Moriah Os
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Moriah Os, Beauty, cosmetic & personal care, Pyinmana.
15/01/2022
Skin care အသားကုန်လုပ်တယ်ပြောပြီး sunscreen မလိမ်းဘူးလို့ပြောရင် စိတ်ဆိုးပါမယ် 😒
တော်တော်များများက sunscreen ကို skin cancer မဖြစ်အောင်ကာကွယ်ဖို့လောက်ပဲထင်ကြတာ တကယ်တော့အဲ့ထက်ပိုပြီးကျယ်ပြန့်ပါတယ်ရှင့်
နေရောင်ခြည်မှာ rays နှစ်မျိုးရှိပါတယ် UVA rays နဲ့ UVB rays ဆိုပြီးရှိပါတယ် UVB rays ကတော့ မှန်တွေကနေဖောက်ထွက်နိုင်ပါတယ် skin cancer တို့ sunburn ဖြစ်စေနိုင်ပါတယ် UVA rays ကတော့ blemish တွေဖြစ်မယ် အရေးအကြောင်းတွေပိုဖြစ်မယ် ဝက်ခြံအမာရွတ်တွေပါပိုဆိုးလာနိုင်တယ်
🥺ဝက်ခြံသမားတွေ sunscreen သုံးသင့်လား
ပိုသုံးသင့်ပါတယ်နော် ကိုယ်ကဝက်ခြံပျောက်အောင် AHA BHA တွေအစရှိတဲ့ active ingredient တွေသုံးတဲ့အခါ skin ရဲ့ sensitivity ပိုမြင့်လာတဲ့အတွက် sunscreen မလိမ်းရင် acne တွေကအခြေအနေပိုဆိုးလာနိုင်ပါတယ်
💕Sunscreen မှာပါတဲ့ SPF ဆိုတာ UVB cover ကိုဆိုလိုတာဖြစ်ပြီး PA ဆိုတာ UVA protection level ကို ပြောတာပါ PA +များလေ higher protection ဖြစ်လေပါပဲ
🥺Sunscreen အမျိုးအစား 2 မျိုးရှိပါတယ်
Physical နဲ့ chemical ဆိုပြီး
❤️Physical sunscreen က skin ပေါ်မှာတင်ပြီး လာသမျှ rays တွေကို block လုပ်ပေးတယ် လိမ်းလိုက်တာနဲ့ ချက်ချင်း respond လုပ်ပြီး cover ပေးတယ် blend ရခက်တယ် (eg Dr.G sunscreen)
❤️Chemical suncscreen ကစိမ့်ဝင်လွယ်တယ် ဒါပေမယ့် skin ထဲရောက်ပြီးမှ ကျလာတဲ့ UV rays တွေကို skin မပျက်စီးစေတဲ့ အပူအဖြစ်ပြောင်းလဲပေးတယ် (eg espoir sunscreen)
❤️Sunscreen ကို အပြင်မထွက်ခင် min 30 လောက်ကြိုလိမ်းမှ အပြင်ထွက်ရင် fully cover ဖြစ်မှာပါရှင့်
❤️Reapply ကလည်းအရေးကြီးပါတယ်နော် every 2 hour လို့ပြောထားပေမယ့် ခင်ကအပြင်မထွက်ခါနီးမှ reapply ပြန်လုပ်ပါတယ် လုံးဝမလိမ်းတာထက်စာရင်တော့ ကိုယ်လိုမယ်ထင်သလောက်သာလုပ်ပါ
❤️Sunscreen လိမ်းပြီးရင် double cleansing သေချာလုပ်ဖို့တိုက်တွန်းပါတယ်နော်😘
12/01/2022
တိုနာဆိုပြီး လိမ်းလိမ်းနေကြတာပေ့ါနော်
တိုနာဆိုတာ ဘာလဲကော သေချာသိကြရဲ့လား????🧐🧐
