Yoga with YuKo
စိတ်နှင့်ခန္ဓာ ကျန်းမာလှပဖို့...Yoga ကျင့်ကြစို့ ။
29/06/2025
ကိုယ်နဲ့ ယောဂကို စွဲစွဲမြဲမြဲ အတူကျင့်လာတာ 3နှစ်ထဲ ရောက်လာပီဖြစ်တဲ့ အလှလေးတွေကို ထုတ်ကြွားပါရစေ ကိုယ့်သင်တန်းသူကို ပြန်ကြွေ နေရပပီနော်🥰🥰🥰
ရေစက်ပွင့်လေးများ❣️❣️❣️
29/06/2025
ယောဂရဲ့လျို့ဝှက်ချက်တစ်ခုကိုပြောရမယ်ဆိုရင် အသက်ရှူ မှုစွမ်းအင်ကို တိုးမြှင့်ပေးခြင်းပါပဲ
ခွေးတွေဟာ တစ်မိနစ်ကို အကြိမ်ရေ ၈၀ မှ ၁၂၀ အထိ အသက်ရှူ ပြီး သက်တမ်းအားဖြင့် ၁၀ နှစ်မှ ၁၅ နှစ်အထိသာ ရှိပါတယ်
ယုန်တွေကတော့ တစ်မိနစ်ကို ၁၅၀ မှ ၁၆၀ အထိ အသက်ရှူ ကြပြီး ၅ နှစ် ၆ နှစ်အတွင်းမှာပဲ လွယ်လွယ်သေဆုံးတတ်ကြပါတယ်
တစ်မိနစ်ကို ၈ ကြိမ်မှ ၁၂ ကြိမ် အသက်ရှူ တဲ့ ဆင်တွေဟာ နှစ် ၁၀၀ လောက်ကို မြက်ပဲစားပြီး နေနိုင်ပါတယ်
လိပ်တွေကတော့ တစ်မိနစ်ကို တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ အသက်ရှူ ပြီး နှစ်ပေါင်း ၂၀၀ ကနေ ၃၀၀ လောက်အထိ သက်တမ်းရှည်ကြာပါတယ်
ယောဂရဲ့လျို့ဝှက်ချက်ဟာ အသက်ရှူ မှုနှုန်းထားကို လျှော့ချ လိုက်ခြင်းပါ
ဘယ်လိုလျှော့ချ သလဲဆိုတော့ အသက်ကို ဖြေးဖြေးမှန်မှန်နဲ့ စည်းချက်ကျကျ အဆက်မပြတ် နက်ရှိုင်းစွာ ရှူ သွင်း ပြန်ထုတ်လုပ်ပေးခြင်းပါပဲ
ဒါဆိုရင် အဆုတ်တွေအားလုံး ပြည့်ဝစွာ အလုပ်လုပ်ပြီး ကိုယ် တွင်းမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်အားလုံး အပြင်ကိုရောက်သွားမှာဖြစ်သလို ဆဲလ်များအားလုံးဟာလည်း အောက်ဆီဂျင်ကို လုံလောက်ပြည့်ဝစွာ ရရှိသွားမှာပါ
ဒီလောက်ဆို ယောဂလျှို့ဝှက်ချက်ရဲ့ အကျိုးကျေးဇူးက ဘာဖြစ်မလဲဆိုတာ ရိပ်စားနိုင်မယ်လို့ထင်ပါတယ်
Credit.. sayar Thiha🌷💞
ယောဂကျင့်နေချိန်တချိန်လုံး ရှူသွင်းရှူထုတ်ကို သတိပေးနေရက်နဲ့မှ ရှူဆိုရင် ဟူးးး ဆိုပီး မှုတ်ထုတ်လာရင် တအားခမ်းယားတာနော်😁😁
ရှူရမယ့် ထုတ်ရမယ့် အကွက်တိုင်းကို သတိပေးရှူခိုင်းတာ အလကားလျှောက်အော်နေတာမဟုတ်ပါ။
မြို့မှာရှိတဲ့ ကိုယ်ပိုင်ကျောင်းများတွင် Session များထည့်လိုပါက ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်...
👉ကလေးများ ငယ်ရွယ်စဉ်ကတည်းက ယောဂလေ့ကျင့်ခဲ့ပါက မိမိခန္ဓာကိုယ်အသံကို မိမိနားထောင်တတ်လာမယ် ...
👉 အာရုံစူးစိုက်မှုကောင်းလာတဲ့အတွက် သင်ကြားရေးမှာ ပိုပီးအထောက်အကူဖြစ်လာစေပါမယ်
👉ကျေးဇူးတရားနားလည် သိတတ်ပီးအကောင်းမြင်တတ်တဲ့စိတ်တွေ ရှိလာလို့ ရှင်သန်ရတာ အဓိပ္ပာယ်ပိုရှိလာမယ်
👉 ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်လာပါမယ်
👉မိမိဖြစ်တည်မှုကို လက်ခံလာနိုင်တဲ့အတွက် စိတ်အေးချမ်းပျော်ရွှင်ပီး မိမိကိုယ်ကို ယုံကြည်မှုတိုးလာစေမယ်
စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေ မှာပါ။
🪷မိမိနေထိုင်ရာ ကမ္ဘာမြေနဲ့ သဘာ၀တရားကို ချစ်မြတ်နိုးတတ်တဲ့ နှလုံးသားနူးညံ့တဲ့ ချစ်စရာအနာဂတ် ကလေးများဖြစ်လာစေဖို့လည်း မျှော်မှန်းသင်ကြားပေးသွားပါမယ်🍃🌲
ဆက်သွယ်စုံစမ်းရန်
09263783033
01/05/2025
ရေသည် မြင့်ရာမှ နိမ့်ရာဆင်းသည်မှာသဘာ၀၊ နိမ့်ရာမှ မြင့်ရာတက်ဖို့ပြုပြင်ရ၏အားထုတ်ရ၏🙏
စိတ်၏သဘောမှာ အကုသိုလ်ဖြစ်ရန်လွယ်ကူလှ၏
ကုသိုလ်ဖြစ်ရန်အတွက်ပြုပြင်ရ၏ အားထုတ်ရ၏🙏
ခန္ဓာကိုယ်မပြုပြင်ပဲ ပကတိတိုင်းထားလျှင် ဒုက္ခဆင်းရဲသာဖြစ်ပေါ်သည်။ ပြုပြင်ပေးမှ သုခချမ်းသာရ၏ 🙏တဲ့...
