Ma Po Hanuman Herbal Products

Ma Po Hanuman Herbal Products

Share

Hanuman တိုင်းရင်းဆေး လက်လီလက်ကား ဝယ်ယူန

01/02/2023

💥💥 အဆုတ်ကို အားကောင်းစေပြီး မိမိကိုယ်တိုင်လည်း လုပ်လို့ရတဲ့ သဘာဝနည်းလမ်း(၅)မျိုး 💥💥
============================

၁။ ရေနွေးငွေ့ ရှုခြင်း
============

ရေနွေးငွေ့ ရှုခြင်းသည် အဆုတ်လမ်းကြောင်းပွင့်စေပြီ အချွဲများ ပျော်စေပါတယ်။ အဆုတ်မကောင်းသောသူများသည် အေးသောအချိန် သို့မဟုတ် ပူသောအချိန်တွင် မိမိအဆုတ်လက္ခဏာ ပိုဆိုးတတ်ကြောင်း သတိပြုမိတတ်ပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် အဆုတ်တွင် ချွဲဆို့တတ်ပါတယ်။ ရေနွေးငွေ့ကြောင့် လေကို စိုစွတ်နွေးစေပြီး ပျော်ဝင်လွယ်ပါတယ်။ ရေနွေးငွေ့ရှုခြင်းသည် ချွဲပိတ်ခြင်း ချက်ချင်းသက်သာကာ အသက်ရှုလို့ ပိုကောင်းပါတယ်။ လေပြွန်ကျဉ်းလူနာများကို လေ့လာချက်အရ ရေနွေးငွေ့ရှုနေသောသူများသည် သိသာစွာ အသက်ရှုနူန်းနှင့် နှလုံးခုန်ထိန်းနိုင်ကြောင်း တွေ့ရှိရပါတယ်။

၂။ အသက်ရှူ လေ့ကျင့်ခန်း
================

ပုံမှန် အသက်ရှူတာမျိုး မဟုတ်ဘဲ အသက်ကို ဝမ်းဗိုက်ထဲထိရောက်အောင် ရှူရတာပါ။ ရင်ဝမ်းခြားမြှေး ကြွက်သားကို ကျုံ့ဆန့်ပေးပြီး သန်မာလာစေဖို့လည်း ထောက်ကူပေးပါတယ်။

ဒီလေ့ကျင့်ခန်း လုပ်ဖို့ဆိုရင် အရင်ဆုံး သက်တောင့်သက်သာ ဖြစ်အောင် ပက်လက်လှဲလိုက်ပါ။ ပြီးရင် လက်တစ်ဖက်ကို ဝမ်းဗိုက်ပေါ်မှာ ထားပြီး တစ်ဖက်ကို ရင်ဘတ်ပေါ်မှာ ထားပေးပါ။ ဒူးခေါင်း အောက်မှာ စောင် မထူမပါးလေး ထည့်ထားပေးပါ။

ပြီးရင်တော့ နှာခေါင်းကနေတဆင့် လေကို ဝအောင် ရှူသွင်းပါ။ ဝမ်းဗိုက်လေး ချပ်သွားတဲ့အထိပေါ့။ ခဏလေး အောင့်ထားပြီး ပါးစပ်ကနေ လေကို ပြန်မှုတ်ထုတ်ပါ။ ၁၀ ခေါက်လောက် လုပ်ပေးပါ။

ပက်လက်မလှုပ်ချင်ဘူးဆိုရင်တော့ ခပ်မတ်မတ်လေးထိုင်ပါ။ ပခုံးတွေကို ဖြေလျော့ထားပါ။ ခါးကျောလေး ဆန့်နေဖို့ မမေ့ပါနဲ့။ ပြီးရင် နှာခေါင်းကနေ လေကို တဝ ရှူသွင်းပါ။ ပြီးရင် ပါးစပ်ကနေ ပြန်ထုတ်လိုက်ပါ။

၃။ လက်ဖက်စိမ်း ရေနွေးကြမ်း
==================

လက်ဖက်စိမ်းတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် အဆုတ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ၎င်းဒြပ်ပေါင်းသည် အဆုတ်ကို အငွေ့အမှုန် အန္တရာယ်မှ ကာကွယ်ပေးပါတယ်။ တနေ့ လက်ဖက်စိမ်း ရေနွေးကြမ်း
၂ ခွက်သောက်ခြင်းသည် အဆုတ်ပိုမိုအားကောင်းကြောင်း တွေ့ရှိရပါတယ်။

၄။ ရေဓာတ်ပြည့်ဝအောင်နေပါ
=================

ရေကို လုံလုံလောက်လောက်သောက်သုံးတာက အဆုတ်အတွက်လည်း အရေးကြီးပါတယ်။ သင်က ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် အဆုတ်ရဲ့လုပ်ဆောင်ချက်အား ပိုကောင်းလာစေပါတယ်။

၅။ အဆုတ်အားကောင်းစေသော အစာအစားများ
============================

လေပြွန်ရောင်ရမ်းခြင်းသည် အသက်ရှုရန်ခက်ခဲစေပြီး အဆုတ်ကို ပိုမိုကြပ်စေပါတယ်။ အဆုတ်ရောင်ရမ်းမှု သက်သာစေသော အစာအစားများမှာ

– ကွမ်းရွက်၊ဂျင်း၊လောက်သေ၊ပဒဲကော၊နွယ်ချို၊လေးညှင်း
– အစိမ်းရောင်ရှိသောအရွက်များ
– ပင်စိမ်း၊ဇီယာ၊နာနတ်ပွင့်၊ ကြက်သွန်ဖြူ/နီ
– ကြက်ပြုတ်ရည်ကို ငရုတ်ကောင်းထည့်ပြီး စားပေးပါ။
– ဗိုက်တာမင်စီ ကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးပါ။
– အားဆေးတစ်ခုခုသောက်ပါ။

Credit #

24/01/2023

G6PD မွေးရာပါရောဂါ

မွေးကတည်းက G6PD (အင်ဇိုင်း) ချို့ယွင်နေတဲ့ ရောဂါဖြစ်တယ်။ မိဘတဦးဦးကဖြစ်ဖြစ် ၂ ဦးလုံးကဖြစ်ဖြစ် မျိုးဗီဇ ရလာလို့ သူ့ X chromosome မှာ လာထိခိုက်တယ်။ တကမ္ဘာလုံးမှာ သန်း ၄ဝဝ ဖြစ်နေတယ်။ ငှက်ဖျားရောဂါရှိတဲ့ နေရာတွေနဲ့ ဆက်စပ်နေတယ်။ များသောအားဖြင့် ကလေးတွေမှာ ဒီရောဂါရှိနေတာ မသိကြဘူး။ ကလေးငယ်ငယ်လေး ကတည်းက ဒီလိုရှိနေတာကိုသိသူတွေက ကံကောင်းကြပါတယ်။ G6PD enzyme testing နည်းနဲ့စမ်းရတယ်။ တခါတည်းမသေချာသေးရင် ထပ်စမ်းရမယ်။

G6PD ဆိုတာ (ကဇီဓါတ်) ကနေ အင်အားဖြစ်စေရာမှာကူညီတဲ့ (အင်ဇိုင်း) ဖြစ်တယ်။ သွေးနီဥကို တခုခု ဖြစ်သွားစေမှာကိုလည်း သူကနေအကာကွယ်ပေးတယ်။ G6PD နည်းနေရင် အကာကွယ်လုံလောက်အောင် မပေးနိုင်တော့ဘူး။ အဲလိုဖြစ်လာရင် ရိုးတွင်းခြင်ဆီကနေ သွေးနီဥတွေထုတ်ပေးနေတာက မလုံလောက်တော့တဲ့အခါ သွေးအားနည်းရောဂါ ဝင်လာမယ်။

ကမ္ဘာ့-ကျန်းမာရေးအဖွဲ့ကနေ အမျိုး ၅ ခုခွဲထားတယ်။ ဆိုးတာကနေစတယ်။
၁။ သွေးအားနည်းနေပြီး ၁ဝ% အောက်မှာသာ အလုပ်လုပ်နိုင်သူ။
၂။ သွေးအားနည်းတာ ဖြစ်လိုက်-သက်သာလိုက်နဲ့ ၁ဝ% အောက်မှာသာ အလုပ်လုပ်နိုင်သူ။
၃။ သွေးအားနည်းတာ တခါတလေသာ ဖြစ်ပြီး ၁ဝ-၆ဝ% အလုပ်လုပ်နိုင်သူ။
၄။ လက္ခဏာ မပြသေးသူ။
၅။ နေကောင်းနေသူ။