မင်မင် တိုနာနဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေကို ရှင်းပြပေးသွားပါ့မယ်
တိုနာဆိုတာ ရေအခြေခံပစ္စည်းတစ်မျိုးပါ
အဲ့တော့ တိုနာနဲ့ ပတ်သက်ပြီး ချွေးပေါက်ပိတ်မှာတော့ မပူရပါဘူး
သူတို့ကို မျက်နှာသစ်ပြီးလို့ ကျန်ရှိခဲ့တဲ့ အဆီပိုတွေကို ဖယ်ရှားတဲ့နေရာမှာသုံးကြပါတယ်
တိုနာအများစုက အယ်ကိုဟောပါတဲ့အတွက်ကြောင့် အသားတော့ခြောက်စေပါတယ်
နောက်ပိုင်းနည်းပညာတွေ တိုးတက်လာတဲ့အခါမှာတော့ တိုနာတွေကို အယ်ကိုဟောတွေဖြုတ်ပြီး သူရဲ့ အသားခြောက်စေတဲ့ဆိုးကျိုးကို ပြင်ဆင်ဖို့ ရေဓာတ်ဖြည့်ဒြပ်ပေါင်းတွေနဲ့ အရေပြားအတွက် အကျိုးရှိမယ့် အခြားဒြပ်ပေါင်းတွေထည့်လာကြပါတယ်
အရင်ခေတ်တုန်းက တိုနာတွေဟာ မျက်နှာအဆီပိုတွေဖယ်ရှားပေးတာ တစ်ခုတည်းသာ ပေးစွမ်းနိုင်ပေမယ့် နောက်ပိုင်းခေတ်သစ်တိုနာတွေကတော့ မျက်နှာကို အာဟာရဓာတ်ပါဖြည့်ပေးနိုင်ပြီး Ph ထိန်းညှိပေးကာ နောက်ထပ်လိမ်းမယ့် Skin Care ပစ္စည်းတွေအဆင်ပြေအောင် အရေပြားကို ပြင်ဆင်ပေးပါတယ်
အဆီပိုတွေဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိကလည်း မပျောက်သွားပါဘူး
အဲ့တော့ နောက်ပိုင်းတိုနာတွေဟာ အသားရေထိန်းသိမ်းသူတို့ရဲ့ မရှိမဖြစ်ပစ္စည်းတစ်ခုဖြစ်လာပါတယ်
တိုနာသုံးရင် ဘာအကျိုးကျေးဇူးတွေရရှိမှာလဲ????🧐🧐
အများစုသိထားတာကတော့ မျက်နှာသစ်ပြီးနောက်ဖြစ်ပေါ်လာတဲ့ Ph ဓာတ်မညီမျှမှုတွေကို ဖြေရှင်းနိုင်ဖို့ တိုနာကို သုံးတာလို့ပါ
ဒါပေမယ့်လို့ တိုနာပေးစွမ်းနိုင်တာ အဲ့ဒါတစ်ခုတည်းထက်ပိုပါတယ်
၁ - ချွေး၊အညစ်အကြေးနဲ့အဆီပိုတွေဖယ်ရှားပေးခြင်း
မျက်နှာဘယ်လောက်သစ်သစ် အဆီတွေ၊ အညစ်အကြေးတွေ၊ မိတ်ကပ်တွေကျန်နေသေးတာပါပဲ
တိုနာကသူတို့ကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေပွင့်စေနိုင်တဲ့အပြင် အထဲက ဘက်တီးရီးယားတွေကို လျော့နည်းစေပါတယ်
မျက်နှာသစ်ပြီး တိုနာသုံးမှသာ တကယ့်မျက်နှာသန့်စင်မှုကို ရနိုင်မှာပါ
၂ - မျက်နှာအရေပြားကို ကာကွယ်ပေးခြင်း
အရေပြားမှာ ရှိတဲ့အပေါက်မှန်သမျှကို လိုက်ပိတ်ပေးတာကြောင့် အညစ်အကြေးတွေ ဝင်ဖို့လမ်းမရှိစေတော့ပါဘူး
အဲဒါကြောင့် မျက်နှာသစ်ပြီးသာ တိုနာသုံးရတာပါ
မသစ်ဘဲသွားသုံးလို့ကတော့ အညစ်အကြေးတွေအထဲမှာပိတ်ထားလိုက်သလိုပါပဲ
တိုနာကို စွဲစွဲမြဲမြဲသုံးရင် ချွေးပေါက်တွေကျဉ်းလာစေနိုင်ပါတယ်
