NANG Skincare & Cosmetics

NANG Skincare & Cosmetics

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NANG Skincare & Cosmetics, Health/Beauty, Myitkyina.

Korea / Chinese/ Japan/ BKK / UK/USA Products များကို ပစ္စည်းမှန် စျေးမှန်ဖြင့် ရောင်းချပေးပါသည်✅
📍 Location – [ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊မြေမြင့်ရပ်ကွက် ( ရင်စိန်ဆေးရုံအကျော် / ထီးလှိုင် ကဖေး ၊ တစ်ဆိုင်ဘေး)]

☎️09- 443 586 518 💬 ( Viber )

11/08/2026

မျက်နှာလေး ကြည်လင်ဝင်းပဖို့အတွက် Skincare step မှာ မပါမဖြစ် Toner လေးကို ရှာနေတယ်ဆိုရင် COSRX AHA/BHA Clarifying Treatment Toner လေးနဲ့ မိတ်ဆက်ပေးပါရစေရှင်။ ✨

ဒီ Toner လေးက -
✅ AHA/BHA ပါဝင်လို့ အသားအရေကို ညင်သာစွာ exfoliate လုပ်ပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။
✅ Low pH ဖော်မြူလာနဲ့မို့ အသားအရေကို မထိခိုက်စေဘဲ စိုပြေလန်းဆန်းစေတယ်။
✅ အသားအရေကို နူးညံ့စေပြီး ရှင်းသန့်ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်စေမှာပါ။ 🌿

နေ့စဉ်သုံးပေးရုံနဲ့ အသားအရေလေး ကြည်လင်လာဖို့အတွက် ဒီ COSRX လေးကို စမ်းသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်ရှင်။ 😍

အသေးစိတ်သိရှိလိုပါက Chat Box မှာ အခုပဲ မေးမြန်းနိုင်ပါတယ်ရှင့်။ 💬

09/08/2026

AI ကလိထားတာလေး 😆

09/08/2026

ရေဓာတ်အပြည့်နဲ့ Glow တဲ့အသားအရေလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဒါလေးက မရှိမဖြစ်ပဲနော်! 💦✨

ဒီနေ့တော့ အရမ်းနာမည်ကြီးပြီး သုံးရတာအရမ်း (fine) တဲ့ Eqqualberry Swimming Pool Toner လေးအကြောင်း ပြောပြပေးချင်ပါတယ်။ နာမည်အတိုင်းပဲ မျက်နှာကို ရေကူးကန်ထဲမှာ စိမ်ထားရသလိုမျိုး ရေဓာတ်ကို အပြည့်အဝဖြည့်ပေးတာနော်။ 🌊💧

သူ့ရဲ့ ထူးခြားချက်လေးတွေကတော့ -
✅ Moisture Exfoliating: အသားအရေကို မခြောက်သွေ့စေဘဲ ဆဲလ်သေတွေကို ညင်သာစွာ ဖယ်ရှားပေးလို့ မျက်နှာလေးကြည်လင်ပြီး ချောမွတ်သွားစေပါတယ်။
✅ Deep Hydration: Sodium Hyaluronate နဲ့ Panthenol ပါဝင်တာကြောင့် ရေဓာတ်ကို အောက်ခြေအထိ စိမ့်ဝင်စေပြီး တစ်နေကုန် စိုစိုအိအိလေး ဖြစ်နေစေပါတယ်။
✅ Nutrient Rich: 5-berry complex နဲ့ Allantoin တို့ပါဝင်လို့ အသားအရေကို ကျန်းမာပြီး ကြံ့ခိုင်စေပါတယ်။

မိတ်ကပ်မလိမ်းခင်ပဲဖြစ်ဖြစ်၊ ညဘက် Skin care လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် သုံးပေးရင် အသားအရေလေးက ပိုပြီး Glow လာမှာ အသေချာပဲ! 🫧🤍

အသားအရေခြောက်သွေ့လို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေအတွက်တော့ တကယ့်ကို အဆင်ပြေစေမယ့် Toner လေးမို့လို့ စမ်းသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်ရှင်။ 😍

