Muscle Mania - Pyay

Muscle Mania - Pyay

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Muscle Mania - Pyay, Health/Beauty, အမှတ် ၁၂၈/၁၂၉ ၊ ဒေါနခြံ ၊ ဂျပန်ကွက် ၊ ရွှေတစ်ချောင်းလမ်း ၊ ရွာဘဲနယ်မြေ ၊ ပြည်မြို့ ။, Pyay.

25/05/2026

💪 ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးမို့ အသက်ကြီးလာတာနဲ့အမျှ Healthy Lifestyle ပြောင်းဖို့အတွက် ကြိုးစားလာကြတာများပါတယ် 💛✨

💪 ဝိတ်ကျချင်တယ်ဆိုရင် 2 လ ~ 3 လကြိုးစားလို့ရနိုင်ပြီး အဆီကျ အသားကျစ်ချင်တယ်ဆိုရင်လဲ 6 လ ကနေ 1 နှစ်လောက်ဆို ကောင်းကောင်းအဆီကျသွားနိုင်ပေမဲ့ Healthy Lifestyle ဖြစ်ဖို့အတွက်ဆိုရင်တော့ ရေရှည်သွားဖို့ အတွက်လိုအပ်ပါတယ် ခဏတာ လုပ်လို့ပဲမရတော့ပါဘူး🙅

💪တော်တော်များများက👵🧓အသက်ကြီးလာရင် ရှောင်ရမှာတွေကိုပိုပြီး သတိထားတတ်ကြပေမဲ့ မရှောင်သင့်တာလေးတွေလဲရှိပါသေးတယ်

💪 Healthy Lifestyle ဖြစ်ဖို့အတွက် မရှောင်သင့်တဲ့ အရာလေးတွေကတော့

🍖 Protein🥩လို့ခေါ်တဲ့ အသားဓာတ်ကတော့ အဆီချတဲ့သူတွေ စားကိုစားရမယ့် အရာတခုဖြစ်လို့ မရှောင်သင့်တဲ့ဟာထဲမှာ ပထမဆုံး ဖြစ်ပါတယ်

🍚 ကစီဓာတ်ကလဲ မရှောင်သင့်တဲ့ထဲမှာ ပါပါတယ် ဒါပေမဲ့ ထမင်းစားများရင် အဆီတွေတက်တတ်တာမျိုးရှိတာမို့ ချင့်ချိန်စားပေးပါ ... လုံးဝရှောင်သင့်တဲ့ထဲမပါတာမို့ ကစီဓာတ်ဟာလဲလိုအပ်ပါတယ်

🥑🥒🥕အသီးအရွက်တွေကလဲ မရှောင်ဘဲနဲ့ စားသောက်သင့်တဲ့အုပ်စုထဲမှာပါပါတယ်

Gym 🏋️‍♀️ ကတော့ လုံးဝကို မရှောင်သင့်တဲ့အရာပါ အသက်ကြီးလာလို့ Gym မဆော့ရဘူးလို့မရှိပါဘူး ပို‌တောင် ဆော့ပေးသင့်ပါသေးတယ် ပိုပြီးအမောခံနိုင်စေတဲ့အတွက် နှလုံးကျန်းမာရေးအတွက်ကြီးမားတဲ့အထောက်အကူပါ💛

💪 ကိုယ်ကာယလဲ ကြံ့ခိုင်စေတာမို့ အသက်အရွယ်ကြီးလာလေလေ ပိုပြီးကျန်းမာလေလေဖြစ်နေစေမှာပါ💪💛

အသေးစိတ်လေးတွေမေးမြန်းလိုပါကလဲ page messenger မှာမင်မင်ရှိနေပါ့မယ် 💛🤗

#ပြည်

24/05/2026

💛 Healthy lifestyle တခုကို စတင်ဖို့ဆိုရင် အသက်ကြီးတာ အသက်ငယ်တာ ပိန်တာ ဝတာ ဘာမှ ကန့်သတ်ချက်မရှိဘူးနော် အဓိက က စ ပြီး လုပ်လိုက်ဖို့ပဲ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူး 💪