၃ - နောက်ထပ်လိမ်းမယ့် Skin Care တွေရဲ့အာနိသင်ကို မြှင့်တင်ပေးခြင်း
တိုနာက အပေါ်ယံဆဲလ်အသေလွှာကို ဖယ်ရှားပြီး Ph ဓာတ်ကို ထိန်းညှိပေးတာကြောင့် နောက်ထပ်လိမ်းမယ့် Skin Care တွေဟာ အရေပြားကို အလွယ်တကူဖောက်နိုင်ပြီး Ph မညီမျှမှုကြောင့် ဓာတ်ပြယ်တာမျိုးတွေ မရှိတော့ပါဘူး
တိုနာဟာ မရှိမဖြစ်လား???? မသုံးဘဲချန်ထားခဲ့လိုရလား???? 🧐🧐🧐
အဆီပြန်ပြီးဝက်ခြံထွက်တတ်တဲ့သူတွေဆိုရင်တော့ ချန်ထားလို့မရပါဘူး
အထူးသဖြင့် မနက်မှာ တစ်ညလုံးအဆီတွေပြန်ပြီး ချွေးပေါက်တွေပိတ်နေမှာဖြစ်တာကြောင့် မနက်ဘက်မှာ တိုနာလုံးဝသုံးပေးသင့်ပါတယ်
ဗီတာမင်တွေပါဝင်နေတဲ့တိုနာဆိုရင် ပိုကောင်းပါတယ်
တိုနာကိုဘယ်လိုသုံးကြမလဲ?????🧐🧐🧐
ဂွမ်းဖတ်ကို ရွှဲနေအောင်စွတ်ပြီး မျက်နှာကိုဖိပေးပါ
နည်းနည်းလောက်ပဲပွတ်ပါ
အရမ်းကြီးမပွတ်ပါနဲ့
တိုနာဖြန်းဆေးတွေလည်းရှိပါတယ်
သူတို့ဆိုရင် တိုနာတွေ ဂွမ်းဖတ်ထဲမှာ အလေအလွင့်မရှိတော့ဘူးပေါ့
ဒါပေမယ့်လည်း ဂွမ်းဖတ်ကိုယ်တိုင်က အဆီစုတ်နိုင်တာကြောင့် သူမပါရင် သန့်စင်တဲ့ဂုဏ်သတ္တိနည်းသွားမှာပါ
Serum တွေမသုံးခင်မှာ တိုနာသုံးပေးရင်လည်း Serum တွေအလေအလွင့်မရှိ အရေပြားကို အပြည့်အ၀ ဝင်ရောက်သွားနိုင်ပါတယ်
တိုနာက Skin Type အားလုံးအတွက် သင့်တော်လား?????
အခုနောက်ပိုင်းမှာ တိုနာတွေကို ဖော်မျူအမျိုးမျိုးနဲ့ ထုတ်လာနိုင်တာကြောင့် သုံးလိုမရတဲ့သူဆိုတာ မရှိသလောက်ပါပဲ
Normal Skin, Oily Skin, Combination Skin တို့ဆိုရင် ကြိုက်တဲ့တိုနာသုံးလို့ရပါတယ်
Oily တို့ Combination တို့က Anti-bacterial ပါတာသုံးနိုင်ရင် ပိုကောင်းပါတယ်
Dry Skin ဆိုရင် ရေဓာတ်ဖြည့်တာများများပါပြီး အယ်ကိုဟောမပါတဲ့တိုနာတွေရှိပြီး Sensitive တွေဆိုရင် အရောင်၊အနံ့ ဖယ်ထားတဲ့ Sensitive Skin Toner တွေရှိပါတယ်
အယ်ကိုဟောနဲ့ ပတ်သက်ပြီးပြောရရင် အယ်ကိုဟောပါတဲ့ တိုနာကိုရှောင်နိုင်ရင်အကောင်းဆုံးပေါ့နော်
ဒါပေမယ့်လည်း စိတ်မပူပါနဲ့ အခုခေတ်ရှားပါးလာတာက အယ်ကိုဟောပါတဲ့ တိုနာတွေဖြစ်ပြီး အများစုက အယ်ကိုဟောကိုဖြုတ်လာကာ အပင်ထွက်ပစ္စည်းတွေနဲ့ အစားထိုးလာကြပါတယ်
တိုနာနဲ့ပတ်သက်ပြီးတော့ ဒီလောက်ပါပဲနော်
လှပပြီး ဂလိုးနိုင်ကြပါစေဟယ် 🤭🤭🤭
Credit #
11/01/2022
"Skincare လုပ်ရင်
ဘာကြောင့်မျက်နှာပေါ်က
အမဲစက်နဲ့ ဝက်ခြံတွေသိသာလာတာလဲ?"