အသေးစိတ်သိချင်တာလေးတွေရှိရင်လည်း Messenger ကနေ လာရောက်မေးမြန်းနိုင်ပါတယ်နော်။ 👇💌

08/08/2026

အိုဂျီ Skincare Fan တွေဆိုရင် ဒီဝက်ကလေး Serum ကို မြင်တာနဲ့ တန်းသိကြမှာပါ။ အရင်တုန်းကလည်း ရောင်းမလောက်အောင် Hot ခဲ့သလို အခုထိလည်း ရေဓာတ်ဖြည့်ပေးနိုင်မှုမှာ ဆရာကြီးပါပဲ။ Hyaluronic Acid 97% ပါဝင်လို့ မျက်နှာ ရေဓာတ် ခမ်းခြောက်တာ၊ အဆီ နဲ့ ရေဓာတ် မမျှတတာတွေကို ချက်ချင်း အဆင်ပြေစေတာပါ။ လိမ်းလိုက်ရင်လည်း ပေါ့ပေါ့ပါးပါးနဲ့ စိမ့်ဝင်တာ မြန်လွန်းလို့ Oily Skin သမားတွေပါ အကြိုက်တွေ့စေမှာနော်။ အခုပဲ ဝယ်ယူရရှိနိုင်ပါပြီရှင်!🌸🫶 🐷
#မြစ်ကြီးနားမြို့

07/08/2026

အရမ်းသုံးလို့ ကောင်းတာလေး💕

📌 သုံးတတ်ရင် အရမ်းကောင်းတဲ့ L’Oréal Glycolic Set အကြောင်းပါ။

ကိုယ်က နားလည်တော့ အဆင်ပြေပေမယ့် တစ်ခြား သူကို သုံးဖို့ ပြန် recommend လုပ်တဲ့ခါ တော်တော် စဉ်းစားရတယ်။

📅 Around 2024 လောက်က မင်တေဇက အဆီပြန် အသားရေ ကြမ်းတမ်း ထူ ပြီး ညစ်တယ်။ ။ သူ့ set ထဲက sunscreen / toner မပါပဲ ကျန်တာ သုံးလိုက်တာ တကယ်ကို ဝင်းစိုချောညက်လာပြီး အမာရွတ်တွေ မှိန် , Glow တာ တော်တော် သိသာတယ်။ အနံ့လေးလဲ အရမ်းကောင်းတယ်။

နောက်ပိုင်း Skincare မျိုးစုံပြောင်းသုံးတာ , Retinol ကိုလည်း ပုံမှန်သုံးဖြစ်တာတွေရှိလာတယ်။ ခုတစ်ခေါက် တစ် set လုံး ပြန် try တော့ Cleanser ကအဆင်ပြေပေမယ့် Leave-on Product တွေလိမ်းတဲ့ခါ အသားပေါ် နာရီပေါင်းများစွာ ကျန်နေတဲ့အတွက်စပ်ပြီး ရဲလာရော်။

➡️ ဒါက Product တွေ ပြောင်းသွားတာထက် ကိုယ့်
အသားအရေရဲ့ resilience ပြောင်းသွားတာ ဖြစ်နိုင်ခြေပိုများတယ်။

ဒီ Set က Serum , Day Cream , Night Cream , Sunscreen တွေမှာ Glycolic , Niacinamide , Alcohol , Fragrance စတာတွေ ထပ်နေတယ်။ တစ်မျိုးချင်းသုံးရင် ခံနိုင်ပေမယ့် တစ် set လုံးအဆင့်ဆင့်ထပ်သုံးလိုက်တဲ့အခါ Cumulative Irritation မျိုးဖြစ်သွားတတ်တယ်။

မင်တေဇ အမေကျတော့ အသားအရေပါးပုံရတယ်။ တစ် set လုံးသုံးတာ ဘာမှမခံစားရပါဘူး , ဆိုတော့ မျက်စိနဲ့မြင်ရတဲ့ အသားထူ , အသားပါးဆိုတာနဲ့ Active ခံနိုင်ရည်ကို ဆုံးဖြတ်လို့မရပါဘူးပေါ့။ Skin tolerance က တစ်ယောက်နဲ့တစ်ယောက် လုံးဝမတူပါဘူး။

➡️ခုမှ တစ်set စသုံးမယ့်သူတွေအတွက်

✅ အသားညစ်, အဆီပြန် , မွဲခြောက် , ကြမ်း
✅ skin က active ခံနိုင်သူ
✅ PIH အမည်းစက်/အမာရွတ် ( 🚫 အနီစက် PIE )
✅ Normal / Combination / Oily Skin သင့်တော် ကြောင်း။

➡️ တစ် set လုံးဝယ်သုံးမှ အာနိသင်ကောင်း ရမှာမဟုတ်ဖူး။

▫️ Exfoliation ကို ပုံမှန် မလုပ်ဖြစ်လို့ cleanser ကို Daily >> ညဘက် only ( သို့ ) တစ်ပတ် ၃ခါလောက်ဖြစ်ဖြစ်