💛 It’s never too late to get into shape 💛

22/05/2026

💛 Gym Fee - (1 - month ) 💛

💛 Member အသစ်လေးတွေဆို စအပ်တာနဲ့ 1 ကြိမ် တိုင်းပေးအုံးမှာနော် 💛

💛 Gym မဆော့ဖြစ်သေးဘူး လေးပဲ လာတိုင်းချင်တာဆိုလဲ တကြိမ် နဲ့ Muscle Mania - Pyay မှာ လာတိုင်းလို့ရပါတယ်ရှင် 💛

💛 မနက် ( 6.30 ကနေ 11.00 ) အထိ တချိန် 💛

💛 နေ့လည် ( 2.30 ကနေ ည 8.00 ) အထိတချိန် တနေ့ကို 2 ကြိမ်ဖွင့်ပါတယ်ရှင် 💛

💛 #တနဂ်နွေနေ့တိုင်း တပတ် ၁ရက် Gym ပိတ်ပါတယ်ရှင် 💛

💛 💪

14/05/2026

Head Trainer ဇင်မင်းသန့် သည် Muscle Mania-Pyay Gym မှ(15.5.2026)မှ(8.6.2026)ထိ ပြိုင်ပွဲတက်ရန်အတွက်ခွင့်ယူထားပါသည်။
ရုံမှ Member များကိုလည်း ကျန် Trainer များမှ ပြသပေးပါမည်ဗျ။

13/05/2026

💛 အလုပ်မအားလို့ပဲဖြစ်ဖြစ် ကျန်းမာရေးပြဿနာတစ်ခုခုရှိနေလို့ဖြစ်ဖြစ် gym ကိုမသွားဖြစ်ဘူးဆိုရင်... လေ့ကျင့်ခန်းလည်း မလုပ်နိုင် ၊ Deit လည်း လုပ်လို့မရတဲ့အခြေအနေမို့ ကိုယ်အလေးချိန်ကိုဘယ်လိုထိန်းကြမလဲ 🤔❓

🚶အိမ်မှာ‌နေရင်းလဲလှုပ်ရှားမှုများများလုပ်ပေးပါ

💛 အိပ်ယာထဲမှာလှဲနေတာမျိုး TV တို့ဖုန်းတို့ချည်းထိုင်ကြည့်နေတာမျိုးမလုပ်ပဲ ခဏလောက် ဟိုလျှောက်ဒီလျှောက် လှုပ်ရှားနေပေးတာက သွေးလည်ပတ်မှုကောင်းစေပြီး ဗိုက်မှာအဆီစုလာခြင်းကိုလဲ ကြိုတင်ကာကွယ်ရာရောက်ပါတယ် 👍

🍲အဆီများတဲ့အစားအစာ‌တွေ ဆီပြန်ဟင်းတွေစားတာမျိုးရှောင်ပါ 🍟

💛 ဆီပြန်ဟင်းတွေနဲ့ အအီအဆိမ့်များတဲ့ အပြင်စာတွေ ဆီကြော်တွေကိုလဲရှောင်သင့်သလို အသင့်စားအစားအသောက်တွေလဲတတ်နိုင်သမျရှောင်တာကောင်းပါတယ်

🍽️အစာစားချိန်မှန်အောင်စားပါ 🕗

💛 မနက်စာ နေ့လည်စာ ညစာ တစ်နေ့သုံးနပ် အစာစားချိန်မှန်အောင်စားပါ အချို့က ညစာကိုထမင်းအစား အသီးအရွက်တွေ အသီးအနှံတွေကိုစားရင်တော့ ပိုကောင်းပါတယ် အသားဓာတ်က လိုအပ်တာထက် အများကြီးစားရင် အားရှိစေမှာ မဟုတ်ဘဲ အဆီသာစုစေမှာပါ🍗

💧 ရေကိုလုံလုံလောက်လောက်သောက်ပါ 🥛

💛 တစ်နေ့ကိုအနည်းဆုံး ရေတစ်လီတာကနေ သုံးလီတာကြားတော့ပုံမှန်လေး သောက်ပေးသင့်ပါတယ်နော်

