Ivory Palace Pet Clinic
Veterinary clinic for pet animals in Pyinmana, Myanmar
05/02/2026
Zoi Cat 20 kg ရပါပြီ။ 🐱🐱🐱
820 gm- 9000 mmk
10 kg- 95000 mmk
20 kg (Retail)- 185000 mmk
20 kg (WS. >5 bags)- 17**** mmk
20/12/2024
ကြောင်များတွင် ဝဲပိုးကျခြင်း
Mite infestation (Mange, Acariasis, Scabies) of cats
ကြောင်လေးတွေမှာ ဝဲပိုးကျတာကို မြန်မြန် ကုသမှု မခံယူရင် တဖြည်းဖြည်း အရေပြားပြဿနာတွေ ပိုမို ပြင်းထန်လာပြီး ကုသစရိတ်တွေများလာတတ်တဲ့အပြင် တချို့ ဝဲပိုးတွေက လူကိုပါ ဒုက္ခပေးနိုင်တာကြောင့် မဖြစ်မနေ ကုသမှု ခံယူသင့်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တို့ရဲ့ အရေပြားပြဿနာတွေ ဖြေရှင်းရတာဟာ လွယ်မယောင်နဲ့ ခက်ခဲတတ်ပြီး အုပ်စုလိုက် ကုသမှုတွေမှာ ကုန်ကျစရိတ် ကန့်သတ်ချက်တွေကိုပါ ဖြေရှင်း ကျော် လွှားပေးရလေ့ ရှိပါတယ်။
ဒီနှစ်မှာတော့ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ဝုနဲ့ မြောင်တို့မှာ မွှား၊ သန်း၊ လှေးနဲ့ ဝဲပိုး ကူးစက်ခံရတာတွေကို အရင်နှစ်တွေကထက် ပိုပြီး တွေ့လာရပါတယ်။ ကြောင်ကို ဝဲရောဂါဖြစ်စေတတ်သည့် Mites အမျိုးမျိုးရှိတာကို တွေ့ရမှာပါ။
Feline Scabies (Notoedric Mange)
ဖြစ်ပွားနှုန်း နည်းသော်လည်း ကျန်းမာသည့်ကြောင်များ၌ ပင်လျှင် ကူးစက်နှုန်း မြင့်မားလေ့ရှိသည်။ ယင်း၏ life cycle. သည် Sarcoptic mange နှင့်ဆင်တူသည်။ ကြောင်တို့တွင် ထိတွေ့မှုမှ အလွယ်တကူ ကူးစက်တတ် သည်။ ကူးစက်ခံရပါက အရေပြား အလွန်အမင်း ယားယံခြင်းကို ဖြစ်စေသည်။ အမွေးများကျွတ်ခြင်း၊ အရေပြား အက်ကွဲခြင်းလက္ခဏာများကို နားရွက်၊ လည်ပင်းနှင်း ဦးခေါင်းတို့တွင် ဦးစွာ တွေ့ရပြီးနောက် ခန္ဓာကိုယ်တခုလုံး တွင် ပျံနှံ့ ဖြစ်ပွားတတ်သည်။
ရောဂါရှာဖွေစစ်ဆေးခြင်း- Microscopic inspection ပြုလုပ်နိုင်သည်။
ကုသခြင်း- အရေပြားအစက်ချဆေး အသုံးပြုခြင်း၊ ဆေးထိုးကုသခြင်း၊ လိုင်းမ်ဆာလ်ဖာဆေးရည်စိမ်ခြင်း တို့ဖြင့် ကုသနိုင်ပြီး လိုအပ်ပါက ကုသနည်းအားလုံး ပေါင်းစပ် အသုံး ပြုရလေ့ရှိသည်။
