Sayar Jack
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sayar Jack, Health/Beauty, Patheingyi.
Deparment of Trainning 12 𝖘𝖙𝖗𝖔𝖓𝖌𝖘 P.O.L
# # **တော်လှန်ရေးဟူသည် ဆန့်ကျင်ခြင်းထက် ပိုပါသည်**
တော်လှန်ရေးဆိုသည်မှာ စနစ်ဟောင်းတစ်ခုကို ဖြိုဖျက်ရုံသာမက၊ တရားမျှတမှုနှင့် လူသားချင်းစာနာမှုကို အခြေခံသော **"စနစ်သစ်တစ်ခု"** ကို စိုက်ပျိုးခြင်းပင် ဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် တော်လှန်ရေးများသည် ဖိနှိပ်မှုများ အထွဋ်အထိပ်သို့ ရောက်ရှိလာချိန်တွင် ပေါက်ဖွားလာလေ့ရှိပါသည်။ သို့သော် အောင်မြင်သော တော်လှန်ရေးတစ်ခုသည် အမုန်းတရားအပေါ်တွင်သာ အခြေမခံဘဲ မျှော်လင့်ချက်နှင့် ဘုံရည်မှန်းချက်များအပေါ်တွင် အခြေခံရပါသည်။
# # # **တော်လှန်ရေး၏ အဓိက မဏ္ဍိုင် (၃) ရပ်**
၁။ **အတွေးအခေါ် တော်လှန်ရေး (Intellectual Revolution)**
လက်တွေ့ကမ္ဘာတွင် မပြောင်းလဲမီ လူတို့၏ စိတ်ဓာတ်နှင့် အတွေးအခေါ်များက အရင်စတင် ပြောင်းလဲရပါသည်။ ကျွန်သဘောက်စိတ်ဓာတ်ကို ခါချပြီး မိမိ၏ ရပိုင်ခွင့်နှင့် ဂုဏ်သိက္ခာကို သိရှိနားလည်ခြင်းသည် တော်လှန်ရေး၏ ပထမဆုံးခြေလှမ်း ဖြစ်သည်။
၂။ **ညီညွတ်မှု၏ စွမ်းအား (Power of Unity)**
တစ်ဦးတစ်ယောက်ချင်းစီ၏ အသံသည် တိုးညင်းကောင်း တိုးညင်းနိုင်သော်လည်း၊ ထောင်ပေါင်းများစွာသော အသံများ ပေါင်းစည်းလိုက်သောအခါ မတရားမှုကို တုန်လှုပ်စေသော လှိုင်းလုံးကြီးများ ဖြစ်လာပါသည်။ မတူကွဲပြားမှုများကို ဘေးဖယ်ထားကာ တူညီသော ရည်မှန်းချက်တစ်ခုနောက်တွင် ရပ်တည်ခြင်းသည် အောင်ပွဲအတွက် အဓိကသော့ချက်ဖြစ်သည်။
၃။ **ခံနိုင်ရည်နှင့် ဇွဲလုံ့လ (Resilience)**
တော်လှန်ရေးဆိုသည်မှာ ခရီးတိုအပြေးပြိုင်ပွဲ မဟုတ်ဘဲ ခရီးဝေးမာရသွန်ပြိုင်ပွဲနှင့် တူသည်။ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ဆုံးရှုံးမှုများကြားတွင် လက်မလျှော့ဘဲ ရှေ့သို့ဆက်လှမ်းနိုင်သည့် ခံနိုင်ရည်သည် အဆုံးအဖြတ်ပေးသော အရာပင် ဖြစ်သည်။
> *"တော်လှန်ရေးဆိုသည်မှာ အသီးအပွင့်ကို ခူးဆွတ်ခြင်းမဟုတ်၊ အနာဂတ်မျိုးဆက်များအတွက် သစ်ပင်စိုက်ပျိုးခြင်းသာ ဖြစ်သည်။
တော်လှန်ရေးတစ်ခုတွင် ပါဝင်သူတိုင်းသည် သေနတ်ကိုင်ဆောင်ရန် မလိုပါ။ ကလောင်ကိုင်သူက ကလောင်ဖြင့်၊ အသံထွက်သူက အသံဖြင့်၊ နောက်ကွယ်မှ ပံ့ပိုးသူက ပံ့ပိုးမှုဖြင့် မိမိတို့ တတ်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင်နေကြခြင်းသည်လည်း တော်လှန်ရေးပင် ဖြစ်သည်။ အဓိကအကျဆုံးမှာ **"မတရားမှုကို မတရားဟု သိခြင်း"** နှင့် **"မှန်ကန်သော ဘက်တော်သားအဖြစ် ရပ်တည်ခြင်း"** ပင် ဖြစ်သည်။
တော်လှန်ရေးသည် ကြမ်းတမ်းခက်ခဲနိုင်သော်လည်း၊ ၎င်းသည် လွတ်လပ်မှုနှင့် တရားမျှတမှုသို့ သွားရာ တစ်ခုတည်းသော လမ်းဖြစ်နေပါက ထိုလမ်းကို ယုံကြည်ချက်ရှိရှိ လျှောက်လှမ်းကြရမည်သာ ဖြစ်ပါသည်။
30/03/2026
ဒီမယ် ကိုယ့်ဆရာတို့ ခံစားချက်နဲ့
Gunကိုင်ခဲ့ကြတာတော့ထားပါတော့
လက်ညိုးကွေးရင်တော့ ခံယူချက်နဲ့ကွေးပေါ့
မဟုတ်ရင်တော့ ပြောင်းဝကပြည်သူဘက်ရောက်ပြီး
ခေတ်အဆက်ဆက် ရိုင်းခဲ့တဲ့သမိုင်း
မင်းတို့ခေတ်မှာ အရိုင်းဆုံးဖြစ်သွားလိမ့်မယ်
original writer
29/03/2026
သူပုန်ကြီးများ
တိုက် ၊ ခြံ ၊ ကားနှင့် ကြီးပွါးချမ်းသာ
မြင်လာကြုံတော့
သူပုန်ငယ်တို့.....