Skincare လုပ်ခြင်းကမျက်နှာအပေါ်ယံအလွှာကို
Cleaning လုပ်ပေးခြင်းမဟုတ်🙅🙅
မျက်နှာအသားအရေရဲ့အောက်ဆုံးအလွှာမှာရှိနေတဲ့
အညစ်အကြေးတွေကို စတင်Cleaningလုပ်ပေးတာကြောင့်
အောက်ခံအလွှာကြည်ဝင်းလာတာနဲ့အမျှ
မျက်နှာပေါ်မှာအရင်ကရှိနေတဲ့ ဝက်ခြံနဲ့အမဲစက်တွေဟာ
ပိုမိုသိမြင်ထင်ရှားလာတာသာဖြစ်တယ်
Skincare လုပ်ခြင်းက အပေါ်ယံကြည်ဝင်းခြင်းမဟုတ်
Skincare လုပ်ခြင်းက အသားအရေရဲ့အတွင်းပိုင်းကို
သန့်စင်ပေးခြင်းသာဖြစ်ပါတယ်🙋🙋🙋
အသားအရေရဲ့အတွင်းပိုင်းသန့်စင်ပြီးမှ
အပေါ်ယံအလွှာကိုသန့်စင်မယ်ဆိုရင်ပိုမိုလွယ်ကူပြီး
အပေါ်ကိုသာသန့်စင်မယ်ဆိုရင်
အလွယ်တကူပြန်လည်ညစ်ပေလွယ်ပါတယ်
အောက်ဆုံးအလွှာကိုSkincareလုပ်ပြီး
သန့်စင်ပေးမယ်ဆိုရင်
ရိုးရိုးအပ်ါယံသန့်ရှင်းတဲ့မျက်နှာအသားအရေထက်
ပိုမိုကြည်ဝင်းနေတာကိုသိသာထင်ရှားစေမှာအမှန်ပါ
ဒါကြောင့်တော်တော်များများအမေးများကြတဲ့
Skincare သုံးပြီးရင်ဝက်ခြံတွေအမဲစက်တွေ
ထင်ရှားပေါ်လာတယ်ဆိုတာ
အခုနားလည်လောက်မယ်ထင်ပါတယ်
credit
31/12/2021
နှစ်သစ်မှာ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ 🙏🏻
28/12/2021
ဒါဖတ်ပြီးမှ skin care ဝယ်ပါ
-------------------------------
(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။
(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။
(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။
ကိူရီးယားမှာ Esteen Lauder advanced night repair serum ကို essenceခေါ်
(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး
(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။
ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum
(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။
(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။
(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။
(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။
22/12/2021
What is hair nourishment oil?
Hair nourishment oil ဆိုတာက နေ့စဉ်ဘဝမှာ ကျွန်တော်/ကျွန်မတို့ ရေချိုး၊ခေါင်းလျှော်ပြီး လိမ်းတဲ့ Hair code @ ခေါင်းလိမ်းဆီနဲ့တော့ အသုံးပြုပုံခြင်း မတူပါဘူး။
Hair code ကတော့ အများအားဖြင့် ရေလျှော်ပြီးခါစ ဆံသားကို ပုံသွင်းတဲ့အခါမျိုး၊ဆံသားရနံ့မွှေးပျံ့စေဖို့၊ ဆံသားပျော့ပြောင်းစေဖို့ အဓိက အသုံးပြုလိမ်းလေ့ရှိပါတယ်။
Hair nourishment oil ဆိုတာကတော့ ဆံသားသာမက ဦးရေပြားအတွက် လိုအပ်တဲ့ အာဟာရဓာတ်မျိုးစုံပါဝင်တဲ့ အသီး၊ အရွက် အစရှိတဲ့ သဘာဝထွက်ပစ္စည်းတွေရဲ့ အဆီအနှစ်များနဲ့ ပေါင်းစပ်ပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။
How to use hair nourishment oil ?