ခုတလော ဖတ်မိတဲ့ အကြောင်းအရာကြောင့် ဘုရားရှိခိုးရမှာပျင်းတတ်တဲ့ ကိုယ်စိတ်ကို ရအောင်ဆွဲခေါ်တယ် အားထုတ်တယ်🥰
ခန္ဓာကိုယ် ပြုပြင်ဖို့အတွက် ယောဂကျင့်ရမှာပျင်းနေတဲ့ ကိုယ့်ရဲ့ client လေးတွေလည်း ကိုယ့်စိတ်ကို နိုင်အောင်ဆွဲခေါ်ပီး Yoga with YuKo ယောဂခန်းကိုလာခဲ့ပါတော့နော်😁
May လအတွက် ယောဂတန်းချိန်ကတော့
ညနေ 3:00pm-4:00pm (Ashtanga yoga)
ညနေ 4:30pm-5:30pm ( Hatha yoga flow)
မနက် 6:15am-7:15am( Ashtanga yoga)
Mon/Tue/Wed/Thus တစ်ပတ်လေးရက်ပါ
Shwe Nyaung yoga class လေးကတော့
မနက် 8:30am-10:00am (Fri/Sat/Sun)
ပုံလေးကတော့ ကိုယ့်ရဲ့ သင်တန်းသူလေးပါ😍
ရာသီဥတု ပူတဲ့အချိန် ပြုလုပ်သင့်တဲ့ အသက်ရှူလေ့ကျင့်ခန်းလေးပါ
မတ်တပ်ရပ်တာ များလို့ပဲဖြစ်ဖြစ် အထိုင်များလို့ပဲ ဖြစ်ဖြစ် ခါးနာနေမယ်ဆိုရင် သွားလာလှုပ်ရှားရတာ မပေါ့ပါးတော့ပါဘူးနော်... ကိုယ်လည်းနှစ်ရှည်လများ ခါးနာတာမျိုးခံစားခဲ့ရဖူးတော့ လူတိုင်းကို သက်သာစေချင်တဲ့ စေတနာနဲ့မျှဝေပေးလိုက်ပါတယ် ဒီယောဂလေ့ကျင့်စဉ်လေးကို အစာမစားမှီ မနက်တကြိမ် ညအိပ်ယာဝင်ခါနီးတစ်ကြိမ် နေ့စဉ်ပုံမှန်လေ့ကျင့်ပေးသွားမယ်ဆိုရင် သက်သာပျောက်ကင်းစေမှာပါ။
05/03/2025
နွေရာသီ ကျောင်းပိတ်ရက်မှာ မိမိရဲ့သားသမီးတွေကို Screen time နဲ့ အချိန်မကုန်စေချင်ဘူး ...
ကိုယ်လက်ကျန်းမာပီး စိတ်အာရုံစူးစိုက်မှုလည်း ကောင်းစေချင်တယ်ဆိုရင် ... Yoga ကျင့်ဖို့ အကြံပြုပါရစေနော်...
သင်တန်းချိန် - 10:30am-11:30am (Mon/Tue/Wed)
Fees - တစ်လ 30000
သင်တန်း စမယ့်ရက်- 17.3.2025( Monday)
နေရာ မိုင်းလီရပ်၊ ညောင်ရွှေမြို့။
29/11/2024
December လ မှာ ကလေးမေမေတွေ ကျောင်းကြိုချိန်လွတ်အောင် 2:00pm–3:00pm အတန်းချိန်လေး အသစ် တိုးဖွင့်ပေးထားပါတယ်နော်...
အခုမှ ယောဂကိုစတင်လေ့ကျင့်ချင်သူများအတွက် ယောဂကို အခြေခံကစပီး injury ကင်းကင်းနဲ့ စနစ်တကျသင်ကြားပေးမှာမို့ စိတ်ဝင်စားသူများ join လို့ရပါတယ်...
နောက်တစ်ပတ် တနင်္လါနေ့ စပါမယ်
(Mon-Thus) တစ်ပတ်လေးရက်ဖြစ်ပီး သင်တန်းကြေးကတော့ တစ်လ 50000Ks ပါ
မိမိကိုယ်ကို တစ်ရက် ၁ နာရီ အချိန်လေးပေးပီး လေ့ကျင့်ကြည့်ပါနော် ကျန်းမာလှပနုပျိုသွက်လက်ပေါ့ပါးစေမှာပါရှင့်😍
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
124/Maine Li
Nyaungshwe