💛 ဒီအချက်လေးတွေကိုသာလိုက်လုပ်ကြည့်နိုင်မယ်ဆိုရင် Gym မသွားဖြစ်သေးတဲ့ကာလတွေ ကျန်းမာရေးကြောင့် Gym မဆော့နိုင်တဲ့ကာလတွေမှာလဲ ကိုယ့်ရဲ့ ပုံမှန် Body လေးကိုထိန်းထားနိုင်မှာပါ...✅

💛 မင်မင်က အခုလိုမျိုး Gym နဲ့ပတ်သက်တဲ့ဗဟုသုတဆိုင်ရာ အချက်အလက်လေးတွေနဲ့ Gym ရဲ့သတင်းလေးတွေကိုအမြဲတမ်းမျှဝေပေးနေမှာမို့ မင်မင်တို့ page လေးကို like & follow လုပ်ပေးထားကြပါနော် ✅🥰

အသေးစိတ်လေးတွေမေးမြန်းလိုပါကလဲ page messenger မှာမင်မင်ရှိနေပါ့မယ်ရှင် 🤗
#ပြည်

10/05/2026

ကဲဗျာ JOSHUA THE FEARLESS VAN!

ဆရာဗန်နိုင်လို့ ပျော်တယ် 😍

ညောင်ဦးကမ်းပါးပြိုတာ စမ္ပာနဂိုရ်က
နွားမပေါင်ကျိုးတယ်ပဲဆိုဆို ဆိုင်ဆိုင်မဆိုင်ဆိုင်

၁၁.၅.၂၆ ကနေ ၁၆ .၅.၂၆ ထိ တပတ်လုံး
BUY 3 GET 1 ပြန်ပေးမယ်ဗျာ။ 😙

3 လစာသွင်းရင် 1 လ အပိုဆော့ဗျာ။

Muscle Mania - Pyay

😎

07/05/2026

💛 Gym ဆိုတာ လူငယ်တွေပဲသွားရတဲ့နေရာလား 🤷

💛 အသက်ကြီးလာတာနဲ့အမျှ တက်ကြွလန်းဆန်းပြီးကျန်းမာစွာနေထိုင်ဖို့က လူတိုင်းမျှော်လင့်ကြတဲ့အရာတစ်ခုပါ 💪

💛 Gym က လူငယ်တွေသာမကလူကြီးတွေလဲ သွားသင့်ပါတယ်... ✅
သွားသင့်တာထက် သွားကိုသွားရမဲ့နေရာတစ်ခုပါ....

💛 ဘာလို့ အသက်အရွယ်ကြီးသူတွေပါ Gym သွားသင့်တာလဲ ❓ ဘာအကျိုးကျေးဇူးတွေရမှာလဲ ❓

💛 Gym မှာလေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းက အသက်ရှည်စေဖို့ ကူညီပေးပါတယ်

💛 လေ့ကျင့်ခန်းက လူတိုင်းအတွက်ကောင်းတယ်ဆိုတာ အားလုံးသိကြပါတယ်... ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာတော်တော်များများကလျစ်လျူရှုထားတတ်ကြပါတယ်...

💛 ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက လူသားတွေရဲ့သက်တမ်းကိုတိုးစေပါတယ်...📈
နှလုံးနဲ့ အဆုတ်တွေကို ပိုသန်မာလာစေပြီး နှလုံးသွေးကြောကြံ့ခိုင်မှုကိုလဲ တိုးတက်စေတာကြောင့် ဒီအရေးကြီးကိုယ်တွင်းအင်္ဂါနှစ်ခုကို ထိခိုက်စေတဲ့ အခြေအနေတွေကို Gym မှာလေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းအားဖြင့် ရှောင်ရှားနိုင်ပါတယ်....✨

💛 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရတော့ အထိုင်များတဲ့ လူနေမှုပုံစံဟာ သေဆုံးခြင်းနှင့် မသန်မစွမ်းဖြစ်စေတဲ့ အကြောင်းရင်း ၁၀ ခုအနက်မှ တစ်ခုဖြစ်တယ်လို့ဖော်ပြထားပါတယ်...