Hair nourishment ကို အဓိကအားဖြင့် ခေါင်းမလျှော်မီ အချိန်မှာ အသုံးပြုရမှာဖြစ်ပါတယ်။Hair nourishment oil ကိုလိမ်းတဲ့နေရာမှာ ဦးရေပြားအနှံ့နဲ့ ဆံသားတွေကို လိမ်းပေးဖို့ လိုအပ်ပါတယ်။
ပြီးတော့ ဦးရေပြားကို (၁၅)မိနစ်လောက် နှိပ်နယ်ပေးလိုက်ရင် ဦးရေပြားအေးစေပြီး သွေးလည်ပတ်အားကောင်းမွန်စေတဲ့အတွက် ဆံပင်အမြစ်ကို ကျန်းမာသန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးပါတယ်။
မိနစ် (၃၀) လောက် နေပြီးရင်တော့ ခေါင်းလျှော်လို့ရပါပြီနော်။ညအိပ်ချိန်လိမ်းထားပြီး မနက် ခေါင်းလျှော်လို့လည်းရပါတယ်ရှင့်။ဆံသားခြောက်သူများ အဆီလိမ်းရတာနှစ်သက်သူများ နေ့စဉ်အသုံးပြုနိုင်ပါတယ်ရှင့် ။
The result of after using hair nourishment oil ?
-ဆံပင်အရှည်မြန်စေခြင်း
-ဆံပင်ကျွတ်သက်သာစေခြင်း
-ဗောက်သိသိသာသာသက်သာစေခြင်း
-ဦးရေပြားအေးပြီး လိုအပ်သောအာဟာရ ဖြည့်စည်းပေးတဲ့အတွက် ဆံသားအမြစ်ခိုင်မာလာစေခြင်း
-ဆံသားဟာ (Hair conditioner အသုံးမပြု တောင်မှ) နက်မှောင်ပျော့ပျောင်းပြီး ကျန်းမာသန်စွမ်းတဲ့ ဆံသားအဖြစ်တွေ့မြင်ရမှာပါ။
ပါဝင်ပစ္စည်းတွေက - လက်ဖက်၊ရှားဆောင်း၊ထောလပတ်ရွက်၊တောဇီးဖြူသီး၊ကင်မွန်းသီးဆီ၊သံလွင်ဆီ၊အုန်းဆီ၊Vitamin E
Price -5000 kyats
သင့်အသားအရည်နှင့်ဆံသားကို သဘာဝနှင့်ထိတွေ့ရှင်သန်ခွင့်ပြုလိုက်ပါ 🍀🍀🍀
Burmese Queen 👸
Your Natural Version 🍀
21/12/2021
အားလုံးပဲ ဆောင်းတွင်းရောက်လာပြီဆိုတော့ ရာသီဥတုအကူးအပြောင်းမှာ skin problem လေးတွေကြုံတွေ့ရတတ်တယ်။ ဒီနေ့မှာတော့က ဆောင်းတွင်း မှာ skincare လုပ်တဲ့ အခါ ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို ရေးပေးထားပါတယ်။
1. Use Gentle cleanser
skincare ရဲ့ အဓိက အကျဆုံးဖြစ်တဲ့ cleansing stage မှာ deep cleansing ဖြစ်တဲ့ cleanser တွေ ရှောင်ပေးပါ။ ဘယ်skin type မဆို gentle cleanser သုံးပေးလို့ရပါတယ်။ရိုးရိုး cleanser တွေထက် ဘာလို့ gentle cleanser ရွေးသုံးသင့်တယ်ဆိုတာလည်း kelly သာ အရှည်ကြီးရေးပြီးရှင်းပြထားတယ်နော်။ Kelly ရဲ့ skincare လုပ်လိုက်တဲ့ တစ်လျှောက် မှာ gentle cleanser ပြောင်းသုံးမိတာ life saving hack ပါပဲ။
