Customer Shop

Customer Shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Customer Shop, Beauty, cosmetic & personal care, No. (7/1/A), Pyinmana-Taungnyo Road (Near Sinyadanar Traffic Light), Yanaung (1) Ward, Pyinmana.

10/08/2026

🎬 မင်မင်တို့ရဲ့ Customer Shop-3 Vlog Challenge လေးမှာ အပင်ပန်းခံ၊ ကြိုးစားပြီး စိတ်ကူးကောင်းလေးတွေနဲ့ ရိုက်ကူးဖန်တီးပေးခဲ့ကြတဲ့ Vlog ပိုင်ရှင်လေး (၂၇) ယောက်စလုံးကို မင်မင်တို့က ရင်ထဲကနေ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင့် 💖

🏆 ဆုရရှိသူများ ရွေးချယ်ပေးမည့် အခြေအနေ-
မင်မင်တို့အနေနဲ့ တကယ့်ကို အကောင်းဆုံးဖြစ်မယ့် Vlog လေးတွေကို သေချာစိစစ်ရွေးချယ်နေတာကြောင့် အချိန်လေး နည်းနည်း ထပ်လိုနေသေးလို့ပါရှင့် 🙏 ဒါကြောင့် နောက်ဆုံးရလဒ်တွေကို (၁၅.၈.၂၀၂၆) ရက်နေ့အတွင်း အပြီးသတ် ရွေးချယ်ထုတ်ပြန်ပေးသွားပါမယ်နော် 🗓️
(ဆုရွေးချယ်တဲ့အခါ လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်နဲ့ အမြင်မတူတာလေးတွေ ရှိနိုင်တာမို့ မင်မင်တို့ရဲ့ ရွေးချယ်မှုအပေါ် ချစ်သော Creator လေးများ အားလုံး နားလည်ပေးကြဖို့ ကြိုတင်ပြီး မေတ္တာရပ်ခံပါရစေရှင့် 🥺💗)

🎁 ချီးမြှင့်ပေးသွားမယ့် ဆုလက်ဆောင်များ ကြေညာထားတဲ့အတိုင်းပဲ — 🥇 အကောင်းဆုံး ရွေးချယ်ခံရတဲ့ Vlog ပိုင်ရှင် (၃) ဦး ကို ကျပ် (၁၀) သိန်းစီ အသီးသီး ဆုချီးမြှင့်ပေးသွားပါမယ်ရှင်! 💵✨
🥈 ဆိုင်သို့ လာရောက် အပင်ပန်းခံ ရိုက်ကူးပေးခဲ့ကြတဲ့ ကျန် Vlog ပိုင်ရှင် (၂၄) ဦး စလုံးကိုလည်း ကျေးဇူးတုံ့ပြန်သောအားဖြင့် ကျပ်တစ်သိန်းတန် Gift Voucher (၁) စောင်စီ လက်ဆောင်ပြန်လည် ပေးအပ်သွားပါမယ်နော် 🎟️🎁
📌 ဆုလက်ဆောင် ထုတ်ယူရန် နည်းလမ်းများ • ဆုရသူ (၃) ဦး: ဆုကြေညာသည့်နေ့တွင် အပြီးအစီး ထုတ်ယူနိုင်ပါသည် 🏆 • ကျန် Creator (၂၄) ဦး: ဩဂုတ် (၂၀) ရက်နေ့မှစ၍ မိမိ TikTok Profile ရဲ့ ဘယ်ဘက်အပေါ်ဆုံးမှာ Pin ထောက်ထားတဲ့ Vlog လေးကို ပြပြီး Gift Voucher လေး လာရောက် ထုတ်ယူနိုင်ပါတယ်ရှင့် 📱✨
ပါဝင်ပေးကြတဲ့ တယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်နော်... အားလုံးပဲ ကံကောင်းကြပါစေရှင့်🥰💖

07/08/2026

Edit-
10.8.2026 ရက်နေ့ နေ့လည် (၁:၄၀) အချိန်မှာ Customer Shop ပုဗ္ဗသီရိဆိုင်လေးကို လူကိုယ်တိုင် လာရောက်ဖြေရှင်းပြီးပါပြီ
ယခုလို ဆိုင်လေးနဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်ပေးတယ့် သဲလေးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်