အများအားဖြင့် ဘာရောဂါလက္ခဏာမှ မပြဘဲနေတတ်တယ်။ လက္ခဏာပြလာသူတွေက ယောက်ျားလေးတွေသာ ဖြစ်တယ်။ မွေးကင်းစမှာ အသားဝါတာက ကြာရှည်ဖြစ်သူတွေက ရောဂါနဲ့ ဆက်စပ်နေတတ်တယ်။ မွေးရာပါမို့ ပျောက်အောက်တော့ ကုမရပါ။ လူကောင်းလို နေတဲ့ကလေးဟာ ခလုပ်ဆွဲဖြုတ်လိုက်သလို အခြေအနေမျိုး ရှိလာရင် ရောဂါလက္ခဏာ ပြလာမယ်။

အဲဒါတွေကတော့ -
၁။ ရောဂါပိုး (ဗက်တီးရီးယား၊ ဗိုင်းရပ်စ်) ဝင်တာ၊
၂။ တချို့ဆေးဝါးများ၊ ငှက်ဖျားဆေး၊ (ဆာလ်ဖါ)၊ အနာ-အကိုက်-အဖျားသက်သာတဲ့ဆေး၊ ပိုးသေစေတဲ့ဆေးတွေ ဖြစ်တယ်။ တချို့ကလေးတွေက အဲလိုဆေးဝါး နဲနဲပေးတာကို ခံနိုင်တတ်တယ်။ တချို့က နဲနဲလေးမှ မရဘူး။
၃။ Broad beans ပဲ စားသုံးတာ။ Horse Bean, Vicia faba, Fava Bean, Field Bean, Bell Bean, Tic Bean လို့လဲ ခေါ်တယ်။
၄။ Naphthalene ပရုပ်လုံး အနံ့တောင်မှ မတည့်ပါ။

ရောဂါလက္ခဏာပြစေမှာတွေကို ရှောင်ကျဉ်-ဖယ်ရှားလိုက်တာနဲ့ ရက်သတ္တ ၁-၂ ပါတ်အတွင်း သက်သာလာမယ်။ သိပ် မဆိုးရင် ဆေးကုစရာတောင်မလိုပါ။ သူ့ခန္ဓာကိုယ်ကနေ သွေးနီဥသစ်တွေ ထုတ်လုပ်ပေးနေလိမ့်မယ်။ ကုသရတာက ဆေးဝါးနဲ့ အစားအသောက် ဆင်ခြင်-ရှောင်ကျဉ်ရတာပါ။ ကလေးကာကွယ်ဆေး အားလုံးအပြင် အသဲရောင် အေ၊ ဘီ ကာကွယ်ဆေး ထိုးပေးရမယ်။ လိုအပ်လို့ သွေးသွင်းပေးရင် လူကောင်းလိုနေနိုင်တယ်။ ကျောက်ကပ်ထိသွားချိန်မှာ Dialysis လုပ်ပေးရမယ်။ တချို့ ဘေလုံးထုတ်ပြစ်ရနိုင်တယ်။ Folic acid, Vitamin E တွေ ပေးနိုင်တယ်။

သွေးအားနည်းနေပြီး ၁ဝ% အောက်မှာသာ အလုပ်လုပ်နိုင်သူ။ သွေးအားနည်းတာ ဖြစ်လိုက်-သက်သာလိုက်နဲ့ ၁ဝ% အောက်မှာသာ အလုပ်လုပ်နိုင်သူ။ သွေးအားနည်းတာ တခါတလေသာ ဖြစ်ပြီး ၁ဝ-၆ဝ% အလုပ်လုပ်နိုင်သူ။ လက္ခဏာ မပြသေးသူ။ နေကောင်းနေသူဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဘာမှမဖြစ်သလိုကနေ Hemolysis သွေးနီဥတွေကို ဖျက်ဆီးလို့ Hemolytic anemia သွေးအားနည်းရောဂါ ဖြစ်လာ နိုင်တယ်။ ဖြစ်လာရင် အသားအရေ ဖြူရော်ရော်ဖြစ်လာမယ်။ မောပမ်းမယ်။ နှလုံးခုန်မြန်မယ်။ အသက်ရှူ မဝဘူး။ အသား ဝါမယ်။ ဆီးအရောင် ရင့်မယ်။ ဘေလုံး ကြီးလာမယ်။

ပရုတ်ပါရင် ဘာမှမတည့်ပါ။ အနံ့ကအစ မတည့်ပါ။ သောက်ရင် ပိုဆိုးတယ်။ လူးတာကလဲ သွေးထဲဝင်သွားတာဘဲ။ တိုင်းရင်း-မြန်မာဆေးတွေထဲမှာပါနေရင် ရှောင်ရင်ပါ။ ကလေးကို မတည့်မဲ့ ဆေးနာမယ်တွေကို မှတ်ပြီး ကိုယ်လဲ ရှောင်ပါ။

ရှောင်ရမယ့်ဆေးတွေ
Acetanilide (ရာဘာထုတ်လုပ်ရာတွင် သုံးသည်), Acetylphenylhydrazine (polycythemia ရောဂါအတွက်ဆေး), Acetylsalicylic acid (Aspirin), Aminophenazone (အကိုက်အခဲပျောက်ဆေး), Antazoline (အလာဂျီ သက်သာဆေး), Arsine (ဓါတုလက်နက်သုံး ဓါတ်ငွေ့), Beta-Naphthol (ဆိုးဆေး), Chloramphenicol (ပဋိဇီဝဆေး), Chloroquine (ငှက်ဖျားဆေး), Ciprofloxacin (ပဋိဇီဝဆေး), Colchicine (ဂေါက်ဆေး), Dapsone (အနာကြီးရောဂါ ဆေး), Dimercaprol (အာဆင်းနစ်၊ ရွှေ၊ ပြဒါး အဆိပ်သင့်ခြင်းတို့အတွက်ဆေး), Diphenhydramine (အလာဂျီ ဆေး), Dopamine (ပါကင်ဆွန်ရောဂါ၊ သွေးတိုးဆေး), Doxorubicin (ကင်ဆာဆေား), Furazolidone (ပဋိဇီဝဆေး), Glibenclamide (ဆီးချိုဆေး), Glucosulfone (အရေပြားနာဆေး), Isobutyl Nitrite (ရှူဆေး), Isoniazid (တီဘီဆေး), Menadione (ဗီတာမင်ကေ), Mepacrine (သံချဆေး), Mesalazine-5-Aminosalicylic Acid (အူရောဂါဆေး), Methyltioninium Chloride (methylene blue) (ငှက်ဖျား၊ ကင်ဆာ၊ အဆိပ်ဖြေဆေး), Nalidixic Acid (ပဋိဇီဝဆေး), Naphtalene (ပရုပ်), Niridazole (သန်ချဆေး), Nitrofural (ပဋိဇီဝဆေး), Nitrofurantoin Nitrofurantoin, Norfloxacin (ပဋိဇီဝဆေး), Urate (ဂေါက်ရောဂါတွင်ဖြစ်သည့်ဆား), Pamaquine (ငှက်ဖျားဆေး), Para-Aminobenzoic Acid (အစာလမ်းရောဂါ၊ အရေပြားနာဆေး), Paracetamol (ပါရာစီတမော အကိုက်-အဖျားဆေး), Pentaquine (ငှက်ဖျားဆေး), Phenacetin, Phenazone, Phenazopyridine, Phenylbutazone, Phenytoin, Phynylhydrazine, Primaquine (ငှက်ဖျားဆေး), Probenecid, Procainamide, Proguanil (ငှက်ဖျားဆေး), Pyrimethamine, Quinidine, Quinine (ငှက်ဖျားဆေး), Stibophen, Streptomycin (ပဋိဇီဝဆေး), Sulfacetamide (ပဋိဇီဝဆေး), Sulfacytine (ဆာလ်ဖါဆေး), Sulfadiazine (ဆာလ်ဖါဆေး), Sulfadimidine (ဆာလ်ဖါဆေး), Sulfafurazole (ဆာလ်ဖါဆေး), Sulfaguanidine (ဆာလ်ဖါဆေး), Sulfamerazine (ဆာလ်ဖါဆေး), Sulfamethoxazole (ဆာလ်ဖါဆေး), Sulfamethoxypyridazine (ဆာလ်ဖါဆေး), Sulfanilamide (ဆာလ်ဖါဆေး), Sulfapyridine (ဆာလ်ဖါဆေး), Sulfasalazine (ပဋိဇီဝဆေး), Salazosulfapyridine (ဆာလ်ဖါဆေး), Thiazosulfone Thiazosulfone, Tiaprofenic Acid (အနာ-အဖျားဆေး), Tolonium Chloride (ဆိုးဆေး), Trihexyphynidyl (ပါကင်ဆိုနဇင်ဆေး), Trimethoprim (Septin ထဲပါသည့် ပဋိဇီဝဆေး), Trinitrotoluene (ဖေါက်ခွဲပစ္စည်း), Tripelennamine (စိတ်ရောဂါဆေး), Vitamin C, Vitamin K1, Vitamin K3, Vitamin K4 ဗီတာမင် စီ၊ ကေ။