2. Wash your face once a day ( For dry and sensitive skin)
နောက်လူသိပ်မသိသေးတဲ့ အချက်ကတော့ dry skin တွေ sensitive skin တွေက တစ်နေ့မှာတစ်ခေါက်ပဲမျက်နှာသစ်ဆေးသုံးပေးတာလုံလောက်ပါတယ်။ ဒီနည်း က dermatologist တစ်ယောက်ရဲ့ နည်းပါ။ အယူအဆအမှားတစ်ခုက လူတိုင်း မနက်တစ်ကြိမ် ညတစ်ကြိမ် cleanser သုံးပေးရမယ်ပေါ့။ super oily skin တွေ အတွက်တော့ဟုတ်ပါတယ်။ dry skin sensitive skin တွေကတော့ညဘက်မှာတစ်နေကုန် အညစ်အကြေးတွေသန့်စင်ပေးဖို့ အတွက် make up, suncream လိမ်းရင် double cleansing လုပ် ရိုးရိုး suncream တစ်ကြိမ်ပဲလိမ်းတယ်အပြင်လည်းမထွက်ဘူးဆို gentle cleanser လောက်နဲ့ Ok ပါတယ်။
မနက်ကျ ( ညက skincare လုပ်ထားတဲ့သူဆို) ကြက်သီးနွေးရေလေးနဲ့ ဒီတိုင်းသစ်ပြီး morning skincare ဆက်လုပ်သွားလို့ရပါတယ်။ ဒီနည်းက ဆောင်းတွင်းရဲ့ one of life saving hacks ပဲဖြစ်ပါတယ်။ Kelly က combination skin ပေမယ့် ဆောင်းတွင်းရောက်ရင် dryဘက်သွားတဲ့ အတွက် ဒီနည်းကို အမြဲလုပ်ပါတယ်။ ဆောင်းတွင်းမဟုတ်လည်း retinol သုံးတဲ့ အချိန်ဆို မနက်ကို မျက်နှာသစ်ဆေး သုံးပြီး မသစ်ပါဘူး တစ်ခါတစ်လေ Cetaphil gentle cleanser ပဲသုံးဖြစ်ပါတယ်။
3. Avoid using hot water and very cold water
ရန်ကုန်မှာတော့ သိပ်မအေးတော့ ရေပူသုံးမသုံးတော့မပြောတတ်ဘူးရယ် တစ်ခြားမြို့တော်တော်များများက ဆောင်းတွင်းဆို အရမ်းအေးတော့ ရေပူ တွေသုံးကြတယ်။ တစ်ချို့ကြလည်း ရေအေးကြီးအတိုင်းသုံးတယ်ပေါ့နော် extreme အပူချိန် ရေဟာ အသားရေ skin barrier ကိုပျက်စီးနိုင်တာမို့ ကြက်သီးနွေးရေကိုပဲသုံးပါလို့ပြောပါရစေ။
4. Don't need to switch the whole skincare routine
ဆောင်းတွင်းရောက်တာနဲ့ ကိုယ့်ရဲ့ skincare routine တစ်ခုလုံးပြောင်းရမယ်အမှတ်မှားတတ်ကြတယ်။ တစ်ကယ်တော့ ကိုယ်နဲ့ လက်ရှိ အဆင်ပြေနေတယ်ဆို ပြောင်းစရာမလိုပါဘူး။ အရမ်းအေးလာလို့ အသားခြောက်လာတယ် အစိုဓာတ်လိုတယ် ခံစားရရင် သာ moisturizer ကို သာ occlusive ဖြစ်တဲ့ ဟာ အစိုဓာတ်ကြာကြာပိုပေးနိင်တဲ့ဟာ ပြောင်းရင်အဆင်ပြေပါတယ်။ နောက်နေ့ moisturizer review တွေလာမယ်နော် ဟီး။