မင်မင်တို့ မတင်ချင်ဆုံး Post လေး နောက်တစ်ခု ထပ်တင်ရပါပြီ🥲

ကျူးလွန်သူကို လူသားချင်း စာနာသောအားဖြင့် မျက်နှာကို Sticker လေးအုပ်ပေးထားပါတယ်။

Shop-3 ဆိုင်လေးမှာ (3.8.2026) ညနေ (၃:၃၅) အချိန်က တန်ဖိုး - 49,500 တန်ဖိုးရှိ Celimax Retinal Shop Tightening Booster လေး ငွေမရှင်းဘဲ ယူဆောင်သွားတဲ့ သဲလေးရေ... (9.8.2026) ရက်နေ့ နောက်ဆုံးထားပြီး ဆိုင်ဖွင့်ချိန်အတွင်း Customer Shop (ပုဗ္ဗသီရိ) ဆိုင်သို့ လူကိုယ်တိုင်လာရောက်ဆက်သွယ်ပေးပါနော်။

သတ်မှတ်ရက်အတွင်း လာရောက်ဆက်သွယ်ခြင်း မရှိပါက CCTV Record ရုပ်သံမှတ်တမ်းများအားလုံးကို ယခု Account မှာ တင်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်ရှင်။
ငါးသောင်းဝန်းကျင်ငွေပမာဏက အများကြီး မဟုတ်ပေမဲ့ ယခုလို မရိုးသားတဲ့ ပြုမူဆောင်ရွက်ချက်မျိုးကိုတော့ မင်မင်တို့ လုံးဝ လက်မခံပါဘူးရှင်။

POS စနစ်သုံးထားတဲ့ ဆိုင်တွေမှာ - • Stock စစ်ဆေးလိုက်တာနဲ့ ပစ္စည်းပျောက်တာကို ချက်ချင်းသိနိုင်ပါတယ်။ • ပျောက်တာကိုသိတာနဲ့ CCTV မှတ်တမ်း ပြန်ကြည့်လို့ ရတယ်ဆိုတာကိုလည်း သတိပြုစေချင်ပါတယ်ရှင်။

06/08/2026

Edit-
8.8.2026 ရက်နေ့ နံနက် (၁၁:၃၀) အချိန်မှာ Customer Shop ပျဉ်းမနားဆိုင်လေးကို လာရောက်ဖြေရှင်းပြီးပါပြီ
ယခုလို ဆိုင်လေးနဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်ပေးတယ့် မောင်လေးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်

မင်မင်တို့ မတင်ချင်ဆုံး Post လေး တင်လိုက်ရပါပြီ 🥲

ကျူးလွန်သူကို လူသားချင်း စာနာသောအားဖြင့် မျက်နှာကို Sticker လေးအုပ်ပေးထားပါတယ်။

(1.8.2026) ညနေ (၄:၃၀) အချိန်က Healthy Shop Lipstick အစိမ်းရောင်လေး ငွေမရှင်းဘဲ ယူဆောင်သွားတဲ့ မောင်လေးရေ... (8.8.2026) ရက်နေ့ ဆိုင်ဖွင့်ချိန်အတွင်း Customer Shop (ပျဉ်းမနား) ဆိုင်သို့ နောက်ဆုံးထားပြီး လာရောက်ဆက်သွယ်ပေးပါနော်။

သတ်မှတ်ရက်အတွင်း လာရောက်ဆက်သွယ်ခြင်း မရှိပါက CCTV Record ရုပ်သံမှတ်တမ်းများအားလုံးကို ယခု Account မှာ တင်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
တန်ဖိုး နှစ်သောင်းကျော်ဆိုတာ ဘာမှ မဟုတ်ပေမဲ့ ယခုလို မရိုးသားတဲ့ ပြုမူဆောင်ရွက်ချက်မျိုးကိုတော့ မင်မင်တို့ လုံးဝ လက်မခံပါဘူးရှင်။

POS စနစ်သုံးထားတဲ့ ဆိုင်တွေမှာ - • Stock စစ်ဆေးလိုက်တာနဲ့ ပစ္စည်းပျောက်တာကို ချက်ချင်းသိနိုင်ပါတယ်။ • ပျောက်တာကိုသိတာနဲ့ CCTV မှတ်တမ်း ပြန်ကြည့်လို့ ရတယ်ဆိုတာကိုလည်း သတိပြုစေချင်ပါတယ်ရှင်။

