May Khei
🇲🇲🇲🇲🇲🇲
27/08/2026
အခုတော့ နေကောင်းခါစလေးတွေ ပြန်ပြီးကျန်းမာလာကြတာမြင်ရတော့ မေမေ့ရဲ့ပင်ပန်းမှုတွေအားလုံး ခဏလေးနဲ့ပျောက်သွားသလို ခံစားရတယ်။💪🤍
မေမေဘယ်လောက်ပင်ပန်းပင်ပန်း သားသားလေးနှစ်ယောက် ပြုံးနေကြတာမြင်ရရင် အားလုံးတန်ပါတယ်။ 🥰♥️
မြန်မြန်လေး အားအပြည့်ပြန်ရပြီး ကျန်းကျန်းမာမာနဲ့ မေမေ့ဘေးမှာ ပျော်ပျော်ရွှင်ရွှင်လေး ကြီးပြင်းလာကြပါစေ အမွှာလေးတို့ရေ။ ❤️♥️♥️
🤍🩵
26/08/2026
♥️
📚 ကလေးဆီက “မသိဘူး” ဆိုတဲ့ အဖြေတစ်ခုတည်း မရစေဖို့…
မေမေတို့ရေ ကျောင်းကပြန်လာတဲ့ ကလေးတွေကို မိဘတွေကသူတို့လေးတွေရဲ့ကျောင်းတွင်းအခြေအနေတွေကိုသိချင်တဲ့အတွက်
“ဒီနေ့ ကျောင်းမှာ ဘာလုပ်ခဲ့လဲ?” လို့ မေးတဲ့အခါ “မသိဘူး” သို့မဟုတ် “ဘာမှ မလုပ်ဘူး” လို့ပဲ ခပ်တိုတို ပြန်ဖြေတတ်ကြပါသလား? 😊
အဲဒီအခါမှာ ကလေးကို အသေးစိတ် ပြန်ပြောပြဖို့ ဖိအားပေးတာထက် သူတို့ရဲ့ ခံစားချက်၊ အမှတ်တရနဲ့ စူးစမ်းမှုကို နှိုးဆွပေးမယ့် မေးခွန်း ၅ ခု နဲ့ ပြောင်းမေးကြည့်ပါနော်💛
၁။ “ဒီနေ့ ကျောင်းမှာ ဘာက အရယ်ရဆုံးလဲ?” 😂
ပျော်စရာ အဖြစ်အပျက်တွေကို ပြန်လည်သတိရစေပြီး စိတ်လက်ပေါ့ပါးစွာ စကားစမြည် ပြောလာစေပါတယ်။
၂။ “ဒီနေ့ ဘယ်အချိန်မှာ အပျော်ဆုံးဖြစ်ခဲ့လဲ?” 🌈
ကလေးရဲ့ ခံစားချက်နဲ့ သူ တကယ်နှစ်သက်ခဲ့တဲ့ အတွေ့အကြုံတွေကို သိရှိနိုင်ပါတယ်။
၃။ “ဒီနေ့ သား/သမီးကို အံ့ဩသွားစေတဲ့ အရာရှိလား?” 😮
ကလေးရဲ့ စူးစမ်းလိုစိတ်နဲ့ ပတ်ဝန်းကျင်ပေါ် သတိထားမိမှုကို လှုံ့ဆော်ပေးပါတယ်။
၄။ “ဒီနေ့ ဘာက နည်းနည်း ခက်ခဲခဲ့လဲ?” 🤔
ကြုံတွေ့ရတဲ့ အခက်အခဲတွေကို မိဘကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင်တတ်တဲ့ အလေ့အကျင့် ရရှိစေပါတယ်။
၅။ “မနက်ဖြန် ကျောင်းမှာ ဘာဆက်လုပ်ချင်လဲ?” 💭
ကလေးရဲ့ စိတ်ဝင်စားမှု၊ မျှော်လင့်ချက်နဲ့ စိတ်အားထက်သန်မှုကို သိရှိနိုင်ပါတယ်
မေးခွန်းမေးပြီးရင်တော့ အဖြေကို အလျင်စလို ဝင်မဖြည့်ပေးဘဲ ကလေး စိတ်အေးချမ်းစွာ စဉ်းစားပြီး ပြောပြနိုင်အောင် စိတ်ရှည်လက်ရှည် နားထောင်ပေးစောင့်ဆိုင်းပေးပါနော်❤️
နွေးထွေးတဲ့ မေးခွန်းကောင်းတစ်ခုဟာ ကလေးရဲ့ တစ်နေ့တာကို ပိုမိုကျယ်ပြန့်စွာ မျှဝေဖို့ တံခါးတစ်ချပ် ဖြစ်သွားနိုင်ပါတယ်။ 📖✨
မိဘနဲ့ ကလေးကြား ရင်းနှီးမှုနဲ့ စကားပြောဆိုဆက်ဆံရေး ပိုမိုကောင်းမွန်လာစေဖို့ ဒီနည်းလမ်းလေးကို ဒီနေ့ပဲ စတင်စမ်းသပ်ကြည့်လိုက်ပါဦးနော်။ မေမေတို့ကရော ကျောင်းပြန်လာတဲ့ ကလေးလေးတွေကို ဘယ်လို မေးခွန်းလေးတွေ ပြောင်းမေးလေ့ရှိကြလဲဆိုတာ Comment မှာ ပြန်လည်မျှဝေပေးသွားပါဦးရှင်။ 💬👇
💛 Khine & Little Geniuses
25/08/2026
ဆိုက်ကယ်ပေါ်ကနေမဆင်းချင်တော့ဘူး
ဘယ်လိုလုပ်ကြမလဲ....💁
အမေ့သား Fashion ကသွားရှုပ်လို့မရဘူး🤭😆
🤍🤭
အခုထိမအိပ်ဘူးနော်🙄
👬👬👬
14/08/2026
အရင်က ပေါင် ၁၀၀တောင် မပြည့်ခဲ့တဲ့ သားသားတို့မေမေ… 🥹
အခုတော့ “ဝလာတယ်” လို့ပဲ မမြင်နဲ့နော်။
မေမေ့အတွက်တော့ ဒီကိုယ်လေးက သားသားတို့အတွက် ပေးဆပ်ခဲ့တဲ့ မေတ္တာတွေရဲ့ အမှတ်အသားလေးပါပဲ။ 🥰
အမေ့အိမ်အိုးလေးလည်း အရမ်းလွမ်းတယ်🥺
အမေ့ကိုလည်း အရမ်းလွမ်းတယ်🥺
အမေ့ကိုလည်း ပြန်လိုချင်တယ်🥺🥺
Click here to claim your Sponsored Listing.
Telephone
Website
Address
Pakokku