သတိထားရမှာက ငှက်ဖျားဆေး Chlorguanidine, Chloroquine, Quinine တွေ မတိုက်ပါနဲ့။ တိုက်ဖွိုက် စတဲ့ရောဂါကို ပေးတတ်တဲ့ Chloramphenicol ဆေး လုံးဝရှောင်ပါ။ တီဘီဆေး Streptomycin, (INH) မတည့်ပါ။ ဆာလ်ဖါဆေးတွေ အားလုံးမတည့်ပါ။ ကလေးအတော်များများပေးတတ်တဲ့ Septrin ဆက်ပထွန် မတည့်ပါ။ ကိုယ်ပူ-ကိုက်ခဲရင် Paracetamol ပါရာစီတမော တိုက်-မတိုက် ချိန်ဆရမယ်။ တကယ်လိုရင်တိုက်နိုင်ပါတယ်။

Credit to ဆရာကြီး Dr.တင့်ဆွေ

24/01/2023

ဆီးအမြှုပ်ထခြင်း
-----------------
ပုံမှန်ဆီးသည် အမြှုပ်ထပါသည်။ အမျိုးသားများ ဆီးသွားစဉ် ခပ်မြင့်မြင့်မှ အိမ်သာခွက်အတွင်းသို့ အရှိန်နှင့် ဆီးသွားချလိုက်သည့်အချိန်မျိုးတွင် ပို၍အမြှုပ်ထနိုင်ပါသည်။ အဆိုပါအခြေအနေမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်၍ စိတ်ပူစရာမလိုပါ။ အချိန်အတိုင်းအတာတစ်ခုကြာလျှင် ထိုအမြှုပ်များ ပြယ်သွားတတ်ပါသည်။

ဆီးအမြှုပ်ထခြင်းမှာ တစ်ခါတစ်ရံဖြစ်လျှင် စိုးရိမ်စရာ မရှိသော်လည်း တစ်နေ့ထက်တစ်နေ့ ပို၍ပို၍ ဆိုးလာလျှင်သော် လည်းကောင်း၊ အမြဲတစေ ဖြစ်နေလျှင်သော် လည်းကောင်း နောက်ခံ ကျောက်ကပ်ရောဂါတစ်ခုခု ရှိနေနိုင်သောကြောင့် ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်။

ဆီးအမြှုပ်ထခြင်း၏ အကြောင်းရင်းများ
-------------------------------------
● ဆီးကို အရှိန်နှင့် သွားခြင်း၊
● အိမ်သာ/ဆီးအိုးကို ဆပ်ပြာကဲ့သို့သော အမြှုပ်ထစေသည့် ဓာတုပစ္စည်းများနှင့် သန့်ရှင်းရေးပြုလုပ်ပြီးနောက် ရေနှင့်သေသေချာချာ ပြန်လည်မဆေးကြောဘဲ ဆီးသွားခြင်း၊
● ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသော အခြေအနေများ၌ ဆီးလည်း နည်းသွားတတ်ပြီး ဆီးပျစ်ကာ အမြှုပ်ထလာတတ်ခြင်း၊
● အချို့သောဆေးများ သောက်သုံးပြီးလျှင်လည်း ဆီးအမြှုပ်ထနိုင်ခြင်း [ဥပမာ - ဆီးလမ်းကြောင်း ပိုးဝင်မှုများတွင် အသုံးပြုသော Phenazopyridine (Pyridium) ဆီးကျင်ပျောက်ဆေး သောက်ထားခြင်း]
● ဆီးအတွင်း အသားဓာတ်ပါလာခြင်း (Proteinuria) တို့ဖြစ်ပါသည်။

အထက်ပါအချက်များအနက် ဆီးအတွင်း အသားဓာတ်ပါလာခြင်း (Proteinuria) သည် အရေးကြီးသော လက္ခဏာတစ်ခုဖြစ်ပြီး နောက်ခံ ကျောက်ကပ်ရောဂါတစ်ခုခုနှင့် ဆက်စပ်နေနိုင်သောကြောင့် စနစ်တကျ ရောဂါရှာဖွေကုသရန် လိုအပ်ပါသည်။ ဆီးအတွင်းအသားဓာတ် ပါ/မပါကို ဓာတ်ခွဲခန်းသို့ ဆီးနမူနာ ပေးပို့စစ်ဆေးနိုင်ပါသည်။ ရောဂါအခြေအနေပေါ်လိုက်၍ အခြားသွေးဖောက် စစ်ဆေးခြင်းများကို ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။

ကျောက်ကပ်ရောဂါကို ဖြစ်စေနိုင်သော အခြေအနေများဖြစ်သည့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် အခြားကိုယ်ခံအားလွန်ရောဂါများ ရှိ/မရှိတို့ကို စမ်းသပ်ရှာဖွေရန် လိုအပ်ပါသည်။

ဆီးပမာဏ၊ ဆီးပူဆီးကျင် ရှိ/မရှိ၊ ဆီးထဲသွေးပါခြင်း၊ ခြေ/လက်များ ရောင်ရမ်းခြင်း၊ မျက်နှာအမ်းခြင်း၊ မောခြင်း၊ ခါးကိုက်ခြင်းနှင့် အစားအသောက်ပျက်ခြင်း/ ပျို့ခြင်း စသော ကျောက်ကပ်ရောဂါကို ညွှန်ပြသည့် လက္ခဏာများကိုလည်း ဂရုပြုရန် လိုအပ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

Photos from Ma Po Hanuman Herbal Products's post 12/01/2023

ဖနောင့်အတက် ထွက်ခြင်း

ဖနောင့်အတက်ထွက်တယ်ဆိုတာ ဖနောင့်အရိုးမှာ ကယ်လ်စီယမ် အနည်ထိုင်လို့ ဖြစ်ရတယ်။ အမှန်တော့ ပျက်စီးမှုကို ပြုပြင်ဖို့ ခန္ဓာကိုယ်က ကယ်လ်စီယမ်တွေထုတ်ပေးရတာပါ။ ဖနောင့်ရိုး(calcaneus)မှာ ကယ်လ်စီယမ်တွေ စုပုံရာကနေ သေးငယ်တဲ့ အရိုးအတက်ဖြစ်လာပါတယ်။ အဲလိုအရိုးအတက်ကို Heel spurs(သို့)osteophytesလို့ ခေါ်ပါတယ်။ လူအများစုမှာ ဖြစ်နိုင်ပေမယ့် လက္ခဏာရပ်မပြလို့ မသိကြသူက များတယ်။ အကယ်၍ ဖနောင့်ရိုး(calcaneus)နဲ့ ခြေဖဝါးရိုး(metatarsal bones)ကို ဆက်သွယ်ထားတဲ့ plantar fascia အရွတ်ရောင်တဲ့အခါ ဖနောင့်နေရာကနေ စတင်နာကျင်လာပါတယ်။ တချို့က အရိုးအတက်ကြောင့်လို့ ထင်မှတ်မှားကြတယ်။ အမှန်က အရွတ်ရောင်ခြင်းကြောင့် တွယ်ဆက်ထားတ့ဲ့ ဖနောင့်နေရာက နာကျင် လာတာ ဖြစ်ပါတယ်။ ဒီလိုအရွတ်ရောင်တာမျိုးကို plantar fasciitis လို့ ခေါ်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ အတက်ထွက်တာ ရှိနိုင်ပေမယ့် ခြေဖနောင့်ကတော့ နာကောင်းမှနာလိမ့်မယ်။