▫️ 8% [Melasyl + Glycolic + Niacinamide] ဆိုတဲ့ treatment level serum အထုတ်ကို ကိုယ့် routine မှာ ထည့်သုံးတာ ဖြစ်ဖြစ်

▫️Hydrating toner + day cream /night cream တွဲသုံးတာ ဆိုလဲ အဆင်ပြေပါတယ်။

‼️ L’Oréal Glycolic နဲ့ အတူ တွဲမသုံးသင့်တဲ့ active တွေက Retinoid + AHA / BHA + Benzyol Peroxide + facial exfoliation လုပ်ထားတဲ့နေ့ တွေပါ။

ဒီ Content က L’Oréal ကို Bad Review ရေးချင်လို့ မဟုတ်ပါ။ ဒီ Set ရဲ့ Glow / Brightening Result က အရမ်းကောင်းတယ်။ ဒါပေမယ့် Full Set သုံးမှ Result ရမယ်ဆိုတာထက် Serum / သက်ဆိုင်ရာ step ကို ကိုယ့်ရဲ့ Gentle Routine ထဲ ထည့်သုံးတာက barrier တွက် ပို safe ဖြစ်ကြောင်းပါ။

🫶🏻 တစ်ခုခုသိချင်တာရှိရင် Cmt မှာ စာချန်ခဲ့နော်။ ကောင်းသောညပါဗျာ။

06/08/2026

My Daily problem; 😫

Photos from NANG Skincare & Cosmetics's post 06/08/2026

Green Tea Cleanser ဗူးဝိုင်းပုံစံလေးကိုမှ LHA ထပ်ပေါင်းထားပြီး tube type နဲ့အသစ်ထွက်လာတဲ့ Arencia Cleanser လေး Instock ရောက်ထားပါပြီရှင့်

Global beauty မှာ အရမ်း Trend ဖြစ်နေတဲ့ Arencia mochi cleanser

မင်မင် Green သုံးနေတာ တော်တော်လေးကြိုက်တယ်

ပုံမှန် cleanser လေးတွေလိုမျိုး မဟုတ်ဘူး
သူ့ရဲ့ထူးခြားချက်က တစ်ဗူးတည်းမှာ cleanser + facial scrub + makeup remover စတဲ့effect (3) မျိုးလုံးကို ပါတယ်
scrub ပါပေမယ့် texture က လုံး၀(လုံး၀)မကြမ်းတာမို့ daily use အိုကေပါတယ်

double cleansing အာနိသင် ဖြစ်ပီး
တဆင့်ထဲ အကုန်သန့်စေတယ် ✅
deep cleansing မျက်နှာသစ်တွေလို မျက်နှာကြီး တင်းပီး ခြောက်ပီး မကျန်ခဲ့ပဲ .. စိုစို အိအိ သန့်သန့်လေး ဖြစ်စေတယ်

🔰 All Skin Types အသုံးပြုလို့ရပြီး ချွေးပေါက်ကျယ်တာနဲ့ ဝက်ခြံ၊ ဆားဝက်ခြံလေးတွေကို အချိန်တိုအတွင်း သက်သာစေပါတယ်ရှင့်

03/08/2026

in stock 🫶

😈 အဆီပြန်/တင်းတိတ်အတွက် Serumကောင်းကောင်းရှာနေရင် လက်မလွှတ်သင့်တဲ့ Purito TXA Serum ❤

မင်အကြိုက်ကတော့သူရဲ့အရောင်ပဲ🤭 အရောင်လေးလှလို့ သုံးချင်တာမျိုးတို့ဘာတို့😝

😶 Korea skincare တွေကအရမ်းအရှေ့ပြေးတာနော်
Ingredients 3မျိူးကိုပေါင်းပြီး ထုတ်ချပစ်တာဟေ့😐
လိုက်လို့ကိုမမှီတော့ဘူး

‼ တင်းတိတ်သမားတွေကိုအရမ်းနဲ့မှအရမ်း သုံးကြည့်ပါလို့ပဲပြောချင်တော့တယ်

TXA 4% + Niacinamide 10% + Retinol ပါလို့
တင်းတိတ် များတဲ့သူ➡ အမဲစက်နေလောင်ကွက်ရှိတဲ့သူ ➡Skin tone လင်းထွက်ချင်သူတွေသုံးကြည့်စေချင်တယ်