01/08/2026

📢 Vlog Contest လေးနဲ့ ပတ်သက်ပြီး သဲလေးတို့ကို အသိပေးချင်ပါတယ်ရှင် ✨
🎥 ခုချိန်ထိတော့ Vlog လေး လာရောက်ရိုက်ကူးထားသူ (၈) ဦးပဲ ရှိပါသေးတယ်နော် (Vlog ရိုက်ပြီးသွားတဲ့ သဲလေးတို့ရေ... Post လေးတင်ပြီးတာနဲ့ Shop-3 Viber ကို Link လေး ပို့ပေးဖို့ မမေ့နဲ့ဦးနော် 💌)
💡 ဒီပြိုင်ပွဲလေးရဲ့ ပါဝင်အားပေးမှုအပေါ် မူတည်ပြီး နောက်ထပ် ပြိုင်ပွဲလေးတွေ ဆက်လုပ်ပေးသင့်/မသင့် စဉ်းစားရမှာမလို့ အမှန်တကယ် Vlogger ဖြစ်ဖို့ ဆန္ဒရှိတဲ့ သဲလေးတို့အားလုံး တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်ရှင် 💖
🏆 Winner ဖြစ်သွားတဲ့ သဲလေးတို့အတွက် အကျိုးရှိပြီး တကယ် အထောက်အကူဖြစ်စေမယ့် ဆုကြေးလေးတွေကိုလည်း သေချာလေး ပြင်ဆင်ပေးထားပါတယ်နော် 🎁✨
🗓️ နောက်ပြီး Winner ရွေးချယ်မယ့် ရက်လေးကိုလည်း ရက်ရှေ့တိုးပေးထားတာမို့လို့ မြန်မြန်လေး ပါဝင်ယှဉ်ပြိုင်လိုက်တော့နော် 🥳

🏡 နေပြည်တော်နဲ့ အနီးတစ်ဝိုက်မှာ နေထိုင်ပြီး 👩‍💼 TikTok Vlogger ဖြစ်ဖို့ အိပ်မက်ရှိတဲ့သူလေးတွေနဲ့ 💪 Vlogger ဖြစ်ဖို့ ကြိုးစားနေတဲ့သူလေးတွေအတွက် Customer Shop-3 ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် သိန်း (၃၀) ကျပ် ဆုကြေးပေးမယ့် Vlog ပြိုင်ပွဲအစီအစဉ်လေး လာပါပြီရှင်🤗
အကောင်းဆုံး Video Vlog (၃) ခုကို ရွေးချယ်ပြီး တစ်ဦးလျှင် (၁၀) သိန်းကျပ်စီ စုစုပေါင်း (၃) ဦးစာအတွက် သိန်း (၃၀) ကျပ် ဆုကြေး ချီးမြှင့်ပါမယ်ရှင်🥰

💙 အစီအစဉ်လေးကတော့ - မင်မင်တို့ရဲ့ Customer Shop-3 (ပုဗ္ဗသီရိ) ဆိုင်လေးမှာ ဈေးဝယ်တာဖြစ်ဖြစ်၊ လာရောက်လည်ပတ်တာပဲဖြစ်ဖြစ် မိမိအမြင်လေးတွေနဲ့ ခံစားချက်လေးတွေကို Review Vlog လေးရိုက်ပြီး မိမိ၏ TikTok Account လေးမှာ တင်ပေးရမှာပါ😘

⏳ ပြိုင်ပွဲကျင်းပမည့် ကာလ - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (26) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့အထိ ⌛️
👑 အကောင်းဆုံး Vlog လေး (၃) ခုကိုတော့ ဩဂုတ်လ (၁၀) ရက်နေ့မှာ အပြီးသတ် ရွေးချယ်ကြေညာသွားပါမယ်ရှင်😘