Ear Mite (Otodectic Mange)
Otodectes cynotis mite ကြောင့် ဖြစ်ပွားပြီး အပြင်နားအတွင်း ကပ်တွယ်လေ့ရှိပြီး နားလမ်းကြောင်းကို ရောင်ရမ်းစေသည်။ ကြောင်များတွင် အထူးသဖြင့် တွယ်ကပ် ဖြစ်ပွားလေ့ရှိသည်။ နားလမ်းကြောင်းအတွင်းပိုင်းအထိ စွဲကပ်ခြင်းကို တွေ့ရလေ့ရှိပြီး တခါတရံ ခန္ဓာကိုယ်ပိုင်းတွင်လည်း ဖြစ်ပွားတွေ့ရှိရသည်။
ကူးစက်ခံရသည့်ကြောင်သည် ခေါင်းခါရမ်းနေခြင်း၊ နား(များ)ကို ကုတ်ခြစ်နေခြင်း၊ နားရွက် တွဲလောင်းကျ (ကုပ်) နေခြင်းတို့ တွေ့ရမည်။ ယားယံမှု အခြေအနေသည် ကူးစက်ခံရသည့် အခြေအနေအရ ပြင်းထန်သည်အထိ ဖြစ်ပေါ်တတ်သည်။ ပြင်းထန်သည့်အဆင့်တွင် နားရွက် ရောင် ရမ်းခြင်း၊ ပြည်တည်ခြင်း၊ အသားများ စုတ်ပြတ်နေခြင်းတို့ တွေ့ရသည်။
ကုသခြင်း- နားအတွင်း ကုသခြင်းနှင့် ခန္ဓာကိုယ်အတွက်ကုသခြင်းတို့ ပြုလုပ်ရမည်။ ကူးစက်ခံကြောင်နှင့် ထိတွေ့မှုရှိသည့်ကြောင်များကိုလည်း တပြိုင်တည်း ကုသ ရပါမည်။
Walking dandruff (Cheyletiellosis)
ကြောင်တွင် အများအားဖြင့် Cheyletiella blakei mite ကြောင့် ဖြစ်ပွားလေ့ရှိသည်။ ကြောင်၏ အရေ ပြားပေါ်၌ ရွေ့လျားနေသည့် ဗောက်အဖတ်များအသွင်ရှိ mite များကို အစွဲပြု အမည်ပေးထါးခြင်း ဖြစ်သည်။
ကူးစက်နှုန်း မြင့်မားသည်။ ကြောင်ဂေဟါများ၊ တိရစ္ဆာန်အရောင်းဆိုင်များ၊ တိပေါင်းစုံ စုပေါင်းထားရာနေရာများတွင် အများဆုံး ကျရောက်ဖြစ်ပွားလေ့ရှိသည်။
ဤကပ်ပါး mite တွင် ခြေထောက် ၄ စုံနှင့် ရှည်လျားသောနှာတံ ပါရှိသည်။ ယင်းတို့၏ life cycle တခုလုံး (၃ ပတ်) လက်ခံကောင်၏ အရေပြားပေါ်တွင်သာ နေထိုင်ကျက်စားလေ့ရှိသော်လည်း ကပ်ပါးအမသည် လက်ခံကောင်မရှိပဲ ၁၀ ရက်အထိ ရှင်သန်နိုင်သည်။ Fleas ပေါများရာဒေသများ၌ ပိုးသတ်ဆေးဝါးများ အသုံးပြုလေ့ရှိကြသောကြောင့် Mite များကိုပါ ရှင်းလင်းပြီး ဖြစ်လေ့ရှိသဖြင့် ဤ mite များကို ရံဖန်ံရံ ခါသာ တွေ့ရသည်။