ဘယ်သူတွေ ဖြစ်သလဲ
ဖနောင့်အတက်ထွက်တာဟာ အသက်အရွယ်၊အချိန်မရွေးဖြစ်နိုင်တယ်။ဝတဲ့သူတွေ၊အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ တောင်ပေါ်ဒေသနေထိုင်သူ၊ ဒေါက်မြင့်ဖိနပ်စီးသူတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း အဖြစ်များကြတယ်။ အားကစားသမားတွေ၊အကြောမလျှော့မိပဲ လေ့ကျင့်ခန်းလုပ်တဲ့သူတွေမှာ ဖြစ်ကြတယ်။ အမှန်တော့ ခြေထောက်မှာသာမက ကုတ်၊ကျော၊ခါး စတဲ့နေရာတွေမှာလည်း အတက်ထွက်နိုင်ပါတယ်။ ခြေထောက်ရိုးက နေ့စဉ် ပွတ်တိုက်ပါများလာတဲ့အခါ အရိုးတွေစားလာပြီး ခန္ဓာကိုယ်က ပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်ရပါတယ်။ ဒီလိုနဲ့ ထိခိုက်တဲ့အရိုးနေရာကို ကယ်လ်စီယမ်တွေ စုပုံလာပြီး အရိုးအတက်(osteoblasts) ထွက်လာပါတယ်။ လူတော်တော်များများကတော့ အရေပြားကို ဖနောင့်အတက်က သွားဖိလို့နာတာမျိုးလို့ ထင်ကြပါတယ်။ အမှန်က ခြေဖဝါး ပတ်ဝန်းကျင်တစ်ရှူးတွေ ရောင်ရမ်းမှုကြောင့် ဖနောင့်နေရာကစတင် နာကျင်လာတာ ဖြစ်ပါတယ်။ နောက်တခုက ဖနောင့်အတက်နေရာမှာ တွယ်ဆက်တစ်ရှူးသစ်(new fibrous tissue)တွေက အာရုံကြောတွေကို သွားဖိလို့လည်း ဖြစ်နိုင်ပါတယ်။

လက္ခဏာရပ်များ
ဖနောင့်အတက်ထွက်သူတိုင်း လက္ခဏာတွေ မပြကြပါဘူး။ အများစုဟာ လမ်းလျှောက်တဲ့အခါ ဖနောင့်နာတဲ့လက္ခဏာကို စတင်ခံစားရတယ်။ခြေဖဝါးကြွက်သားတွေ အချိန်ကြာငြိမ်နေရာက စတင်လှုပ်ရှားတာနဲ့ နာကျင်လာတယ်။ ဖနောင့်နေရာက လမ်းစလျှောက်တဲ့အချိန်မှာ ခပ်စူးစူးနာတယ်။ နီတယ်။ ရောင်တယ်။ ဒီလိုဖြစ်ရင် ဖနောင့်အတက်ထွက်လို့ဖြစ်နိုင်တယ်။ သေချာအောင် ဆရာဝန်က ခြေထောက်ဓာတ်မှန်ရိုက်ခိုင်းမယ်။ဖနောင့်အတက်ထွက်ရင်ဆရာဝန်နဲ့ ပြပြီး လိုအပ်တဲ့ ကုသမှုမျိုး ပြုလုပ်ရတယ်။

ကုသနည်းများ
ခြေဖနောင့်အတက်ထွက်တဲ့အခါ အလွယ်ဆုံးနည်းက ရေခဲကပ်ပေးတာ ဖြစ်တယ်။
အတက်ထွက်တဲ့ ခြေဖနောင့်ကို ရေခဲဝတ် တင်ပေးနိုင်တယ်။ တခါလုပ်ရင် ၁၅မိနစ် တနေ့(၃)ကြိမ် ပြုလုပ်ပေးပါ။ plantar fascia အရွတ်ကြောရောင်ရမ်းတဲ့အခါမျိုးမှာ ရေခဲရေပုလင်းကို ခြေဖဝါးအောက်ထားပြီး လှိမ့်ပေးရင် သိသိသာသာ သက်သာလာပါတယ်။ သိပ်မသက်သာရင် အကိုက်အခဲပျောက်ဆေး တမျိုးမျိုး(ibuprofen or naproxen) သောက်ပေးပါ။ လိုအပ်ရင် plantar fascia ရောင်ရမ်းတာအတွက် စတီးရွိုက်ဆေးထိုးပေးနိုင်ပါတယ်။တချို့က ထုံဆေးပါရောထိုးပေးရတယ်။ အကြောလျှော့အောင် Botox ကိုလည်း ထိုးကြတယ်။ဒါမှမရသေးရင် နောက်ဆုံးအနေနဲ့ ခွဲစိတ်ပြုပြင်ရတယ်။

ကာကွယ်ခြင်း
အဝမလွန်အောင် ဝိတ်ထိန်းပါ။ အပေါ့စားလေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်ပါ။ လေ့ကျင့်ခန်းမလုပ်ခင် အကြောလျှော့ပါ။ အိပ်ရာထ လမ်းလျှောက်ခင် ခြေဖဝါးကို အပေါ်လှန်တဲ့ ခြေဖနောင့်လေ့ကျင့်ခန်း အရင်လုပ်ပါ။ ဖိနပ်စီးတဲ့အခါ ကိုယ်နဲ့သင့်တော်မယ့် ဖိနပ်မျိုး ရွေးစီးပါ။ ကြိုးသိုင်းဖိနပ်၊canvasဖိနပ်မျိုး မစီးပါနဲ့။ မြေကြီးနဲ့ တိုက်ရိုက်မထိအောင် ခြေခုံမြင့်တာမျိုးကို ရွေးစီးသင့်တယ်။ ခြေထောက်အရွယ်အစားနဲ့ ကိုက်ညီတဲ့ဖိနပ်ဖြစ်ဖို့လည်း လိုတယ်။ ညဖက်အိပ်တဲ့အခါ ကျပ်စီးတဲ့စရာ ပစ္စည်း(Night splint)တခုခု ဝတ်ဆင်ပြီးမှ အိပ်စက်ပါ။ ဥပမာ-L ပုံစံ ဖိုက်ဘာ ဖနောင့်အခံကို ဝတ်ပြီး အိပ်သင့်တယ်။ ပြီးရင် ပတ်တီးတခုခုနဲ့ ကျပ်စီးပါ။

အစားအသောက်တွေထဲမှာ အသီးအရွက်များများစားပါ။ လက်ဖက်စိမ်းရည်ကို နေစဉ် ပုံမှန်သောက်ပေးပါ။ Alfalfa leavesက ရောင်ရမ်းမှုကိုကျဆင်းစေပြီး ခုခံအားတက်စေတယ်။ နေ့စဉ်သောက်သုံးခြင်းဖြင့် ခြေဖနောင့်အတက် မဖြစ်ပွားအောင် ကာကွယ်ပေးသတဲ့။ အိုမီဂါ သရီးပါဝင်တဲ့ ငါးကြီးဆီ အားဆေးတွေက ရောင်ရမ်းမှုနဲ့ နာကျင်ခြင်းကို သိသိသာသာသက်သာစေတယ်။ တနေ့၂-၃ကြိမ်ထိ သောက်နိုင်တယ်။ vitamin B12 ချို့တဲ့ခြင်းက အရိုးရောဂါ တွေကို ဖြစ်ပေါ်စေတယ်။ ဖနောင့်အတက်သက်သာစေဖို့ ငါး၊အသည်းနဲ့ ဗီတာမင်ဘီတွဲအားဆေးကို ဖြည့်ဆည်းသင့်ပါတယ်။

သဘာဝနည်းလမ်းများ
-သဘာဝဆေးနည်းက နနွင်းနဲ့ ဂျင်းကို အသုံးချရတာဖြစ်ပါတယ်။ အရောင်ကျစေတဲ့ အာနိသင်ရှိတယ်။ ဖြစ်တဲ့ခြေဖနောင့်ကို သေချာပွတ်လိမ်းပေးပါ။ ဂျင်းဆေးပြား 500mg တနေသုံးကြိမ်(သို့) နနွင်းဆေး400mg နေ့စဉ် တိုက်ကျွေးနိုင်ပါတယ်။
-အုန်းဆီ(သို့) သံလွင်ဆီ(သို့)နှမ်းကြတ်ဆီကို အပူအနည်းငယ်ပေး၍ ခြေဖနောင့်ပေါ်တွင် နှိပ်နယ်ပေးပါ။ ကြွက်သားတွေ ပြေလျှော့စေပြီး ရောင်ရမ်း နာကျင်မှုကို သက်သာစေတာ တွေ့ရတယ်။
-ဂေါ်ဖီရွက်ကို ရေနွေးနဲ့ပြုတ်ပြီး အဖတ်ကို အဝတ်စည်း၊ခြေဖနောင့်ကို ဖိအုံပေးပါ။ မုန့်ညှင်းစေ့ကို ထောင်းပြီးလည်း အုံပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ် အနှစ်ကိုသုံးပြီး နှိပ်ပေးနိုင်တယ်။ ရောင်ရမ်းမှုသက်သာအောင် ခြေဖနောင့်ကို ညင်သာစွာ နှိပ်နယ်ပေးပါ။
-ရေခပ်နွေးနွေးထဲကို Epsom salt(magnesium sulfate) တဇွန်းခန့်ထည့်ပြီး ရေချိုးပါ။ ရောင်ရမ်းခြင်းကို သက်သာစေမယ်။တင်လဲရည်ထဲကို ဆိုဒါမှုန့်နဲ့ apple cider vinegarထည့်ပြီး ရောပေးရင် အလွှာပါးတခုဖြစ်လာတယ်။ အဲဒီအလွှာပါးကို ဖုံးပေးရင် ခြေဖနောင့်အတက်ထွက်သူတွေမှာ အကျိုးများတယ်။
-Borax solution ဆိုတာလည်း သုံးတယ်။ ကလိုရင်းခပ်ထားတဲ့ရေကို boraxနဲ့ ရောစပ်ပေးရပါတယ်။ ရလာတဲ့ Borax solutionကို ရေနွေးနဲ့ရောပြီး ခြေဖဝါးကို စိမ်ပေးပါ။ မကြာခင် သက်သာလာတာ တွေ့ရပါလိမ့်မယ်။