‼️ ပြိုင်ပွဲဝင်မည့်သူများ လိုက်နာရမည့် စည်းကမ်းချက်များ ‼️
1. Vlog လေးသည် Honest Review (စစ်မှန်သော သုံးသပ်ချက်) ဖြစ်ရပါမည်။
2. TikTok Video လေးသည် ကြာချိန် အနည်းဆုံး (၂) မိနစ် ရှိရပါမည်။
3. Vlog Video လေးကို မိမိ TikTok Profile ၏ ဘယ်ဘက်အပေါ်ဆုံးတွင် Pin ထောက်ထားပေးရပါမည်။
4. မိမိ၏ TikTok Video တွင် လို့ရေးထားတယ့် Hashtag ကို မဖြစ်မနေ ထည့်သွင်းပေးရပါမည်။
5. မိမိကိုယ်တိုင် ဖန်တီးထားသော Vlog ဖြစ်ကြောင်း အာမခံရပါမည်။
6. ယခု အစီအစဉ်တွင် ပါဝင်ရန် Customer Shop-3 ဆိုင်သို့ လူကိုယ်တိုင် လာရောက် စာရင်းသွင်းရပါမည်။
7. Customer Shop လေး၏ Image ကို မထိခိုက်သည့် Vlog ဖြစ်ရပါမည်။
8. မည်သူတစ်ဦးတစ်ယောက် (သို့မဟုတ်) မည်သည့် စီးပွားရေးလုပ်ငန်းကိုမျှ ထိခိုက်မှု မရှိသော Video ဖြစ်ရပါမည်။
9. Review Vlog လေးများကို မင်မင်တို့ Customer Shop ၏ Social Media Platform များတွင် ကူးယူဖော်ပြခွင့် ပေးနိုင်ရပါမည်။
10. ယခု အစီအစဉ်နှင့် ပတ်သက်၍ အငြင်းပွားဖွယ် တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက Customer Shop ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
🚨 (စည်းကမ်းချက်များနှင့် မညီညွတ်သော Video Vlog များကို ဆုကြေးအစီအစဉ်တွင် ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ)

💙 ဆုရွေးချယ်မည့် အမှတ်ပေးစနစ် - ယခုတစ်ခေါက် ဆုရွေးချယ်မည့် အစီအစဉ်ကို မင်မင်တို့ကိုယ်တိုင် Team လေးနဲ့ အောက်ပါ အချက်များအတိုင်း သေချာ တိုင်ပင်ရွေးချယ်ပါမည်ရှင် -
(က) တင်ဆက်ပုံ Creative Idea ကောင်းမွန်မှု
(ခ) Video ရုပ်သံ ကြည့်လင်ပြတ်သားမှု
(ဂ) Editing ကောင်းမွန်မှု
(ဃ) ဆိုင်နေရာ၊ ဆိုင်၏ အပြင်အဆင်နှင့် အလှအပ ပေါ်လွင်မှု
(င) ဆိုင်၏ Product & Services ကို ညွှန်းဆိုပြသနိုင်မှု
(စ) မိမိ Video Vlog ၏ Organic Engagement ကောင်းမွန်မှု (Note: View, Like & Share များကို ဝယ်ယူထားသည်ဟု သံသယရှိပါက ဆုရွေးချယ်မည့် အစီအစဉ်အတွက် လုံးဝ ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ)

31/07/2026

📢 Vlog Contest လေးနဲ့ ပတ်သက်ပြီး သဲလေးတို့ကို အသိပေးချင်ပါတယ်ရှင် ✨
🎥 ခုချိန်ထိတော့ Vlog လေး လာရောက်ရိုက်ကူးထားသူ (၆) ဦးပဲ ရှိပါသေးတယ်နော် (Vlog ရိုက်ပြီးသွားတဲ့ သဲလေးတို့ရေ... Post လေးတင်ပြီးတာနဲ့ Shop-3 Viber ကို Link လေး ပို့ပေးဖို့ မမေ့နဲ့ဦးနော် 💌)
💡 ဒီပြိုင်ပွဲလေးရဲ့ ပါဝင်အားပေးမှုအပေါ် မူတည်ပြီး နောက်ထပ် ပြိုင်ပွဲလေးတွေ ဆက်လုပ်ပေးသင့်/မသင့် စဉ်းစားရမှာမလို့ အမှန်တကယ် Vlogger ဖြစ်ဖို့ ဆန္ဒရှိတဲ့ သဲလေးတို့အားလုံး တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်ရှင် 💖
🏆 Winner ဖြစ်သွားတဲ့ သဲလေးတို့အတွက် အကျိုးရှိပြီး တကယ် အထောက်အကူဖြစ်စေမယ့် ဆုကြေးလေးတွေကိုလည်း သေချာလေး ပြင်ဆင်ပေးထားပါတယ်နော် 🎁✨
🗓️ နောက်ပြီး Winner ရွေးချယ်မယ့် ရက်လေးကိုလည်း ရက်ရှေ့တိုးပေးထားတာမို့လို့ မြန်မြန်လေး ပါဝင်ယှဉ်ပြိုင်လိုက်တော့နော် 🥳