ကျောပြင်တလျှောက် ဗောက်များတွေ့ရခြင်းသည် ဤပိုး ကူးစက်ကျရောက်ခြင်း၏ ထင်ရှားသော လက္ခဏာ ဖြစ်သည်။ တခါတရံ အပြင်းအထန် ယားယံခြင်း ဖြစ်စေတတ်သော် လည်း အများစုမှာ ယားယံခြင်းမရှိချေ။ အရေပြားအက်ကွဲခြင်းနှင့် အဖုအပိန့်လေးများ (Millary dermatitis)ကို တွေ့ရတတ်သည်။ အချို့ကြောင်များသည် ရောဂါလက္ခဏာ တစုံတရာ ပြသခြင်းမရှိပဲ သယ်ဆောင်ကောင်အဖြစ် လူနှင့်အခြားတိရစ္ဆာန်တို့သို့ ကူးစက်စေနိုင်သည်။
ကပ်ပါးရောဂါ စမ်းသပ်စစ်ဆေးခြင်း- အရေပြားခြစ်ယူစစ်ဆေးခြင်း၊ Flea combing နည်းလမ်းဖြင့် စစ်ဆေးခြင်း၊ Tape test တို့ဖြင့် ကပ်ပါးကောင်နှင့် ဥတို့ကို စစ်ဆေးခြင်း ပြုလုပ်နိုင်သည်။
ကုသခြင်း- ဆေးရည်စိမ် ကုသခြင်းဖြင့် ကုသရမည်။
ဂုတ်အစက်ချဆေးဖြင့် ကုသခြင်း၊ ပိုးသတ်ဆေးရည် ဖြန်းခြင်း၊ ထိုးဆေး စားဆေးတို့ဖြင့်လသနိုင်သည်။ ပိုးသတ်ဆေးဝါးအများစုသည် ကြောင်များကို အဆိပ်သင့်စေနိုင်သောကြောင့် ကြောင်များကို ဆေးဝါးများဖြင့် အသုံးပြု ကုသခြင်းအတွက် တိရစ္ဆာန်ဆေးကုဆရာဝန်၏ လမ်းညွှန်ချက်ကို အမြဲ ရယူရန် လိုအပ်ပါသည်။
ဤ mite ကျရောက်ခြင်း ကင်းရှင်းရန်အတွက် ကုသချိန် ၂ လခန့်အထိ ကြာမြင့်တတ်သည်။ အရေပြားပေါ်တွင် ကပ်ပါးပိုးကို စစ်ဆေးတွေ့ရှိရခြင်းမရှိတော့သော် လည်း လိုအပ်ပါက ကုသမှု ဆက်လက်ခံယူရမည်။ ကြောင်ဂေဟါကဲ့သို့ ကောင်ရေများစွာ မွေးမြူထားရှိပါက ကပ်ပါးပိုးကို အမြစ်ဖြတ် ကုသရန် ခက်ခဲလေ့ရှိသည်။ ကူးစက်ခံကြောင်နှင့် ထိတွေ့မှုရှိသည့်ကြောင်များ ကိုလည်း ကုသရန်လိုအပ်သည့်အပြင် အိပ်ရာနေရာ အခင်း စသည်ပတ်ဝန်းကျင်ကိုလည်း ပိုးသတ်သန့်စင်ခြင်းကို တပြိုင်တည်း ဆောင်ရွက်ရန် လိုအပ်ပါသည်။
Feline demodicosis
Demodex mite ကြောင့် ဖြစ်ပွားသည့် အရေပြားပြဿနာ ဖြစ်သည်။ ကြောင်တွင်ကျရောက်တတ်သည့် demodex mites ၂ မျိုးရှိသည့်အနက် demodex cati သည် ကြောင်များတွင် သာမန်အခြေအနေ၌ပင် တွယ်ညိနေတတ်လေ့ ရှိသည်ကိုတွေ့ရသည်။ ယင်းထက်ပိုမိုသေးငယ်လုံးဝန်းသော Demodex gatai ကို ကြောင်ငယ်များတွင် တွေရတတ်ပြီး ကူးစက်မှု မြင့်မားသည့် mite အမျိုးအစား ဖြစ်ပါသည်။
ဤ miteအမျိုးအစားများသည် သာမန်အချိန်တွင် လက်ခံကောင်ကို ရောဂါဖြစ်ပွားစေခြင်း မရှိသော်လည်း လက်ခံကောင်တွင် ရောဂါတစုံတရာ ကျရောက်ချိန်၌ Demodicosis ခေါ် အရေပြားရောဂါကို ဖြစ်ပွားစေသည်။