5. If you use hyaluronic acid, use it correctly.
ကိုယ်က ဆောင်းတွင်းမှာ အစိုဓာတ်လိုလို့ hyaluronic acid serum သုံးတယ် ဆို မှန်ကန်စွာသုံးဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆို သုံးနည်းမမှန်ရင် ပိုအသားခြောက် dehydrated ဖြစ်သွားလို့ပါ။ ဖြစ်နိုင်ရင်တော့ Hyaluronic အစား glycerin ပါတဲ့ product ကို သုံးဖို့ ပိုအကြံပေးပေးပါရစေ။ The ordianry Hyaluronic acid သုံးပြီး ပို အသားခြောက်သူတွေနဲ့ HA ကို မှန်ကန်စွာသုံးနည်းကို ရေးပေးပြီးသားရှိပါတယ်။ comment မှာlink share ပေးပါမယ်။
6. Reduce your exfoliation
ဆောင်းတွင်းမှာ skin barier မပျက်စီးအောင် ကိုယ်က exfoliation toner တွေ scrub တွေ သုံးတဲ့ သူဆို သုံးတဲ့ အကြိမ်အရေအတွက်လျှော့သုံးပါ။ scrub ကတော့ဖြစ်နိုင်ရင် မျက်နှာပေါ်မတင်ပါနဲ့။ kelly ဆို retinol သုံးတဲ့ သူမို့ အရင်တစ်ပတ် ၄ ကြိမ်ဆို အခု ၂ ကြိမ်လောက်ပဲသုံးတော့တယ်။ exfoliation အစား hydrating နဲ့ skin barrier focus products တွေသုံးရင်တော့အကောင်းဆုံးပါ။
ဒီနည်းလမ်းလေးတွေက အားလုံးအတွက် အဆင်ပြေမယ်မျှော်လင့်ရပါတယ်။💛
to original uploader
13/12/2021
အသားလေးအိပြီး အစိုဓာတ်ရဖို့
လွယ်ကူထိရောက်ဆုံး နည်းလမ်း 😍
စိုစိုပြေပြေ အသားအိအိလေးရဖို့ Moisturizer သုံး
တာလည်းသုံးပါ, Lotion လိမ်းတာလည်းလိမ်းပါ !
📌 ဒါပေမဲ့ အသားအရေပေါ်က ဆဲလ်သေတွေကို
မဖယ်ရှားဘူး Exfoliation မလုပ်ဘူး ဆိုရင်တော့
သိပ်ထိရောက်မှာ မဟုတ်ဘူးနော် 🙅♀️
ခုလိုဆောင်းတွင်းဆိုရင် အသားပတ်တာက အရမ်း
စိတ်ရှုပ်ဖို့ကောင်းတယ်၊ Skin လည်းခြောက်ပြီး
ကြမ်းချင်ချင် ဖြစ်လာရော ၊ အဲလိုမျိုးမဖြစ်အောင်
Body scrub ကို ပုံမှန်လေး တိုက်ပေးလို့ရတယ် 🥰
ဆဲလ်သေတွေကို ဖယ်ရှားရင်း
ခြောက်သွေ့ကြမ်းတမ်းနေတဲ့ အသားအရေကို
စိုစိုပြေပြေ အိအိလေးနဲ့ ချောမွေ့လှပသွားဖို့
သဘာဝကင်ပွန်းသီးနဲ့ ဖန်တီးထားတဲ့ ...
Burmese Queen Shikakai Scrub ရှိပါတယ် ❤
- အသားအရေကို ရေဓာတ်ဖြည့်တင်းပြီး
- အမဲစက်နဲ့အမာရွတ်တွေ လျော့ပါးစေဖို့အတွက်
Shikakai Scrub ပုံမှန်လေးသာ သုံးပေး ...