🏡 နေပြည်တော်နဲ့ အနီးတစ်ဝိုက်မှာ နေထိုင်ပြီး 👩‍💼 TikTok Vlogger ဖြစ်ဖို့ အိပ်မက်ရှိတဲ့သူလေးတွေနဲ့ 💪 Vlogger ဖြစ်ဖို့ ကြိုးစားနေတဲ့သူလေးတွေအတွက် Customer Shop-3 ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် သိန်း (၃၀) ကျပ် ဆုကြေးပေးမယ့် Vlog ပြိုင်ပွဲအစီအစဉ်လေး လာပါပြီရှင်🤗
အကောင်းဆုံး Video Vlog (၃) ခုကို ရွေးချယ်ပြီး တစ်ဦးလျှင် (၁၀) သိန်းကျပ်စီ စုစုပေါင်း (၃) ဦးစာအတွက် သိန်း (၃၀) ကျပ် ဆုကြေး ချီးမြှင့်ပါမယ်ရှင်🥰

💙 အစီအစဉ်လေးကတော့ - မင်မင်တို့ရဲ့ Customer Shop-3 (ပုဗ္ဗသီရိ) ဆိုင်လေးမှာ ဈေးဝယ်တာဖြစ်ဖြစ်၊ လာရောက်လည်ပတ်တာပဲဖြစ်ဖြစ် မိမိအမြင်လေးတွေနဲ့ ခံစားချက်လေးတွေကို Review Vlog လေးရိုက်ပြီး မိမိ၏ TikTok Account လေးမှာ တင်ပေးရမှာပါ😘

⏳ ပြိုင်ပွဲကျင်းပမည့် ကာလ - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (26) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့အထိ ⌛️
👑 အကောင်းဆုံး Vlog လေး (၃) ခုကိုတော့ ဩဂုတ်လ (၁၀) ရက်နေ့မှာ အပြီးသတ် ရွေးချယ်ကြေညာသွားပါမယ်ရှင်😘

‼️ ပြိုင်ပွဲဝင်မည့်သူများ လိုက်နာရမည့် စည်းကမ်းချက်များ ‼️
1. Vlog လေးသည် Honest Review (စစ်မှန်သော သုံးသပ်ချက်) ဖြစ်ရပါမည်။
2. TikTok Video လေးသည် ကြာချိန် အနည်းဆုံး (၂) မိနစ် ရှိရပါမည်။
3. Vlog Video လေးကို မိမိ TikTok Profile ၏ ဘယ်ဘက်အပေါ်ဆုံးတွင် Pin ထောက်ထားပေးရပါမည်။
4. မိမိ၏ TikTok Video တွင် လို့ရေးထားတယ့် Hashtag ကို မဖြစ်မနေ ထည့်သွင်းပေးရပါမည်။
5. မိမိကိုယ်တိုင် ဖန်တီးထားသော Vlog ဖြစ်ကြောင်း အာမခံရပါမည်။
6. ယခု အစီအစဉ်တွင် ပါဝင်ရန် Customer Shop-3 ဆိုင်သို့ လူကိုယ်တိုင် လာရောက် စာရင်းသွင်းရပါမည်။
7. Customer Shop လေး၏ Image ကို မထိခိုက်သည့် Vlog ဖြစ်ရပါမည်။
8. မည်သူတစ်ဦးတစ်ယောက် (သို့မဟုတ်) မည်သည့် စီးပွားရေးလုပ်ငန်းကိုမျှ ထိခိုက်မှု မရှိသော Video ဖြစ်ရပါမည်။
9. Review Vlog လေးများကို မင်မင်တို့ Customer Shop ၏ Social Media Platform များတွင် ကူးယူဖော်ပြခွင့် ပေးနိုင်ရပါမည်။
10. ယခု အစီအစဉ်နှင့် ပတ်သက်၍ အငြင်းပွားဖွယ် တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက Customer Shop ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
🚨 (စည်းကမ်းချက်များနှင့် မညီညွတ်သော Video Vlog များကို ဆုကြေးအစီအစဉ်တွင် ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ)

