Mail Box For MTU

Mail Box For MTU

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mail Box For MTU, Massage service, Technological University Road, Patheingyi.

24/12/2025

MTU Green Festival Announcement

ကျွန်တော်တို့ MTU Environmental Club လေးကို စနစ်တကျလေး စတင်ဖွဲ့စည်းတော့မှာဖြစ်ပါတယ်။ Club စတင်မဖွဲ့စည်းခင်မှာ ဒီကကျောင်းသူ၊ကျောင်းသားတွေ Green Activities တွေနဲ့ ရင်းနှီးသွားဖို့ Environmental Festival လေးကို ကျွန်တော်တို့ 11th Batch က သူငယ်ချင်းတွေ ဦးဆောင်ပြီး ပြုလုပ်သွားဖို့ရှိပါတယ်။

ပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရှိးရှင်းပါတယ်။
🌿အင်ဂျင်နီယာ၊ဗိသုကာဖြစ်လာမယ့် ကျောင်းသား၊ကျောင်းသူတွေမှာ Environmental ethics ရှိလာဖို့
🌿 ကျောင်းတွင်းတစ်ခါသုံးပစ္စည်းအသုံးပြုမှုတတ်နိုင်သလောက်လျှော့ချဖို့ပါပဲ

ပွဲမှာ ဘယ်လို activities တွေပါဝင်သွားမလဲဆိုရင်
free gift တွေအများကြီးပါမှာပါ။
မေးခွန်းတွေအမေးအဖြေလုပ်ပြီး လက်ဆောင်ယူလို့ရမယ့် အစီအစဉ်တွေ၊ recycled ပစ္စည်းတွေနဲ့ ချစ်စရာ‌ကောင်းတဲ့ ပစ္စည်းလေးတွေ ဘယ်လိုလုပ်ရမလဲဆိုတဲ့ training လေးတွေပါဝင်မှာဖြစ်ပြီး ကိုယ်တိုင်ဝင်လေ့လာပြီး အမှတ်တရပစ္စည်းတွေယူလို့ရမှာပဲဖြစ်ပါတယ်။

📌ပွဲချိန်ကလည်း Fresher Welcome နဲ့တိုက်နေမလားလို့ စိတ်ပူစရာမလိုပါဘူးဗျ။ EP Fresher Welcome ရဲ့ Lunch Break ချိန်အတွင်းမှာ ပြုလုပ်သွားဖြစ်ပါတယ်။ လက်ဆောင်တွေကတော့ အရေအတွက် အကန့်အသတ်နဲ့မို့ မြန်မြန်လေးလာဖို့တော့ လိုပါလိမ့်မယ်ဗျ။
📌လူကြောက်တတ်တဲ့ introvert တွေဆိုလည်းစိတ်ပူစရာမလိုပါဘူးနော် ။ တစ်နေရာနဲ့တစ်နေရာ ခပ်လှမ်းလှမ်းမှာ small circle လေးတွေနဲ့ အေးအေးဆေးဆေးပြုလုပ်သွားမှာမို့ introvert friendly festival လေးဖြစ်မှာပါ။
📌နေရာကတော့ Recreation Center ရှေ့မှာပါ။

စိတ်ဝင်စားတဲ့သူတွေ မနက်ဖြန် ဝင်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျ။

Want your business to be the top-listed Beauty Salon in Patheingyi?
Click here to claim your Sponsored Listing.

Category

Website

Address


Technological University Road
Patheingyi