💛 ပြေးစက်ပေါ်မှာ လမ်းလျှောက်တာ ဒါမှမဟုတ် လေ့ကျင့်ရေးစက်ပေါ်မှာ လမ်းလျှောက်တာလိုမျိူး ပုံမှန်လေ့ကျင့်ခန်းတွေတောင်မှ ကိုယ့်ရဲ့ သက်တမ်းကို သုံးနှစ်မှ ငါးနှစ်အထိ တိုးမြင့်စေနိုင်ပါတယ်☘️

💛 ယခုဖော်ပြထားတဲ့အချက်တွေအရ... အသက်ကြီးတဲ့ဦးဦး ဒေါ်ဒေါ်တွေလဲ ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကို Gym မှာ လေ့ကျင့်ခန်းလုပ်သင့်တယ်ဆိုတာထင်ရှားနေပါပြီနော် ....💁

📣 ယခုလိုကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတလေးတွေအပတ်စဉ်တိုင်းတင်ပေးနေမှာမို့ မင်မင်တို့ရဲ့ Muscle Mania - Pyay Gym Page လေးကို like & follow လုပ်ပေးထားကြပါအုံးနော်

💛 နဲ့ပတ်သက်ပြီးသိရှိလိုတာတစ်ခုခုရှိရင်လဲ သိချင်တာတွေဖြေပေးဖို့အတွက် page လေးရဲ့ messenger မှာ မင်မင်ရှိနေပါမယ်နော် 🤗💛


#ပြည်

01/05/2026

💛 အခု post လေးကတော့ ဝိတ်ချထားပြီးတဲ့ မိန်းကလေးတွေအတွက် အဓိက‌အကြံပြုပေးချင်တာလေးဖြစ်ပါတယ် 💁

💛 ဝိတ်ချထားပြီးနောက်ပိုင်းမှာ ကျသွားတဲ့ ဝိတ်တွေကို ပြန်မတက်လာစေဖို့ ဘယ်လိုထိန်းထားရမလဲဆိုရင်တော့ 💛

🍊 နေ့စဉ်စားနေတဲ့ အစားအစာထဲမှာ သဘာဝ အသီးအနှံတွေကို မပါမဖြစ်ထည့်သွင်းစားသုံးပေးရပါမယ် 💛

🌄 မနက်စာကို ပုံမှန်စားပေးရပါမယ် 💛

🏋️တစ်ပတ်မှာ အနည်းဆုံး 3 ရက်လောက်ကို Gym မှာ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်ပေးရပါမယ် 💛

🚶လေ့ကျင့်ခန်းလုပ်ဖို့အတွက် Gym ကိုမသွားဖြစ်ဘူးဆိုရင်တော့ တစ်ရက်ကို အနည်းဆုံး နာရီဝက်လောက် လမ်းလျောက်ပေးရပါမယ် 💛

🍗 Carbohydrate ကိုလျှော့စားပြီး အသားဓာတ်နဲ့အမျှင်ဓာတ်ကိုပိုမိုစားသုံးပေးရပါမယ် 💛

🧘 စိတ်ဖိစီးမှူတွေ လျှော့ချနိုင်ဖို့အတွက်
Yoga ကျင့်တာလေးလဲလုပ်ပေးပါ 💛

💧 ရေများများသောက်ပေးရပါမယ် တစ်ရက်ကို ရေ ၃ လီတာ လောက်သောက်ပေးရပါမယ် ရေကိုမကြာခဏသောက်ပေးခြင်းက တဖြည်းဖြည်းနဲ့ ကယ်လိုရီ လောင်ကျွမ်းမူနှုန်းကို 30% အထိမြင့်
တတ်စေနိုင်ပါတယ် 💛

😴 နောက်ဆုံးအချက်လေးကတော့ အိပ်ချိန်ကိုတိတိကျကျ သတ်မှတ်ထားရပါမယ်... တစ်ရက်
ကိုအိပ်ချိန် 8 နာရီပြည့်အောင်အိပ်စက်ပါ 💛