ရယ်ရခတ်၊ ငိုရခတ်နဲ့......။
ကြွေသူကကြွေ
ဝေသူဝေနှင့်
ရှင်သေ သေသူပိုများလာ။
အဆင်မပြေမှုတွေခိုတွဲကာ။
ဒီလမ်းကိုစ
ခြေချကာလျှောက်၊ပန်းတိုင်ရောက်အောင်
(ငါတို့မှာလေ......)
ရောက်အောင်သွားမြဲ ဆက်လျှောက်ဆဲ......လမ်းမလွဲအောင် လှမ်းဆဲ......
ခရီးလမ်းမထစ်
နွံနှစ်လာတုန်း၊သည်လူတွေရုန်းလို့
အခုတော့......
ရွံပစ် ခွါပုန်း မကြည်ဖြူမုန်းမို့
//စိမ်းသစ်ကျော်//
20/03/2026
"တွေ့တဲ့လူ PDF လုပ်ပြီး (၅၀၀) ကျော်လက်နက်ချအညံ့ခံတယ်ဆိုတဲ့သတင်း"
ဒီသတင်းကို ဖတ်ပြီး တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်သူတွေရော၊ ရဲဘော်ရဲဘက်တွေပါ အားပြတ်သွားမှာ စိုးရိမ်လို့ ရှင်းပြမှ ဖြစ်တော့မှာပါ။
အညံ့မခံဘူးလို့တော့ ကျွန်တော် မငြင်းပါဘူး။ ခံယူချက် မခိုင်မာလို့ လက်နက်ချ အညံ့ခံတဲ့သူတွေ ရှိကို ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအရေအတွက်က တကယ်တမ်းကျတော့ အနည်းငယ်လေးတင်ပါ။ သူတို့ ကြေညာထားတဲ့ ပမာဏရဲ့ ၅ ပုံ ၁ ပုံတောင် မရှိပါဘူး။
တကယ်က ဘာဖြစ်နေတာလဲဆိုတော့... အရင်နှစ်တွေကတည်းက တာဝန်မထမ်းဆောင်ချင်တော့လို့ အိမ်ပြန်နားနေတဲ့ PDF ရဲဘော်ဟောင်းတွေကို ရွာတွေထဲအထိ လိုက်ဖမ်းပြီး ပုံမှားရိုက်ပြနေတာပါ။ ကျွန်တော်တို့ဆီမှာ စာရင်းတွေ အတိအကျ ရှိပါတယ်။
အခုဖြစ်နေတာက ရပ်ကွက်တွေထဲမှာ PDF နဲ့ ပတ်သက်တဲ့သူတွေ၊ တော်လှန်ရေးကို ထောက်ပံ့နေတဲ့သူတွေကို ဖမ်းဆီးပြီး ယူနီဖောင်းတွေ အတင်းဝတ်ခိုင်းတာမျိုးက ပိုများနေတာပါ။
တကယ့်ကို ခံယူချက် ခိုင်မာတဲ့ "သံမဏိတပ်ဖွဲ့ဝင်" ရဲဘော်တွေက မန္တလေးတိုင်းက တပ်ရင်းတပ်ဖွဲ့တွေမှာ အများကြီး ရှိပါသေးတယ်ဗျာ။ အခက်အခဲက မန္တလေးတိုင်းက တပ်ဖွဲ့တွေကို အချင်းချင်းကြားမှာ ဖေးမကူညီဖို့ လိုအပ်နေပါတယ်။
မိမိနယ်မြေ မဟုတ်တဲ့ တခြားနေရာတွေမှာ ရဲဘော်တွေရော၊ ရဲဘော်မိသားစုတွေပါ နယ်မြေပြန်မရမချင်း တောင့်ခံနိုင်ဖို့အတွက် ပြည်တွင်း၊ ပြည်ပက မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်း ထောက်ပံ့ပေးစေချင်ပါတယ်ဗျာ။
ဒီအချိန်ဟာ မန္တလေးတိုင်းက တပ်တွေ မပြိုသွားအောင် အသေအချာ ဖေးမရမယ့်အချိန်ပါ။ စစ်ကောင်စီ ပြန်စိုးမိုးတဲ့ နယ်မြေမှာ မနေချင်လို့ စစ်ရှောင်လာတဲ့ တော်လှန်ရေးမိသားစုဝင်တွေ၊ ရဲဘော်မိသားစုတွေကို စနစ်တကျ ထောက်ပံ့ပေးရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဝိုင်းဝန်းကူညီပေးကြပါဦးဗျာ။
PS: အလင်းဝင်တယ်၊ အညံ့ခံတယ်ဆိုတာက တကယ်တော့ ဒီလိုပုံစံမျိုးပါ... 👇
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Patheingyi