ရောဂါလက္ခဏာ အစပျိုးသည့်နေရာများမှာ လည်ပင်းနှင့် ဦးခေါင်းနေရာတို့ဖြစ်ပြီး တနေရာတည်းသော် လည်းကောင်း၊ နေရာများစွာလည်းကောင်း ဖြစ်ပွားလေ့ရှိသည်။ ဖြစ်ပွားရာနေရာတွင် အမွေးကျွတ်ခြင်း၊ ကိုယ်ခန္ဓာ အခြားနေရာများသို့ ပြန့်ပွားခြင်းတို့ ဖြစ်စေသည်။ ဤသို့ နေရာအနှံဖြစ်ပေါ် သည်အထိ ပြင်းထန်သည့်အဆင့်တွင် အမွေးကျွတ်ခြင်းအပြင် အရေပြား မာခေါက်ခေါက်ဖြစ်ခြင်း၊ ပြည်တည်နာ
ဖြစ်ခြင်းတို့ကိုလည်း တွေ့ရသည်။ တကိုယ်လုံး ပြန့်ပွား ဖြစ်ပေါ်မှုသည် DM, FLV, FIV, Cancer ကဲ့သို့သောရောဂါများနှင့် ယှဉ်တွဲ ဖြစ်ပေါ်လေ့ရှိသည်။ အချို့ Demodicosis တို့တွင် Ear wax များ အလွန်အမင်း ထွက်လေ့ရှိသည်ကို တွေ့ရသည်။ Demodex gatai ကြောင့်ဖြစ်ပွားပါက Demodex cati ကြောင့် ဖြစ်ပွားခြင်းထက် ကြောင်ကို ပိုမို ယားယံစေသည်။
ကပ်ပါးရောဂါ စမ်းသပ်စစ်ဆေးခြင်း- အရေပြားအပေါ်လွှာနှင့် အောက်လွှာ ခြစ်ယူစစ်ဆေးခြင်းနည်းဖြင့် စစ်ဆေးနိုင်သော်လည်း ပိုးကို ရှာဖွေတွေ့ရှိရန် ခက်ခဲလေ့ရှိသဖြင့် ကုသမှုအပေါ်တုန့်ပြန်နိုင်မှုဖြင့် တိုင်းတာ အတည်ပြုနိုင်သည်။ Demodicosis ဖြစ်ပွားလျှင် Ring worm ရောဂါလည်း ထပ်မံကျရောက်တတ်သည့်အပြင် ပိုးနှစ်မျိုးလုံး၏ ရောဂါလက္ခဏာပြပုံစံများ ဆင်တူနေတတ်သဖြင့် ကူးစက်ခံရသည့် ကြောင်ကို Ring worm ပိုး ကူးစက်မှု ရှိ / မရှိ စစ်ဆေးရန် လိုအပ်သည်။ (DM ကဲ့သို့ အခြားရောဂါများကိုလည်း လိုအပ်သလို စစ်ဆေးရမည်)
ကုသခြင်း- တပတ်လျှင် တကြိမ်နှုန်းဖြင့် Lime sulfa ဆေးရည်စိမ်ကုသခြင်းကို ၄-၅ ကြိမ်ဆက်တိုက် လုပ်ဆောင်ခြင်းနည်းလမ်းသည် ဘေးအကင်းဆုံးနှင့် အကောင်းမွန်ဆုံး ဖြစ်သည်။ ကုသပျောက်ကင်းမှုသည် အခြားရောဂါ အခံ ရှိ/မရှိ နှင့် တကောင်ချင်းစီ၏ ကိုယ်ခံစွမ်းအားပေါ် မူတည်လေ့ရှိပြီး အချို့တွင် ကုသမှုမပြုပဲ ပျောက်ကင်း ခြင်းလည်း ရှိတတ်သည်။
Trombiculosis
