝ စိတ်ဓာတ်ကျတိုင်းဖတ်ဖို့
အတွက် လောကကြီးရဲ့ လျှို့ဝှက်ချက်
တစ်ချို့ကို ရေးသာ မျှဝေလိုက်ပါတယ်။

လောကကြီးဟာ အလွန်လျှို့ဝှက်တယ်
အဲဒါကို မသိရင် လူ့လောကကြီးမှာ
နေရတာ နေပျော်မှာ မဟုတ်ဘူး ...

စိတ်မချမ်မြေ့ခြင်း၊ စိတ်ညစ် စိတ်ပျက်ခြင်း
များစွာနဲ့ သင့် နေသွားရလိမ့်မယ်။

ရောင်နီဦးကို တွေ့မြင်ချင်ရင်
ညဉ့်နက်နက်က်ို စောင့်ရဲ့ရသလို့

မှောင်းမိုက်ခြင်းရဲ့ တစ်ဖက်မှာ
အလင်းရောင်ဆိုတာ ရှိတယ်။

ခက်ခဲခြင်းဆိုတဲ့ တစ်ဖက်မှာ လွယ်ကူခြင်း
ဆိုတာ ရှိတယ်။

ဘာမှလုပ်လို့ မဖြစ်ပါဘူးဆိုတဲ့ တစ်ဖက်မှာ
ဘာမဆို လုပ်လို့ ဖြစ်တယ်ဆိုတာ ရှိတယ်။

ဒါကြောင့် လူ့လောကကြီးရဲ့ လျှို့ဝှက်ချက်
တစ်ချို့ကို နားလည်သဘောပေါက်ထားပါ။

အကယ်၍ အဲဒါတွေကို သဘောပေါက်မထားရင်
ကိုယ့်ဘဝကို စိတ်ပျက်ပြီး သက်သေသွားတတ်တယ်။

တစ်ချို့လူတွေကျတော့ ရူးသွပ်သွားကြတယ်။
တစ်ချို့လူတွေကျတော့ မရူးတဲ့တိုင် ကြောင်တောင်
တောင် ဖြစ်သွားတတ်ကြပါတယ်။

တစ်ကယ်တော့ ကိုယ့်လျှောက်လှမ်းခဲ့ရတဲ့
ဘဝလမ်းကြောင်းတစ်ခုမှာ ပိတ်ပင်တားဆီမှုတွေ၊
အခက်အခဲတွေ တွေ့နေရပြီးဆိုရင် ...

ဝမ်းနည်းရမှာ မဟုတ်ဘူး ဝမ်းသာပျော်ရွှင်ရမှာပါ။

စိတ်ဓာတ်ကျရမှာ မဟုတ်ဘူး စိတ်ဓာတ်မြှင့်တင်
ပေးရမှာပါ။

ဘာလို့လဲဆိုတော့ ကိုယ့်လျှောက်လှမ်းခဲ့ရတဲ့
ဘဝခရီးလမ်းဟာ ပန်းတိုင်နဲ့ နီးစပ်သွားတာ
သိခွင့်ရလို့ပါပဲ။

ဒါကြောင့် စိတ်ဓာတ်မကျလိုက်ပါနဲ့...
အဲဒီအခက်အခဲနဲ့ ပိတ်ပင်တားဆီမှုတွေကို
ဇွဲ့သတ္တိနဲ့ကျော်လွှားပြီးရင် ကိုယ့်လိုချင်တဲ့
ဦးတည်ချက် ဘဝပန်းတိုင်ကို ဆိုက်ဆိုက်
မြိုက်မြိုက် ရောက်ပြီးလို့ သိခွင့်ရမှာပါ။

ဒီနေရာမှာ တစ်ခုပြောချင်တာကတော့
ကိုယ့်ကြိုးစားလျှောက်လှမ်းခဲ့ရတဲ့ ဘဝလမ်းကို
စိတ်အပျက်ကြီး ပျက်ပြီး စွန့်ခွာသွားရင်တော့
ကိုယ့်လောက် နစ်နာမယ့်သူ မရှိတော့ဘူး။။ ။။

credit #

Want your business to be the top-listed Beauty Salon in Myeik?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Myeik