Txa ရဲ့လုပ်ဆောင်ချက်က ရှိနေတဲ့တင်းတိတ်တွေကိုပါးလာစေပြီး တင်းတိတ် ရအမဲစက်ဖြစ်စေတဲ့ melanie ထုတ်လွှတ်မှုကို လျှော့ချပေးတယ်

Retinal က smile line တွေသက်သာပြီး
အသားအရေတင်းရင်းလာစေတယ်

Niacinamide ပါလို့ skin Barrier အားကောင်းစေတယ်💗

Textureက အသားထဲစိမ့်ဝင်လွယ်ပြိီး
Combination skin/ Oily skin တွေအတွက်အရမ်းကောင်းပဲ
2layersမို့သုံးခါနီးshakeလုပ်ပေးနော်

1 ဘူးမကုန်ခင်မှာတင် Result စသိသာပြီ
သူ့ကိုညပိုင်းသုံးပြီးရင်မနက်ဆို Sunscreen မလူးမနေရပါရှင့်😍

31/07/2026

ပုံစံတူတွေကော အတုတွေကော တအားပေါ / ဝယ်ရင် သေချာလေး ရွေးဝယ်ကြနော် အချစ်ကလေးတို့ 🫶

အခု korea vaseline ဆိုပြီးပုံစံဆင်တူ lotion ဗူးကြီးကြီးတွေ ၊ hand cream ၊ foot cream ၊ lipbalm ၊ ရေချိုးဆပ်ပြာတွေဝင်သမျှတွေက vaseline ဟန်ဆောင်ထားတဲ့ look-alike တွေနော်။ korea vaseline ဆိုပြီးသက်သက်မရှိပါဘူး။

vaseline brand စစ်စစ်က hourglass, dermatologica, dove, lux, pond's, clear, rexona, sunsilk, closeup, singal, etc... တို့လို Unilever group ကပဲပိုင်တာမလို့ brand အစစ်ဆိုကျောဘက်မှာ unilever နဲ့ဆိုင်တဲ့ distribution information အမြဲပါပါတယ် (ဒီနေရာမှာအကုန်တူလဲအတုဖြစ်တာကလဲသက်သက်ရှိပါသေးတယ်)

အခုပုံထဲကညာဘက်ကဆို vaseline ရဲ့ gluta-hya series နဲ့တူအောင် ၊ vaseline ကထုတ်ထားတယ်လို့အမြင်မှားအောင် look-alike ဖြစ်အောင်တမင်လုပ်ထားတဲ့ korea ကလာတဲ့ lamignon ဆိုတဲ့ brand ပါ။ dan" သိသလောက်သူ့အပြင်နောက်ထပ်နှစ်မျိုးမက look-alike ဖြစ်အောင်တုထုတ်ထားတာတွေအများကြီးရှိသေးလို့ vaseline ဝယ်ရင်သေချာစစ်ပြီးမှဝယ်ကြပါ။

31/07/2026

ilso Toner Pad ကို မျက်နှာပေါ် ကပ်လိုက်တာနဲ့ အေးကနဲ… 🌿✨
ဝက်ခြံ၊ အဆီဖုနဲ့ အသားအရေ နီမြန်းတာတွေအတွက် တကယ်ကို Soothing ဖြစ်လွန်းတဲ့ ilso Heartleaf Calming Pad လေး 💚
✨ ဘာလို့ ရွေးသင့်လဲ?
Instant Soothing: နီမြန်း ပူစပ်တာတွေကို ချက်ချင်း အေးမြ သက်သာစေတယ်။
Deep Hydration: ရေဓာတ် အပြည့်ပေးလို့ သုံးပြီးရင် စိုအိ အာမခံပဲ။
Brightening: Niacinamide ပါလို့ ကြည်လင်ပြီး မွဲခြောက်တာ သက်သာစေတယ်။
Mask Pack: ပါးပေါ် ၅ မိနစ်လောက် ကပ်ထားရုံနဲ့တင် Sheet Mask သုံးထားသလိုပဲ။
Sensitive Skin တွေလည်း စိတ်ချလက်ချ သုံးလို့ရတဲ့ Soothing Master လေးမလို့ ဆောင်ထားသင့်ဆုံးနော် 💯
🛒 NANG Skincare & Cosmetics မှာ အသင့်ရှိလို့ Inbox ကနေ လှမ်းမှာယူလိုက်တော့နော် ✨

Want your business to be the top-listed Beauty Salon in Myitkyina?
Click here to claim your Sponsored Listing.

Category

Website

Address


Myitkyina

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00