ကပ်ပါးပိုး သားလောင်းကောင်ကြောင့် ကြောင်များတွင် ဖြစ်ပွားသည့် ရောဂါတခုဖြစ်သည်။ သမပိုင်းဒေသများ၌ ပူနွေးသောရာသီများတွင် အဖြစ်များလေ့ရှိပြီး ပူနွေးသောနေရာများတွင် တနှစ်လုံး ကူးစက်ကျရောက်လေ့ရှိသည်ကို တွေ့ရသည်။ သေးငယ်သော ပိုးလောင်းများသည် လက်ခံကောင်၏အရေပြားတွင် ရက်အနည်း ငယ် နေထိုင် သွေးစုပ် စားသောက်ပြီးနောက် မြင်သာပြီး လှုပ်ရှားမှုမရှိသည့် နီဝါရောင် ဘဲဥသဏ္ဍာန် အစက် အပြောက်များအဖြစ် ဖြစ်ပေါ် လာသည်။ ယင်းတို့ကို နာရွက်၊ ဦးခေါင်း၊ ခြေချောင်းများနှင့် ဝမ်းဗိုက်ပိုင်းတို့တွင် အစုလိုက် တွေ့ရတတ်သည်။ သိသာထင်ရှားသည့် လက္ခဏာများအဖြစ် အရေပြား နီရဲနေခြင်း၊ အဖုထခြင်း၊ အမွေးကျွတ်ခြင်းနှင့် အရေပြားကွဲအက်ခြင်းတို့ တွေ့ရသည်။ အရေပြား ပြင်းထန်စွာ ယားယံစေပြီး တခါတရံ ကပ်ပါးပိုး အရေပြားတွင် တွယ်ကပ်ခြင်း မရှိတော့ချိန်အထိ အရေပြားယားယံခြင်းကို ဆက်လက် ခံစားရသည်ကို တွေ့ရ တတ်သည်။
ရောဂါရှာဖွေစစ်ဆေးခြင်း - Microscopic examination of skin scraping ပြုလုပ်နိုင်သည်။
History, signs and symptoms ဖြင့်လည်း စစ်ဆေးနိုင်သည်။ အခြား အရေပြားဓာတ်မတည့်ခြင်းများနှင့် ခွဲခြား စစ်ဆေးရန် လိုအပ်သည်။
ကုသခြင်း- ဤ ပိုးလောင်းကို ကုသခြင်းနည်းသည် အခြား Mites များကို ကိုသခြင်းနည်းများနှင့် ကွဲပြားခြားနားသည်။ ယားယံခြင်းအတွက်လည်း ကုသရန်လိုအပ်ပြီး ပိုးကိုက်နာများ အရေပြားကုတ်ခြစ် ဒါဏ်ရာများမှတဆင့် အခြားဘက်တီးရီးယားပိုးများ ဝင်ရောက်လာစေခြင်း မရှိစေရန် လိုအပ်သော ကုသမှုများ ခံယူရပါမည်။
ကာကွယ်ခြင်း- ရောဂါပြန်လည်ကျရောက်မှု မရှိစေရန်ကာကွယ်ရာတွင် ခက်ခဲသည်။ Mite ကူးစက်ခြင်းရှိသည့် ဒေသကို ရှောင်ရှားရန်နှင့် မိမိ၏ကြောင်ကို ယင်းဒေသရှိကြောင်များနှင့် ထိတွေ့ခြင်းမရှိစေရန်ထားခြင်းဖြင့်သာ ကာကွယ်နိုင်ပါသည်။
Fur mite (Lynxacariasis)
ကြောင်များတွင် ဖြစ်လေ့ဖြစ်ထရှိတတ်သော်လည်း ဒေသအချို့ (သြစတေးလျ၊ ဘရာဇီးလ်၊ ဟာဝိုင်ရီ၊ ဖလော်ရီဒါ၊ မြောက်ကာရိုလိုင်းနားနှင့် တက်က်ဆက်)တွင်သာ ဖြစ်ပွား သည်ကို တွေ့ရသည်။