အသားအရေက အရင်နဲ့မတူဘဲ ၊ ထူးထူးခြားခြား
စိုပြေအိစက်ပြီး ချောမွေ့နူးညံ့လာပါလိမ့်မယ် 🤗
300 g - (5,000) Ks
650 g - (9,000) Ks
07/12/2021
Vaseline နဲ့♥️အလှပရေးရာ
🖤မျက်တောင်✨☔
ညအိပ်ယာ ဝင်ခါနီးတိုင်း အုန်းဆီနဲ့ Vaseline ကိုရောစပ်ပြီး မျက်တောင်လေးတွေအပေါ် အသာအယာလိမ်းပေးပါ။
မိက်တောင်ရှည်ပြီးကော့စေပါတယ်
🖤မျက်ခုံးမွေး☔
မျက်ခုံးလေးတွေကို တစ်နေ့တာလုံး သပ်သပ်ရပ်ရပ် အကြာကြီးခံချင်တယ်ဆို Vaseline လေး နည်းနည်းလောက်လိမ်းပြီးမှ ပုံသွင်းပါ။
🖤လက်သည်းအိမ်☔
Vaseline လေးတွေကို လက်သည်းအိမ်လေးပေါ်တင်၊ အသားအယာလေးလိမ်းပြီး နှိပ်နယ်ပေးသွားရင် နူးညံ့ပျော့ပျောင်းပြီး လှပတဲ့လက်ချောင်းလေးတွေရရှိစေပါတယ်
🖤မိတ်ကပ်ဖျက်ခြင်း☔
Eye Liner, Eye Shadow နဲ့ နှုတ်ခမ်းနီတွေ ပေကပ်ကပ်နဲ့ မျက်နှာပေါ်က မခွာချင် ဖြစ်နေပြန်ပြီလား? Vaseline ကို Cotton Pad လေးပေါ် တင်ပြီးသုတ်ပေးလိုက်ရင်ရပါပီ
🖤ဆားဝက်ခြံ☔
Vaseline ထူထူလေးသာ ဆားဝက်ခြံရှိတဲ့အပေါ်လိမ်း၊ ပလတ်စတစ်ခုနဲ့ကပ်၊ အပေါ်ကရေနွေးငွေ့ပေးထားတဲ့ အဝတ်စလေးအုပ်၊ ၁၅ မိနစ်လောက်ထားပြီး Vaseline တွေဖယ်ပစ်လိုက်ရင် Blackhead တွေပါ ပျောက်ပါတယ်
🖤နှုတ်ခမ်း☔
စိုစိုအိအိနဲ့ စွဲမက်စရာနှုတ်ခမ်းလေးရဖို့ကလည်း Vaseline နဲ့ သကြားပဲလိုတာပါ။
၂ ခုကို ဆတူရောပြီး ၂ မိနစ်လောက် နှုတ်ခမ်းပေါ်မှာ ပွတ်ပေးလိုက်ရင် စိုစိုအိအိနှုတ်ခမ်းလေးရပါပီ
🖤ရေမွှေး☔
အနံ့ကြိုက်တဲ့ ရေမွှေးလေးမို့ ကြာကြာခံအောင်သုံးချင်ရင် Vaseline လေးကို အပူပေး၊ ရေမွှေးလေးကို Vaseline ပမာဏအလိုက် သင့်လျော်သလိုရောပြီး ပြန်အအေးခံထားလိုက်ရင် ဘယ်အချိန်မဆို အလွယ်တကူလိမ်းထားလို့ရတဲ့ စိတ်ကြိုက်အနံ့နဲ့ Cream လေးဖြစ်လာမှာပါ😇
🖤တင်ပါး☔
ဆန်မှုန့်ညက်ညက်နဲ့ Vaseline ကို နှံ့စပ်အောင်နယ်ပြီးတော့လည်း တင်ပါးအတွက် Scrub အဖြစ်သုံးလို့ရပါသေးတယ်။
ရလဒ်ကတော့ အကြောပြတ်ရာတွေသက်သာပြီး အသားအရေကိုချောမွေ့ပြေပြစ်စေကာ၊ တင်ပါးမှာ ဖြစ်တတ်တဲ့ အဖုတွေဒဏ်ကနေ ကာကွယ်ပေးမှာပါ
🖤ခြေဖနောင့်☔
ခြေဖနောင့် အသားမာတက်တဲ့အခါ Vaselineလိမ်းပြီး နူးညံ့တဲ့ခြေဖဝါးလေးကို ပြန်လည်ရယူနိုင်ပါတယ်
06/12/2021
ကိုယ့်အသားအရေ ဘယ်လိုအမျိုးစားထဲ ပါလဲ ဆိုတာ ခွဲခြားသိပြီး ထိန်းသိမ်းကြစို့နော် 💓😍🤗
crd
Click here to claim your Sponsored Listing.
Category
Website
Address
Pyinmana