ဒေါက်တာ အေးမင်းထူး

26/11/2022

ဆောင်းတွင်းပိုင်းမှာ
ဂရုစိုက်သင့်တဲ့ ရောဂါများ
===================

၁။ နှလုံးရောဂါ
•••••••••••••••••
နှလုံးရောဂါဟာ ဆောင်းတွင်းမှာ ပိုအဖြစ်များတယ်ဆိုတာကို လူအများစုက မသိကြပါဘူး။

အေးတဲ့အချိန်မှာ သွေးလွှတ်ကြောတွေဟာ ကျုံ့သွားပြီး နှလုံးကနေ သွေးတွေစုပ်ထုတ်ရာမှာ အခက်အခဲဖြစ်စေပါတယ်။

ကိုယ့်မှာ နဂိုတည်းက နှလုံးရောဂါအခံလည်း ရှိတယ်ဆိုရင် ဆောင်းတွင်းမနက်စောစော လမ်းထလျှောက်မယ်ဆိုရင် နေစထွက်ချိန်မှ လျှောက်တာ ပိုမိုသင့်လျော်ပြီး၊ မနက်စာကိုလည်း တနင့်တပိုး မစားသင့်ပါဘူး။

နောက်ပြီး ဆောင်းတွင်းမှာ ညစာကိုလည်း လျှော့စားတာက နှလုံးရောဂါအန္တရာယ်ကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ပါတယ်။

၂။ ရင်ကြပ်ရောဂါ
••••••••••••••••••••
တစ်ကယ်လို့ သင်ဟာ ပန်းနာရင်ကြပ်သမားတစ်ဦးဆိုရင် ဆောင်းတွင်းမှာ ပိုဂရုစိုက်သင့်ပါတယ်။

အေးမြပြီး ခြောက်သွေ့တဲ့လေဟာ အသက်ရှုလမ်းကြောင်းကို ပိုမိုတင်းကြပ်စေပြီး အသက်ရှုရ ခက်ခဲစေပါတယ်။

အိမ်မှာမီးခိုးငွေ့လို ရင်ကြပ်စေတဲ့အရာတွေကို ဂရုတစိုက် ရှောင်ရှားသင့်ပြီး၊ အိပ်ယာခင်းများ တစ်ပတ်တစ်ခါလဲ
ခြင်းဖြင့် ရင်ကြပ်ရောဂါကို ကာကွယ်နိုင်ပါတယ်။

၃။ အရေပြားယားယံခြင်း
••••••••••••••••••••••••••••
စိုထိုင်းမှုနည်းပြီး အပူချိန်နည်းခြင်းဟာ အရေပြားကိုယားယံစေပါတယ်။

ဆီများတဲ့ လမ်းဘေးစာတွေ စားခြင်းကို ရှောင်ရှားခြင်းဖြင့် အရေပြားယားယံခြင်းကို ကာကွယ်နိုင်ပါတယ်။

ရေနွေးကြမ်း ပူပူလေးကို ထန်းလျက်ခဲနဲ့စားခြင်း၊ အရေပြားမှာ သံလွင်ဆီ လိမ်းထားခြင်းတို့နဲ့လည်း အရေပြားယားယံခြင်းကို ကာကွယ်တားဆီးနိုင်ပါတယ်။

၄။ အရိုးအဆစ်ကိုက်ခဲခြင်း
••••••••••••••••••••••••••••••
အရိုးအဆစ်ကိုက်ခဲခြင်းဟာလည်း ဆောင်းတွင်းမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးပါပဲ။

အဝတ်အထည် နှစ်ထပ်ဝတ်ပြီး နွေးနွေးထွေးထွေးနေခြင်း၊ သွေးပူအောင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းတို့နဲ့ အရိုးအဆစ်ကိုက်ခဲခြင်းကို ကာကွယ်နိုင်ပါတယ်။

နေရောင်ခြည်နွေးနွေးအောက်မှာ နေပူစာလှုံခြင်းဟာလည်း အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

၅။ နှာပိတ်ခြင်း
•••••••••••••••••
ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာပိတ်ခြင်းတို့ဟာလည်း ဆောင်းတွင်းမှာအဖြစ်များတာမို့ သတိထားသင့်ပါတယ်။

လေဝင်လေထွက် မကောင်းရင်လည်း နှာပိတ်တတ်ပါတယ်။

နှာပိတ်ခြင်းကို လုံလောက်စွာ အနားယူခြင်း၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကို စားသုံးပေးခြင်း၊ အရည်များများသောက်ခြင်း၊ အအေးမမိအောင်နေခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။

ကုသမှုအပိုင်းကတော့ ဂျင်းပြုတ်ရည် သောက်ပေးတာတို့၊ သစ်ကြံပိုးခေါက်မှုန့် ထည့်ထားတဲ့ လက်ဖက်ရည်သောက်ပေးတာတို့နဲ့ ကုသပေးနိုင်ပါတယ်။Credit

မေတ္တာဖြင့် မျှဝေပါသည်

Photos from Ma Po Hanuman Herbal Products's post 25/11/2022

လည်ပင်းကျီးပေါင်းရောဂါသည် အသက်အရွယ်ရလာသည်နှင့်အမျှ လူတိုင်းနီးပါး ဖြစ်ပွားနိုင်သော ရောဂါတစ်ခု ဖြစ်ပါသည်။ အချို့သောသူများတွင် အသက် ၃၀ ဝန်းကျင်ကတည်းက စတင်ဖြစ်လာသည်ကို တွေ့ရပါသည်။

လည်ပင်းကျီးပေါင်းရောဂါ ဖြစ်လာပါက ခေါင်းကိုက်ခြင်း၊ လည်ပင်းနာ ဇက်ကြောတက်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ ဦးခေါင်းလှုပ်ရှားရခက်ခြင်း နှင့် ချာချာလည်အောင်မူးခြင်း စသော လက္ခဏာများ ဖြစ်လာနိုင်ပါသည်။ တစ်ခါတစ်ရံတွင် နာကျင်ခြင်းသည် လည်ပင်းတွင်သာမက နောက်စေ့၊ ပခုံး၊ ကျောနှင့် လက်များသို့ပင် ပြန့်နှံ့ရောက်ရှိသွားတတ်ပါသည်။

လည်ပင်းကျီးပေါင်းရောဂါ ဖြစ်ရခြင်း အကြောင်းအရင်းများမှာ - အသက်အရွယ်ကြီးခြင်း၊ ဦးခေါင်းထက်တွင် အလေးတင်၍ အလုပ်လုပ်ရခြင်း (ဥပမာ - ခေါင်းရွက်ဈေးရောင်းခြင်း/ ပစ္စည်းသယ်ခြင်း)၊ လည်ပင်းဒဏ်ရာ ရဖူးခြင်း၊ လည်ပင်းကို သက်တောင့်သက်သာ မဖြစ်သော အနေအထားတွင် ကြာရှည်နေရခြင်း (ဥပမာ - ကွန်ပျူတာ ကြာရှည်အသုံးပြုရသူများ)၊ ဆေးလိပ်သောက်ခြင်း တို့ဖြစ်ပါသည်။ လည်ပင်းကျီးပေါင်း မျိုးရိုးရှိသူများနှင့် အဝလွန်ပြီး ကိုယ်လက်လှုပ်ရှားမှု နည်းသူများမှာလည်း ပို၍ဖြစ်နိုင်ပါသည်။

🔹လည်ပင်းကျီးပေါင်းရောဂါတွင် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များမှာ🔹