ကပ်ပါးကူးစက်ခြင်းလက္ခဏာများမှာ အရေပြား ရောင်ရမ်းခြင်း၊ အမွေးကျွတ်ခြင်း၊ ယားယံခြင်းနှင့် အမွေးအရောင်ကွက်ကြားဖြစ်ခြင်း(salt and pepper hair) တို့ဖြစ် သည်။ ယားယံခြင်းအဆင့်သည် ကြောင်တကောင်နှင့်
တကောင် မတူညီတတ်ချေ။
လူသို့ ရံဖန်ရံခါ ကူးစက်တတ်သည်။
ကပ်ပါးပိုးရောဂါ ရှာဖွေစစ်ဆေးခြင်း- Mite စစ်ဆေးခြင်းနည်းလမ်းများဖြင့် စစ်ဆေးနိုင်သည်။
ကုသခြင်း- Mite ကုသခြင်းနည်းလမ်းများဖြင့် ကုသနိုင်သည်။
22/10/2024
သစ်ကြားသီးနဲ့ ခွေး
သစ်ကြားသီးသည် လူတို့၏ ကျန်းမာရေးအတွက် လွန်စွာ
သင့်တော်ပါသည်။ ယင်းတွင် အိုမင်းရင့်ရော်ခြင်းကို နှေးစေ
နိုင်သည့် အစွမ်းသတ္တိများ ပါဝင်ခြင်း၊ အသားဓာတ် ကြွယ်ဝခြင်း၊ ကိုလက်စရောပါဂင်မှု မရှိခြင်း၊ အိုမီဂါ ၃၊ မဂ္ဂနီစီယမ် နှင့် ဖော့စပရပ်ပါဝင်မှု မြင့်မားခြင်းတို့ကြောင့်နှလုံးနှင့် ဦးနောက်ကျန်းမာရေးကို များစွာအထောက်အကူ ပြုပါသည်။ သွေးတိုးခြင်းကို ဟန့်တားနိုင်ပြီး အူလမ်းကြောင်းကို ကောင်းမွန်စေသည့်အပြင် ကင်ဆာရောဂါဖြစ်ပွားမှုကို လျော့ကျစေပါသည်။
သို့သော်လည်း သစ်ကြားသီးသည် ခွေးများအတွက် ကျွေးမွေးရန် လုံးဝ မသင့်သည့် အစေ့အဆံများတွင် တခုအပါအဝင် ဖြစ်ပါသည်။
ခွေးများတွင် သစ်ကြားသီးအဆိပ်သင့်ခြင်းသည် စားသုံးမိ
သည့် ပမာဏနှင့် အမျိုးအစားအရ ကွဲပြားသည့် အဆိပ်သင့်ခြင်း လက္ခဏာများကို တွေ့ရမည်ဖြစ်သည်။
သစ်ကြားသီးမျိုးကွဲများ (အမေရိက၊ အင်္ဂလန်၊ ပါရှား၊ ကချင်.... စသည်ဖြင့်) အနက် အမေရိကမျိုး အနက်ရောင်သစ်ကြားသီးသည် ယင်းတွင်ပါဝင်သည့် Juglone ပါဝင်မှု မြင့်မားခြင်းကြောင့် ခွေးတွင် အဆိပ်သင့်မှု ပြင်းထန်စေသည်။ အင်္ဂလန်မျိုးသစ်ကြားသီးကို တကြိမ်ထည်း၌ ၁၀-၁၅ လုံးခန့် စားမိကလည်း အဆိပ်သင့်စေနိုင်သည်ကို တွေ့ရသည်။
မှိုတက်နေသောသစ်ကြားသီးကို စားသုံးမိပါက Mycotoxin
မှိုဆိပ်သင့်ခြင်းဖြစ်ပြီး အစာအိမ်နှင့်အူလမ်းကြောင်းထိခိုက် ခြင်းဆိုင်ရာ လက္ခဏာများကို တွေ့ရမည်။
သစ်ကြားသီး အဆိပ်သင့်လက္ခဏာများမှာ-
- အော့အန်ခြင်း
- အစာမစားပဲ မှိုင်တွေနေခြင်း/ငိုက်မြည်းခြင်း
- ဗိုက်နာခြင်း (အူရောင်ခြင်း)
- ဝမ်းလျှောခြင်း