💙 ဆုရွေးချယ်မည့် အမှတ်ပေးစနစ် - ယခုတစ်ခေါက် ဆုရွေးချယ်မည့် အစီအစဉ်ကို မင်မင်တို့ကိုယ်တိုင် Team လေးနဲ့ အောက်ပါ အချက်များအတိုင်း သေချာ တိုင်ပင်ရွေးချယ်ပါမည်ရှင် -
(က) တင်ဆက်ပုံ Creative Idea ကောင်းမွန်မှု
(ခ) Video ရုပ်သံ ကြည့်လင်ပြတ်သားမှု
(ဂ) Editing ကောင်းမွန်မှု
(ဃ) ဆိုင်နေရာ၊ ဆိုင်၏ အပြင်အဆင်နှင့် အလှအပ ပေါ်လွင်မှု
(င) ဆိုင်၏ Product & Services ကို ညွှန်းဆိုပြသနိုင်မှု
(စ) မိမိ Video Vlog ၏ Organic Engagement ကောင်းမွန်မှု (Note: View, Like & Share များကို ဝယ်ယူထားသည်ဟု သိသာနေပါက ဆုရွေးချယ်မည့် အစီအစဉ်အတွက် လုံးဝ ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ)

31/07/2026

💙 Customer Shop Skincare & Cosmetics 💙 ဆိုင်လေးမှာ အလုပ်လုပ်ချင်ပါလျက်နဲ့ အလုပ်ခေါ်စာနဲ့ မတိုက်ဆိုင်လိုက်လို့ အလုပ်မလျှောက်လိုက်ရဘူးဆိုတာမျိုး မဖြစ်ရအောင် ခုလိုလေး စီစဉ်ပေးထားပါတယ်ရှင်။ 💖

အလုပ်နေရာ လိုအပ်လာပါက ချက်ချင်းခန့်ထားနိုင်ရန်အတွက် အပတ်စဉ် တနင်္လာနေ့တိုင်း နံနက် (၁၀:၀၀) နာရီမှ နေ့လည် (၂:၀၀) နာရီအတွင်း Customer Shop ဆိုင်ခွဲတိုင်းတွင် အလုပ်လျှောက်လွှာများ လာရောက်လျှောက်ထားနိုင်ပါတယ်ရှင်။ 📝
🛍️ ခေါ်ယူမည့် အလုပ်နေရာ
* အလုပ်သင် အရောင်းဝန်ထမ်း (မ)
🏠 လျှောက်ထားနိုင်တယ့် ဆိုင်ခွဲများ
* 💙 ပျဉ်းမနားဆိုင် (သွား/ပြန်)
* 💙 သပြေကုန်းဆိုင် (အဆောင်နေ)
* 💙 ပုဗ္ဗသီရိဆိုင် (အဆောင်နေ)
💰 လစာနှင့် ခံစားခွင့်များ
* ✨ စတင်ဝင်ရောက်ချိန် လစာ - 400,000 ကျပ်
* ✨ အစမ်းခန့် (၃) လပြည့်ပြီးပါက လုပ်ခလစာငွေစုစုပေါင်း - 500,000 ကျပ်နှင့် အထက်
* ✨ လုပ်ငန်းအတွေ့အကြုံ - မလိုပါ
* ✨ နားရက် - တစ်လလျှင် (၃) ရက် နားခွင့်ရှိပါမည်။
* ✨ အဆောင်နေမည့်သူများအတွက် - ဆိုင်မှ နေစရာအဆောင် အခမဲ့ စီစဉ်ပေးသည့်အပြင်၊ လစာ အသားတင်ရရှိစေရန် ဆန်နှင့် ဟင်းဖိုးပါ ထပ်မံထောက်ပံ့ပေးပါမည်။