1⃣ ရောဂါဆိုးနေသည့် အချိန်များတွင် အနားယူရန် လိုအပ်ပါသည်။

2⃣ နာနေသည့် လည်ပင်းအနီးတစ်ဝိုက်ကို ရေနွေးအိတ် ကပ်ပေးနိုင်ပါသည်။

3⃣ ဦးခေါင်းနှင့် လည်ပင်း လေ့ကျင့်ခန်း လုပ်ပေးရပါမည်။ အစမှာ Isometric exercises ဟုခေါ်သော လည်ပင်းကြွက်သား သန်မာစေရေး လေ့ကျင့်ခန်းများ လုပ်ပေးရပါမည် (ပုံကိုကြည့်ပါ)။ သက်သာသွားလျှင် ပုံမှန်လုပ်နေကျ ဦးခေါင်းနှင့် လည်ပင်းလေ့ကျင့်ခန်းများ၊ အကြောလျှော့ခြင်းများ လုပ်ပေးနိုင်ပါသည်။ အားကစား ပြင်းပြင်းထန်ထန် မလုပ်သင့်ပါ။

4⃣ ကြမ်းကြမ်းတမ်းတမ်း အနှိပ်ခံခြင်း၊ အကြောပြင်ခြင်း၊ ဇက်ချိုးခြင်း တို့မပြုလုပ်သင့်ပါ။

5⃣ လည်ပင်းကော်လာ (Cervical collar) ကို နေ့လယ်နေ့ခင်းတွင် တပ်ဖို့လိုနိုင်ပါသည်။ Cervical collar ကို ရေရှည်တပ်ထားလျှင် လည်ပင်းကြွက်သားများ အားလျော့သွားနိုင်သောကြောင့် ရေတိုအနေနှင့်သာ အသုံးပြုသင့်ပါသည်။

6⃣ ကုသမှုအနေနှင့် နာကျင်ကိုက်ခဲမှု ခံစားရလျှင် Paracetamol နှင့် Aspirin ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို သောက်သုံးပေးနိုင်ပါသည်။ သဘာဝဆေးဝါးများအနက် မိုးမခပင် (Salix spp.) ၏ အခေါက်မှထုတ်လုပ်ထားသော ဆေးဖက်ဝင် Salicin ဒြပ်ပေါင်းသည် အထက်တွင်ဖော်ပြထားသော Aspirin ဆေးနှင့် အာနိသင်တူပါသည်။ သို့သော် သဘာဝမှရရှိသော Salicin ဒြပ်ပေါင်းသည် Aspirin ဆေးထက် အစာအိမ်ကို ထိခိုက်မှုနည်းပါးပြီး သွေးကျဲစေသောအာနိသင် မပါရှိသောကြောင့် အလွန်သင့်တော်သော သဘာဝဆေးဝါးတစ်မျိုး ဖြစ်သည်။

7⃣ လည်ပင်းအဆစ်များအတွက် Glucosamine နှင့် Chondroitin တို့ပါဝင်သော အဆစ်အားဆေးများ (ဥပမာ - Arthrotec) ကို သောက်သုံးပေးနိုင်ပါသည်။ အရိုးသန်မာစေရန် Calcium နှင့် Vitamin D ပါဝင်သော အားဆေးများ (ဥပမာ - Osteomax) ကို မှီဝဲပါ။

8⃣ ရောင်ရမ်းမှုသက်သာစေရန် Omega 3 fatty acid၊ ချင်း (Ginger)၊ နနွင်း (Curcumin) နှင့် ဆင်တုံးမနွယ်ဆေး (Tinoflam) တို့ကိုလည်း သောက်သုံးနိုင်ပါသည်။

9⃣ လည်ပင်းနှင့် ဦးနှောက်သို့ သွေးလှည့်ပတ်မှုကောင်းစေရန် အာရုံကြောဆေး (Neurogin) ကို သောက်သုံးနိုင်ပါသည်။

🔟 လိုအပ်လျှင် Mechanical traction ဟုခေါ်သည့် ဦးခေါင်းနှင့်လည်ပင်းကို ဆွဲဆန့်ကုသနည်းနှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဆေးခန်းများတွင် ကုသရန်လိုလာနိုင်ပါသည်။ ရောဂါဆိုးသူများတွင် ခွဲစိတ်ကုသမှုများလည်း လိုအပ်လာနိုင်ပါသည်။

🔹 လည်ပင်းကျီးပေါင်း မဖြစ်စေရန် 🔹

1⃣ ထိုင်နေစဉ်နှင့် လမ်းလျှောက်စဉ် ကိုယ်ကို တည့်မတ်စွာထားပါ။

2⃣ ကွန်ပျူတာနှင့် အလုပ်လုပ်ရသူများတွင် ကွန်ပျူတာမျက်နှာပြင်ကို ဦးခေါင်းနှင့် တစ်တန်းတည်းထားပါ။ ကုန်းကုန်းကိုင်းကိုင်း ဖြစ်မနေစေရန် မတ်မတ်ထိုင်ပါ။ အလုပ်လုပ်စဉ် တစ်နာရီတစ်ကြိမ်ခန့် ဦးခေါင်းလှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ခြင်း၊ အညောင်းအညာဖြေခြင်း တို့ကို မှန်မှန်ပြုလုပ်ပေးပါ။

3⃣ လည်ပင်းကို ထိခိုက်မှုမရှိစေရန် ဂရုစိုက်ပါ။ ကားစီးစဉ် ထိုင်ခုံခါးပတ် ပတ်ပါ။

4⃣ ဦးခေါင်းနှင့်ရွက်၍ အလေးအပင်မခြင်း/ ပစ္စည်းသယ်ခြင်း မပြုလုပ်ရပါ။

5⃣ ပုံမှန် ကိုယ်လက်လှုပ်ရှားလုပ်ပါ။ ဦးခေါင်းနှင့် လည်ပင်းလေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးနိုင်ပါသည်။ ယောဂ (Yoga) နှင့် ပလားတီးဇ် (Pilates) ကဲ့သို့သော နည်းများကိုလည်း ဆော့နိုင်ပါသည်။

6⃣ ကိုယ်အလေးချိန်များလျှင် လျှော့ချပါ။

7⃣ အဆီ လျှော့စားပါ။ ဆီကြော်စာများ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။

8⃣ လတ်ဆတ်သော အသီးအရွက်များကို များများစားပေးပါ။

9⃣ ရေများများသောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။

🔟 ဆေးလိပ်သောက်သူဖြစ်ပါက ဆေးလိပ်ဖြတ်ပါ။

ဒေါက်တာခင်မောင်လွင် (FAME)

24/11/2022

👉 ခြေထောက်နဲ့ ခြေချင်း၀တ်ဖောရောင်တာဟာ
ဒီရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်ပါတယ်ရှင့်။
▪▪▪▪▪▪▪▪▪▪▪▪▪▪▪

ကျမတို့ ခြေထောက်နဲ့ ခြေချင်း၀တ် ဖော၊ရောင်တာမျိုးကို ကြုံဖူးကြမှာပါရှင်။တခါတလေ ထိုင်တာ အရမ်းများတာ။

ဥပမာ ~ ကားစီး တာ၊လေယာဉ်စီးတာ အရမ်းကြာသွားတဲ့ အခါမျိုးတွေမှာ ခြေထောက်က သွေးကျတာ များပြီး ဖောရောင် တာမျိုး လည်းရှိတတ်ပါတယ်နော် ။

အဲ့ဒီလိုမှ မဟုတ်ပဲ ထူးထူးခြားခြား ဘာအကြောင်းရယ်
မှ မရှိပဲ နဲ့ ခြေထောက်နဲ့ ခြေချင်း ၀တ်ဖောရောင်နေပြီ
ဆိုရင်တော့ လုံး၀မပေါ့ဆလိုက်ပါနဲ့နော် ။

ဒါဟာ အောက်မှာ ဖော်ပြထားတဲ့ ရောဂါတွေရဲ့ ရှေ့ပြေး
လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

(၁)သွေးကြော တွေ ပိတ်ဆို့ နေတာ

ခြေထောက်နဲ့ ခြေချင်း၀တ်အရမ်းဖောရောင်နေပြီဆိုရင်တော့ ဒါဟာ သင့်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြော လေး တွေ ပိတ်ဆို့ နေတာကို ပြနေတဲ့ ရောဂါလက္ခဏာ ဖြစ်နိုင်ပါတယ်။

သွေးကြောတွေ ပိတ်ပြီး ခြေထောက်ကို သွေး မဆင်း တော့ ဖောရောင်လာတာရယ်ပါ။အသက်ရလာတာနဲ့
အမျှ အဆို့ရှင်တွေဟာ အလုပ်လုပ်တာ တဖြည်းဖြည်းနှေးကွေး လာတတ်ပါတယ်။

ခြေထောက်မှာ သွေးတွေကို သွားစုနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။သွေး ကြော ပိတ် တာဟာ ခြေထောက် ဖောရောင်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။