💛 ဒီအချက်လေးတွေကတော့ ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို ပြန်ပြီးတက်မလာအောင် ထိန်းထားဖို့အတွက် အကြံပြုချက်လေးတွေဖြစ်ပြီး ပုံမှန်လုပ်ဆောင်ပေးတယ်ဆိုရင် ‌ပိုကောင်းပါတယ် 💛

💛 မင်မင်က အခုလိုမျိုး Gym နဲ့ပတ်သက်တဲ့ဗဟုသုတဆိုင်ရာ အချက်အလက်လေးတွေနဲ့ Gym ရဲ့သတင်းလေးတွေကိုအမြဲတမ်းမျှဝေပေးနေမှာမို့ မင်မင်တို့ page လေးကို like & follow လုပ်ပေးထားကြပါနော် ✅🥰

💛 အသေးစိတ်လေးတွေမေးမြန်းလိုပါကလဲ page messenger မှာမင်မင်ရှိနေပါ့မယ် 🤗

#ပြည်

27/04/2026

Muscle Mania - Pyay တွင်
Freelance Personal Trainer အဖြစ်ပြနေသော အောင်ကျော်သည် ငွေရေးကြေးရေး အရှုပ်အရှင်းများပြုလုပ်ခြင်း

Gym ကိုပေးဆောင်ရမည့် PT ရာခိုင်နှုန်းများ လိမ်ညာ၍
လျော့ပေါ့ပေးသွင်းခြင်း

Trainer တယောက်စောင့်စည်းအပ်သည့် Ethic များပျက်ယွင်းခြင်းတို့ကြောင့် Freelance PT ပြခွင့်မပြုတော့ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျ။ 🙏

20/04/2026

💛 #မနက် 6.30 ကနေ 11.00 အထိ တချိန် 💛

💛 #နေ့လည် 2.30 ကနေ ည 8.00 အထိ တချိန် တနေ့ကို ( 2 ) ကြိမ်ဖွင့်ပါတယ်ရှင် 💛

💛 မနက် 11.00 ကနေ နေ့လည် 2.30 အထိ ခဏလေး Gym ပိတ်ထားတာပါရှင် ( 2.30 ) တာနဲ့ ပြန်ဖွင့်ပါတယ်ရှင် တပတ် ( 1 ) ရက် #တနဂ်နွေတိုင်း Gym လေးပိတ်ပါတယ်ရှင် 💛

💛 Muscle Mania - Pyay 💪

Photos from Muscle Mania - Pyay's post 19/04/2026

💕 Gym အကျီ ဘောင်းဘီ Sport Bra အစုံ လိုချင်တာဆို 👇
💕လမ်းမတော်လမ်း
💕 ဇီဝက ဆေးဆိုင်အရှေ့က
💕 #ပျိူမဒီ ဇာဘော်လီဆိုင်မှာ အစုံအားပေးလို့ရပါတယ်ရှင် မင်မင် ဘယ်လိုမှ အချိန်မပေးနိုင်တော့လို့ Muscle Mania - Pyay မှာက ဆက်မရောင်းဖြစ်တော့လို့ပါရှင် 💕 မင်မင် Page ထဲမှာ တင်ထားတဲ့ ဒီဇိုင်းတွေ အပြင် အမျိူးသမီး ရေကူးအကျီ ( ကလေး လူကြီး ) အကုန် ရှိပါတယ်ရှင် 💕

Category

Telephone

Address


အမှတ် ၁၂၈/၁၂၉ ၊ ဒေါနခြံ ၊ ဂျပန်ကွက် ၊ ရွှေတစ်ချောင်းလမ်း ၊ ရွာဘဲနယ်မြေ ၊ ပြည်မြို့ ။
Pyay

Opening Hours

Monday 06:30 - 11:00
15:00 - 21:00
Tuesday 06:30 - 11:00
15:00 - 21:00
Wednesday 06:30 - 11:00
15:00 - 21:00
Thursday 06:30 - 11:00
15:00 - 21:00
Friday 06:30 - 11:00
15:00 - 21:00
Saturday 06:30 - 11:00
15:00 - 21:00

Alerts

Be the first to know and let us send you an email when Muscle Mania - Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Pyay.