📋 အလုပ်လျှောက်ထားသူ ရှိရမည့် အရည်အချင်းများ
* ✅ အနည်းဆုံး အခြေခံပညာ အထက်တန်းအဆင့် တက်ရောက်သင်ကြားဖူးသူ
* ✅ အင်္ဂလိပ်စာ အရေး/အဖတ် သင့်တင့်စွာ တတ်မြောက်ထားသူ
* ✅ Skincare များကို စိတ်ပါဝင်စားပြီး အမြဲလေ့လာသင်ယူလိုစိတ် ရှိသူ
* ✅ အပြောအဆို ယဉ်ကျေးသိမ်မွေ့ပြီး အလုပ်ပေါ် စေတနာထား၍ အပင်ပန်းခံနိုင်သူ
* ✅ အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်နိုင်သူ
* ✅ အသက် (၂၃) နှစ်နှင့်အောက် (အိမ်ထောင်မရှိသူ)
* ✅ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင်တတ်သူ
* ✅ လူမှုရေး အရှုပ်အရှင်းမရှိသူနှင့် ဆိုင်မှ ချမှတ်ထားသော စည်းကမ်းများကို အပြည့်အဝ လိုက်နာနိုင်သူ
* ✅ လာရောက်လျှောက်ထားချိန်တွင် အခြားမည်သည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်း၏ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေခြင်း မရှိသူ
📅 လျှောက်ထားနိုင်သည့် ရက်စွဲနှင့် နည်းလမ်း (1.8.2026) ရက်နေ့မှ စတင်၍ ယခုအလုပ်ခေါ်စာ Post မဖျက်မချင်း အပတ်စဉ် တနင်္လာနေ့တိုင်း နံနက် (၁၀:၀၀) နာရီမှ နေ့လည် (၂:၀၀) နာရီအတွင်း မိမိနှင့် နီးစပ်ရာ Customer Shop ဆိုင်ခွဲတိုင်းသို့ CV Form အပြည့်အစုံ နှင့်အတူ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်ရှင်။ ➡️
📂 ယူဆောင်လာရမည့် အခြေခံ စာရွက်စာတမ်းများ
1. CV Form
2. မှတ်ပုံတင် (မူရင်း / မိတ္တူ)
3. အိမ်ထောင်စုစာရင်း (မူရင်း / မိတ္တူ)
4. ရပ်ကွက်ထောက်ခံစာ (မူရင်း / မိတ္တူ)
5. ရဲစခန်းထောက်ခံစာ (မူရင်း / မိတ္တူ)
6. ပညာရေးအထောက်အထား (မူရင်း / မိတ္တူ - ဘွဲ့လက်မှတ် (သို့) တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် (သို့) အထက်တန်းပညာ တက်ရောက်သင်ကြားဖူးကြောင်း အထောက်အထား)
7. အခြား ပူးတွဲတင်ပြလိုသော စာရွက်စာတမ်းများ ရှိပါက (၎င်းစာရွက် မူရင်း / မိတ္တူ)

📍 ဆိုင်ခွဲ လိပ်စာများနှင့် ဖုန်းနံပါတ်များ
📌 ပျဉ်းမနားဆိုင် အမှတ် (7/1/A)၊ ပျဉ်းမနား-တောင်ညိုလမ်း၊ ရန်အောင် (၁) ရပ်ကွက်၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော်။
📞 09 261192787 , 09 957667997

📌 သပြေကုန်းဆိုင် အမှတ် (၁၁၈)၊ ပျဉ်းမနား-တောင်ညိုလမ်း၊ သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။ 📞 09 799857788 , 09 958118551

📌 ပုဗ္ဗသီရိဆိုင် အမှတ် (ပ-၅၄)၊ ပွဲရုံတန်း (ပုဗ္ဗသီရိဈေး)၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်။
📞 09 250661250 , 09 780005030

🚨 (အထူးမေတ္တာရပ်ခံချက် (အလုပ်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသည်များကို CV Form လာရောက်တင်ပြသည့် အချိန်မှသာ မေးမြန်းပေးပါနော်။ Page Messenger နှင့် Phone Call များမှ မေးမြန်းခြင်းကို သည်းခံပါရှင်။)