ခြေထောက်ကနေ နှလုံးဆီကို သွားမယ့် သွေး တွေကို သွေးခဲတွေက ပိတ်မိသွားတာပါ။ခြေထောက်မှာ အရည်တွေ အဖြစ် သွားစုနေတာပါ။ကုသမှု အချိန် မီ မလုပ် ရင် အသက်အန္တရာယ်ကြုံနိုင်တဲ့ အထိ အရမ်းကို အန္တရာယ်များပါတယ်ရှင်။

(၂)နှလုံးပုံမှန်မဟုတ်တာ

ဒါဟာ နှလုံးက ပုံမှန်အလုပ်မလုပ်တာကြောင့်လည်း
ဖြစ်နိုင်ပါတယ်။နှလုံးရဲ့ ပါဝါက အားနည်းလာပြီဆိုရင် ခြေထောက် ကနေ ခန္ဓာကိုယ်အပေါ်ပိုင်ကို သွေးတွေ အလုံအလောက်ရောက်အောင်မလုပ်ပေးနိုင်တော့တဲ့ အတွက် ခြေထောက် ရောင်လာတာပါ။

နှလုံးအဆို့ရှင်တွေရဲ့ ယိုပေါက်ကလည်း နှလုံးကောင်းကောင်း မလုပ်မလုပ်နိုင်တဲ့ အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။

ခြေထောက်ဖောတာရောင်တာ အပြင် ရင်ဘတ်ပါ နာလာ
အောင့်လာတာ၊ပင်ပန်းနွမ်းနယ်တာ၊အသက်ရှု မ၀ တာ
အစရှိတဲ့ ရောဂါလက္ခဏာတွေပါ ခံစားနေရပြီဆိုရင်တော့ သင့်ရဲ့ နှလုံးက ကောင်းကောင်း အလုပ်မလုပ် တော့ပဲ နှလုံးရောဂါလက္ခဏာလို့ ပြောလို့ရပါတယ်ရှင်။

(၃)ကျောက်ကပ်ရောဂါ

နောက်ထပ်ဖြစ်နိုင်ချေရှိတဲ့ ရောဂါတစ်မျိုးကတော့
ကျောက်ကပ်ရောဂါပါ။ကျောက်ကပ်က ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့အရည်တွေကို ဖယ်ရှားရှင်းလင်းပေးတာပါ။

ဒါပေမယ့် ကောင်းကောင်း အလုပ် အလုပ်တော့တဲ့ အခါမှာတော့ ခန္ဓာ ကိုယ် ထဲမှာ အရည်ပိုတွေ နဲ့ sodium stagnateတို့က စုပုံလာပြီး အဲ့ဒီလို ဖြစ်လာတဲ့ အခါ နောက်ဆက်တွဲ အနေနဲ့ ဖော ရောင်လာတာရယ်ပါ။

စွန့်ပစ်စနစ်ကို ပျက်စီးစေတဲ့ ဆီးလမ်းကြောင်းမှာ infection ၀င်တာတွေကြောင့်လည်း ဖြစ်နိုင်ပါ တယ်။
ကျောက်ကပ်က ကောင်းကောင်းမလုပ်မလုပ်တော့ရင် ခြေထောက်နဲ့ မျက်လုံးတစ်ဝိုက်မှာ ဖောရောင် တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်ရှင် ။

(၄)အသည်း မကောင်းတာ

နောက်ထပ် ဖြစ်နိုင်ချေကတော့ အသည်းက ကောင်း ကောင်း အလုပ်မလုပ်တာပါ။အသည်းကနေ albumin ဆိုတဲ့ ပရိုတင်းကို ထုတ်ပေးပါတယ်။အဲ့ဒီပရိုတင်းက သွေးကြောထဲက အရည်တွေကို ထိန်းထားပေးပါတယ်။

အသည်း ရောဂါ တစ်ချို့ဟာ သွေးထဲမှာရှိတဲ့ albumin ပမာဏကို လျော့ကျသွားစေပါတယ်။အဲ့ဒီ အရည်တွေက သွေးကြောကနေ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေဆီကို သွားတာပါ။ဒါကြောင့် ခြေထောက်နဲ့ ခြေချင်း၀တ်ဖောရောင်တာဟာ အသည်းကြောင့် လည်း ဖြစ်နိုင်ပါတယ်ရှင့်။

(၅)Lymphatic system(လင့်သွေးဖြူကြော)

သွေးကြောတွေနဲ့အတူ၊သွေးဖြူကြောတွေက အောက်စီဂျင်နဲ့အာဟာရတွေကို တစ်ရှူး ဆီကို ပို့ ပေးကာ၊ကိုယ် တွင်းအင်္ဂါ တွေက CO2 (Carbon dioxide)နဲ့ မလိုတဲ့ အရာတွေကို ဖယ်ရှားပေးပါတယ်။

Lymphatic vessels တွေက ပိတ်ဆို့ နေပြီဆိုရင်တော့
အဲ့ဒီ စွန့်ထုတ်တဲ့ စနစ်က ကောင်းကောင်း အလုပ်
မလုပ်နိုင်တော့ပါဘူး။အဲ့ဒီ လို ဆိုရင်တော့ ပုံမှန်မဟုတ်ပဲ
ဖြစ်ပေါ်လာတဲ့ အရည်တွေ(lymphedema)
ဖြစ်ပေါ်လာနိုင်ပါတယ်။

Lymphedema ကတော့ infections၊ခွဲစိတ်မှု၊အကြိတ်၊
ဓါတ်ရောင်ခြည်၊ကင်ဆာကုသမှုနဲ့ တခြား အကြောင်းတွေကြောင့်လည်း ဖြစ် ပေါ်တတ်ပါတယ်။

(၆)ဆေးနဲ့ မတည့်တာ

နောက်တစ်ခုကတော့ ဆေးနဲ့ မတည့်တာပါ။တကယ်လို့ များ သင်က ဆေးကုသမှုတစ်ခုခုကို ခံယူနေတဲ့ သူမျိုး ဆိုရင် တော့ သင်မှီဝဲနေတဲ့ ဆေးဝါးနဲ့မတည့်တာကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်ရှင်။

ဥပမာ ~
အရောင်ကျစေတဲ့ ဆေးဝါး၊အသက်ရှု လမ်းကြောင်းဆိုင်ရာ
အစိတ်အပိုင်းတွေကို အရောင် ကျစေတဲ့ ဆေး..အစရှိတဲ့
ဆေးတွေပါ။

(၇)တခြားအကြောင်းအရင်းများ

တခြားအကြောင်းအရင်းတွေကတော့ စီးနေတဲ့ ဖိနပ်နဲ့
အဆင်မပြေတာ၊အချိန်အကြာကြီး မတ်တပ်ရပ်ရတာ..အစရှိတာ တွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်လို့...

အဲ့ဒီလို ဖြစ်လာရင်တော့ ခြေထောက်ကို အနားပေးလိုက်တာ အကောင်းဆုံးရယ်ပါရှင်။ခြေ ထောက်ကို သက်သောင့်သက်သာဖြစ်အောင် ထားတာမျိုး (သို့) ခြေထောက်ကို အပေါ် မြှောက်ပေးတာ မျိုး
ပြုလုပ်ပေးပါနော် ။

ကျန်းမာရွှင်လန်းကြပါစေရှင်😊💖

✍🏻✍🏻
#ပြန်လည်မျှဝေပါတယ်ရှင

Photos from Ma Po Hanuman Herbal Products's post 23/11/2022

#ခါးနာခြင်း ❗

ခါးနာတယ်ဆိုတာက လူတိုင်းနီးပါး ခံစားရနိုင်တဲ့ နာကျင်မှု ပြဿနာတစ်မျိုးပါ။ 👩‍⚕️

ဆယ်ကျော်သက်အရွယ်ကစလို့ ဘိုးဘိုးဘွားဘွားအရွယ်အထိ အားလုံး ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ နေ့စဉ် လှုပ်ရှား သွားလာမှုတွေ လုပ်ရင်းနဲ့ကို ခါးနာတာကအမှတ်မထင် ခံစားရနိုင်ပါတယ်။

အလေးအပင်တွေမှရတာပဲဖြစ်ဖြစ် မတော်တဆ ခါးနာ‌တာတွေဖြစ်တတ်ပါတယ်။

အရမ်းဆိုးဝါးတဲ့အခြေမဟုတ်ဘူးဆိုရင် အိမ်မှာပဲ သက်သာမှုပြုလို့ရပါတယ်။✅

Cassamuna ပါဝင်ထားတဲ့
လိမ်းဆေးဆီလေးကို အသုံးပြုပေးလို့ရပါတယ်။💯

ပါဝင်ပစ္စည်းတွေထဲကတစ်ခုဖြစ်တဲ့ #ကတ်စမူနာဂျင်းဟာဆိုရင် #ယောင်ရမ်းနာကျင်မှုတွေကိုသက်သာစေတဲ့အကျိုးအာနိဒင်ပါရှိတာမို့လို့ အကြောလွှဲတာ ခါးနာတာတွေအတွက်အထူးသင့်လျော်တယ်နော် 🥰