- ပန်ကရိယရောင်ရမ်းခြင်း (နာကျင်ခြင်း)
- ကြွက်သားများတုန်ခြင်း
- တက်ခြင်း လက္ခဏာများ တွေ့ရနိုင်သည်။
ကုသခြင်း
လက္ခဏာပြမှုအလိုက် ကုသရန်ဖြစ်ပါသည်။
အူလမ်းကြောင်းမှ အဆိပ်စုပ်ယူမှုကို လျှော့ချနိုင်ရန်အတွက်
အစာအိမ်ဆေးခြင်း၊ Activated Charcoal တိုက်ကျွေးခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း မဖြစ်စေရန် ဓာတ်ဆားရည် တိုက်ခြင်း/ သွင်းခြင်းတို့ဖြင့် ကုသရမည်။
ကြွက်သားများ တုန်ခြင်း၊ တက်ခြင်းလက္ခဏာများ ကြာမြင့်စွာ ပြသနေခြင်းအတွက် လိုအပ်သော ကုသမှုများ ဆက်လက် ခံယူရပါမည်။
လူတို့အတွက် ကျန်းမာရေးအကျိုးကျေးဇူး မြင့်မားသည့် အစားအစာအချို့သည် တိတို့နှင့် ကိုက်ညီမှု မရှိသည့်အပြင် ဆိုးကျိုးများကို ပြင်းထန်သည်အထိ ဖြစ်ပေါ်စေတတ်သည် ကို သတိပြုရန် လိုအပ်ပါသည်။
14/10/2024
အသည်းဆေး၊ ကျောက်ကပ်ဆေး ရပါပြီ။
14/09/2024
နပတ ရေဘေးသင့် တိလေးများ အစာငတ်မွတ်ခြင်းဘေးမှ ကင်းဝေးကြပါစေ။ တိ ပိုင်ရှင်များ မိမိတို့ရဲ့ တိလေးများ အမြန်ဆုံး ကယ်ဆယ်ပြန်လည် တွေ့ဆုံနိုင်ပါစေ။
Edited- ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသူများကို အထူး ကျေးဇူးတင်ရှိအပ်ပါသည်။
30/03/2024
Cuties Catz 22 kg
ရောက်ပါပြီ။
31/12/2023
31-12-23 ယနေ့ နေ့လယ်ပိုင်း ဆေးခန်းနေ့ဝက် ပိတ်ပါကြောင်း တိ-မိဘ ပိုင်ရှင်များကို အသိပေးအပ်ပါသည်။ 1-1-2024 ရက်တွင် ပုံမှန်အချိန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
25/12/2023
Merry Christmas to you all.
မိတ်ဆွေများအတွက် ပျော်ရွှင်ဖွယ်ရာ နေ့ထူး နေ့မြတ်လေး ဖြစ်စေဖို့ Ivory Palace အဖွဲ့က ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
04/10/2023
သန်း မွှားတွေ ကင်းရှင်းစေဖို့
အသစ်ထုတ် 350 ml နှိပ်ခေါင်းဘူးနဲ့
2 lit Budget series တွေ ရနိုင်ပါပြီ။
30/09/2023
ကြောင် သန်း မွှား ဝဲ တိုက်ဆေးလေးတွေ ရနိုင်ပါပြီ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Face To Paung Laung 7th Street. , Ygn-Mdy Old Road
Naypyidaw
067