Photos from Customer Shop's post 25/07/2026

🎉 မနက်ဖြန် 26.7.2026 (တနင်္ဂနွေနေ့) Customer Shop-3 (ပုဗ္ဗသီရိဆိုင်) လေး ဖွင့်ပါပြီနော်! 🛍️✨
(၄) နှစ်တာကာလပတ်လုံး တစိုက်မတ်မတ် အားပေးလာခဲ့ကြတဲ့ ချစ်ကာကာလေးတို့ကြောင့် အခုလို Customer Shop-3 လေးကို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့တာမို့ တစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ 🙏💖
🥳 ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ် သီးသန့် အထူးပရိုမိုးရှင်း 📅 မနက်ဖြန် (26.7.2026) တစ်ရက်တည်းသာ!
💥 တစ်ဆိုင်လုံး ကြိုက်တာယူ 10% Discount! (ကျသင့်ငွေ တန်ဖိုး ကန့်သတ်ချက်မရှိဘဲ ကြိုက်တဲ့ပစ္စည်း စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်ရှင်)
☕🍰 ကော်ဖီနဲ့ ကိတ်မျိုးစုံ ဘူဖေး တည်ခင်းဧည့်ခံမှု! (ဆိုင်လေးကို လာရောက်လည်ပတ်တဲ့ ချစ်ကာကာလေးတို့အတွက် စိတ်ကြိုက် သုံးဆောင်နိုင်ဖို့ ပြင်ဆင်ထားပါတယ်ရှင်)
⚠️ (အထူးမေတ္တာရပ်ခံချက်) (Cosmetics လေးတွေကို လိုအပ်သူတိုင်း အဆင်ပြေပြေ ဝယ်ယူရရှိနိုင်အောင် လူတစ်ဦးလျှင် ပစ္စည်းအမျိုးအစားတစ်မျိုးကို အများဆုံး (၂) ခုထိသာ ဝယ်ယူပေးပါရန် မေတ္တာရပ်ခံပါရစေရှင်။) 🚨

✨ Customer Shop လေးရဲ့ ချစ်ကာကာလေးတွေအားလုံး မနက်ဖြန် Shop-3 ဆိုင်ဖွင့်ပွဲလေးကို အရောက်လာရောက်ပေးကြဖို့ အလေးအနက် ဖိတ်မန္တက ပြုအပ်ပါတယ်ရှင်။ မနက်ဖြန် ဆုံကြမယ်နော်! 🥰🛒

#ပုဗ္ဗသီရိမြို့

25/07/2026
25/07/2026

💙Customer Shop-3 Skin Care & Cosmetics ပုဗ္ဗသီရိဆိုင်လမ်းညွှန်လေးပါရှင်🤗

23/07/2026

💙Customer Shop Skin Care & Cosmetics Shop-3 ဆိုင် ဖွင့်လှစ်မည့် အကြို အထိမ်းအမှတ်အဖြစ် 24&25 (July 2026) နှစ်ရက်တာအတွင်း pyinmana Shop & Thapyaygone Shop နှစ်ဆိုင်စလုံးမှာ တစ်ဆိုင်လုံး ကြိုက်တာယူ 5% လျှော့ပေးပါမယ်ရှင် 🤗😍
(🚨လိုအပ်သူလေးတွေတိုင်း ဝယ်ယူရရှိနိုင်ဖို့ လူတစ်ဦးလျှင် ပစ္စည်းအမျိုးအစားတမျိုးကို အများဆုံး(၂)ခုထိသာ ဝယ်ယူပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင်)

💙Customer Shop လေး ခုချိန်ထိ ဆက်လက်ရပ်တည်နိုင်အောင် ဝယ်ယူအားပေးခဲ့ကြတယ့် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်🙏🤗💙

Want your business to be the top-listed Beauty Salon in Pyinmana?
Click here to claim your Sponsored Listing.

Telephone

Website

Address

No. (7/1/A), Pyinmana-Taungnyo Road (Near Sinyadanar Traffic Light), Yanaung (1) Ward
Pyinmana
15012

Opening Hours

Monday 08:30 - 18:00
Tuesday 08:30 - 18:00
Wednesday 08:30 - 18:00
Thursday 08:30 - 18:00
Friday 08:30 - 18:00
Saturday 08:30 - 18:00
Sunday 08:30 - 18:00