လိမ်းဆေးဆီလေးနဲ့ ခါးနာတဲ့နေရာ ခါးကြောတစ်လျှောက်ပုံမှန်လိမ်း၍ ဖြေးညှင်းစွာနှိပ်နှယ်ပေးခြင်းဖြင့် သက်သာမှုရယူနိုင်ပါသည်။💯❗



❤️

22/11/2022

📌 ခါးရိုးခွဲစိတ်ကုမှုခံယူမည့်သူများ၊ ကုသမှုခံယူထားသူများအနေဖြင့် မဖြစ်မနေသိထားသင့်တဲ့အချက်များ
▪️▪️▪️▪️

#ခါးရိုးခွဲစိတ်ပြီးပြီးချင်းရှောင်ရန်အချက်များ

(1)ခါးကုန်းခြင်း၊ခါးရိုးကိုကွေးခြင်း အလေးအပင်မခြင်း တို့ကိုရှောင်သင့်ပါတယ်။

(2)၁၀ ပေါင်ထက်လေးသော ပစ္စည်းများကို လုံးဝမမ သင့်ပါ။(ကလေးချီခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။)

(3)မြေပြင်မှ ပစ္စည်းများကို ခါးကုန်း၍မယူဘဲ ဖြေးညှင်းစွာထိုင်ချပြီး ယူသင့်ပါတယ်။

(4)လှေခါးအမြင့်တက်ခြင်း နှင့် ဆောင့်ကြောင့်ထိုင်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

(5)ပစ္စည်းများကို ကောက်ယူနိုင်ရန် တုတ်ကောက်ထိပ်တွင် ညှပ်တပ်ထားသော အကူကိရိယာ ကိုအသုံးပြုနိုင်ပါတယ်။

(6)ခွဲစိတ်ပြီးနောက် သွေးလည်ပတ်မှကောင်းစေရန် အထူးလိုအပ်သောကြောင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

✅အထက်ဖော်ပြပါ အနေအထားများကို (ရောဂါအခြေအနေအလိုက်) ခွဲစိတ်ပြီး ၄ပတ်မှ ၆လအထိ ရှောင်ရန်လိုအပ်ပြီး၊

✅အချို့သော ကျောရိုးခွဲစိတ်မှုများတွင် ကျောရိုးများနဂိုအတိုင်း ပြန်မကောင်းနိုင်လျှင် အလေးအပင်မခြင်းကို ထာဝရ ရှောင်ရှားရတတ်ပါတယ်။

#ခါးရိုးခွဲစိတ်ကုသပြီးဆောင်ရွက်ရန်အချက်များ

(1)ဆရာဝန်ဖြင့်ပုံမှန်ပြသ၍ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာခြင်း

(2)ခွဲစိတ်အပြီး လိုအပ်သော လှုတ်ရှားမှုများကို ပုံမှန်ပြုလုတ်ပေးခြင်း

(3)အနာကျက်စေရန် သင့်တင့်သော အဟာရရှိသော အစားအစာများကို စားသုံးခြင်း

(4)ပြန်လည်သန်စွမ်းရေးလေ့ကျင်ခန်းများကို ပုံမှန် အချိန်မှန် ပြုလုပ်ပေးခြင်း

✅ခွဲစိတ်ပြီး ၂ရက် အကြာတွင် လမ်းစလျှောက်နိုင်ပြီး နှစ်ပတ်အတွင်း တစ်ခါထိုင်လျှင် မိနစ် ၂၀ထက်မပိုသော နှုန်းဖြင့် ထိုင်နိုင်ပါတယ်။

✅၆ပတ်အကြာတွင် မပြင်းထန်သော နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ပါတယ်။

✅𝐘𝐨𝐠𝐚 (ယောဂ) ဆော့ခြင်းသည်ခါးရိုးခွဲစိတ်ထားသောလူနာများနှင့် အထူးသင့်တော်ပြီး၊
ခွဲစိတ်ပြီး၆ပတ် အကြာမှစတင်နိုင်ပါတယ်။

✅ခါးပတ် (𝐥𝐮𝐦𝐛𝐚𝐫 𝐬𝐮𝐩𝐩𝐨𝐫𝐭) ကို အနည်းဆုံး ၃လအထိ တောက်လျှောက်ဝတ်ထားသင့်ပါတယ်။
၃ချောင်းထောက် (သို့မဟုတ်) တုတ်ကောက် ကို ၁လခန့် အသုံပြုရန် လိုအပ်ပါတယ်။

အားလုံး ပါ အဆင်ပြေ ကြပါစေရှင့်...

Crd to original uploader

17/11/2022

ဆားကြမ်းလေးနင်းတာပါပဲ...
ဆားကြမ်း ၂ ပိဿာ ၈၀၀ ကျပ်ဖိုးဆို
တစ်လလောက် အသုံးပြုလို့ရပါတယ်....
နေ့ စဉ် အ ချိန် မှန် ရေချိုး ခါနီး တိုင်း
ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။
ညဘက် နင်းပုံနင်းနည်းကတော့ … ခြေထောက်ကို.. ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ…။
(ဆား ၂ပိသာ ဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ…။
နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ ခြေထောက်က…ချွေးများ ထွက်လာတာ တွေ့ရပါမယ်…။
မိနစ် ၃၀ -၄၀ – ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့…မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ…
ခြေထောက်ကို လုံးဝ(လုံးဝ) ရေပြန်မဆေးရပါ…
ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ…
ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်…။
အကြောပြေ.. ခြေကျဉ် ထုံနာတွေ ပျောက်ကင်း..
ခြေကွဲခြင်း မရှိ… ဆံပင် မကျွတ်တော့ပဲ…
နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည်. ကျန်းမာခြင်းကိုရရှိစေမှာပါ။
Kyilwinmyint-mudra ပြောပြတဲ့
နံနက်ရေမချိုးမီ ဆားနင်းခြင်းအကျိုး
(၁) မလိုအပ်သောအပူအောင်းနေသောအခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်သည်။
(၂) ကျောက်ကပ်တွင်အပူခိုခြင်းမှကာကွယ်၍ ဆီးလမ်းကြောင်းကိုလည်းအကျိုးပြုသည်။
(၃) ကြာကြာနင်းလျှင်ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေနိုင်သည်။
(၄)အထိုင်များသူ..ကားမောင်းများသူများအတွက် အညောင်းရောဂါ အကြောပိတ် အကြောတင်းခြင်းများမှ ကာကွယ်နိုင်သည်။
(၅) မျက်စိအာရုံစိုက်ရသူများ မျက်မှန်တတ်ရသူများအတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင်မျက်စိဒီကရီကျပြီး မျက်မှန်လွတ်စေနိုင်သည်။
(၆)ဆံပင်ကျွတ်သူများ ဆံပင်ပါးသူများ ဆံပင်နှစ်ခွကွဲခြင်းများ သက်သာစေသည်။
(၇) ခေါင်းကိုက် မျက်ရိုးကိုက် မျက်ရည်ကျသူများ မျက်ရည်လမ်းကြောင်းပိတ်သူများအတွက်လည်း အကျိုးရှိစေနိုင်သည်။
(၈) သားအိမ်လမ်းကြောင်းပိတ်၍ သားသမီးမရသူများ သားသမီးရစေနိုင်သည်။
(၉) အမျိုးသားဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်းမှကာကွယ်နိုင်သည်။
ဆားနင်းခြင်းကို နံနက်အိပ်ယာထ.. ညအိပ်ယာဝင် နှစ်ကြိမ်ပြုလုပ်နိုင်သည်။ ခွက်တွင် ဆားနှစ်ပိဿာ အနည်းဆုံးထည့်ရပါမည်။ ပြီးလျှင်ရေမစိုအောင်အုပ်ထားပါ။ တစ်လခန့်ကြာမှ ဆားအသစ်လဲပေးလျှင်ရပါသည်။
ဆားနင်း၍ ကုမရသောခေါင်းကိုက်ရောဂါ၊ခါးနာရောဂါများပျောက်ကင်းနိုင်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ပြီး အပူကင်းပါစေ...
-
Credit to Original Writer

Want your business to be the top-listed Beauty Salon in Patheingyi?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Patheingyi